ပညာသင်ဆုရခြင်း၏ ကောင်းကျိုးများ

#POINT #PointYouthPlatform

တစ်ချို့ကျောင်းသားတွေက ပညာသင်ဆုဆိုတာ ငွေကြေးအကူညီ အလွန် လိုအပ်နေတဲ့ ကျောင်းသားတွေအတွက် အဓိက စီစဉ်ပေးထားတယ်လို့ ယူဆကြတယ်။ ဒါက ကိစ္စမရှိပါဘူး။ အမှန်တော့၊ ပညာသင်ဆုရတယ်ဆိုတာ နှစ်တော်တော်ကြာအောင် ပညာသင်ဆုနောက်ကို မလွတ်တမ်းလိုက်နေသော ဘယ်ကျောင်းသားကိုမဆို အကျိုးများစေတဲ့အရာပါ။ တကယ်လို့သင်က ပညာသင်ဆုကို ဝင်ရောက် လျှောက်ထားမယ်ဆိုရင်၊ ကိုယ့်ရဲ့ အခွင့်ရေးကို လက်မလွတ်ခင်၊ ဒီ သိသာတဲ့ အကျိုးမြတ်တွေကို ထည့်သွင်းစဉ်းစားပါ။
ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပါ
တစ်ချို့ ပညာသင်ဆုတွေက လျှောက်လွှာပေါင်း ထောင်နဲ့ချီ ရှိတဲ့အတွက် တကယ်လို့ သင်က ပညာသင်ဆု ရတယ်ဆိုရင်၊ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။ ကိုယ့်ရဲ့ အောင်မြင်မှုကို အသိမှတ်ပြုခံရတဲ့အခါ၊ တခြားပန်းတိုင်တွေကို ဆက်လက်လုပ်ဆောင်ဖို့ ယုံကြည်ချက် ရှိလာပါလိမ့်မယ်။ ကျောင်းသားတွေက သူတို့ရဲ့ ပညာသင်နှစ်အစောပိုင်းမှာ ကိုယ့်ရဲ့အလားအလာကို အသိမှတ်ပြုဖို့ အလွန်အရေးကြီးပါတယ်။
ကိုယ့်ရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပါ။
အရည်အသွေးကို အခြေခံတဲ့ ပညာသင်ဆုတွေကို လက်ခံရရှိခြင်းက ကိုယ်နဲ့ အရည်အချင်းသူတွေကြားမှာ ထင်ပေါ်စေပါတယ်။ ပညာသင်ဆု ထောက်ပံ့သူက ဒီအရည်ချင်းကို အသိမှတ်ပြုပါတယ်။ နောက်ပိုင်းမှာ ကောလိပ်ကျောင်းတွေ၊ အလုပ်တွေ လျှောက်တဲ့အခါမှာ၊ တခြားသူတွေထက် အနည်းဆုံး နယ်ပယ်တစ်ခုမှာတော့ ထင်ရှားနေမှာ ဖြစ်ပါတယ်။ ဒီအသိက ကိုယ့်ဘဝမှာ ပိုမြင့်မားတဲ့ ပန်းတိုင်တွေ ရောက်ရှိနိုင်အောင် ကိုယ့်ကိုယ်ကို စိန်ခေါ်နိုင်ဖို့ စိတ်အားတက်စေမှာ ဖြစ်ပါတယ်။
ပညာသင်ဆုတွေက ငွေကြေး ထောက်ပံ့ပေးပါတယ်။
သင်က ကျောင်းတက်ဖို့အတွက် ငွေကြေးအရ မမှီခိုရတဲ့ ကံကောင်းတဲ့ကျောင်းသားတွေထဲက တစ်ယောက်ဆိုရင်တောင်၊ ဒီအဓိပ္ပာယ်က ပညာသင်ဆုက အကျိုးအမြတ်မရှိဘူးလို့ မဆိုလိုပါဘူး။ တစ်ချို့ပညာသင်ဆုတွေက ဆုရတဲ့သူတွေကို တိုက်ရိုက် ပေးတတ်ကြပါတယ်။ ဒါက ကောလိပ်နဲ့ ပတ်သတ်တဲ့ အသုံးစရိတ် ငွေကို သုံးစွဲနိုင်လို့၊ ကျောင်းလခတွေ ပေးဖို့မလိုတဲ့ ကျောင်းသားတွေအတွက် သတင်းကောင်းပါပဲ။ အချိန်ပိုင်း အလုပ်ကနေ ရမယ့်ဝင်ငွေကို အစားအသောက်နဲ့ စာအုပ်တွေအတွက် သုံးစွဲရမယ့်အစား၊ ပညာသင်ဆုကတော့ တခြားသူရဲ့ ငွေသားကို သုံးရမှာဖြစ်ပါတယ်။

ပညာသင်ဆုတွေက ရွေးချယ်ထားတဲ့ တက္ကသိုလ်ရောက်အောင် ကူညီနိုင်တယ်။
တက္ကသိုလ်တွေက အောင်မြင်မှုအတွက် အသိအမှတ်ပြုခံရတဲ့ကျောင်းသားတွေကို ပိုနှစ်သက်ပါတယ်။ ပညာသင်ဆု ရရှိခြင်းက အလွန်အရေးပါပါတယ်။ ကောလိပ်အများစုက သူ့တို့ကျောင်းသားတွေကို အားကျစိတ်တွေ တဖွားဖွား ပေါ်လာစေဖို့အတွက် ကျောင်းသားတွေ ရှာဖွေတတ်ကြပါတယ်။ ပညာသင်ဆုက ကျောင်းအတွက် သင်က ပိုပြီး ဂုဏ်တက်အောင် စွမ်းဆောင်နိုင်တယ်လို့ သတ်မှတ်ကြပါတယ်။
ပညာသင်ဆုတွေက အလုပ်လျှောက်လွှာကို ပေါ်လွင်စေတယ်
ရာနဲ့ချီ ပို့ထားသော အလုပ်လျှောက်လွှာတွေကနေ သင့်ရဲ့ လျှောက်လွှာကို အသိအမှတ်ပြုခံရဖို့ ခက်ခဲပါတယ်။ ပညာသင်ဆုက ကိုယ့်ရဲ့ လျှောက်လွှာကို ထင်ရှားစေဖို့ လွယ်ကူပါတယ်။ ကိုယ့်ရဲ့ အောင်မြင်မှုကို တစ်ယောက်ယောက်က အသိမှတ်ခြင်းက တစ်ခါတလေ အနာဂတ်မှာ လုပ်ငန်းရှင်တွေနဲ့ အင်တာဗျူးခံရနိုင်ပါတယ်။ အလုပ်ရှာရတာက ခက်ခဲပါတယ်။ ဒါပေမယ့် ကိုယ့်မှာ အောင်မြင်မှုတွေနဲ့ အရည်အချင်း အသိအမှတ်ပြုခံရတာတွေ များတဲ့အခါ၊ ပိုပိုပြီး လွယ်ကူလာပါတယ်။

Writer & Translator : Hsu Mi San

*** Unicode ***

#POINT #PointYouthPlatform

တစ်ချို့ကျောင်းသားတွေက ပညာသင်ဆုဆိုတာ ငွေကြေးအကူညီ အလွန် လိုအပ်နေတဲ့ ကျောင်းသားတွေအတွက် အဓိက စီစဉ်ပေးထားတယ်လို့ ယူဆကြတယ်။ ဒါက ကိစ္စမရှိပါဘူး။ အမှန်တော့၊ ပညာသင်ဆုရတယ်ဆိုတာ နှစ်တော်တော်ကြာအောင် ပညာသင်ဆုနောက်ကို မလွတ်တမ်းလိုက်နေသော ဘယ်ကျောင်းသားကိုမဆို အကျိုးများစေတဲ့အရာပါ။

တကယ်လို့သင်က ပညာသင်ဆုကို ဝင်ရောက် လျှောက်ထားမယ်ဆိုရင်၊ ကိုယ့်ရဲ့ အခွင့်ရေးကို လက်မလွတ်ခင်၊ ဒီ သိသာတဲ့ အကျိုးမြတ်တွေကို ထည့်သွင်းစဉ်းစားပါ။ကိုယ့်ကိုယ်ကို အသိအမှတ်ပြုပါတစ်ချို့ ပညာသင်ဆုတွေက လျှောက်လွှာပေါင်း ထောင်နဲ့ချီ ရှိတဲ့အတွက် တကယ်လို့ သင်က ပညာသင်ဆု ရတယ်ဆိုရင်၊ ကိုယ့်ကိုယ်ကို ဂုဏ်ယူလိုက်ပါ။

ကိုယ့်ရဲ့ အောင်မြင်မှုကို အသိမှတ်ပြုခံရတဲ့အခါ၊ တခြားပန်းတိုင်တွေကို ဆက်လက်လုပ်ဆောင်ဖို့ ယုံကြည်ချက် ရှိလာပါလိမ့်မယ်။ ကျောင်းသားတွေက သူတို့ရဲ့ ပညာသင်နှစ်အစောပိုင်းမှာ ကိုယ့်ရဲ့အလားအလာကို အသိမှတ်ပြုဖို့ အလွန်အရေးကြီးပါတယ်။ကိုယ့်ရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပါ။

အရည်အသွေးကို အခြေခံတဲ့ ပညာသင်ဆုတွေကို လက်ခံရရှိခြင်းက ကိုယ်နဲ့ အရည်အချင်းသူတွေကြားမှာ ထင်ပေါ်စေပါတယ်။ ပညာသင်ဆု ထောက်ပံ့သူက ဒီအရည်ချင်းကို အသိမှတ်ပြုပါတယ်။ နောက်ပိုင်းမှာ ကောလိပ်ကျောင်းတွေ၊ အလုပ်တွေ လျှောက်တဲ့အခါမှာ၊ တခြားသူတွေထက် အနည်းဆုံး နယ်ပယ်တစ်ခုမှာတော့ ထင်ရှားနေမှာ ဖြစ်ပါတယ်။

ဒီအသိက ကိုယ့်ဘဝမှာ ပိုမြင့်မားတဲ့ ပန်းတိုင်တွေ ရောက်ရှိနိုင်အောင် ကိုယ့်ကိုယ်ကို စိန်ခေါ်နိုင်ဖို့ စိတ်အားတက်စေမှာ ဖြစ်ပါတယ်။ပညာသင်ဆုတွေက ငွေကြေး ထောက်ပံ့ပေးပါတယ်။သင်က ကျောင်းတက်ဖို့အတွက် ငွေကြေးအရ မမှီခိုရတဲ့ ကံကောင်းတဲ့ကျောင်းသားတွေထဲက တစ်ယောက်ဆိုရင်တောင်၊ ဒီအဓိပ္ပာယ်က ပညာသင်ဆုက အကျိုးအမြတ်မရှိဘူးလို့ မဆိုလိုပါဘူး။

တစ်ချို့ပညာသင်ဆုတွေက ဆုရတဲ့သူတွေကို တိုက်ရိုက် ပေးတတ်ကြပါတယ်။ ဒါက ကောလိပ်နဲ့ ပတ်သတ်တဲ့ အသုံးစရိတ် ငွေကို သုံးစွဲနိုင်လို့၊ ကျောင်းလခတွေ ပေးဖို့မလိုတဲ့ ကျောင်းသားတွေအတွက် သတင်းကောင်းပါပဲ။ အချိန်ပိုင်း အလုပ်ကနေ ရမယ့်ဝင်ငွေကို အစားအသောက်နဲ့ စာအုပ်တွေအတွက် သုံးစွဲရမယ့်အစား၊ ပညာသင်ဆုကတော့ တခြားသူရဲ့ ငွေသားကို သုံးရမှာဖြစ်ပါတယ်။

ပညာသင်ဆုတွေက ရွေးချယ်ထားတဲ့ တက္ကသိုလ်ရောက်အောင် ကူညီနိုင်တယ်။တက္ကသိုလ်တွေက အောင်မြင်မှုအတွက် အသိအမှတ်ပြုခံရတဲ့ကျောင်းသားတွေကို ပိုနှစ်သက်ပါတယ်။ ပညာသင်ဆု ရရှိခြင်းက အလွန်အရေးပါပါတယ်။ ကောလိပ်အများစုက သူ့တို့ကျောင်းသားတွေကို အားကျစိတ်တွေ တဖွားဖွား ပေါ်လာစေဖို့အတွက် ကျောင်းသားတွေ ရှာဖွေတတ်ကြပါတယ်။

ပညာသင်ဆုက ကျောင်းအတွက် သင်က ပိုပြီး ဂုဏ်တက်အောင် စွမ်းဆောင်နိုင်တယ်လို့ သတ်မှတ်ကြပါတယ်။ပညာသင်ဆုတွေက အလုပ်လျှောက်လှွာကို ပေါ်လွင်စေတယ်ရာနဲ့ချီ ပို့ထားသော အလုပ်လျှောက်လှွာတွေကနေ သင့်ရဲ့ လျှောက်လှွာကို အသိအမှတ်ပြုခံရဖို့ ခက်ခဲပါတယ်။

ပညာသင်ဆုက ကိုယ့်ရဲ့ လျှောက်လှွာကို ထင်ရှားစေဖို့ လွယ်ကူပါတယ်။ ကိုယ့်ရဲ့ အောင်မြင်မှုကို တစ်ယောက်ယောက်က အသိမှတ်ခြင်းက တစ်ခါတလေ အနာဂတ်မှာ လုပ်ငန်းရှင်တွေနဲ့ အင်တာဗျူးခံရနိုင်ပါတယ်။ အလုပ်ရှာရတာက ခက်ခဲပါတယ်။ ဒါပေမယ့် ကိုယ့်မှာ အောင်မြင်မှုတွေနဲ့ အရည်အချင်း အသိအမှတ်ပြုခံရတာတွေ များတဲ့အခါ၊ ပိုပိုပြီး လွယ်ကူလာပါတယ်။

Writer & Translator : Hsu Mi San

Education

Leave a Reply

Your email address will not be published. Required fields are marked *