၂၀၁၉ ခုနှစ်မှာ ကြည့်သင့်တဲ့ အကောင်းဆုံး ကာတွန်းကား ( ၄ ) ကား

ရယ်မောခြင်းက အကောင်းဆုံးဆေးတစ်ခွက် လို့ဆိုရိုး ရှိတယ်မလား။ ကျွန်တော်လည်း လူသားတစ်ယောက်မို့ တွေးတောမှုတစ်စုံတစ်ရာမရှိဘဲ အခိုက်အတန့်တစ်ခဏမှာ လွတ်လပ်ပေါ့ပါးစွာ ရယ်မောပစ်ရတာကို နှစ်သက်တယ်။ လူတိုင်းလည်း နှစ်သက်ကြတယ်မလား။

ဒါ့အပြင် အခုနောက်ပိုင်း Animation ကားတွေက အဆင့်အတန်းမြင့်လာပြီး တကယ့်လက်တွေ့ဘဝနဲ့ နီးစပ်လာတာကိုလည်း တွေ့မြင်လာရပါတယ်။

ဒါကြောင့် ကြည့်သင့်တဲ့ ကာတွန်းကား ( ၄ ) ကားနဲ့ မိတ်ဆက်ပေးလိုက်ပါရစေ။

(၁) “How to Train Your Dragon: The Hidden World”

ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ Berk က Vikings ကို ငြိမ်းချမ်းတဲ့ ကုန်းမြေတစ်ခုဖြစ်အောင် ဖန်တီးနိုင်ခဲ့ပြီး နဂါးတွေနဲ့အတူ ငြိမ်းချမ်းစွာ အတူတကွ လုပ်ကိုင်စားသောက် နေထိုင်နိုင်ခဲ့တယ်။

ဒါပေမယ့်လည်း သူ့ရဲ့ ထူးခြားတဲ့ နဂါးလေးတစ်ကောင် Toothless ရဲ့နှလုံးသားထဲမှာ သူတို့လုံးဝမသိတဲ့ ကမ္ဘာသစ်တစ်ခုရှိတယ်ဆိုတာ ခံစားနေရပြီး ဘာဆက်ဖြစ်လာမလဲ၊ တဖြေးဖြေးနဲ့ ခေါင်းဆောင် Berk က အရာရာတိုင်းကို ထိန်းသိမ်းရန်နဲ့ လူတိုင်းဘေးကင်းဖို့အတွက် ဘယ်လို ဆုံးဖြတ်ချက်တွေကို ချမှတ်ခဲ့သလဲ ဆိုတာတွေအပြင် နောက်ပိုင်းဘာဆက်ဖြစ်မလဲဆိုတာ သဲထိတ်ရင်ဖိုစွာနဲ့ ကြည့်ရှုရမယ့် ကားလေးပဲ ဖြစ်ပါတယ်။

(၂) “The Secret Life of Pets 2”

ဒီကားထဲက ဇာတ်လိုက်အကျော်အမောလေးတွေ ဖြစ်တဲ့ Max နဲ့ သူ့သူငယ်ချင်းက စွန့်စားခန်းတွေ ဘယ်လိုဖန်တီးမလဲ၊ ဘယ်လို အခက်အခဲတွေ ရင်ဆိုင်ရမလဲဆိုတာအပြင် ချစ်စရာကောင်းတဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေရဲ့ လှုပ်ရှားမှုမျိုးစုံကို ရယ်လဲ ရယ်မောရင်း အသဲတလှပ်လှပ်နဲ့ ကြည့်ရမယ့် ကားလေးပဲ ဖြစ်ပါတယ်။

(၃) “The Lion King”

ကာတွန်းကားနေရာမှာ Live-action အဖြစ် ပြန်လည်ပုံဖော်ရိုက်ကူးထားခြင်းဖြစ်ပါတယ်။ ကျွန်တော်တို့ကြည့်မယ်ဆို ဒီကားလေးထဲမှာ ဇာတ်လိုက်ဖြစ်တဲ့ ခြင်္သေ့လေး Simba က ဘုရင်တစ်ပါးအဖြစ် မွေးဖွားလာခဲ့ပြီး ဘယ်လိုအခက်အခဲတွေကိုရင်ဆိုင်ကျော်လွှားသွားမလဲ၊ ကာတွန်းကားအနေနဲ့ ကြည့်ခဲ့တဲ့ ကားလေးက အခု Live-action ဆိုတော့ ဘယ်လိုမျိုးပုံဖော်ရိုက်ကူးထားမလဲ ဆိုတာကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် စောင့်ကြည့်ရမယ့် ကားလေးပဲ ဖြစ်ပါတယ်။

ကျွန်တော်တို့ တစ်နာရီလောက် အချိန်ပေးပြီး ကြည့်လိုက်တာနဲ့ လွတ်လပ်ပေါ့ပါးမှုကို ခံစားရမှာအပြင် စိတ်ဖိစီးမှုဒဏ်မှလည်း ခဏတာ လွတ်မြောက်သွားမယ်ထင်ပါတယ်။ ဒါ့အပြင် စိတ်ကူးအကြံဉာဏ်သစ်တွေလည်း ရရှိလိမ့်မယ်ဆိုတာ ရဲရဲကြီး အာမခံရဲပါတယ်။

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *