ဘဝကို ခက်ခက်ခဲခဲ ရုန်းကန်ရစေနိုင်တဲ့ အမှား (၆) ခု

#POINT #PointYouthPlatform

သင်က ငွေကြေးပြဿနာတွေ၊ မိသားစု ပဋိပက္ခတွေ၊ အလုပ်နဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်တွေ တွေ့ကြုံနေတာဖြစ်စေ၊ အခက်အခဲတွေကတော့ အမြဲတွေ့နေရမှာပါပဲ။ ဘဝရဲ့ အခက်ခဲတွေကို ကျော်ဖြတ်ရတာ ဘယ်တော့မှ မလွယ်ကူပါဘူး။ တကယ်လို့ သင့်ဘဝမှာ ဖော်ပြပေးမယ့် အမှားတစ်ခုခုကို လုပ်ကိုင်မိနေတယ်ဆိုရင်၊ ဘဝမှာ ဆက်လက် ရုန်းကန်နေရမှာ ဖြစ်ပါတယ်။
(၁) ပန်းတိုင်တွေက မရေမရာ ဖြစ်နေလား။
သင့်မှာ ရှင်းလင်းပြတ်သားတဲ့ ပန်းတိုင်မရှိဘူးဆိုရင်၊ သင်သွားမယ့်လမ်းကြောင်းကလည်း ကြမ်းတမ်းနိုင်ပါတယ်။ ဦးတည်ချက်မရှိဘဲ လုပ်နေတဲ့ ပန်းတိုင်တွေက ရည်ရွယ်ချက်မရှိဘဲ စမ်းတဝါးဝါး ဖြစ်နေမှာ အသေချာပါပဲ။ စိတ်ထဲမှာ ရှင်းလင်းတဲ့ ပန်းတိုင်တွေ ရှိတဲ့အခါ အကောင်းဆုံး လုပ်ဆောင်နိုင်ပါလိမ့်မယ်။ သင့်ပန်းတိုင်တွေက သင့်အလုပ်အကိုင်၊ ငွေကြေး၊ လူမှုဘဝနဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်တဲအ့ခါ အကူညီဖြစ်စေမှာ ဖြစ်ပါတယ်။ အခက်ခဲတွေကို စိန်ခေါ်မှုတွေအဖြစ် အမြင်ပြောင်းကြည့်တာက ပိုကြီးမားတဲ့ ပန်တိုင်တွေဆီ ဦးတည်တဲ့အခါ ကျော်ဖြတ်ဖို့ ပိုလွယ်ပါလိမ့်မယ်။
(၂) ကျေနပ်စရာတွေကို မရမက တောင်းဆိုနေလား။
ဘဝမှာ အခက်ခဲ အတားအဆီးတွေကို ကျော်ဖြတ်တဲ့အချိန်မှာ စိတ်ရှည်ဖို့ လိုအပ်ပါတယ်။ ခက်ခဲတဲ့အလုပ်က အချိန်ယူရပါမယ်။ ရလဒ်ကောင်းတွေကို ချက်ချင်းမျှော်လင့်နေမယ်ဆိုရင်၊ စိတ်ပျက်မှုသာ ရရှိပါလိမ့်မယ်။ ဒါ့အပြင် ခက်ခဲတဲ့အလုပ်ကို မဆုတ်မနစ် ကြိုးစားမှာထက် ဘဝမှာဆက်ပြီး ရုန်းကန်လှုပ်ရှားနေရမှာဖြစ်ပါတယ်။


(၃) ဘာကို ဦးစားပေး လုပ်ရမလဲ မသိဘူးလား။
သင်ဖန်တီးဖို့ လိုအပ်တဲ့ ပြောင်းလဲမှုတွေနဲ့ စိတ်ဒုက္ခခံနေရတယ်ဆိုရင်၊ အကျပ်ရိုက်မှုတွေ ကျန်ရှိနေမှာပါပဲ။ လူတွေက ဝိတ်ကျချင်တယ်၊ ဆေးလိပ်ဖြတ်ချင်ကြတယ်၊ ဝင်ငွေပိုရချင်ကြတယ်၊ ဒါမှမဟုတ် ပိုကောင်းတဲ့ နေရာကို ပြောင်းချင်ကြပါတယ်။ ဒါပေမယ့် ပထမဆုံး ဘယ်အရာကို လုပ်ရမလဲ မသိကြပါဘူး။
(၄) သင်ရောက်ချင်တဲ့ လမ်းကို မရောက်တဲ့အခါ အလွယ်တကူ လက်လျော့တတ်လား။
တကယ်လို့ သင့်ပန်တိုင်းဆီမရောက်တဲ့ အရာတွေကို ချက်ချင်း လက်လျော့လိုက်တာနဲ့၊ သင့်အခက်အခဲတွေကို ကျော်ဖြတ်ဖို့ အောင်မြင်နိုင်မှာ မဟုတ်ပါဘူး။ ဘဝမှာ လူတွေ ဆက်လုပ်ရုန်းကန်နေမယ့် အဓိကအမှားကတော့ အလုပ်မဖြစ်တဲ့ ပြဿနာကို ဖြေရှင်းဖို့ သူတို့ ပထမဆုံး လုပ်ရမယ့်အရာကို လက်လျော့တတ်ကြတာ ဖြစ်ပါတယ်။


(၅) ကိုယ့်ဘဝက အမှားတွေအတွက် တခြားသူတွေပေါ် အပြစ်တင်နေလား။
ကိုယ့်ဘဝအခက်ခဲတွေအတွက် တခြားသူတွေကို အပြစ်တင်တာက အကူညီမဖြစ်ပါဘူး။ ကိုယ့်ရဲ့ လုပ်ဆောင်ချက်တွေအတွက် တာဝန်ခံမှု ရှိဖို့လိုအပ်ပါတယ်။ ဘဝအခက်ခဲတွေကို အောင်မြင်စွာ မကျော်ဖြတ်နိ်ုင်သေးခင်မှာ ဖြေရှင်းချက်တွေကတစ်ဆင့် အလုပ်လုပ်နိ်ုင်စွမ်း ရှိရပါမယ်။ သင့်ကလေးဘဝ၊ ကံဆိုးမှု၊ သင့်ပြဿနာတွေအတွက် အထောက်အပံ့မရှိတဲ့အတွက် အပြစ်တင်နေမယ်ဆိုရင်၊ အကျပ်အတည်းထဲမှာ ဆက်နေရဦးမှာပါပဲ။ သို့သော်လည်း၊ ဘဝက ကိုယ့်ရဲ့အမှားတွေကို လက်ခံမယ်ဆိုရင်၊ ပြဿနာတွေကို ကျော်လွှားစေမယ့် နည်းဗျူဟာတွေကို တိုးတက်စေပါမယ်။ သင်ပိုပြီး အောင်မြင်လာပါလိမ့်မယ်။
(၆) လိုအပ်တဲ့အခါ အကူညီတောင်းတတ်လား။
ဘဝမှာ တခြားသူတွေဆီက အကူညီယူရတဲ့ အချိန်တွေ ရှိတတ်ပါတယ်။ သင်တောင်းနေကြမဟုတ်ရင် အကူညီတောင်းဆိုတာက ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ အကူညီတောင်းခံတာက အမျိုးမျိုးသော ပြဿနာတွေကို ကျော်လွှားဖို့ အကောင်းဆုံး နည်းလမ်းတွေထဲက တစ်ခုပါပဲ။ သင်တတ်နိ်ုင်တဲ့အခါ တခြားသူတွေကို ကူညီပေးဖို့ အလေ့အကျင့်လုပ်ပါ။ သင်လိုအပ်တဲ့အခါလည်း အကူညီတောင်းဆိုနိုင်ပါတယ်။

Translator : Hsu Mi San

Career, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *