“နှာချေတာ သက်သာစေရန် အိမ်တွင်းဆေးနည်းများ”

*** Unicode ***

#POINT #PointYouthPlatform

မိနစ်ပိုင်းခြားပြီး ဆက်တိုက်နှာချေရတဲ့ အခိုက်အတန့်က စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း၊ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေဖို့ နှာချေတာက လိုအပ်ပါတယ်။ တစ်ခု သတိထားရမှာက လူတွေက အအေးမိတော့မှ နှာချေကြတာ မဟုတ်ပါဘူး။ နှာချေမှုကို ဖြစ်စေသော မရေတွက်နိုင်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ဆက်တိုက် နှာချေတာကို သက်သာစေမယ့် အိမ်တွင်း ဆေးနည်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရှောက်/သံပုရာ သီးများ

လိမ္မော်သီး၊ ရှောက်သီး၊သံပရာသီး၊ ဂရိပ်ဖရု ကဲ့သို့သော အသီးတွေမှာ ကိုယ်ခန္ဓာတွင်း ကိုယ်ခံအားစနစ်ကို ကူညီပေးနို်င်သော အစွမ်းထက်တဲ့ ဓာတ်တိုးကာကွယ်ဆေး ဓာတ်ရောင်ခြယ်ပစ္စည်းများ ပါဝင်ပါတယ်။ ဓာတ်မတည့်မှုများနဲ့ အအေးမိခြင်းကို ဖြစ်စေသော မလိုအပ်သော ဘက်တီးရီးယား ပိုးများကို တိုက်ဖျက်ပေးပါတယ်။ ကျန်းမာနုပျိုစေဖို့ ဒီသစ်သီးတွေကို နေ့စဉ် စားသုံးရပါမယ်။

(၂) တရုတ်ဆီးဖြူသီး

တရုတ်ဆီးဖြူသီးဟာ ကိုယ်ခံအားကို တိုးတက်စေနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပြီး၊ ဘက်တီးရီးယားတွေကို ကာကွယ်တဲ့ ဂုဏ်သတ္တိလည်း ရှိကြပါတယ်။ အရည်ဖျော်သောက်သောက်၊ အစိမ်းပဲ စားစား စိတ်ကြိုက်စားသုံးနိုင်ပါတယ်။ တရုတ်ဆီးဖြူသီးအား တစ်နေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ်ထိ စားသုံးခြင်းက နှာချေမှုကို သက်သာစေပါတယ်။

(၃) အနက်ရောင် ဖာလာစေ့

အိန္ဒိယ ဟင်းချက်စရာများတွင် အဓိကအသုံးပြုသောဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်တဲ့ အနက်ရောင် ဖာလာစေ့ကို စားသုံးခြင်းက ကျန်းမာရေးအတွက် များစွာအကျိုးရှိစေပါတယ်။ နှာချေတာ သက်သာစေရန် တစ်နေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ် ဝါးစားပေးရပါမယ်။ အနက်ရောင် ဖာလာစေ့ အဆီက အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် နှပ်ရည်များ စီးဆင်းဖို့အတွက် အလွန်အထောက်အကူ ဖြစ်စေပါတယ်။

(၄) ချင်းတက်

ချင်းတက်မှာ အနာရင်းမှုကို လျော့ကျစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ အအေးမိခြင်းကို သက်သာပျောက်ကင်းစေပြီး အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုတွေကို လျော့ချပေးနိုင်ပါတယ်။ ချင်းတက် သုံးလက်မလောက်ကို လှီးပြီး၊ ပျားရည် နှစ်ဇွန်းနဲ့ ရောပါ။ ရေနွေးပူပူထဲမှာ ထည့်ပြီး၊ ညအိပ်ယာမဝင်ခင် နေစဉ် သောက်သုံးပေးပါက နှာချေတာကို ချက်ချင်းပျောက်ကင်းစေပါတယ်။

Writer & Translator : Hsu Mi San

——————————————————————————————————————————–

#POINT #PointYouthPlatform

မိနစ်ပိုင်းခြားပြီး ဆက်တိုက်နှာချေရတဲ့ အခိုက်အတန့်က စိတ်အနှောင့်အယှက် ဖြစ်ရသော်လည်း၊ ကျွန်တော်တို့ရဲ့ ခန္ဓာကိုယ်ကို ကျန်းမာစေဖို့ နှာချေတာက လိုအပ်ပါတယ်။ တစ်ခု သတိထားရမှာက လူတွေက အအေးမိတော့မှ နှာချေကြတာ မဟုတ်ပါဘူး။ နှာချေမှုကို ဖြစ်စေသော မရေတွက်နိုင်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ဆက်တိုက် နှာချေတာကို သက်သာစေမယ့် အိမ်တွင်း ဆေးနည်းများကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ရှောက်/သံပုရာ သီးများ

 

 

 

 

 

 

 

 

 

 

 

လိမ္မော်သီး၊ ရှောက်သီး၊သံပရာသီး၊ ဂရိပ်ဖရု ကဲ့သို့သော အသီးတွေမှာ ကိုယ်ခန္ဓာတွင်း ကိုယ်ခံအားစနစ်ကို ကူညီပေးနိ်ုင်သော အစွမ်းထက်တဲ့ ဓာတ်တိုးကာကွယ်ဆေး ဓာတ်ရောင်ခြယ်ပစ္စည်းများ ပါဝင်ပါတယ်။ ဓာတ်မတည့်မှုများနဲ့ အအေးမိခြင်းကို ဖြစ်စေသော မလိုအပ်သော ဘက်တီးရီးယား ပိုးများကို တိုက်ဖျက်ပေးပါတယ်။ ကျန်းမာနုပျိုစေဖို့ ဒီသစ်သီးတွေကို နေ့စဉ် စားသုံးရပါမယ်။

(၂) တရုတ်ဆီးဖြူသီး

 

 

 

 

 

 

 

 

 

 

 

တရုတ်ဆီးဖြူသီးဟာ ကိုယ်ခံအားကို တိုးတက်စေနိုင်သော ဓာတ်တိုးဆန့်ကျင်ပစ္စည်းများ ကြွယ်ဝစွာ ပါဝင်ပြီး၊ ဘက်တီးရီးယားတွေကို ကာကွယ်တဲ့ ဂုဏ်သတ္တိလည်း ရှိကြပါတယ်။ အရည်ဖျော်သောက်သောက်၊ အစိမ်းပဲ စားစား စိတ်ကြိုက်စားသုံးနိုင်ပါတယ်။ တရုတ်ဆီးဖြူသီးအား တစ်နေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ်ထိ စားသုံးခြင်းက နှာချေမှုကို သက်သာစေပါတယ်။

(၃) အနက်ရောင် ဖာလာစေ့

 

 

 

 

 

 

 

 

 

 

 

အိန္ဒိယ ဟင်းချက်စရာများတွင် အဓိကအသုံးပြုသော ဟင်းခတ်အမွှေးအကြိုင်တစ်မျိုး ဖြစ်တဲ့ အနက်ရောင် ဖာလာစေ့ကို စားသုံးခြင်းက ကျန်းမာရေးအတွက် များစွာအကျိုးရှိစေပါတယ်။ နှာချေတာ သက်သာစေရန် တစ်နေ့ကို နှစ်ကြိမ်ကနေ သုံးကြိမ် ဝါးစားပေးရပါမယ်။ အနက်ရောင် ဖာလာစေ့ အဆီက အသက်ရှုလမ်းကြောင်းမှ တစ်ဆင့် နှပ်ရည်များ စီးဆင်းဖို့အတွက် အလွန်အထောက်အကူ ဖြစ်စေပါတယ်။

(၄) ချင်းတက်

 

 

 

 

 

 

 

 

 

 

 

ချင်းတက်မှာ အနာရင်းမှုကို လျော့ကျစေတဲ့ ဂုဏ်သတ္တိတွေ ပါဝင်ပါတယ်။ အအေးမိခြင်းကို သက်သာပျောက်ကင်းစေပြီး အသက်ရှူလမ်းကြောင်းပိတ်ဆို့မှုတွေကို လျော့ချပေးနိုင်ပါတယ်။ ချင်းတက် သုံးလက်မလောက်ကို လှီးပြီး၊ ပျားရည် နှစ်ဇွန်းနဲ့ ရောပါ။ ရေနွေးပူပူထဲမှာ ထည့်ပြီး၊ ညအိပ်ယာမဝင်ခင် နေစဉ် သောက်သုံးပေးပါက နှာချေတာကို ချက်ချင်းပျောက်ကင်းစေပါတယ်။

Writer & Translator : Hsu Mi San

 

 

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *