ခရီးသွားရင်းကနေ လူတွေရဲ့ စိတ်ကိုဖတ်နိုင်လာပါတယ်

*** Unicode ***

တစ်ကိုယ်တည်း စွန့်စားသွားလာရတဲ့ ခရီးတွေက ထက်မြက်ပြီး ရဲရင့်တဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်စေတယ်လို့ သုတေသီများက ဆိုပါတယ်။ နေရာသစ်တွေသွားလာတဲ့အခါ စိန်ခေါ်မှုသစ်တွေ၊ ပင်ပန်းမှုဒဏ်တွေ ခံစားစေရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ မြင့်မားလာစေတယ်လို့လဲ ဆိုပါတယ်။

ထိုအရာတွေထဲကမှ ထူးခြားတဲ့စွမ်းရည်တစ်ခုက လူတွေရဲ့ စိတ်ကို ဖတ်နိုင်လာခြင်းပဲ ဖြစ်တယ်။ စွန့်ဦးတီထွင်သူတွေ၊ စီးပွားရေးလုပ်သူတွ၊ သံတမန်တွေ အတွက် လူတစ်ယောက်ရဲ့ စိတ်ကို ဖတ်နိုင်ဖို့က အရေးကြီးတဲ့ စွမ်းရည်တစ်မျိုးပဲ ဖြစ်တယ်။

စီးပွားရေးလုပ်တဲ့အခါမှာ အရေးကြီးတဲ့ အချက်အလက်များကို နားလည်မှုလွဲလို့မရသလို၊ တစ်နိုင်ငံနဲ့တစ်နို်င်ငံ ဆက်ဆံရေးဆိုတာကလည်း အင်မတန်အရေးကြီးတဲ့ ဆက်ဆံရေးတစ်ခုပဲ ဖြစ်ပါတယ်။

နားလည်မှုလွဲလို့ပါဆိုပြီး အထိမခံတဲ့ အရာတွေပဲ ဖြစ်တယ်။ခရီးသွားလာမှုတွေဟာ ကျွနု်ပ်တို့ကို မတူညီတဲ့ ဘာသာစကားတွေ၊ ဒေသိယစကားတွေ၊ ပြောဆိုဆက်ဆံပုံတွေနဲ့ ထိတွေ့စေတဲ့အပြင် လူတစ်ဦးနဲ့တစ်ဦး ပိုမိုသဘောပေါက် နားလည်စေပါတယ်။

ကမ္ဘာ့ဈေးကွက်မှာ ရပ်တည်နိုင်ဖို့အတွက် ကွဲပြားတဲ့ယဉ်ကျေးမှုတွေကိုလည်းသိရှိ်စေပါတယ်၊ လူတွေရဲ့ စိတ်ကို လွမ်းမိုးနိုင်ဖို့အတွက် နေရာသစ်တွေကို ခရီးသွားရင်းသွားရောက်လေ့လာလိုက်ရအောင်။

Zawgyi

တစ်ကိုယ်တည်း စွန့်စားသွားလာရတဲ့ ခရီးတွေက ထက်မြက်ပြီး ရဲရင့်တဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်စေတယ်လို့ သုတေသီများက ဆိုပါတယ်။ နေရာသစ်တွေသွားလာတဲ့အခါ စိန်ခေါ်မှုသစ်တွေ၊ ပင်ပန်းမှုဒဏ်တွေ ခံစားစေရပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုတွေ မြင့်မားလာစေတယ်လို့လဲ ဆိုပါတယ်။

ထိုအရာတွေထဲကမှ ထူးခြားတဲ့စွမ်းရည်တစ်ခုက လူတွေရဲ့ စိတ်ကို ဖတ်နိုင်လာခြင်းပဲ ဖြစ်တယ်။ စွန့်ဦးတီထွင်သူတွေ၊ စီးပွားရေးလုပ်သူတွ၊ သံတမန်တွေ အတွက် လူတစ်ယောက်ရဲ့ စိတ်ကို ဖတ်နိုင်ဖို့က အရေးကြီးတဲ့ စွမ်းရည်တစ်မျိုးပဲ ဖြစ်တယ်။

စီးပွားရေးလုပ်တဲ့အခါမှာ အရေးကြီးတဲ့ အချက်အလက်များကို နားလည်မှုလွဲလို့မရသလို၊ တစ်နိုင်ငံနဲ့တစ်နိ်ုင်ငံ ဆက်ဆံရေးဆိုတာကလည်း အင်မတန်အရေးကြီးတဲ့ ဆက်ဆံရေးတစ်ခုပဲ ဖြစ်ပါတယ်။ နားလည်မှုလွဲလို့ပါဆိုပြီး အထိမခံတဲ့ အရာတွေပဲ ဖြစ်တယ်။

ခရီးသွားလာမှုတွေဟာ ကျွန်ုပ်တို့ကို မတူညီတဲ့ ဘာသာစကားတွေ၊ ဒေသိယစကားတွေ၊ ပြောဆိုဆက်ဆံပုံတွေနဲ့ ထိတွေ့စေတဲ့အပြင် လူတစ်ဦးနဲ့တစ်ဦး ပိုမိုသဘောပေါက် နားလည်စေပါတယ်။ ကမ္ဘာ့ဈေးကွက်မှာ ရပ်တည်နိုင်ဖို့အတွက် ကွဲပြားတဲ့ယဉ်ကျေးမှုတွေကိုလည်းသိရှိ်စေပါတယ်၊ လူတွေရဲ့ စိတ်ကို လွမ်းမိုးနိုင်ဖို့အတွက် နေရာသစ်တွေကို ခရီးသွားရင်းသွားရောက်လေ့လာလိုက်ရအောင်။

 

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *