
ဘီလ်ဂိတ်နဲ့ မာ့ခ်ဇူကာဘတ်တို့လို ဘီလျံနာတွေအောင်မြင်ကြတာ အားကျစရာပါ။ တကယ်တော့ အောင်မြင်သူအများစုဟာ အသက် ၃၀ ကျော်မှသာ ကိုယ့်လုပ်ငန်းနဲ့ ဘီလျံနာဖြစ်လာကြတာလို့ Business Insider ရဲ့ လေ့လာချက်က ဖော်ပြပါတယ်။
…
ဒါကြောင့် ၃၀ ကျော်မှ အောင်မြင်လာတဲ့ ရှစ်ဦးကို ဖော်ပြပေးလိုက်ပါတယ်။
…
၁) အော်ပရာ ဝင်းဖရေး (Oprah Winfrey)
ဆင်းဆင်းရဲရဲမွေးဖွားလာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ဒူးကိုယ်ချွန်ရတဲ့ မိခင်(Single mother) ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး talk show ကို အသက် ၃၂ နှစ်မှာ အမေရိကန်နိုင်ငံအနှံ့ ထုတ်လွှင့်ခဲ့လို့ ရေပန်းစား လာပါတယ်။ နောက်ပိုင်း မီဒီယာလုပ်ငန်းကြီးတစ်ခုထူထောင်ပြီး အနုပညာလောကကဏ္ဍပေါင်းစုံမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါ တယ်။
…
၂) ဂျက်ဖ်ဘီဇို (Jeff Bezos)
အသက် ၅၄ နှစ်ရှိပြီး နာမည်ကြီး Online shopping လုပ်ငန်း Amazon ကိုတည်ထောင်ခဲ့သူပါ။ ဒီနေ့မှာတော့ Amazon က အရာအားလုံးနီးပါးကို online မှာ ရောင်းချပေးနေပါတယ်။ ဒီလုပ်ငန်းကြောင့် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဖြစ်လာပါတယ်။
…
၃) ဒေါရစ် ဖစ်ရှာ (Doris Fisher)
စွမ်းဆောင်ရည်အရှိဆုံး အမျိုးသမီး ၁၀ဝ စာရင်းဝင် ဖြစ်ပြီး အဝတ်အစား လုပ်ငန်း Gap ကို တည်ထောင်သူ ဖြစ်ပါတယ်။ Old Navy၊ Banana Republic နဲ့ Intermix စတဲ့ နာမည်ကျော် ကုန်အမှတ် တံဆိပ်အဝတ် အထည်တွေ ထုတ်လုပ်ဖြန့်ချိပြီး ဘီလျံနာဖြစ်လာသူပါ။
…
၄) ရိဒ် ဟော့ဖ်မန်း (Reid Hoffman)
ဟော့ဖ်မန်းရဲ့ ပထမဆုံးစီးပွားရေးက PayPal ဖြစ်ပါတယ်။ အသက် ၃၁ နှစ်မှာ စတင်ခဲ့တာပါ။ လေးနှစ်အကြာမှာ ပရော်ဖက်ရှင်နယ်ကွန်ရက် LinkedIn ရဲ့ တည်ထောင်သူဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ်မှာ Microsoft က ဒေါ်လာ၂၆ ဒသမ ၂ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။
…
၅) မာဆာရူ အီဘူခါ (Masaru Ibuka)
ဂျပန်လူမျိုးဖြစ်ပြီး ၁၉၄၆ ခုနှစ် Sony Corporation ကိုတည်ထောင်ချိန်မှာ အသက် ၃၈ နှစ် ရှိပါပြီ။ ၁၉၇၆ မှာ ဒေါ်လာဘီလျံများစွာတန်တဲ့ကုမ္ပဏီကို စွန့်ခွာခဲ့ပြီး အကြံဉာဏ်ပေးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။
…
၆) ဂေါ်ဒန်မိုး (Gordon Moore)
အသက် ၃၉ နှစ်မှာ Intel Corporation ကို တည်ထောင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အထိ သူ့ရဲ့ကြွယ်ဝချမ်းမှုက ၈ ဒသမ ၄ ဘီလျံ ရှိပါတယ်။
…
၇) ဗီဗီယန် ဝက်စ်ဝုဒ် (Vivienne Westwood)
ဗြိတိသျှ ဖက်ရှင်ဒီဇိုင်နာ ဝက်စ်ဝုဒ်ဟာ လက်ဝတ်ရတနာနဲ့ အဝတ်စားတွေ ထုတ်လုပ်ရင်း ကျောင်းဆရာမလည်း တပြိုင်တည်းလုပ်ပြီး စီးပွားရေး လုပ်ငန်းကို စတင်ခဲ့သူပါ။ အသက် ၃၀ မှာ ဖက်ရှင်ဒီဇိုင်းကို သေချာသင် ခဲ့ယူပြီး နောက်ပိုင်းမှာ သူ့ရဲ့ဆန်းသစ်တည်ထွင်မှုတွေကြောင့် ဖက်ရှင်ဒီဇိုင် နာလောကမှာ အောင်မြင်ခဲ့ပါတယ်။
…
၈) ဝီလျံ လီဗာ (William Lever)
အင်္ဂလိပ်လူမျိုး ဝီလျံ လီဗာဟာ ၁၉၃၀ မှာ လူသုံးကုန်ပစ္စည်းကုမ္ပဏီ Unilever ကို တည်ထောင်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ ဖောက်သည်တွေ စိတ်တိုင်းကျတဲ့ အခိုင်မာဆုံး လူသုံးကုန်ပစ္စည်း လုပ်ငန်းကြီး ဖြစ်လာပါ တယ်။
# Point Shwe Yi
Unicode
ဘီလ်ဂိတ်နဲ့ မာ့ခ်ဇူကာဘတ်တို့လို ဘီလျံနာတွေအောင်မြင်ကြတာ အားကျစရာပါ။ တကယ်တော့ အောင်မြင်သူအများစုဟာ အသက် ၃၀ ကျော်မှသာ ကိုယ့်လုပ်ငန်းနဲ့ ဘီလျံနာဖြစ်လာကြတာလို့ Business Insider ရဲ့ လေ့လာချက်က ဖော်ပြပါတယ်။…
ဒါကြောင့် ၃၀ ကျော်မှ အောင်မြင်လာတဲ့ ရှစ်ဦးကို ဖော်ပြပေးလိုက်ပါတယ်။…
၁) အော်ပရာ ဝင်းဖရေး (Oprah Winfrey)
ဆင်းဆင်းရဲရဲမွေးဖွားလာပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ဒူးကိုယ်ချွန်ရတဲ့ မိခင်(Single mother) ဖြစ်ခဲ့ပါတယ်။ သူ့ရဲ့ ပထမဆုံး talk show ကို အသက် ၃၂ နှစ်မှာ အမေရိကန်နိုင်ငံအနှံ့ ထုတ်လှွင့်ခဲ့လို့ ရေပန်းစား လာပါတယ်။ နောက်ပိုင်း မီဒီယာလုပ်ငန်းကြီးတစ်ခုထူထောင်ပြီး အနုပညာလောကကဏ္ဍဍပေါင်းစုံမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့ပါ တယ်။…
၂) ဂျက်ဖ်ဘီဇို (Jeff Bezos)
အသက် ၅၄ နှစ်ရှိပြီး နာမည်ကြီး Online shopping လုပ်ငန်း Amazon ကိုတည်ထောင်ခဲ့သူပါ။ ဒီနေ့မှာတော့ Amazon က အရာအားလုံးနီးပါးကို online မှာ ရောင်းချပေးနေပါတယ်။ ဒီလုပ်ငန်းကြောင့် ကမ္ဘာ့အချမ်းသာဆုံး စာရင်းဝင် ဖြစ်လာပါတယ်။…
၃) ဒေါရစ် ဖစ်ရှာ (Doris Fisher)
စွမ်းဆောင်ရည်အရှိဆုံး အမျိုးသမီး ၁ဝဝ စာရင်းဝင် ဖြစ်ပြီး အဝတ်အစား လုပ်ငန်း Gap ကို တည်ထောင်သူ ဖြစ်ပါတယ်။ Old Navy၊ Banana Republic နဲ့ Intermix စတဲ့ နာမည်ကျော် ကုန်အမှတ် တံဆိပ်အဝတ် အထည်တွေ ထုတ်လုပ်ဖြန့်ချိပြီး ဘီလျံနာဖြစ်လာသူပါ။…
၄) ရိဒ် ဟော့ဖ်မန်း (Reid Hoffman)
ဟော့ဖ်မန်းရဲ့ ပထမဆုံးစီးပွားရေးက PayPal ဖြစ်ပါတယ်။ အသက် ၃၁ နှစ်မှာ စတင်ခဲ့တာပါ။ လေးနှစ်အကြာမှာ ပရော်ဖက်ရှင်နယ်ကွန်ရက် LinkedIn ရဲ့ တည်ထောင်သူဖြစ်လာပါတယ်။ ၂၀၁၆ ခုနှစ်မှာ Microsoft က ဒေါ်လာ၂၆ ဒသမ ၂ ဘီလျံနဲ့ ဝယ်ယူခဲ့ပါတယ်။…
၅) မာဆာရူ အီဘူခါ (Masaru Ibuka)
ဂျပန်လူမျိုးဖြစ်ပြီး ၁၉၄၆ ခုနှစ် Sony Corporation ကိုတည်ထောင်ချိန်မှာ အသက် ၃၈ နှစ် ရှိပါပြီ။ ၁၉၇၆ မှာ ဒေါ်လာဘီလျံများစွာတန်တဲ့ကုမ္ပဏီကို စွန့်ခွာခဲ့ပြီး အကြံဉာဏ်ပေးအဖြစ် လုပ်ကိုင်ခဲ့ပါတယ်။…
၆) ဂေါ်ဒန်မိုး (Gordon Moore)
အသက် ၃၉ နှစ်မှာ Intel Corporation ကို တည်ထောင်ခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်အထိ သူ့ရဲ့ကြွယ်ဝချမ်းမှုက ၈ ဒသမ ၄ ဘီလျံ ရှိပါတယ်။…
၇) ဗီဗီယန် ဝက်စ်ဝုဒ် (Vivienne Westwood)
ဗြိတိသျှ ဖက်ရှင်ဒီဇိုင်နာ ဝက်စ်ဝုဒ်ဟာ လက်ဝတ်ရတနာနဲ့ အဝတ်စားတွေ ထုတ်လုပ်ရင်း ကျောင်းဆရာမလည်း တပြိုင်တည်းလုပ်ပြီး စီးပွားရေး လုပ်ငန်းကို စတင်ခဲ့သူပါ။ အသက် ၃၀ မှာ ဖက်ရှင်ဒီဇိုင်းကို သေချာသင် ခဲ့ယူပြီး နောက်ပိုင်းမှာ သူ့ရဲ့ဆန်းသစ်တည်ထွင်မှုတွေကြောင့် ဖက်ရှင်ဒီဇိုင် နာလောကမှာ အောင်မြင်ခဲ့ပါတယ်။…
၈) ဝီလျံ လီဗာ (William Lever)
အင်္ဂလိပ်လူမျိုး ဝီလျံ လီဗာဟာ ၁၉၃၀ မှာ လူသုံးကုန်ပစ္စည်းကုမ္ပဏီ Unilever ကို တည်ထောင်ခဲ့ ပါတယ်။ နောက်ပိုင်းမှာ ဖောက်သည်တွေ စိတ်တိုင်းကျတဲ့ အခိုင်မာဆုံး လူသုံးကုန်ပစ္စည်း လုပ်ငန်းကြီး ဖြစ်လာပါ တယ်။
# Point Shwe Yi