ပျော်ရွှင်တဲ့ဘဝတစ်ခုမှာ တစ်ဖန်နေထိုင်ရန် ဘယ်လိုနားလည်ခွင့်လွှတ်မှုတွေ ပေးမလဲ

ကျွန်တော်တို့အားလုံးမှာ မပြည့်ဝနိုင်တဲ့ ရည်ရွယ်ချက်တွေ၊မျှော်မှန်းချက်တွေ ရှိပြီး နာကျင်စရာကောင်းတဲ့ အတွေ့အကြုံများစွာလည်း ရှိကြပါတယ်။ ထိုမကောင်းတဲ့အရာတွေအပေါ် ဖက်တွယ်ထားတဲ့အချိန် ကျွန်တော် တို့ ပျော်ရွှင်တဲ့ဘဝမှာ နေနိုင်မယ်ထင်ပါသလား။ ကျွန်တော်တို့ရဲ့ ရှေ့လာမယ့်အနာဂတ်မှာ ပျော်မယ်ထင်ပါသလား။

ဖြစ်နိုင်ခြေတစ်ခုကတော့ ထိုမကောင်းတဲ့အရာတွေကို လက်လွှတ်လိုက်ပါ။ ကျွန်တော်အခု ဒီမှာပြောပြမယ့် အရာကတော့ မင်းရဲ့ကြောက်ရွံ့မှုတွေကို ကုသဖို့ အခုထက်ပိုကောင်းတဲ့အချိန်မရှိဘူးဆိုတာပဲ ဖြစ်ပါတယ်။ မင်းကိုနာကျင်စေတဲ့လူတစ်ယောက်ကို ခွင့်လွှတ်မှုပေးနိုင်ရန် ကောင်းမွန်တဲ့ နည်းလမ်းတွေကို ပြောပြပေးမှာပဲ ဖြစ်ပါတယ်။

၁။ မင်းစိတ်ကို မင်းသိအောင်လုပ်ပါ။

မင်းမှာ စဉ်းစားသုံးသပ်နိုင်စွမ်းမရှိတဲ့ အခိုက်အတန့်ရှိတယ်ဆိုတာကို နားလည်ပါ။ အဲ့ဒီလိုအချိန်မှာ မင်းရဲ့စိတ်ကို အေးအေးထားပြီး ဖြစ်ပျက်လာတဲ့ အရာမှန်သမျှကို ရင်ဆိုင်လိုက်ပါ။ အဲ့ဒီအချိန် မင်းရဲ့စိတ်ခံစားမှုတွေ၊ အတွေးတွေကို စာရွက်တစ်ရွက်မှာ ချရေးလိုက်ပါ။ ဒါဆို မင်းအနေနဲ့ မလုပ်သင့်တဲ့အရာတွေ၊ ပြေငြိမ်းရမယ့်အရာတွေကို ရှင်းရှင်းလင်းလင်းသိမြင်သွားမှာ ဖြစ်ပါတယ်။

၂။ အတိတ်ကို လွှတ်ချထားခဲ့လိုက်ပါ။

ကျွန်တော်တို့မှာ ရှေ့ဆက်လျှောက်ရမယ့် ဘဝခရီးလမ်း ကိုယ်စီရှိပါတယ်။ ဒါကြောင့် လက်ရှိပစ္စုပ္ပန်ကာလမှာပဲ နေထိုင်ပါ။ အတိတ်ကိုဖက်တွယ်ထားမယ်ဆို ကျွန်တော်တို့အတွက် ဝန်ထုပ်ဝန်ပိုးတစ်ခုထမ်းထားသလို ခံစားစေရမှာ ဖြစ်ပြီး စိတ်ရှုပ်ထွေးမှုကို ဖြစ်စေတယ်ဆိုတာ သတိမူသင့်ပါတယ်။

၃။ မင်းရဲ့ အားအင်ကို ပြန်လည်မွေးမြူပါ။

မင်းဘဝအတွက် ပုံပြင်သစ်တစ်ပုဒ် ဖန်တီးရေးဆွဲပါ။ မင်းရဲ့ခွင့်ပြုချက်မရှိဘဲ မင်းကို ခံစားရအောင်ပြုလုပ်ဖို့ ဘယ်သူမှာမှ စွမ်းအင်မရှိဘူးဆိုတာ ယုံပါ။ မင်းကို နာကျင်တဲ့စိတ်ခံစားမှုတွေ ရတဲ့အချိန် ခွင့်လွှတ်နားလည်မှုပေးရမယ်ဆိုတာကို မင်းကိုယ်မင်း အမြဲသတိပေးနေပါ။ ဒါဆို မင်းရဲ့ အားအင်တွေကို ပြန်လည်မွေးမြူလိုက်တာနဲ့ အတူတူပါပဲ။ မင်းက ချစ်ခြင်းမေတ္တာနဲ့ အေးချမ်းမှုကို ရွေးချယ်လိုက်တာပါပဲ။

အဆုံးသတ်အနေနဲ့ကတော့ ခွင့်လွှတ်ပေးခြင်းက ကျွန်တော်တို့ရဲ့ စိတ်ဖိစီးမှုတွေ၊ စိတ်ဓာတ်ကျမှုတွေ၊ ကျန်းမာရေး အခြေအနေတွေ၊ အရင်းနှီးဆုံး ဆက်ဆံရေးတွေ၊ နှလုံးကျန်းမာရေး၊ သွေးဖိအားကျဆင်းမှု၊ ရုပ်ပိုင်းဆိုင်ရာ နာကျင်မှု၊ ကိုယ်ခံအား စနစ်တွေကို ပိုကောင်းမွန်လာစေပါတယ်။ ထို့အပြင် ခွင့်လွှတ်ပေးခြင်းက ကျွန်တော်တို့ ရင်ထဲကို ငြိမ်းချမ်းအေးမြမှု ပေးစွမ်းပါတယ်။ နောက်ပြီး သာယာအေးချမ်းတဲ့ဘဝကို ကျွန်တော်တို့ထံ ဆောင်ကျဉ်းပေးပါတယ်။

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *