ဘာမှမလုပ်ဘဲ လေ့လာသင်ယူနိုင်ပါတယ်

*** Unicode ***

#POINT #PointYouthPlatform

တခြားကျောင်းသားတွေ စာသင်နေတဲ့ ဗီဒီယိုတွေကို ကြည့်ရှုပြီး ကျောင်းသားတွေ စာလုပ်နေတဲ့ ခေတ်ရေစီးကြောင်းတစ်ခု တိုးတက်လာတာကို မကြာသေးမီက Wall Street Journalမှာ ထုတ်ပြန်ထားပါတယ်။

ဒီလိုမျိုး စာလေ့လာတဲ့ ဗီဒီယိုတွေရှိသော Siteအရေအတွက်က ၂၀၁ရနဲ့ ၂၀၁၆ ကြားမှာ သုံးဆမြင့်တက်ခဲ့ပါတယ်။Siteတွေထဲက တစ်ခုကတော့ Subscriber လုပ်သူပေါင်း ဝ.၂၅ သန်းပေါင်း ကျော် ရှိပါတယ်။

ဒီ ဗီဒီယိုတွေက အနီးကပ်သင်တန်းတွေ မဟုတ်ပါဘူး။ဗီဒီယိုတွေမှာ နှစ်နာရီကျော် ကြာတဲ့အထိ ကျောင်းပုံနှိပ်စာအုပ်တွေနဲ့ မှတ်စုစာအုပ်တွေပေါ်မှာ စူးစိုက်လေ့လာကြတဲ့ ကျောင်းသားတွေရဲ့တည်ငြိမ်တဲ့ ရုပ်ပုံတွေပါဝင်ပါတယ်။

တခြားကျောင်းသားတွေ စာသင်ယူတာကို ကြည့်နေတဲ့ ကျောင်းသားတွေက ထိရောက်မှုရှိတယ်ဆိုတာ ဘာလို့ပါလဲ။ပထမဆုံးအနေနဲ့ လက်တွေ့စမ်းသပ်ချက်တစ်ခုနဲ့ ဥပမာ ပြချင်ပါတယ်။

၁၉၉၂ခုနှစ်မှာ မျောက်တွေနဲ့ ဓာတ်ခန်းခွဲမှာ အလုပ်လုပ်နေတဲ့ အီတလီလူမျိုး အာရုံကြောပညာရှင်များ အဖွဲ့က မျောက်တွေက သုတေသနပညာရှင်တွေရဲ့ ရုပ်ပို်င်းဆိုင်ရာ ဆောင်ရွက်မှုတွေကို အတုယူ လိုက်လုပ်နို်င်ကြတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။

သူတို့က ဒီအပြုအမှုကို “ကြေးမုံ အာရုံကြော” လို့ခေါ်တဲ့ ဦးနှောက်ထဲက အာရုံကြောဆဲလ် အတွဲလိုက်ကို မှတ်ယူလိုက်ပါတယ်။ ကြေးမုံ အာရုံကြောက ဒီနေ့ခေတ် စိတ်ပညာရပ် ဖြစ်လာပါပြီ။

ဗီဒီယိုတွေ ကြည့်ရှုတဲ့ ကျောင်းသားထောင်ပေါင်းများစွာက စာသင်နေတဲ့ ကျောင်းသားတွေနဲ့ ဆက်သွယ်မှု ခံစားရတယ်ဆိုတာ သိသာပါတယ်။

ကြည့်ရှုသူတွေက သူတို့ကိုယ်တိုင် စာသင်နေတာ မဟုတ်ပေမယ့်၊ ခဏတစ်ဖြုတ်အနားရတဲ့ အခွင့်အရေးရကာ၊ စာလေ့လာတဲ့ ဇုန် (study zone) ထဲမှာ ရှိနေစေပါတယ်။

ဒါ့အပြင် အတုမြင်၊ အတတ်သင်တာမျိုးလည်း ဖြစ်ပါတယ်။

Writer & Translator : Su Mon

——————————————————————————————————————————-

#POINT #PointYouthPlatform

တခြားကျောင်းသားတွေ စာသင်နေတဲ့ ဗီဒီယိုတွေကို ကြည့်ရှုပြီး ကျောင်းသားတွေ စာလုပ်နေတဲ့ ခေတ်ရေစီးကြောင်းတစ်ခု တိုးတက်လာတာကို မကြာသေးမီက Wall Street Journalမှာ ထုတ်ပြန်ထားပါတယ်။
ဒီလိုမျိုး စာလေ့လာတဲ့ ဗီဒီယိုတွေရှိသော Siteအရေအတွက်က ၂၀၁၇နဲ့ ၂၀၁၆ ကြားမှာ သုံးဆမြင့်တက်ခဲ့ပါတယ်။
Siteတွေထဲက တစ်ခုကတော့ Subscriber လုပ်သူပေါင်း ဝ.၂၅ သန်းပေါင်း ကျော် ရှိပါတယ်။ ဒီ ဗီဒီယိုတွေက အနီးကပ်သင်တန်းတွေ မဟုတ်ပါဘူး။
ဗီဒီယိုတွေမှာ နှစ်နာရီကျော် ကြာတဲ့အထိ ကျောင်းပုံနှိပ်စာအုပ်တွေနဲ့ မှတ်စုစာအုပ်တွေပေါ်မှာ စူးစိုက်လေ့လာကြတဲ့ ကျောင်းသားတွေရဲ့တည်ငြိမ်တဲ့ ရုပ်ပုံတွေပါဝင်ပါတယ်။
တခြားကျောင်းသားတွေ စာသင်ယူတာကို ကြည့်နေတဲ့ ကျောင်းသားတွေက ထိရောက်မှုရှိတယ်ဆိုတာ ဘာလို့ပါလဲ။
ပထမဆုံးအနေနဲ့ လက်တွေ့စမ်းသပ်ချက်တစ်ခုနဲ့ ဥပမာ ပြချင်ပါတယ်။ ၁၉၉၂ခုနှစ်မှာ မျောက်တွေနဲ့ ဓာတ်ခန်းခွဲမှာ အလုပ်လုပ်နေတဲ့ အီတလီလူမျိုး အာရုံကြောပညာရှင်များ အဖွဲ့က မျောက်တွေက သုတေသနပညာရှင်တွေရဲ့ ရုပ်ပိ်ုင်းဆိုင်ရာ ဆောင်ရွက်မှုတွေကို အတုယူ လိုက်လုပ်နိ်ုင်ကြတယ်လို့ တွေ့ရှိခဲ့ကြပါတယ်။
သူတို့က ဒီအပြုအမှုကို “ကြေးမုံ အာရုံကြော” လို့ခေါ်တဲ့ ဦးနှောက်ထဲက အာရုံကြောဆဲလ် အတွဲလိုက်ကို မှတ်ယူလိုက်ပါတယ်။ ကြေးမုံ အာရုံကြောက ဒီနေ့ခေတ် စိတ်ပညာရပ် ဖြစ်လာပါပြီ။
ဗီဒီယိုတွေ ကြည့်ရှုတဲ့ ကျောင်းသားထောင်ပေါင်းများစွာက စာသင်နေတဲ့ ကျောင်းသားတွေနဲ့ ဆက်သွယ်မှု ခံစားရတယ်ဆိုတာ သိသာပါတယ်။
ကြည့်ရှုသူတွေက သူတို့ကိုယ်တိုင် စာသင်နေတာ မဟုတ်ပေမယ့်၊ ခဏတစ်ဖြုတ်အနားရတဲ့ အခွင့်အရေးရကာ၊ စာလေ့လာတဲ့ ဇုန် (study zone) ထဲမှာ ရှိနေစေပါတယ်။ ဒါ့အပြင် အတုမြင်၊ အတတ်သင်တာမျိုးလည်း ဖြစ်ပါတယ်။

Writer & Translator : Su Mon

 

Education

Leave a Reply

Your email address will not be published. Required fields are marked *