ခရီးသွားခြင်းက အကောင်းဆုံးသင်ယူလေ့လာရေးတစ်ခု

#Point #PointYouthPlatform

အကောင်းဆုံးပညာရေးစနစ်က စာသင်ခန်းထဲမှာပဲရှိတယ်လို့ အများစုက လက်ခံယုံကြည်နေကြဆဲ ဖြစ်ပါတယ်။

ကျောင်းသားတွေဟာ စားပွဲမှာထိုင်ပြီး မလိုအပ်ဘဲရှုပ်ထွေးနေတဲ့ သင်္ချာပုံသေနည်းတွေ ၊ အဓိပ္ပာယ်မရှိတဲ့ပုံပြင်တွေကိုမှတ်ယူရင်း တစ်ရက်ပြီးတစ်ရက်စာသင်ခန်းထဲမှာပဲ အချိန်ကုန်နေကြရပါတယ်။

ဆယ်ကျော်သက်အရွယ် ဒါမှမဟုတ် အသက် ၂၀ နဲ့ ၂၅ ကြားအရွယ်တွေမှာ ကျွန်တော်တို့ရဲ့ကျောင်းဖွင့်ရက်တွေကို အပြင်ဗဟုသုတမပါတဲ့ စာတွေကိုလေ့လာရင်း အချိန်ကုန်ရပါတယ်။

ဒါ့အပြင်ညဘက်တွေမှာလဲ ကျွန်တော်တို့စိတ်ဝင်စားမှုမရှိတဲ့ အကြောင်းအရာတွေကို စာမျက်နှာ ၁၀ မျက်နှာလောက်ပြီးအောင်ရေးဖို့ ကြိုးစားရုန်းကန်နေရပါတယ်။

ဒါကြောင့်ကျွန်တော်တို့ရဲ့ ပညာတွေပြည့်စုံစေမယ့်နေရာက ကျွန်တော်တို့နေ့စဉ်ဖြတ်သန်းနေထိုင်နေရတာက စာသင်ခန်းလေးတစ်ခုပဲလား ဆိုတာစဉ်းစားစရာပါဘဲ။

အကောင်းဆုံးပညာရေးကဘာလဲဆိုတာကို စဉ်းစားမိကြရဲ့လား။

နိုင်ငံတိုင်းရဲ့မြို့တော်တွေသိတာနဲ့တင် ပညာတက်လို့ယူဆလို့ရပြီလား။ Active ၊Passive အစရှိတဲ့Grammar တွေသိတာနဲ့ပဲ Smart ကျသွားပြီလား။ ရောင်းအားနဲ့ ဝယ်အားပြ Chart တွေကိုနားလည်တာနဲ့ပဲ ဉာဏ်ထက်သူ ဖြစ်ပြီလား။

ဟုတ်ပါတယ်ဒီအရာတွေသိထားခြင်းက AP သမိုင်းစာမေးပွဲတွေမှာ Grade 5 ရတာတွေလို၊ Wall Street မှာအလုပ်ရသလို၊ NewYork Time မဂ္ဂဇင်းတွေမှာ ပါခွင့်ရတာတွေလို ကျွန်တော်တို့နဲ့နီးနေတဲ့ အနာဂတ်အတွက် အကူညီဖြစ်ပါလိမ့်မယ်။

ဒီအချက်တွေဟာ ကျွန်တော်တို့ ကောလိပ်တြွေပီးတဲ့အချိန် အလုပ်ခွင်ထဲရောက်တဲ့အခါ အကူအညီဖြစ်နိုင်ပါ့မလား။

ကျွန်တော်တို့အသက် ၃၀ ကျော်ရောက်သွားတဲ့ အချိန်မှာ ဒီအရာတွေသိဖို့ ဂရုစိုက်နိုင်တော့မှာမဟုတ်ပါဘူး။

အကောင်းဆုံးပညာရေးဆိုတာပေးလို့မရသလို လွယ်လွယ်နဲ့လည်း သင်လို့မရပါဘူး။ ကျွန်တော်တို့ရဲ့စိတ်တွေ၊ ယုံကြည်ချက်တွေ၊ အတွေးအမြင်တွေနဲ့ ရည်မှန်းချက်တွေစီကနေ အကောင်းဆုံးပညာရေး ဖြစ်လာပါလိ်မ့်မယ်။

ကျွန်တော်တို့ကြားခဲ့တာတွေ၊ ထိတွေ့ခဲ့တာတွေ ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ နှလုံးသားနဲ့ခံစားခဲ့ရတာတွေက ကျွန်တော်တို့ရဲ့မျက်လုံးထဲမှာ မြင်နေတဲ့အရာတွေ ဖြစ်လာပြီး အကောင်းဆုံးပညာရေးဖြစ်လာပါလိမ့်မယ်။

ခရီးသွားခြင်းမှာ အကောင်းဆုံးပညားရေးရရှိဖို့နည်းလမ်းတွေက နိုင်ငံတကာမှာ ထင်ရှားကျော်ကြားတဲ့ သီချင်းတွေနားထောင်ခြင်း၊ မတူညီတဲ့ဒေသထွက်အစားအစာတွေ စမ်းသပ်စားသုံးကြည့်ခြင်း၊ မတွေ့ကြုံဖူးတဲ့မြင်ကွင်းတွေတွေ့ရခြင်း၊ တမူထူးခြားတဲ့ အတွေ့အကြုံတွေ ရရှိခြင်း၊ ကွဲပြားခြားနားတဲ့လူတွေကိုတွေ့ဆုံရခြင်းတို့ပဲ ဖြစ်ပါတယ်။

အကောင်းဆုံးပညာရေးဆိုတာ မှတ်စုစာအုပ်တွေ၊ ခဲတံတွေ ပါမှ မဟုတ်ပါဘူး။ နိုင်ငံခြားမြို့တွေကို သွားရောက်လည်ပတ်ကာ အတွေ့အကြုံအသစ်တွေ ရယူခြင်းပဲ ဖြစ်ပါတယ်။

ခရီးသွားခြင်းကနေ ဘဝရဲ့အရေးကြီးဆုံးတန်ဖိုးတွေကို သင်ယူနိုင်ပါတယ်။ အဓိကကတော့ ကျနော်တို့အကြောင်း ကျနော်တို့ သင်ယူနိုင်ပါတယ်။ လေယာဉ်ပေါ်မှာ တဦးတည်းလိုက်ပါစီးနင်းရခြင်းက ကျနော်တို့နားမှာ ထိုင်နေတဲ့အသက်၅၀အရွယ်လူအိုတစ်ဦးနဲ့ စကားပြောဖို့တွန်းအားဖြစ်စေပါတယ်။

သွားရောက်လည်ပတ်တဲ့ နိုင်ငံမှာ ရထားစီးခြင်းက ကျနော်တိ်ု့ကို ဘယ်ရထားစီးတာကောင်းမလဲဆိုတာ သဘောပေါက်ဖို့ တစ်နည်းမဟုတ်တစ်နည်း အဲ့နိုင်ငံစကားပြောဆိုဖို့ဖြစ်လာစေပါတယ်။

ကြမ်းတမ်းဆိုးဝါးတဲ့အရပ်ဒေသမှာ နေရတဲ့ကလေးငယ်တွေကိုမြင်ပြီးနောက် ကျနော်တို့နေထိုင်ရာ အခြေအနေကို ကျေးဇူးတင်စရာ၊ သဘောကျနှစ်လိုဖွယ်ဖြစ်ရာ ခံစားရစေပါတယ်။

ကမ္ဘာကြီးရဲ့တစ်နေရာကို မိသားစုလိုက်ခရီးသွားခြင်းဟာ ဘယ်ကိစ္စမဆိုလုပ်ဖို့ ပိုအားရှိစေပြီး တစ်ယောက်နဲ့တစ်ယောက် ချစ်ခင်မှုကို ပြသနိုင်ပါတယ်။

အဓိကအကျဆုံးကတော့ ခရီးသွားခြင်းကနေ ကျနော်တို့ကို ဘယ်ပါမောက္ခ၊ ဘယ်ဆရာမမှ မရှင်းပြနိုင်တဲ့အချက်အလက်နှင့် ပဟေဋ္ဌိအကြောင်းတွေ ကျနော်တို့သိရပါတယ်။

ခရီးသွားခြင်းဟာ လေယာဉ်ချိန်လွဲသွားတာတွေ၊ အိပ်နေကျမဟုတ်တဲ့နေရာမှာ နေသားတကျ ဖြစ်အောင်အိပ်ရတာတွေ၊ တခြားလူမျိုးပိုက်ဆံကိုင်ရတာတွေ၊ အစားအစာဝယ်ရတာတွေ စတဲ့နေ့စဉ်ဝတ္တရားတွေကို ကိုင်တွယ်ဖြေရှင်းရတာတွေ၊ တခြားလူတွေနဲ့ပူးပေါင်းဆောင်ရွက်တတ်အောင် လမ်းညွှန်ပေးပါတယ်။

သင်ကိုယ်တိုင် သင့်အကြောင်းတွေကို ဘယ်ပါမောက္ခ၊ ဘယ်ဖတ်စာအုပ်၊ ဘယ်စာမေးပွဲမှ မပါဘဲ လေ့လာနိုင်ပါတယ်။ ခရီးသွားခြင်းက ရုပ်ပိုင်းနဲ့စိတ်ပိုင်းဆိုင်ရာ သတ်မှတ်ချက်တွေကို တွန်းအာပေးတဲ့အတွက် အချက်အလက်တွေ သင်ကိုယ်တိုင် လေ့လာစေပါတယ်။

Writer & Translator : Cherry & Shwe Yi

Education

Leave a Reply

Your email address will not be published. Required fields are marked *