ထောက်ချင့်စဉ်းစားခြင်း (Critical Thinking) ဆိုသည်မှာ


အကြောင်းနှင့် အကျိုး ဆက်စပ်မှုကို ယုတ္တိကျကျ ကျိုးကြောင်း ဆီလျော်အောင် ဆက်စပ်သိမြင်နိုင်တဲ့ အရည်အသွေးကို ထောက်ချင့် စဉ်းစားခြင်း (Critical Thinking) လို့ နားလည်လက်ခံကြ ပါတယ်။ တစ်ချို့ကလည်း နည်းစနစ်တကျတွေးခေါ်ခြင်းလို့ အဓိပ္ပာယ်ဖွင့် ကြပါတယ်။

ဒါဟာ အတွေးတွေကို လွတ်လပ်စွာ ဆက်စပ်တွေးခေါ်တာဖြစ်သလို ကျိုးကြောင်းတကျ စဉ်းစားနိုင်စွမ်းကို အခြေခံထားပြီး သူများအပြောနဲ့ အချက်အလက်တွေကိုပဲ အခြေမခံဘဲ ကိုယ်တိုင်တွေး ခေါ်တဲ့နည်းလမ်း လည်း ဖြစ်ပါတယ်။

တကယ်တော့ ထောက်ချင့်စဉ်းစားတာဟာ အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေကို သမားရိုးကျ လက်ခံမယ့်အစား ပြန်လှန်မေးခွန်းထုတ်ပြီး သဘောထားကွဲလွဲမှုနဲ့ ရှာဖွေတွေ့ရှိမှုတွေဟာ အကြောင်းအရာ တစ်ခုလုံးနဲ့ သက်ဆိုင်မှု ရှိ မရှိ ပြီးတော့ မတူညီမှုတွေ ကို ဆက်လက်ဖော်ထုတ်ကြမလားဆိုပြီး အမြဲရှာဖွေ ခြင်း ဖြစ်ပါတယ်။

ဒီအလေ့အထကို ကျင့်သုံးသူဟာ ပြဿနာတစ်ခုကို စနစ်တကျ ခွဲခြားသုံးသပ်ပြီး အဖြေထုတ်လေ့ရှိပါတယ်။ ဒါကြောင့် ထောက်ချင့် စဉ်းစားတတ်သူတစ်ယောက်ဟာ အောက်ပါ အရည်အချင်းတွေ ရှိပါတယ်။

၁) အတွေးအခေါ်တွေကြားက ဆက်စပ်မှုကို သိမြင်ခြင်း

၂) အတွေးအခေါ်နဲ့ အငြင်းပွားမှုတွေရဲ့ အရေးပါမှုနဲ့ ဆက်စပ်မှုကို သိမြင်ခြင်း

၃) အငြင်းပွားမှုတွေကို သိမြင်လက်ခံပြီး နှိုင်းချင့်သုံးသပ်ခြင်း

၄) စဉ်းစားမှုကြောင့် တွေ့လာတဲ့ အစီအစဉ်မကျမှုနဲ့ အမှားတွေကို ခွဲခြားသိမြင်ခြင်း

၅) အခြေအနေ ပြဿနာတွေကို သဟဇာတကျစွာ မှန်ကန်သောနည်း လမ်းဖြင့် ချဉ်းကပ်ခြင်း

၆) နဂိုရှိပြီးသား လက်ခံမှု၊ ယုံကြည်မှုနဲ့ တန်ဖိုးထားမှုကို အခြေခံပြီး ဝေဖန်ဆန်းစစ်ခြင်း


စနစ်တကျတွေးခေါ်တတ်ဖို့ဘယ်လိုအရည်အချင်းတွေလိုအပ်သလဲ

ထောက်ချင့်စဉ်းစားခြင်း (Critical Thinking) ကို ဘယ်လိုရအောင် လုပ်ကြမလဲ ဒါမှမဟုတ် ဘယ်လို နည်းစနစ်ကျကျတွေးခေါ်နိုင်ဖို့ ဘယ်လိုအရည်အသွေးတွေလိုအပ်သလည်းဆိုတာကတော့ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။

ဒါပေမဲ့ ဒီလိုတွေးခေါ်ဆောင်ရွက်ဖို့ စောင့်ကြည့်လေ့ လာခြင်း (Observation)၊ ခွဲခြမ်းစိတ်ဖြာခြင်း(Analysis)၊ ပုံဖော်နား လည်ခြင်း(Interpretation)နဲ့ ပြန်လည်သုံးသပ်ခြင်း (Reflection) အစရှိတဲ့ အရည်အချင်းတွေ လိုအပ်ပါတယ်။
အထူးသဖြင့် အောက်ပါအချက်တွေကိုလုပ်ဆောင်ဖို့ လိုပါတယ်။

၁) ခေါင်းစဉ် (သို့မဟုတ်) ဖြစ်စဉ်တစ်ခုကို ဓမ္မဓိဋ္ဌာန်ကျကျ နည်းစနစ်ကျကျ စဉ်းစားခြင်း

၂) ဖြစ်စဉ်ကိစ္စတွေနဲ့ဆက်စပ်နေတဲ့ အငြင်းပွားမှုတွကို သိမြင်နားလည်ခြင်း

၃) ခိုင်မာ တိကျ သေချာတဲ့ အမြင်ကို ဖော်ထုတ်နိုင်ခြင်း

၄) အငြင်းအခုံတွေ၊ အထောက်အထားတွေရဲ့ အားနည်းချက်တွေ အဆိုးမြင်မှုတွေကို အသိအမှတ်ပြုခြင်း

၅) အဆိုပြုချက်တစ်ခု ဒါမှမဟုတ် အငြင်းအခုံတစ်ခုအနောက်က နောက်ခံအကြောင်းတရားတွေကို ဂရုပြုခြင်း

၆) အငြင်းအခုံတွေကို အထောက်အပံ့ဖြစ်အောင် အကျိုးအကြောင်း ဆီလျော်တဲ့ အခြေအနေ ဖန်တီးပေးခြင်း


ထောက်ချင့်စဉ်းစားခြင်း ဖြစ်စဉ် (The Critical Thinking Process)

အမြဲတမ်း နည်းစနစ်တကျ စဉ်းစားနေနိုင်တာမဟုတ်တာကိုလည်း ဂရုပြုပါ။ တစ်ခါတလေ အများကြီးတွေးမိပေမဲ့လည်း ထောက်ချင့်စဉ်း စားပြီးတွေးတာ ဟုတ်ချင်မှဟုတ်မှာပါ။ ဥပမာ ဒေါသထွက်နေချိန်၊ ပျော်နေချိန်နဲ့ ပူဆွေးဝမ်းနည်းနေချိန် ဒါမှမဟုတ် ပူပင်ကြောင့် ကျဖြစ်နေချိန်တွေမှာပေါ့။ တကယ်တော့ ထောက်ချင့်စဉ်းစားနိုင်မှုက လက်ရှိဖြစ်နေတဲ့ စိတ်ကိုမူတည်ပြီး ပြောင်းလဲတာ မျိုးဖြစ်တာကြောင့် နေ့စဉ်လုပ်နေတဲ့ ကိစ္စတွေကိုပဲ တိုးတက်အောင်လုပ်ပြီး ထောက်ချင့် စဉ်းစားတဲ့အလေ့ကို ပိုကောင်းအောင် လုပ်နိုင်ပြီး အဲဒီကမှတစ်ဆင့် လတ်တလော ကြုံတွေ့ရတဲ့ပြဿနာတွေ ကို ဆက်လက်ဖြေရှင်းရမှာပါ။

ရိုးရှင်းတဲ့လေ့ကျင့်ခန်းတွေနဲ့ နည်းစနစ်ကျကျဘယ်လိုတွေးမလဲဆိုတာကို စတင်လိုက်ကြရအောင်။ မကြာခင်က တစ်ယောက်ယောက်က ကိုယ့်ကိုပြောတဲ့ အကြောင်းတစ်ခုခုကို စဉ်းစားကြည့်လိုက်ပါ။ ပြီးရင် ကိုယ့်ဘာသာကိုယ် အောက်ကမေးခွန်လေးတွေ ပြန်မေးကြည့်ပါ။

၁) ဘယ်သူပြောခဲ့တာလဲ။ ကိုယ်နဲ့ရင်းနှီးသူလား၊ ဒါမှမဟုတ် သြဇာ အာဏာရှိတဲ့ လူတစ်ယောက် က ပြောတာလား၊ ဘယ်သူပြောခဲ့သ လည်းဆိုတာ အရေးကြီးသလား။

၂) သူတို့ဘာပြောခဲ့လဲ။ သူတို့ ဘာတွေပြောခဲ့တာလဲ၊ အကြံဉာဏ်တွေပေးခဲ့တာလား၊ ဖြစ်ကြောင်း ကုန်စင်ရော ပြောပြခဲ့လား၊ ဒါမှမဟုတ် မပြောဘဲ ချန်ခဲ့တာရော ရှိသလား။

၃) ဘယ်နေရာမှာ ပြောခဲ့တာလဲ။ ကိုယ့်ကိုသီးသန့်ပြောခဲ့တာလား ဒါမှမဟုတ် လူတွေကြားထဲ မှာ ပြောခဲ့တာလား၊ ဒီလိုဆိုရင် တခြား သူတွေကရော သူတို့ရဲ့ မတူညီတဲ့ ထင်မြင်ယူဆချက်တွေကို ပြန်လည်ဆွေးနွေးခွင့်ရော ရခဲ့သလား။

၄) ဘယ်အချိန်က ပြောခဲ့တာလဲ။ အရေးကြီးကိစ္စ မတိုင်ခင်ကလား၊ ဖြစ်နေတုန်းအချိန်မှာလား ဒါမှမဟုတ် ပြီးသွားချိန်မှာလား၊ ပြောတဲ့အချိန် ကရော အရေကြီးလား။

၅) ဘာလို့ပြောခဲ့တာလဲ၊ သူတို့ပြောတဲ့ကိစ္စနောက်က အကြောင်းကိုရော ရှင်းပြသလား၊ တစ်စုံတစ်ယောက် ကို ပိုကောင်းလာဖို့ ဒါမှမဟုတ် ပိုဆိုးသွားဖို့ ရည်ရွယ်ပြီး ပြောခဲ့တာလား။

၆) သူတို့ဘယ်လိုပုံစံနဲ့ ပြောခဲ့တာလဲ၊ ပြောနေချိန်မှာ ပျော်နေလား၊ ဝမ်းနည်းနေလား၊ ဒါမှမဟုတ် ပုံစံတစ်မျိုး ဖြစ်နေလား၊ သူတို့ပြောခဲ့ တာတွေကိုရော ကိုယ်တိုင်နားလည်ရဲ့လား။


ကိုယ်တိုင် ဘယ်အရာကို အောင်မြင်အောင်လုပ်မယ်လို့ရည်ရွယ် ထားလဲ

ထောက်ချင့်စဉ်းစားခြင်းရဲ့ အရေးကြီးဆုံးအရာတစ်ခုက ဘယ်အရာကို အောင်မြင်အောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတာပါပဲ။ ပြီးတော့ ဖြစ်နိုင်တဲ့ ဘောင်အတွင်းက ဆုံးဖြတ်ချက်ချမှတ်တာပါ။ တကယ်လို့ ကိုယ်တိုင် ပြတ်သားတဲ့ရည်မှန်းချက်ရှိလာပြီဆိုတာနဲ့ ဒီရည်မှန်းချက်ဟာ နောက်ပိုင်းဆုံးဖြတ်ချက်တွေ အတွက် အခရာကျတဲ့ ရည်မှန်းချက်အဖြစ် သုံးလို့ရပါတယ်။ လိုအပ်ရင် လုပ်ဖော်ကိုင်ဘက်တွေ၊ မိသားစု ဝင်တွေ ဒါမှမဟုတ် ကိုယ့့်ဘေးနားကလူတွေ ဒီရည်မှန်းချက်ကို ကိုယ်ဘယ်လောက် စိတ်အား ထက်သန်တယ်ဆိုတာကို ဂရုပြုမိပါစေ။


ကြိုတင်မျှော်တွေးခြင်း၏ ကောင်းကျိုးများ

ရှေ့ရေးကိုကြိုတင်တွေးတောခြင်းဟာ ထောက်ချင့်စဉ်းစားခြင်းရဲ့ အရေးကြီးဆုံးအပိုင်းပါ။ ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့လုပ်ဆောင်မှု အားလုံးနီးပါးမှာ စွန့်ပယ်ဖယ်ရှားသင့်တဲ့အချက်တွေသာ တွေ့မယ်ဆိုရင် ဆိုးကျိုးခံစားရမှာမဟုတ်ပါဘူး။ တကယ်လို သေချာစဉ်းစားမယ်၊ ခနအချိန်ယူပြီး တခြားသူတွေကို ထိခိုက် နိုင်မလားလို့ စဉ်းစားကြ မယ်ဆိုရင်တော့ ဆုံးဖြတ်ချက်တွေက ဘယ်နည်းနဲ့မဆို ပိုကောင်းပြီး အောင်မြင်မှုနဲ့ နီးစပ်လာမှာပါ။ ဒီလိုလုပ်ဖို့ ထည့်သွင်းစဉ်းစားစရာ အကြောင်းအရာတွေကတော့ များပြားလှပါတယ်။ အယူအဆတစ်ခုကိုပဲ ရှုထောင့်ပေါင်းစုံကနေ စဉ်းစားတာက ဆုံးဖြတ်ပြီးနောက်မှာကြုံတွေ့ လာနိုင်တဲ့ အန္တရာယ်တွေကို ပိုပြီး ထင်သာမြင်သာရှိလာစေမှာပါ။


အနှစ်ချုပ်ပြောရရင်တော့ ထောက်ချင့်စဉ်းစားခြင်း (Critical Thinking) ဆိုတာဟာ

၁) မည်သည့်အခြေအနေပဲရောက်ရောက် အကောင်းဆုံးရလာဒ် ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ ရနိုင်သမျှ အခြေအနေထဲကနေ ရသလောက် အချက်အလက်ကို စုဆောင်းစဉ်းစားနိုင်ဖို့လိုပါတယ်။

၂) ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာမယ့် အကောင်း အဆိုး နောက်ဆက်တွဲအကျိုးတွေကို ထင်ထင်ရှား ရှားသိမြင်ဖို့ လိုအပ်ပါတယ်။

၃) တတ်နိုင်သလောက် ကြိုပြီးတွေးတောဆင်ခြင်ဖို့နဲ့ အမြင်ကျယ်ရ ပါမယ်။

၄) စဉ်းစားလို့ ထွက်ပေါ်လာတဲ့ ယူဆချက်တွေ ဆုံးဖြတ်ချက်တွေ အလျောက် ဖြစ်လာနိုင်တဲ့ရလဒ်တွေနဲ့ ဆက်စပ်နေတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်မယ့်နည်းလမ်းတွေကိုလည်း ထည့်သွင်းစဉ်း စားဖို့ လိုပါတယ်။

၅) ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်ဆန်းစစ်ပြီး လိုအပ်ရင် ပြုပြင်ပြောင်းလဲတာတွေကို လည်း လုပ်ရမှာပါ။

ဒါကြောင့် စဉ်းစားပြီး ပြုမူလုပ်ဆောင်တာက မစဉ်းစားပဲပြုမူ လုပ်ဆောင်တာထက် အများကြီးပိုကောင်းတာကြောင့် နည်းစနစ်တကျစဉ်းစားတဲ့ အလေ့အထကို မွေးမြူကြည့်လိုက်ကြပါ။…

သီဟအောင်

Unicode

…အကြောင်းနှင့် အကျိုး ဆက်စပ်မှုကို ယုတ္တိကျကျ ကျိုးကြောင်း ဆီလျော်အောင် ဆက်စပ်သိမြင်နိုင်တဲ့ အရည်အသွေးကို ထောက်ချင့် စဉ်းစားခြင်း (Critical Thinking) လို့ နားလည်လက်ခံကြ ပါတယ်။

တစ်ချို့ကလည်း နည်းစနစ်တကျတွေးခေါ်ခြင်းလို့ အဓိပ္ပာယ်ဖွင့် ကြပါတယ်။…

ဒါဟာ အတွေးတွေကို လွတ်လပ်စွာ ဆက်စပ်တွေးခေါ်တာဖြစ်သလို ကျိုးကြောင်းတကျ စဉ်းစားနိုင်စွမ်းကို အခြေခံထားပြီး သူများအပြောနဲ့ အချက်အလက်တွေကိုပဲ အခြေမခံဘဲ ကိုယ်တိုင်တွေး ခေါ်တဲ့နည်းလမ်း လည်း ဖြစ်ပါတယ်။…

တကယ်တော့ ထောက်ချင့်စဉ်းစားတာဟာ အတွေးအခေါ်တွေ၊ ထင်မြင်ယူဆချက်တွေကို သမားရိုးကျ လက်ခံမယ့်အစား ပြန်လှန်မေးခွန်းထုတ်ပြီး သဘောထားကွဲလွဲမှုနဲ့ ရှာဖွေတွေ့ရှိမှုတွေဟာ အကြောင်းအရာ တစ်ခုလုံးနဲ့ သက်ဆိုင်မှု ရှိ မရှိ ပြီးတော့ မတူညီမှုတွေ ကို ဆက်လက်ဖော်ထုတ်ကြမလားဆိုပြီး အမြဲရှာဖွေ ခြင်း ဖြစ်ပါတယ်။…

ဒီအလေ့အထကို ကျင့်သုံးသူဟာ ပြဿနာတစ်ခုကို စနစ်တကျ ခွဲခြားသုံးသပ်ပြီး အဖြေထုတ်လေ့ရှိပါတယ်။ ဒါကြောင့် ထောက်ချင့် စဉ်းစားတတ်သူတစ်ယောက်ဟာ အောက်ပါ အရည်အချင်းတွေ ရှိပါတယ်။…

၁) အတွေးအခေါ်တွေကြားက ဆက်စပ်မှုကို သိမြင်ခြင်း

၂) အတွေးအခေါ်နဲ့ အငြင်းပွားမှုတွေရဲ့ အရေးပါမှုနဲ့ ဆက်စပ်မှုကို သိမြင်ခြင်း

၃) အငြင်းပွားမှုတွေကို သိမြင်လက်ခံပြီး နှိုင်းချင့်သုံးသပ်ခြင်း

၄) စဉ်းစားမှုကြောင့် တွေ့လာတဲ့ အစီအစဉ်မကျမှုနဲ့ အမှားတွေကို ခွဲခြားသိမြင်ခြင်း

၅) အခြေအနေ ပြဿနာတွေကို သဟဇာတကျစွာ မှန်ကန်သောနည်း လမ်းဖြင့် ချဉ်းကပ်ခြင်း

၆) နဂိုရှိပြီးသား လက်ခံမှု၊ ယုံကြည်မှုနဲ့ တန်ဖိုးထားမှုကို အခြေခံပြီး ဝေဖန်ဆန်းစစ်ခြင်း…

စနစ်တကျတွေးခေါ်တတ်ဖို့ဘယ်လိုအရည်အချင်းတွေလိုအပ်သလဲ

ထောက်ချင့်စဉ်းစားခြင်း (Critical Thinking) ကို ဘယ်လိုရအောင် လုပ်ကြမလဲ ဒါမှမဟုတ် ဘယ်လို နည်းစနစ်ကျကျတွေးခေါ်နိုင်ဖို့ ဘယ်လိုအရည်အသွေးတွေလိုအပ်သလည်းဆိုတာကတော့ အမျိုးမျိုးကွဲပြားနိုင်ပါတယ်။…

ဒါပေမဲ့ ဒီလိုတွေးခေါ်ဆောင်ရွက်ဖို့ စောင့်ကြည့်လေ့ လာခြင်း (Observation)၊ ခွဲခြမ်းစိတ်ဖြာခြင်း(Analysis)၊ ပုံဖော်နား လည်ခြင်း(Interpretation)နဲ့ ပြန်လည်သုံးသပ်ခြင်း (Reflection) အစရှိတဲ့ အရည်အချင်းတွေ လိုအပ်ပါတယ်။

အထူးသဖြင့် အောက်ပါအချက်တွေကိုလုပ်ဆောင်ဖို့ လိုပါတယ်။…

၁) ခေါင်းစဉ် (သို့မဟုတ်) ဖြစ်စဉ်တစ်ခုကို ဓမ္မဓိဋ္ဌဌာန်ကျကျ နည်းစနစ်ကျကျ စဉ်းစားခြင်း

၂) ဖြစ်စဉ်ကိစ္စတွေနဲ့ဆက်စပ်နေတဲ့ အငြင်းပွားမှုတွကို သိမြင်နားလည်ခြင်း

၃) ခိုင်မာ တိကျ သေချာတဲ့ အမြင်ကို ဖော်ထုတ်နိုင်ခြင်း

၄) အငြင်းအခုံတွေ၊ အထောက်အထားတွေရဲ့ အားနည်းချက်တွေ အဆိုးမြင်မှုတွေကို အသိအမှတ်ပြုခြင်း

၅) အဆိုပြုချက်တစ်ခု ဒါမှမဟုတ် အငြင်းအခုံတစ်ခုအနောက်က နောက်ခံအကြောင်းတရားတွေကို ဂရုပြုခြင်း

၆) အငြင်းအခုံတွေကို အထောက်အပံ့ဖြစ်အောင် အကျိုးအကြောင်း ဆီလျော်တဲ့ အခြေအနေ ဖန်တီးပေးခြင်း…

ထောက်ချင့်စဉ်းစားခြင်း ဖြစ်စဉ် (The Critical Thinking Process)

အမြဲတမ်း နည်းစနစ်တကျ စဉ်းစားနေနိုင်တာမဟုတ်တာကိုလည်း ဂရုပြုပါ။ တစ်ခါတလေ အများကြီးတွေးမိပေမဲ့လည်း ထောက်ချင့်စဉ်း စားပြီးတွေးတာ ဟုတ်ချင်မှဟုတ်မှာပါ။ ဥပမာ ဒေါသထွက်နေချိန်၊ ပျော်နေချိန်နဲ့ ပူဆွေးဝမ်းနည်းနေချိန် ဒါမှမဟုတ် ပူပင်ကြောင့် ကျဖြစ်နေချိန်တွေမှာပေါ့။

တကယ်တော့ ထောက်ချင့်စဉ်းစားနိုင်မှုက လက်ရှိဖြစ်နေတဲ့ စိတ်ကိုမူတည်ပြီး ပြောင်းလဲတာ မျိုးဖြစ်တာကြောင့် နေ့စဉ်လုပ်နေတဲ့ ကိစ္စတွေကိုပဲ တိုးတက်အောင်လုပ်ပြီး ထောက်ချင့် စဉ်းစားတဲ့အလေ့ကို ပိုကောင်းအောင် လုပ်နိုင်ပြီး အဲဒီကမှတစ်ဆင့် လတ်တလော ကြုံတွေ့ရတဲ့ပြဿနာတွေ ကို ဆက်လက်ဖြေရှင်းရမှာပါ။…

ရိုးရှင်းတဲ့လေ့ကျင့်ခန်းတွေနဲ့ နည်းစနစ်ကျကျဘယ်လိုတွေးမလဲဆိုတာကို စတင်လိုက်ကြရအောင်။ မကြာခင်က တစ်ယောက်ယောက်က ကိုယ့်ကိုပြောတဲ့ အကြောင်းတစ်ခုခုကို စဉ်းစားကြည့်လိုက်ပါ။ ပြီးရင် ကိုယ့်ဘာသာကိုယ် အောက်ကမေးခွန်လေးတွေ ပြန်မေးကြည့်ပါ။

၁) ဘယ်သူပြောခဲ့တာလဲ။ ကိုယ်နဲ့ရင်းနှီးသူလား၊ ဒါမှမဟုတ် သြဇာ အာဏာရှိတဲ့ လူတစ်ယောက် က ပြောတာလား၊ ဘယ်သူပြောခဲ့သ လည်းဆိုတာ အရေးကြီးသလား။

၂) သူတို့ဘာပြောခဲ့လဲ။ သူတို့ ဘာတွေပြောခဲ့တာလဲ၊ အကြံဉာဏ်တွေပေးခဲ့တာလား၊ ဖြစ်ကြောင်း ကုန်စင်ရော ပြောပြခဲ့လား၊ ဒါမှမဟုတ် မပြောဘဲ ချန်ခဲ့တာရော ရှိသလား။

၃) ဘယ်နေရာမှာ ပြောခဲ့တာလဲ။ ကိုယ့်ကိုသီးသန့်ပြောခဲ့တာလား ဒါမှမဟုတ် လူတွေကြားထဲ မှာ ပြောခဲ့တာလား၊ ဒီလိုဆိုရင် တခြား သူတွေကရော သူတို့ရဲ့ မတူညီတဲ့ ထင်မြင်ယူဆချက်တွေကို ပြန်လည်ဆွေးနွေးခွင့်ရော ရခဲ့သလား။

၄) ဘယ်အချိန်က ပြောခဲ့တာလဲ။ အရေးကြီးကိစ္စ မတိုင်ခင်ကလား၊ ဖြစ်နေတုန်းအချိန်မှာလား ဒါမှမဟုတ် ပြီးသွားချိန်မှာလား၊ ပြောတဲ့အချိန် ကရော အရေကြီးလား။

၅) ဘာလို့ပြောခဲ့တာလဲ၊ သူတို့ပြောတဲ့ကိစ္စနောက်က အကြောင်းကိုရော ရှင်းပြသလား၊ တစ်စုံတစ်ယောက် ကို ပိုကောင်းလာဖို့ ဒါမှမဟုတ် ပိုဆိုးသွားဖို့ ရည်ရွယ်ပြီး ပြောခဲ့တာလား။

၆) သူတို့ဘယ်လိုပုံစံနဲ့ ပြောခဲ့တာလဲ၊ ပြောနေချိန်မှာ ပျော်နေလား၊ ဝမ်းနည်းနေလား၊ ဒါမှမဟုတ် ပုံစံတစ်မျိုး ဖြစ်နေလား၊ သူတို့ပြောခဲ့ တာတွေကိုရော ကိုယ်တိုင်နားလည်ရဲ့လား။…

ကိုယ်တိုင် ဘယ်အရာကို အောင်မြင်အောင်လုပ်မယ်လို့ရည်ရွယ် ထားလဲ

ထောက်ချင့်စဉ်းစားခြင်းရဲ့ အရေးကြီးဆုံးအရာတစ်ခုက ဘယ်အရာကို အောင်မြင်အောင်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ထားတာပါပဲ။ ပြီးတော့ ဖြစ်နိုင်တဲ့ ဘောင်အတွင်းက ဆုံးဖြတ်ချက်ချမှတ်တာပါ။

တကယ်လို့ ကိုယ်တိုင် ပြတ်သားတဲ့ရည်မှန်းချက်ရှိလာပြီဆိုတာနဲ့ ဒီရည်မှန်းချက်ဟာ နောက်ပိုင်းဆုံးဖြတ်ချက်တွေ အတွက် အခရာကျတဲ့ ရည်မှန်းချက်အဖြစ် သုံးလို့ရပါတယ်။

လိုအပ်ရင် လုပ်ဖော်ကိုင်ဘက်တွေ၊ မိသားစု ဝင်တွေ ဒါမှမဟုတ် ကိုယ့့်ဘေးနားကလူတွေ ဒီရည်မှန်းချက်ကို ကိုယ်ဘယ်လောက် စိတ်အား ထက်သန်တယ်ဆိုတာကို ဂရုပြုမိပါစေ။…

ကြိုတင်မျှော်တွေးခြင်း၏ ကောင်းကျိုးများ

ရှေ့ရေးကိုကြိုတင်တွေးတောခြင်းဟာ ထောက်ချင့်စဉ်းစားခြင်းရဲ့ အရေးကြီးဆုံးအပိုင်းပါ။ ချခဲ့တဲ့ ဆုံးဖြတ်ချက်တွေနဲ့လုပ်ဆောင်မှု အားလုံးနီးပါးမှာ စွန့်ပယ်ဖယ်ရှားသင့်တဲ့အချက်တွေသာ တွေ့မယ်ဆိုရင် ဆိုးကျိုးခံစားရမှာမဟုတ်ပါဘူး။

တကယ်လို သေချာစဉ်းစားမယ်၊ ခနအချိန်ယူပြီး တခြားသူတွေကို ထိခိုက် နိုင်မလားလို့ စဉ်းစားကြ မယ်ဆိုရင်တော့ ဆုံးဖြတ်ချက်တွေက ဘယ်နည်းနဲ့မဆို ပိုကောင်းပြီး အောင်မြင်မှုနဲ့ နီးစပ်လာမှာပါ။

ဒီလိုလုပ်ဖို့ ထည့်သွင်းစဉ်းစားစရာ အကြောင်းအရာတွေကတော့ များပြားလှပါတယ်။ အယူအဆတစ်ခုကိုပဲ ရှုထောင့်ပေါင်းစုံကနေ စဉ်းစားတာက ဆုံးဖြတ်ပြီးနောက်မှာကြုံတွေ့ လာနိုင်တဲ့ အန္တရာယ်တွေကို ပိုပြီး ထင်သာမြင်သာရှိလာစေမှာပါ။…

အနှစ်ချုပ်ပြောရရင်တော့ ထောက်ချင့်စဉ်းစားခြင်း (Critical Thinking) ဆိုတာဟာ

၁) မည်သည့်အခြေအနေပဲရောက်ရောက် အကောင်းဆုံးရလာဒ် ထွက်ပေါ်လာအောင် စွမ်းဆောင်နိုင်ဖို့ ရည်ရွယ်ပါတယ်။ ဒီလို ဆောင်ရွက်နိုင်ဖို့ ရနိုင်သမျှ အခြေအနေထဲကနေ ရသလောက် အချက်အလက်ကို စုဆောင်းစဉ်းစားနိုင်ဖို့လိုပါတယ်။

၂) ကိုယ့်ရဲ့ဆုံးဖြတ်ချက်ကြောင့် ဖြစ်လာမယ့် အကောင်း အဆိုး နောက်ဆက်တွဲအကျိုးတွေကို ထင်ထင်ရှား ရှားသိမြင်ဖို့ လိုအပ်ပါတယ်။

၃) တတ်နိုင်သလောက် ကြိုပြီးတွေးတောဆင်ခြင်ဖို့နဲ့ အမြင်ကျယ်ရ ပါမယ်။

၄) စဉ်းစားလို့ ထွက်ပေါ်လာတဲ့ ယူဆချက်တွေ ဆုံးဖြတ်ချက်တွေ အလျောက် ဖြစ်လာနိုင်တဲ့ရလဒ်တွေနဲ့ ဆက်စပ်နေတဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ရှောင်ရှားနိုင်မယ့်နည်းလမ်းတွေကိုလည်း ထည့်သွင်းစဉ်း စားဖို့ လိုပါတယ်။

၅) ချမှတ်ခဲ့တဲ့ ဆုံးဖြတ်ချက်တွေကို ပြန်လည်ဆန်းစစ်ပြီး လိုအပ်ရင် ပြုပြင်ပြောင်းလဲတာတွေကို လည်း လုပ်ရမှာပါ။ဒါကြောင့် စဉ်းစားပြီး ပြုမူလုပ်ဆောင်တာက မစဉ်းစားပဲပြုမူ လုပ်ဆောင်တာထက် အများကြီးပိုကောင်းတာကြောင့် နည်းစနစ်တကျစဉ်းစားတဲ့ အလေ့အထကို မွေးမြူကြည့်လိုက်ကြပါ။…

Unicode သီဟအောင်

Education

Leave a Reply

Your email address will not be published. Required fields are marked *