
…
တက်ကြွပြီး လေ့လာသင်ယူဖို့ ပိုစိတ်ဝင်စားတဲ့ကျောင်းသားတွေကို သင်ရတာဟာ ဆရာ ဆရာမအများစုအတွက် ပိုလွယ်ကူပါတယ်။ ဒါဟာ သင်ကြားရေးအတွက်လည်း အထောက်အကူဖြစ်ပါတယ်။ ဆရာ ဆရာမတွေဟာ စာသင်ဖို့တစ်ခုထဲ တာဝန်ရှိတာမဟုတ်ဘဲ ကျောင်းသားတွေ လေ့လာသင်ယူလိုစိတ်ထက်သန်လာအောင် လုပ်ပေးမှလည်း ထိထိရောက်ရောက် သင်ကြားနိုင်မှာပါ။
…
ဒါကြောင့် ကျောင်းသားတွေ လေ့လာသင်ယူမှုမှာ စိတ်အားထက် သန်လာအောင် လက်တွေ့ကျပြီး အသုံးတည့်တဲ့ နည်းလမ်းတွေကို သင်ကြားရေးမှာ အထောက်အပံ့ဖြစ်အောင် တင်ပြလိုက်ပါတယ်။
…
၁။ ကျောင်းသားတိုင်းရဲ့ နာမည်ကို သိအောင် လုပ်ထားပါ
ဒါဟာ ဆရာတိုင်းအတွက် ခက်ကောင်းခကနိုင်ပါတယ်။ ဒါပေမယ့် သင်ကြားရေးမှာ အရေးပါတဲ့ အချက်ပါ။ မကြာခဏ နာမည်ကိုခေါ်ပြီး စကားပြောပေးပါ။ ဒါဆိုရင် ကျောင်းသားက သူ့ကို ဂရုတစိုက်ရှိတယ်လို့ ယူဆပြီး သင်ယူမှုမှာ စိတ်အားထက်သန်လာပါလိမ့်မယ်။
…
၂။ အတန်းတိုင်းအတွက် ကြိုတင်ပြင်ဆင်ပါ
အတန်းတိုင်းမှာသင်မယ့် အကြောင်းအရာအတွက် ပြင်ဆင်ထားထားပါ။ ကြုံသလို မသင်မိပါစေနဲ့။ ပြင်ဆင်ပြီး သင်ရင် ကျောင်းသားတွေ ပိုစိတ်ဝင်စားပါတယ်။
…
၃။ အတန်းထဲက ကျောင်းသားတိုင်းရဲ့ အားသာချက် အားနည်းချက်ကို သိပါစေ
ကိုယ်သင်တဲ့ ကျောင်းသားတိုင်းရဲ့ အားသာချက် အားနည်းချက်ကို အလေးအနက်ထားပါ။ ကောင်းတာတွေ့ရင် အသိအမှတ်ပြုပြီး အားနည်းချက်ရှိရင် ကူညီပြုပြင်ပေးပါ။
…
၄။ ကျောင်းသားတွေကို U ပုံသဏ္ဍန် ထိုင်ခိုင်းပြီး စာသင်ပါ
ဖြစ်နိုင်ရင် ကိုယ်စာသင်တဲ့အခန်းမှာ ကျောင်းသားတွေကို U ပုံသဏ္ဍန် ဝိုင်းထိုင်ခိုင်းပြီး စာသင်ပါ။ ဒါဆိုရင် ကျောင်းသားတိုင်းလည်း အလွယ် တကူ ထိတွေ့ဆက်ဆံနိုင်လို့ သင်ကြားရေးမှာ ထိရောက်ပါတယ်။
…
၅။ သင်ကြားဟန်ကို ပုံသေမထားဘဲ အပြောင်းအလဲ လုပ်ပေးပါ
ကိုယ့်ရဲ့သင်ကြားပုံကို တသမတ်တည်း မထားဘဲ လိုရင် လိုသလို ပြောင်းလဲပေးပါ။ အကြောင်းအရာတစ်ခုကို သင်ကြားရာမှာ သရုပ်ဖော်ပြသတာတွေ၊ ဆွေးနွေးတာတွေနဲ့ သုံးသပ်လေ့လာတာေ တွကို အဖွဲ့လိုက် ဒါမှမဟုတ် နှစ်ယောက်တွဲ အစရှိတဲ့ ပုံစံတွေနဲ့ ပြောင်းလဲ လေ့ကျင့်ခိုင်းပါ။
…
၆။ သင်ကြားတဲ့အကြောင်းအရာကို ကျောင်းသားတွေနဲ့ ပြန်သုံးသပ်ပေးပါ
သင်ခန်းစာတစ်ခုကို သင်ပေးပြီးရင် ကျောင်းသားတွေနဲ့အတူတူ ပြန်ပြီးသုံးသပ်တဲ့ နည်းကို အမြဲလုပ်ပေးပါ။ ဒီလိုလုပ်ရင်း သူတို့ လိုချင်တာ သိချင်တာကို တကယ် ရ၊ မရ သိလာနိုင်တာကြောင့် နောက်ပိုင်းသင်ကြားရေး မှာ ပိုထိရောက်အောင် သင်ပေးနိုင်ပါလိမ့်မယ်။
…
၇။ ကျောင်းခန်းအနှံ့ သွားလာလှုပ်ရှားပြီး သင်ကြားပေးပါ
ဆရာအများစုဟာ စာသင်ရင် တစ်နေရာထဲမှာ နေပြီး သင်လေ့ရှိပါတယ်။ ဒီလိုလုပ်တာဟာ ကျောင်း သားတွေလည်း ပျင်းလာနိုင်ပါတယ်။ ဒါကြောင့် တစ်နေရာထဲမှာ မနေဘဲ အခန်းအနှံ့ လမ်းလျှောက်ပြီး သင်ပေးပါ။
…
၈။ သင်မယ့်အကြောင်းအရာနဲ့ အတန်း လိုက်လျောညီထွေမှုရှိပါစေ
ဖြစ်နိုင်ရင် ကိုယ်သင်မယ့်အကြောင်းအရာနဲ့ ကိုက်ညီအောင် စာသင်ခန်းကို ဖန်တီးထားပါ။ ခက်ကောင်းခက် နိုင်ပေမယ့် အင်မတန်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီလို လုပ်ပေးနိုင်ရင် ကျောင်းသား တွေလည်း ကိုယ့်ပတ်ဝန်းကျင်ဟာ သင်ယူတဲ့အကြောင်း အရာနဲ့ အလှမ်းမဝေးဘူးလို့ ခံစားမိတာကြောင့် ပိုစိတ်ဝင်စားလာ ပါလိမ့်မယ်။
…
၉။ မျက်နှာအသွင်အပြင် ရွှင်ပြပါစေ
စာသင်ကြားရာမှာ မျက်နှာအသွင်အပြင်ဟာ အရေးကြီးပါတယ်။ ကိုယ်တိုင်က ရွှင်ရွှင်ပြပြရှိမှ ကျောင်းသားလည်း စိတ်လက်ပေါ့ပါးမှာပါ။ ဥပမာ ပြုံပြုံးရွှင်ရွှင် စာသင်ရင် ကျောင်းသားတွေ သဘောကျ ပါတယ်။
…
၁၀။ စကားအပြောအဆို စွဲဆောင်မှုရှိပါစေ
စာသင်နေတုန်း စကားပြောရင် စွဲဆောင်မှုရှိအောင် လုပ်ပါ။ စကားကို တစ်ပုံစံထဲ မပြောဘဲ အဖြတ်အတောက် အသံအနိမ့်အမြင့်ကို တတ်နိုင် သလောက် ဂရုစိုက်ပြီး လုပ်ပေးပါ။
…
၁၁။ ဥပမာ များများပေးပြီး သင်ပါ
သင်တဲ့အကြောင်းအရာကို များများမှတ်မိအောင် သင်ရိုးမှာပါတဲ့ ဥပမာ လောက်ပဲ မပေးဘဲ တတ်နိုင်သလောက် ဥပမာများများ ပေးပါ။ ဒါဆိုရင် ကျောင်းသားတွေလည်း ပိုစိတ်ဝင်စားလာမှာပါ။
…
၁၂။ ကျောင်းသားတွေကို သူတို့လုပ်နိုင်ကြောင်း အားပေးပါ
ကျောင်းသားတွေထင်တဲ့ အယူအဆနဲ့ အမြင်တွေတွေဟာ မှားနေ တာတောင်မှ ပွင့်ပွင့်လင်းလင်း ပြောလာနိုင်အောင် ကူညီအားပေးပါ။ ကျောင်းသားတွေကို မေးခွန်းများများ မေးပေးပါ။ ဒါမှ သူတို့မသိသေးတဲ့ အကြောင်းအရာတွေကို ပိုသိလာနိုင်ပါတယ်။
…
၁၃။ ကျောင်းသားနဲ့ မျက်လုံချင်းဆိုင်ကြည့်တဲ့အလေ့ကို လုပ်ပါ
ကျောင်းသားတွေနဲ့ မျက်လုံးချင်းဆိုင်ကြည့်ပြီး သူတို့ကို အရေးတယူ လုပ်တယ်လို ခံစားမိအောင် လုပ်ပါ။ တစ်ယောက်ယောက်က မေးလာ ရင်လည်း အနည်းဆုံး ခေါင်းငြိမ့်ပြပြီး အသိအမှတ်ပြုပေးပါ။
…
၁၄။ ကျောင်းသားတွေကို အတန်းထဲမှာ စကားပြောခွင့် ပေးပါ
စာသင်နေချိန်မှာ ကိုယ်တစ်ယောက်ထဲ မပြောပါနဲ့။ ကျောင်းသား တွေကိုလည်း ပြောခွင့်ပေးပါ။ ဒါဆိုရင် ကိုယ်သင်တဲ့နောက်ကို စိတ်ပါလက်ပါ လိုက်လာပါလိမ့်မယ်။
…
၁၅။ အတန်းချိန်တွင်းမှာပဲ ကျောင်းသားနဲ့ အထိအတွေ့ မလုပ်ပါနဲ့
ဆရာ ဆရာမ အများစုဟာ အတန်းချိန်အတွင်းမှာပဲ အဆက်အဆံ လုပ်လေ့ရှိပါတယ်။ ဒီလိုမလုပ်ဘဲ အတန်းမစခင် အတန်းခဏနားချိန်နဲ့ အတန်းပြီးတဲ့အချိန်တွေမှာ ကျောင်းသားတွေနဲ့ ပြောဆိုဆက်ဆံ တာကို လုပ်ပေးပါ။
…
၁၆။ လုပ်ခိုင်းထားတဲ့ စာတွေကို မြန်မြန်စစ်ပြီး ပြန်ပေးပါ
ကျောင်းသားတွေကို လုပ်ခိုင်းထားတဲ့ စာတွေကို တတ်နိုင်သမျှ အမြန်ဆုံးစစ်ပြီး ပြန်ပေးပါ။ ပြန်ပေးချိန်မှာလည်း အပြုသဘောဆောင် တဲ့ အကြံတွေ ပေးပါ။
…
၁၇။ ကျောင်းသားတွေနဲ့ ဆက်ဆံရေး ပုံမှန်အနေအထား ရှိပါစေ
ကျောင်းသားတွေနဲ့ ဆက်ဆံရင် ဘယ်အချိန်မဆို စံပြုလောက်တဲ့ အနေအထား အမြဲရှိပါစေ။ ဒါကို ဘာကြောင့်မှ ပြောင်းလဲမသွားပါနဲ့။ ဒီလိုဆိုရင် ကျောင်းသားတွေက ကိုယ့်ကို တည်ကြည်မှုရှိတဲ့သူလို့ မြင်လာလို့ ပိုပြီးအားကိုးလာပါလိမ့်မယ်။
…
၁၈။ ကိုယ့်စာမေးပွဲတွေဟာ ခေတ်နဲ့လျော်ညီပြီး အားကိုးလောက်စရာ ဖြစ်ပါစေ
ကိုယ်စစ်ဆေးတဲ့စာမေးပွဲတိုင်းဟာ ခေတ်နဲ့လျော်ညီ အကျူံးဝင်မှုရှိပြီး အားထားလောက်ကြောင်း ကျောင်းသားတွေ သိပါစေ။ စစ်ဆေးမေးမြန်း မှုတွေဟာလည်း သင်ကြားနေတဲ့ သင်ရိုးနဲ့ ကိုက်ညီမှုရှိပါစေ။
…
၁၉။ အလျဉ်းသင့်သလို သင်ကြားမှုပုံစံကို ပြောင်းလဲပေးပါ
သမားရိုးကျ သင်ကြားတဲ့အတိုင်း အချိန်အကြာကြီး တစ်ပုံစံထဲ မသင်ပါနဲ့။ ဒီလိုသင်ကြားတာဟာ ကြာရင် ကျောင်းသားတွေ ပျင်းရိလာပြီး အာရုံမစိုက်နိုင်တော့ပါဘူး။ ဒါကြောင့် ၁၅ မိနစ်ကနေ မိနစ် ၂၀ အတွင်း သင်ကြားတဲ့ပုံစံကို ပြောင်းလဲပေးပါ။
…
၂၀။ ကိုယ့်သင်ကြားမှုမှာ ကျောင်းသားတွေ ပါဝင်လာအောင် လုပ်ပါ
ကိုယ်သင်တဲ့အကြောင်းအရာမှာ ကျောင်းသားတွေ စိတ်ပါလာအောင် ဂရုစိုက် သင်ကြားပါ။ ဒီလိုလုပ်ဖို့ သူတို့ရဲ့ အမြင်တွေကို ပြောခိုင်းပြီး မေးခွန်းတွေ မေးခိုင်းပါ။ ဒါဆိုရင် ကိုယ်လိုရာကို ဆွဲခေါ်နိုင်ပါတယ်။…
ရွှေရည်
Unicode
…တက်ကြွပြီး လေ့လာသင်ယူဖို့ ပိုစိတ်ဝင်စားတဲ့ကျောင်းသားတွေကို သင်ရတာဟာ ဆရာ ဆရာမအများစုအတွက် ပိုလွယ်ကူပါတယ်။ ဒါဟာ သင်ကြားရေးအတွက်လည်း အထောက်အကူဖြစ်ပါတယ်။
ဆရာ ဆရာမတွေဟာ စာသင်ဖို့တစ်ခုထဲ တာဝန်ရှိတာမဟုတ်ဘဲ ကျောင်းသားတွေ လေ့လာသင်ယူလိုစိတ်ထက်သန်လာအောင် လုပ်ပေးမှလည်း ထိထိရောက်ရောက် သင်ကြားနိုင်မှာပါ။…
ဒါကြောင့် ကျောင်းသားတွေ လေ့လာသင်ယူမှုမှာ စိတ်အားထက် သန်လာအောင် လက်တွေ့ကျပြီး အသုံးတည့်တဲ့ နည်းလမ်းတွေကို သင်ကြားရေးမှာ အထောက်အပံ့ဖြစ်အောင် တင်ပြလိုက်ပါတယ်။…
၁။ ကျောင်းသားတိုင်းရဲ့ နာမည်ကို သိအောင် လုပ်ထားပါ
ဒါဟာ ဆရာတိုင်းအတွက် ခက်ကောင်းခကနိုင်ပါတယ်။ ဒါပေမယ့် သင်ကြားရေးမှာ အရေးပါတဲ့ အချက်ပါ။ မကြာခဏ နာမည်ကိုခေါ်ပြီး စကားပြောပေးပါ။ ဒါဆိုရင် ကျောင်းသားက သူ့ကို ဂရုတစိုက်ရှိတယ်လို့ ယူဆပြီး သင်ယူမှုမှာ စိတ်အားထက်သန်လာပါလိမ့်မယ်။…
၂။ အတန်းတိုင်းအတွက် ကြိုတင်ပြင်ဆင်ပါ
အတန်းတိုင်းမှာသင်မယ့် အကြောင်းအရာအတွက် ပြင်ဆင်ထားထားပါ။ ကြုံသလို မသင်မိပါစေနဲ့။ ပြင်ဆင်ပြီး သင်ရင် ကျောင်းသားတွေ ပိုစိတ်ဝင်စားပါတယ်။…
၃။ အတန်းထဲက ကျောင်းသားတိုင်းရဲ့ အားသာချက် အားနည်းချက်ကို သိပါစေ
ကိုယ်သင်တဲ့ ကျောင်းသားတိုင်းရဲ့ အားသာချက် အားနည်းချက်ကို အလေးအနက်ထားပါ။ ကောင်းတာတွေ့ရင် အသိအမှတ်ပြုပြီး အားနည်းချက်ရှိရင် ကူညီပြုပြင်ပေးပါ။…
၄။ ကျောင်းသားတွေကို U ပုံသဏ္ဍန် ထိုင်ခိုင်းပြီး စာသင်ပါ
ဖြစ်နိုင်ရင် ကိုယ်စာသင်တဲ့အခန်းမှာ ကျောင်းသားတွေကို U ပုံသဏ္ဍဍန် ဝိုင်းထိုင်ခိုင်းပြီး စာသင်ပါ။ ဒါဆိုရင် ကျောင်းသားတိုင်းလည်း အလွယ် တကူ ထိတွေ့ဆက်ဆံနိုင်လို့ သင်ကြားရေးမှာ ထိရောက်ပါတယ်။…
၅။ သင်ကြားဟန်ကို ပုံသေမထားဘဲ အပြောင်းအလဲ လုပ်ပေးပါ
ကိုယ့်ရဲ့သင်ကြားပုံကို တသမတ်တည်း မထားဘဲ လိုရင် လိုသလို ပြောင်းလဲပေးပါ။ အကြောင်းအရာတစ်ခုကို သင်ကြားရာမှာ သရုပ်ဖော်ပြသတာတွေ၊ ဆွေးနွေးတာတွေနဲ့ သုံးသပ်လေ့လာတာေ တွကို အဖွဲ့လိုက် ဒါမှမဟုတ် နှစ်ယောက်တွဲ အစရှိတဲ့ ပုံစံတွေနဲ့ ပြောင်းလဲ လေ့ကျင့်ခိုင်းပါ။…
၆။ သင်ကြားတဲ့အကြောင်းအရာကို ကျောင်းသားတွေနဲ့ ပြန်သုံးသပ်ပေးပါ
သင်ခန်းစာတစ်ခုကို သင်ပေးပြီးရင် ကျောင်းသားတွေနဲ့အတူတူ ပြန်ပြီးသုံးသပ်တဲ့ နည်းကို အမြဲလုပ်ပေးပါ။ ဒီလိုလုပ်ရင်း သူတို့ လိုချင်တာ သိချင်တာကို တကယ် ရ၊ မရ သိလာနိုင်တာကြောင့် နောက်ပိုင်းသင်ကြားရေး မှာ ပိုထိရောက်အောင် သင်ပေးနိုင်ပါလိမ့်မယ်။…
၇။ ကျောင်းခန်းအနှံ့ သွားလာလှုပ်ရှားပြီး သင်ကြားပေးပါ
ဆရာအများစုဟာ စာသင်ရင် တစ်နေရာထဲမှာ နေပြီး သင်လေ့ရှိပါတယ်။ ဒီလိုလုပ်တာဟာ ကျောင်း သားတွေလည်း ပျင်းလာနိုင်ပါတယ်။ ဒါကြောင့် တစ်နေရာထဲမှာ မနေဘဲ အခန်းအနှံ့ လမ်းလျှောက်ပြီး သင်ပေးပါ။…
၈။ သင်မယ့်အကြောင်းအရာနဲ့ အတန်း လိုက်လျောညီထွေမှုရှိပါစေ
ဖြစ်နိုင်ရင် ကိုယ်သင်မယ့်အကြောင်းအရာနဲ့ ကိုက်ညီအောင် စာသင်ခန်းကို ဖန်တီးထားပါ။ ခက်ကောင်းခက် နိုင်ပေမယ့် အင်မတန်ထိရောက်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ဒီလို လုပ်ပေးနိုင်ရင် ကျောင်းသား တွေလည်း ကိုယ့်ပတ်ဝန်းကျင်ဟာ သင်ယူတဲ့အကြောင်း အရာနဲ့ အလှမ်းမဝေးဘူးလို့ ခံစားမိတာကြောင့် ပိုစိတ်ဝင်စားလာ ပါလိမ့်မယ်။…
၉။ မျက်နှာအသွင်အပြင် ရွှင်ပြပါစေ
စာသင်ကြားရာမှာ မျက်နှာအသွင်အပြင်ဟာ အရေးကြီးပါတယ်။ ကိုယ်တိုင်က ရွှင်ရွှင်ပြပြရှိမှ ကျောင်းသားလည်း စိတ်လက်ပေါ့ပါးမှာပါ။ ဥပမာ ပြုံပြုံး ရွှင်ရွှင် စာသင်ရင် ကျောင်းသားတွေ သဘောကျ ပါတယ်။…
၁၀။ စကားအပြောအဆို စွဲဆောင်မှုရှိပါစေ
စာသင်နေတုန်း စကားပြောရင် စွဲဆောင်မှုရှိအောင် လုပ်ပါ။ စကားကို တစ်ပုံစံထဲ မပြောဘဲ အဖြတ်အတောက် အသံအနိမ့်အမြင့်ကို တတ်နိုင် သလောက် ဂရုစိုက်ပြီး လုပ်ပေးပါ။…
၁၁။ ဥပမာ များများပေးပြီး သင်ပါ
သင်တဲ့အကြောင်းအရာကို များများမှတ်မိအောင် သင်ရိုးမှာပါတဲ့ ဥပမာ လောက်ပဲ မပေးဘဲ တတ်နိုင်သလောက် ဥပမာများများ ပေးပါ။ ဒါဆိုရင် ကျောင်းသားတွေလည်း ပိုစိတ်ဝင်စားလာမှာပါ။…
၁၂။ ကျောင်းသားတွေကို သူတို့လုပ်နိုင်ကြောင်း အားပေးပါ
ကျောင်းသားတွေထင်တဲ့ အယူအဆနဲ့ အမြင်တွေတွေဟာ မှားနေ တာတောင်မှ ပွင့်ပွင့်လင်းလင်း ပြောလာနိုင်အောင် ကူညီအားပေးပါ။ ကျောင်းသားတွေကို မေးခွန်းများများ မေးပေးပါ။ ဒါမှ သူတို့မသိသေးတဲ့ အကြောင်းအရာတွေကို ပိုသိလာနိုင်ပါတယ်။…
၁၃။ ကျောင်းသားနဲ့ မျက်လုံချင်းဆိုင်ကြည့်တဲ့အလေ့ကို လုပ်ပါ
ကျောင်းသားတွေနဲ့ မျက်လုံးချင်းဆိုင်ကြည့်ပြီး သူတို့ကို အရေးတယူ လုပ်တယ်လို ခံစားမိအောင် လုပ်ပါ။ တစ်ယောက်ယောက်က မေးလာ ရင်လည်း အနည်းဆုံး ခေါင်းငြိမ့်ပြပြီး အသိအမှတ်ပြုပေးပါ။…
၁၄။ ကျောင်းသားတွေကို အတန်းထဲမှာ စကားပြောခွင့် ပေးပါ
စာသင်နေချိန်မှာ ကိုယ်တစ်ယောက်ထဲ မပြောပါနဲ့။ ကျောင်းသား တွေကိုလည်း ပြောခွင့်ပေးပါ။ ဒါဆိုရင် ကိုယ်သင်တဲ့နောက်ကို စိတ်ပါလက်ပါ လိုက်လာပါလိမ့်မယ်။…
၁၅။ အတန်းချိန်တွင်းမှာပဲ ကျောင်းသားနဲ့ အထိအတွေ့ မလုပ်ပါနဲ့
ဆရာ ဆရာမ အများစုဟာ အတန်းချိန်အတွင်းမှာပဲ အဆက်အဆံ လုပ်လေ့ရှိပါတယ်။ ဒီလိုမလုပ်ဘဲ အတန်းမစခင် အတန်းခဏနားချိန်နဲ့ အတန်းပြီးတဲ့အချိန်တွေမှာ ကျောင်းသားတွေနဲ့ ပြောဆိုဆက်ဆံ တာကို လုပ်ပေးပါ။…
၁၆။ လုပ်ခိုင်းထားတဲ့ စာတွေကို မြန်မြန်စစ်ပြီး ပြန်ပေးပါ
ကျောင်းသားတွေကို လုပ်ခိုင်းထားတဲ့ စာတွေကို တတ်နိုင်သမျှ အမြန်ဆုံးစစ်ပြီး ပြန်ပေးပါ။ ပြန်ပေးချိန်မှာလည်း အပြုသဘောဆောင် တဲ့ အကြံတွေ ပေးပါ။…
၁၇။ ကျောင်းသားတွေနဲ့ ဆက်ဆံရေး ပုံမှန်အနေအထား ရှိပါစေ
ကျောင်းသားတွေနဲ့ ဆက်ဆံရင် ဘယ်အချိန်မဆို စံပြုလောက်တဲ့ အနေအထား အမြဲရှိပါစေ။ ဒါကို ဘာကြောင့်မှ ပြောင်းလဲမသွားပါနဲ့။ ဒီလိုဆိုရင် ကျောင်းသားတွေက ကိုယ့်ကို တည်ကြည်မှုရှိတဲ့သူလို့ မြင်လာလို့ ပိုပြီးအားကိုးလာပါလိမ့်မယ်။…
၁၈။ ကိုယ့်စာမေးပွဲတွေဟာ ခေတ်နဲ့လျော်ညီပြီး အားကိုးလောက်စရာ ဖြစ်ပါစေ
ကိုယ်စစ်ဆေးတဲ့စာမေးပွဲတိုင်းဟာ ခေတ်နဲ့လျော်ညီ အကျံူးဝင်မှုရှိပြီး အားထားလောက်ကြောင်း ကျောင်းသားတွေ သိပါစေ။ စစ်ဆေးမေးမြန်း မှုတွေဟာလည်း သင်ကြားနေတဲ့ သင်ရိုးနဲ့ ကိုက်ညီမှုရှိပါစေ။…
၁၉။ အလျဉ်းသင့်သလို သင်ကြားမှုပုံစံကို ပြောင်းလဲပေးပါ
သမားရိုးကျ သင်ကြားတဲ့အတိုင်း အချိန်အကြာကြီး တစ်ပုံစံထဲ မသင်ပါနဲ့။ ဒီလိုသင်ကြားတာဟာ ကြာရင် ကျောင်းသားတွေ ပျင်းရိလာပြီး အာရုံမစိုက်နိုင်တော့ပါဘူး။ ဒါကြောင့် ၁၅ မိနစ်ကနေ မိနစ် ၂၀ အတွင်း သင်ကြားတဲ့ပုံစံကို ပြောင်းလဲပေးပါ။…
၂၀။ ကိုယ့်သင်ကြားမှုမှာ ကျောင်းသားတွေ ပါဝင်လာအောင် လုပ်ပါ
ကိုယ်သင်တဲ့အကြောင်းအရာမှာ ကျောင်းသားတွေ စိတ်ပါလာအောင် ဂရုစိုက် သင်ကြားပါ။ ဒီလိုလုပ်ဖို့ သူတို့ရဲ့ အမြင်တွေကို ပြောခိုင်းပြီး မေးခွန်းတွေ မေးခိုင်းပါ။ ဒါဆိုရင် ကိုယ်လိုရာကို ဆွဲခေါ်နိုင်ပါတယ်။…
Unicode ရွှေရည်