ရေအေးဖြင့်ချိုးခြင်းကြောင့် ရလာတဲ့ ကျန်းမာရေး အကျိုးကျေးဇူး ( ၇ ) သွယ်

*** Unicode ***

လူအများစုကတော့ ရေအေးနဲ့ရေချိုးရတာကို ကြိုက်ကြတာတော့မဟုတ်ပါ။ ဆောင်းတွင်းဆိုပိုဆိုးပါတယ်။ အရင်နှစ်ကာလတွေကလို ရေးအေးနဲ့ ရွှဲရွဲစိုအောင် ချိုးကြည့်ပါ။ ရေအေးနဲ့ ပုံမှန်ချိုးခြင်းက စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွစေရုံသာမက ရုပ်ပိုင်းဆိုင်ရာကိုပါ အကျိုးကျေးဇူးရတယ်လို့ဆိုပါတယ်။

အခုဆောင်းပါးရဲ့ ရည်ရွယ်ချက်က ရေအေးဖြင့်ရေချိုးခြင်းကြောင့် မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတာကို သိစေချင်လို့ပဲဖြစ်ပါတယ်။ ရေအေးဖြင့် ချိုးခြင်းကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေကို အသေးစိတ်ဖော်ပြထားပါတယ်။ ကြည့်လိုက်ကြရအောင်။

( ၁ ) ပျော်ရွှင်မှုကို ယခင်ထက် မြှင့်တင်ပေးပါတယ်။

စိတ်ဖိစီးမှု လက္ခဏာတွေကို လျော့ကျစေပါတယ်။ မင်းအရမ်းပင်ပန်းနေတယ်လို့ခံစားရနေပါလား။ ရေအေးနဲ့ ရေချိုးဖို့ တိုက်တွန်းလိုပါတယ်။ ရေအေးနဲ့ ရေချိုးခြင်းက အံသြစရာကောင်းလောက်အောင် စိတ်ဓာတ်ကျတာတွေ၊ စိတ်ဖိစီးတာတွေကို သက်သာစေပါတယ်။

ဘာကြောင့်ပျော်ရှွင်တာလဲ။ ရိုးရှင်းပါတယ်။ ရေအေးနဲ့ထိတွေ့တဲ့အခါ neurotransmitters ကိုမြှင့်တင်ပေးတာကြောင့်ဖြစ်တယ်။ ထိုအရာက မင်းကို ပျော်ရှွင်မှုပေးပါတယ်။ နောက်တစ်ချက်က ဆောင်းတွင်းမှာ ပုံမှန် ရေကူးခြင်းကလည်းအကျိုးဖြစ်စေပါတယ်။

ရေအေးနဲ့ လေးလကြာရေကူးပြီးနောက် ပိုပြီး တက်ကြွလာတယ်။ သွက်လက်ဖျတ်လတ်လာတယ်။ ဒါကြောင့် နောက်များမှာ မင်းက စိတ်ရှုပ်နေတာမျိုးခံစားနေရတယ်ဆို ရေအေးနဲ့ မိနစ်အနည်းငယ်ရေချိုးသင့်ပါတယ်။

( ၂ ) သွေးလည်ပတ်မှုနှုန်း တိုးတက်စေပါတယ်။

ရေအေးနဲ့ရေချိုးခြင်းက သွေးစီးဆင်းမှုကို လှုံဆော်ပေးရန် ကူညီပေးပြီး နှလုံးခုန်နှုန်းကို တိုးတက်စေပါတယ်။ ကျွန်တော်တို့ရဲ့ကျန်းမာရေးအကြောင်း ခြုံငုံပြောရမယ်ဆို ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ အရေးကြီးတယ်ဆိုတာကို သိကြပါတယ်။

နှလုံးကြွက်သားအားနည်းခြင်းက မောပန်းခြင်း၊ သွေးတိုးခြင်း နှင့် ကြွက်သားနာကျင်ခြင်း စတဲ့ ပြဿနာတွေဖြစ်ပေါ်စေပါတယ်။ နှလုံးကြွက်သားအားကောင်းပါက နှလုံးကျန်းမာရေး၊ ကိုယ်ခံအားကောင်းခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်လာစေပါတယ်။

( ၃ ) တက်ကြွနိုးကြားစေပါတယ်။

တကယ်လို့ မင်းက အားနည်းနေတယ်လို့ ခံစားနေရရင် ရေအေးနဲ့ မိနစ်အနည်းငယ်ရေချိုးကြည့်လိုက်ပါ။ ထိုသို့ပြုလုပ်ခြင်းက မင်းကို နိုးထလာစေပါတယ်။ရေအေးက ကျွန်တော်တို့ နှလုံးခုန်နှုန်းကိုလျင်မြန်စေတာကြောင့် မင်းအနေနဲ့ လေကို ဝဝရှုသွင်းဖို့လိုပါတယ်။

ဒါကပဲ မင်းရဲ့စွမ်းအင်ကို မြင့်တက်လာအောင် ကူညီပေးပါတယ်။ မင်းကိုယ်မင်း ရေအေးနဲ့ အခုရေချိုးနေတယ်လို့ပဲ တွေးကြည့်လိုက်စမ်းပါ။ မင်းက အလိုလိုနေပြီးတော့ကို တက်ကြွ နိုးကြားလာလိမ့်မယ်။

( ၄ ) ပြင်းပြတဲ့ စိတ်ဆန္ဒ ဖြစ်ပေါ်လာအောင် မြင့်တင်ပေးပါတယ်။

ပုံမှန်အဆင်မပြေတဲ့အရာတွေကို မင်းကိုယ်တိုင် လုပ်နိုင်ပေမယ့်လည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်တွေ့ရတဲ့အခါမှာ မင်းရဲ့စိတ်ကို ထိန်းချူပ်နိုင်အောင် ကူညီပေးပါတယ်။မင်းဘဝရဲ့ကွက်လပ်များမှာ ပြင်းပြတဲ့ စိတ်ဆန္ဒကို တည်ဆောက်ဖို့ ကြိုးစားရုန်းကန်တာလား။ မင်းကိုယ်မင်းရှာဖွေနေသူတစ်ယောက်လား။

ဒါဆို ရေအေးနဲ့ ရေချိုးခြင်းက မင်းရဲ့စိတ်အစွဲကို တိုးတက်စေနိုင်ပြီး မင်းရဲ့ဘဝကိုအမှန်တကယ်တိုးတက်စေရန် ကူညီပေးတဲ့ နည်းစနစ်ပဲဖြစ်ပါတယ်။ လူအများစုကတော့ ရေအေးနဲ့ရေမချိုးချင်ကြပါဘူး။ ဒါပေမယ့်လည်း တစ်ခေါက်လောက် ကိုယ့်ကိုယ်ကို တွန်းအားပေးပြီးကြိုးစားကြည့်မယ်ဆို ငါလုပ်နိုင်သွားပြီဆိုတဲ့ စိတ်မျိုးဝင်သွားပါလိမ့်မယ်။

( ၅ ) ဇီဝတွင်းဖြစ်ပျက်မှုကို မြင့်တင်ပေးပါတယ်။

ပုံမှန် ရေအေးစိမ်မယ်ဆို မင်းခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်ပျက်မှုကို မြင့်တင်ပေးပါတယ်။ ရေအေးက ခန္ဓာကိုယ်တွင်းရှိ ကယ်လိုရီတွေကို လောင်ကျွမ်းဖို့ အားပေးတယ်ဆိုတာ ခန့်မှန်းပြီးသားဖြစ်မယ် ထင်ပါတယ်။

( ၆ ) ကြွက်သားရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။

တကယ်လို့ မင်းက အားသွန်ခွန်စိုက်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို အမြဲလိုလို လုပ်ဆောင်နေရမယ်ဆိုရင် မင်းရဲ့ ကြွက်သားတွေ ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို ခံစားရလိမ့်မယ်။

အဲ့ဒီ ဖြစ်ပေါ်လာတဲ့ ဝေဒနာကို သက်သာစေဖို့ဆိုရင် ရေအေးအေးလေး စိမ်လိုက်ခြင်းနဲ့ ဖြေလျော့စေနိုင်ပါတယ်။ရေအေးအေးက ကြွက်သားတစ်သျှူး အပူချိန်ကို လျော့ကျလာအောင် ကူညီပေးပြီး သွေးကြောတွေကိုလည်း ထိန်းချုပ်ပေးပါတယ်။

အားကစားသမားတွေက အလွန်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လေ့ကျင့်ပြီးနောက်ပိုင်း ရေအေးနဲ့ ရေချိုးခြင်း ဒါမှမဟုတ် ရေခဲနဲ့ရေချိုးခြင်းတို့ပြုလုပ်ကြပါတယ်။ အကြောင်းအရင်းက အထက်ဖော်ပြပါ အချက်ကြောင့်ပဲဖြစ်တယ်။

( ၇ ) သွေးဖြူများလည်ပတ်ခြင်းကိုလည်း တိုးတက်စေပါတယ်။

သွေးဖြူလည်ပတ်ခြင်းစနစ်သည် မင်းရဲ့ခန္ဓာတစ်ခုလုံးကို စီးဆင်းလည်ပတ်နေတဲ့ သွေးကြောကွန်ရက်ပဲ ဖြစ်တယ်။ သွေးဖြူလည်ပတ်ခြင်းစနစ်က ဘက်တီးရီးယားတွေကို စွန့်ထုတ်ပေးအောင် ကူညီပေးပြီး မင်းရဲ့ ဆဲလ်ထဲမှ အလွန်သေးငယ်တဲ့ ပိုးမွှားတွေကို သန့်စင်ပေးရန် အားပေးပါတယ်။ ရေအေးနဲ့ ရေချိုးခြင်းက မင်းရဲ့သွေးဖြူလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။

ရေစိမ်ခြင်းက သွေးဖြူကြောလေးတွေကို ကျဉ်းမြောင်းလာစေသောကြောင့်ဖြစ်တယ်။ အညစ်အကြေးတွေကို သန့်စင်ပေးပြီး စနစ်တစ်ခုလုံးကို အရည်စီးဆင်းသွားရန် အားပေးပါတယ်။ ရေအေးနဲ့ရေချိုးခြင်းက မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်ပေးအောင်လည်း ကူညီပေးပါတယ်။ ရေအေးနဲ့ပုံမှန်စိမ်ခြင်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စတဲ့ အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါတယ်။

——————————————————————————————————————————-

လူအများစုကတော့ ရေအေးနဲ့ရေချိုးရတာကို ကြိုက်ကြတာတော့မဟုတ်ပါ။ ဆောင်းတွင်းဆိုပိုဆိုးပါတယ်။ အရင်နှစ်ကာလတွေကလို ရေးအေးနဲ့ ရွှဲရွှဲစိုအောင် ချိုးကြည့်ပါ။

ရေအေးနဲ့ ပုံမှန်ချိုးခြင်းက စိတ်ပိုင်းဆိုင်ရာ လန်းဆန်းတက်ကြွစေရုံသာမက ရုပ်ပိုင်းဆိုင်ရာကိုပါ အကျိုးကျေးဇူးရတယ်လို့ဆိုပါတယ်။
အခုဆောင်းပါးရဲ့ ရည်ရွယ်ချက်က ရေအေးဖြင့်ရေချိုးခြင်းကြောင့် မမျှော်လင့်ထားတဲ့ အကျိုးကျေးဇူးတွေ ရနိုင်တယ်ဆိုတာကို သိစေချင်လို့ပဲဖြစ်ပါတယ်။ ရေအေးဖြင့် ချိုးခြင်းကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေကို အသေးစိတ်ဖော်ပြထားပါတယ်။ ကြည့်လိုက်ကြရအောင်။

( ၁ ) ပျော်ရွှင်မှုကို ယခင်ထက် မြှင့်တင်ပေးပါတယ်။ စိတ်ဖိစီးမှု လက္ခဏာတွေကို လျော့ကျစေပါတယ်။

မင်းအရမ်းပင်ပန်းနေတယ်လို့ခံစားရနေပါလား။ ရေအေးနဲ့ ရေချိုးဖို့ တိုက်တွန်းလိုပါတယ်။ ရေအေးနဲ့ ရေချိုးခြင်းက အံသြစရာကောင်းလောက်အောင် စိတ်ဓာတ်ကျတာတွေ၊ စိတ်ဖိစီးတာတွေကို သက်သာစေပါတယ်။ ဘာကြောင့်ပျော်ရွှင်တာလဲ။ ရိုးရှင်းပါတယ်။ ရေအေးနဲ့ထိတွေ့တဲ့အခါ neurotransmitters ကိုမြှင့်တင်ပေးတာကြောင့်ဖြစ်တယ်။ ထိုအရာက မင်းကို ပျော်ရွှင်မှုပေးပါတယ်။

နောက်တစ်ချက်က ဆောင်းတွင်းမှာ ပုံမှန် ရေကူးခြင်းကလည်းအကျိုးဖြစ်စေပါတယ်။ ရေအေးနဲ့ လေးလကြာရေကူးပြီးနောက် ပိုပြီး တက်ကြွလာတယ်။ သွက်လက်ဖျတ်လတ်လာတယ်။
ဒါကြောင့် နောက်များမှာ မင်းက စိတ်ရှုပ်နေတာမျိုးခံစားနေရတယ်ဆို ရေအေးနဲ့ မိနစ်အနည်းငယ်ရေချိုးသင့်ပါတယ်။

( ၂ ) သွေးလည်ပတ်မှုနှုန်း တိုးတက်စေပါတယ်။

ရေအေးနဲ့ရေချိုးခြင်းက သွေးစီးဆင်းမှုကို လှုံဆော်ပေးရန် ကူညီပေးပြီး နှလုံးခုန်နှုန်းကို တိုးတက်စေပါတယ်။
ကျွန်တော်တို့ရဲ့ကျန်းမာရေးအကြောင်း ခြုံငုံပြောရမယ်ဆို ပုံမှန်လေ့ကျင့်ခန်းလုပ်ဖို့ အရေးကြီးတယ်ဆိုတာကို သိကြပါတယ်။
နှလုံးကြွက်သားအားနည်းခြင်းက မောပန်းခြင်း၊ သွေးတိုးခြင်း နှင့် ကြွက်သားနာကျင်ခြင်း စတဲ့ ပြဿနာတွေဖြစ်ပေါ်စေပါတယ်။
နှလုံးကြွက်သားအားကောင်းပါက နှလုံးကျန်းမာရေး၊ ကိုယ်ခံအားကောင်းခြင်း နှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်လာစေပါတယ်။

( ၃ ) တက်ကြွနိုးကြားစေပါတယ်။

တကယ်လို့ မင်းက အားနည်းနေတယ်လို့ ခံစားနေရရင် ရေအေးနဲ့ မိနစ်အနည်းငယ်ရေချိုးကြည့်လိုက်ပါ။ ထိုသို့ပြုလုပ်ခြင်းက မင်းကို နိုးထလာစေပါတယ်။

ရေအေးက ကျွန်တော်တို့ နှလုံးခုန်နှုန်းကိုလျင်မြန်စေတာကြောင့် မင်းအနေနဲ့ လေကို ဝဝရှုသွင်းဖို့လိုပါတယ်။ ဒါကပဲ မင်းရဲ့စွမ်းအင်ကို မြင့်တက်လာအောင် ကူညီပေးပါတယ်။
မင်းကိုယ်မင်း ရေအေးနဲ့ အခုရေချိုးနေတယ်လို့ပဲ တွေးကြည့်လိုက်စမ်းပါ။ မင်းက အလိုလိုနေပြီးတော့ကို တက်ကြွ နိုးကြားလာလိမ့်မယ်။

( ၄ ) ပြင်းပြတဲ့ စိတ်ဆန္ဒ ဖြစ်ပေါ်လာအောင် မြင့်တင်ပေးပါတယ်။

ပုံမှန်အဆင်မပြေတဲ့အရာတွေကို မင်းကိုယ်တိုင် လုပ်နိုင်ပေမယ့်လည်း စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်တွေ့ရတဲ့အခါမှာ မင်းရဲ့စိတ်ကို ထိန်းချူပ်နိုင်အောင် ကူညီပေးပါတယ်။မင်းဘဝရဲ့ကွက်လပ်များမှာ ပြင်းပြတဲ့ စိတ်ဆန္ဒကို တည်ဆောက်ဖို့ ကြိုးစားရုန်းကန်တာလား။ မင်းကိုယ်မင်းရှာဖွေနေသူတစ်ယောက်လား။ ဒါဆို ရေအေးနဲ့ ရေချိုးခြင်းက မင်းရဲ့စိတ်အစွဲကို တိုးတက်စေနိုင်ပြီး မင်းရဲ့ဘဝကိုအမှန်တကယ်တိုးတက်စေရန် ကူညီပေးတဲ့ နည်းစနစ်ပဲဖြစ်ပါတယ်။

လူအများစုကတော့ ရေအေးနဲ့ရေမချိုးချင်ကြပါဘူး။ ဒါပေမယ့်လည်း တစ်ခေါက်လောက် ကိုယ့်ကိုယ်ကို တွန်းအားပေးပြီးကြိုးစားကြည့်မယ်ဆို ငါလုပ်နိုင်သွားပြီဆိုတဲ့ စိတ်မျိုးဝင်သွားပါလိမ့်မယ်။

( ၅ ) ဇီဝတွင်းဖြစ်ပျက်မှုကို မြင့်တင်ပေးပါတယ်။

ပုံမှန် ရေအေးစိမ်မယ်ဆို မင်းခန္ဓာကိုယ်ရဲ့ ဇီဝတွင်းဖြစ်ပျက်မှုကို မြင့်တင်ပေးပါတယ်။ ရေအေးက ခန္ဓာကိုယ်တွင်းရှိ ကယ်လိုရီတွေကို လောင်ကျွမ်းဖို့ အားပေးတယ်ဆိုတာ ခန့်မှန်းပြီးသားဖြစ်မယ် ထင်ပါတယ်။

( ၆ ) ကြွက်သားရောင်ရမ်းခြင်းကိုလည်း လျော့ကျစေပါတယ်။

တကယ်လို့ မင်းက အားသွန်ခွန်စိုက်လုပ်ရတဲ့ လေ့ကျင့်ခန်းတွေကို အမြဲလိုလို လုပ်ဆောင်နေရမယ်ဆိုရင် မင်းရဲ့ ကြွက်သားတွေ ကိုက်ခဲနာကျင်တဲ့ ဝေဒနာကို ခံစားရလိမ့်မယ်။ အဲ့ဒီ ဖြစ်ပေါ်လာတဲ့ ဝေဒနာကို သက်သာစေဖို့ဆိုရင် ရေအေးအေးလေး စိမ်လိုက်ခြင်းနဲ့ ဖြေလျော့စေနိုင်ပါတယ်။ရေအေးအေးက ကြွက်သားတစ်သျှူး အပူချိန်ကို လျော့ကျလာအောင် ကူညီပေးပြီး သွေးကြောတွေကိုလည်း ထိန်းချုပ်ပေးပါတယ်။
အားကစားသမားတွေက အလွန်ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ လေ့ကျင့်ပြီးနောက်ပိုင်း ရေအေးနဲ့ ရေချိုးခြင်း ဒါမှမဟုတ် ရေခဲနဲ့ရေချိုးခြင်းတို့ပြုလုပ်ကြပါတယ်။ အကြောင်းအရင်းက အထက်ဖော်ပြပါ အချက်ကြောင့်ပဲဖြစ်တယ်။

( ၇ ) သွေးဖြူများလည်ပတ်ခြင်းကိုလည်း တိုးတက်စေပါတယ်။

သွေးဖြူလည်ပတ်ခြင်းစနစ်သည် မင်းရဲ့ခန္ဓာတစ်ခုလုံးကို စီးဆင်းလည်ပတ်နေတဲ့ သွေးကြောကွန်ရက်ပဲ ဖြစ်တယ်။
သွေးဖြူလည်ပတ်ခြင်းစနစ်က ဘက်တီးရီးယားတွေကို စွန့်ထုတ်ပေးအောင် ကူညီပေးပြီး မင်းရဲ့ ဆဲလ်ထဲမှ အလွန်သေးငယ်တဲ့ ပိုးမွှားတွေကို သန့်စင်ပေးရန် အားပေးပါတယ်။

ရေအေးနဲ့ ရေချိုးခြင်းက မင်းရဲ့သွေးဖြူလည်ပတ်မှုစနစ်ကို ကောင်းမွန်စေပါတယ်။

ရေစိမ်ခြင်းက သွေးဖြူကြောလေးတွေကို ကျဉ်းမြောင်းလာစေသောကြောင့်ဖြစ်တယ်။ အညစ်အကြေးတွေကို သန့်စင်ပေးပြီး စနစ်တစ်ခုလုံးကို အရည်စီးဆင်းသွားရန် အားပေးပါတယ်။

ရေအေးနဲ့ရေချိုးခြင်းက မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်ပေးအောင်လည်း ကူညီပေးပါတယ်။ ရေအေးနဲ့ပုံမှန်စိမ်ခြင်းက ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ စတဲ့ အကျိုးကျေးဇူးများစွာ ရရှိခဲ့ပါတယ်။

Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *