လူငယ်ဘဝမှာ စူးစမ်းပါ

#POINT #PointYouthPlatform

လူငယ်တွေဆိုတာဘဝကိုအပူပင်ကင်းကင်းနဲ့ဖြတ်သန်းနိုင်ကြသူများဖြစ်တဲ့အပြင်ပေါင်းသင်းဆက်ဆံရေးပြေပြစ်ပြီးများစွာသောအခွင့်လမ်းအမျိုးမျိုးကိုလက်ကမ်းရရှိထားသူများဖြစ်ပါတယ်။လူငယ်ဘဝရဲ့အရေးပါသောခြေလှမ်းများကိုအရောက်လှမ်းဖို့“လူငယ်ဆိုတဲ့ဂုဏ်ကိုထိရောက်စွာအသုံးပြုပြီးဘာလုပ်လုပ်တုံ့ဆိုင်းနေခြင်းမရှိဖို့”လိုအပ်ပါတယ်။ဒီတော့ဘာတွေလုပ်ဆောင်ဖို့အရေးကြီးတယ်ဆိုတာကိုကြည့်လိုက်ရအောင်နော်။
(၁)ပျော်ပျော်နေပါ။

(၂)စွန့်စားမှုတွေလုပ်ကြည့်ပါ။ခုလက်ရှိသင့်အတွက်ဆုံးရှုံးစရာထွေထွေထူးထူးမရှိသေးဘူးလေ။

(၃)အခက်ခဲတွေကိုရင်ဆိုင်ကြည့်ပါ။အထူးသဖြင့်သင့်အတွက်အရမ်းဝန်မပိသေးတဲ့အခြေနေမျိုးမှာပေါ့

(၄)လုပ်ငန်းသစ်စကြည့်ပါ။သင်ကစီးပွားရေးကိုစွန့်ဦးတည်ထောင်ချင်စိတ်ကြီးမားသူဆိုရင်တော့သင့်အိမ်မက်တွေကိုအကောင်ထည်ဖော်ကြည့်လိုက်ပါ။

(၅)ခရီးများများထွက်ပေးပါ။ကမ္ဘာကြီးကိုစူးစမ်းလေ့လာပြီးနယ်မြေသစ်တွေကိုသွားရောက်လည်ပတ်ခြင်းကအတွေးမြင်စိတ်ကူးသစ်တွေကိုရရှိစေလို့တက်နိုင်သလောက်ခရီးထွက်ပေးပါ။

(၆)ပိုက်ဆံကိုပစ္စည်းဝယ်ဖို့ချည်းမသုံးသင့်ပါ။အမှတ်တရကောင်း၊ဘဝအတွေ့ကြုံကောင်းတွေဖန်တီးပေးမယ့်ခရီးစဉ်မျိုးမှာသုံးသင့်ပါတယ်။

(၇)အသစ်ဆန်းတွေကိုစူးစမ်းလေ့လာကြည့်ပါ။ဘဝအတွက်ရင့်ကျက်တဲ့အတွေ့ကြုံတွေကိုအရယူပါ။ဆံပင်စတိုင်၊ဖက်ရှင်ဒီဇိုင်းတွေကိုပြောင်းလဲကြည့်ပါ။

(၈)ရှုံးနိမ့်မှာကိုမကြောက်ပါနဲ့။သင်ဟာငယ်ရွယ်ပြီးစိန်ခေါ်မှုအသစ်တွေကိုသဘောကျရူးသွပ်နေသူမို့ဘယ်သူမှမဝေဖန်ရဲပါဘူး။

(၉)သိချင်တာသိရဖို့လက်မလျှော့လိုက်နဲ့နော်။ကြိုးစားအဖြေရှာကြည့်ပါ။ဒီလိုသိလိုစိတ်ပြင်းပြခြင်းကသင်လုပ်သမျှလုပ်ရပ်တိုင်းကိုအကောင်းမွန်ဆုံးဖြစ်စေနိုင်ပါတယ်။

(၁၀)နောင်တရနေတဲ့အဖြစ်မျိုးနဲ့သိမ်ငယ်မနေပါနဲ့။လောကမှာအခွင့်လမ်းတွေအများကြီးကျန်ပါသေးတယ်။ဒီတော့ခုပဲအရယူလိုက်ပါ။

(၁၁)ဘာလုပ်လုပ်တွန့်ဆုတ်မနေနဲ့ဦး။သေးသေးမွှားမွှားကိစ္စလေးတွေကနေစပြီးရဲရင့်စွာလုပ်ဆောင်ကြည့်ပါ။ကိုယ့်အတွေးတွေကိုစောင့်ဆိုင်းမနေပဲသင်ချစ်တဲ့မိသားစုတွေနဲ့မျှဝေလိုက်ပါ။

(၁၂)တက်တက်ကြွကြွလုပ်ဆောင်လိုက်ပါ။ဒီလိုဆောင်ရွက်ချက်တွေပြုလုပ်ဖို့အကုန်ပြီးပြည့်စုံမှဆိုတဲ့အချိန်ကိုစောင့်မနေပါနဲ့နော်။ဘယ်အရာမှာပြီးပြည့်စုံသွားတယ်ဆိုတာမရှိပါဘူး။ဒီတော့သင့်စိတ်ကူးစိတ်သန်းတွေကိုရဲရင့်တဲ့လုပ်ဆောင်ချက်တွေနဲ့ပေါင်းစပ်ဖို့လိုအပ်ပါတယ်ရှင်။

လူငယ်တွေဖြစ်တဲ့အလျှောက်အရာရာကိုပုံသေသတ်မှတ်ချက်မထားဖို့အထူးလိုအပ်ပါတယ်။သင်ဟာဒီလောကမှာအဖိုးတန်အချိန်တွေကိုပေါပေါသီသီရထားတဲ့လူငယ်တဦးဖြစ်နေပါကအချိန်တွေကိုအကျိုးရှိရှိအသုံးချတက်ပါစေ။

Writer & Translator : Thae Thae

Career, Education, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *