ပစ္စုပ္ပန်ကာလမှာ နေထိုင်သင့်တဲ့အကြောင်း ညွှန်းဆိုထားတဲ့ စကားလက်ဆောင် ( ၂၀ )

*** Unicode ***

မနေ့က သမိုင်းဖြစ်ပြီး မနက်ဖြန်က ပဟေဠိတွေပဲဖြစ်တယ်။ ဒါက ဘယ်လောက်ကောင်းလိုက်တဲ့ စကားလေးပါလိမ့်။ယခုလို ရှုပ်ထွေးလှတဲ့ကမ္ဘာကြီးထဲမှာ ထိုအတိုင်း လုပ်ဆောင်ဖို့က ခက်ခဲနိုင်ပါတယ်။

သတိကြီးကြီးမထားဘဲ ဘဝကို တစ်ဟုန်ထိုးပြေးလွှားဖြတ်သန်းဖို့က လွယ်ပါတယ်။ ကျွန်တော်တို့ရဲ့စိတ်ထဲမှာ နောက်ထပ်ရောက်လာမယ့်အရာတွေ နဲ့ အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအပေါ်မှာ အာရုံစိုက်ပုံပေါ်ပါတယ်။

လက်ရှိကာလမှာ နေထိုင်ခြင်းက မင်းကိုကူညီပေးမယ့် အားကောင်းတဲ့ စွမ်းအင်တစ်ခုဖြစ်တယ်ဆိုတာ အမှတ်ရပါ။ စိတ်ထဲမှာ အလိုလိုသိနေတဲ့ အရာတွေနဲ့ တရားထိုင်လေ့ကျင့်ခြင်းက ကြားဖူးသမျှထဲမှာတော့ ပိုပြီး နာမည်ကြီးနေပါတယ်။

တတ်နိုင်သမျှ ထိုအခိုက်အတန့်တိုင်းမှာ နေထိုင်ရန် အမှတ်ရဖို့ကူညီပေးပါတယ်။ ပစ္စုပ္ပန်ကာလ မှာ နေထိုင်ဖို့ ကူညီပေးနိုင်တဲ့ အကောင်းဆုံးစကားလက်ဆောင်များကို စာရင်းပြုစုထားပါတယ်။

( ၁ ) အတိတ်မှာလည်း မနေပါနဲ့။ အနာဂတ် ကိုလည်း မျှော်တွေးမနေနဲ့။ လက်ရှိ ပစ္စုပ္ပန်ကာလ ကိုပဲ စိတ်ထဲမှာ အာရုံစိုက်ထားပါ။ – ဗုဒ္ဓ

( ၂ ) လူအများစုက ပစ္စုပ္ပန်ကာလ မှာ လုံးဝအပြည့်အစုံ မနေထိုင်ကြပါ။ ဘာကြောင့်ဆို နောက်ဖြစ်လာမယ့်အရာတွေက လက်ရှိကာလထက် ပိုအရေးကြီးတယ်လို့ ယုံကြည်ကြလို့ပဲဖြစ်တယ်။ ဒါပေမယ့် ပစ္စုပ္ပန် မဟုတ်တဲ့ အနာဂတ် ကာလကိုပဲ မျှော်ကြည့်ပြီး အသက်ရှင်နေထိုင်မယ်ဆို မင်းဘဝတစ်ခုလုံး လုံးဝလွဲချော်သွားနိုင်ပါတယ်။ ပြီးတော့ ဘဝဆိုတာက လက်ရှိဖြစ်တည်နေတဲ့ အချိန်တိုင်းပဲ ဆိုတဲ့ လျှို့ဝှက်ချက်ကို မင်းနားလည်ထားဖို့ လိုပါတယ်။( ၃ ) စိတ်ဓာတ်ကျနေရင် မင်းက အတိတ်မှာ နေနေလို့ပဲဖြစ်တယ်။ စိတ်ရှုပ်နေရင် မင်းက အနာဂတ်မှာ နေနေလို့ပဲဖြစ်တယ်။ ငြိမ်းချမ်းနေတယ်ဆိုရင်တော့ မင်းက ပစ္စုပ္ပန်ကာလမှာ နေနေလို့ပဲဖြစ်တယ်။ – Lao Tzu

( ၄ ) လက်ရှိကိုပဲ အာရုံစိုက်လေ့လာပါ။ အတိတ်ကို ပြန်ပြောင်းလဲလို့မရပါ ။ မင်းက နောက်ထပ်အမှားတွေ ထပ်မကျူးလွန်ရင်တောင်မှ ထိုအပေါ်မှာ အကျိုးသက်ရောက်ဖို့ အသုံးမဝင်လို့ပဲဖြစ်တယ်။ အနာဂတ်ဆိုတာ ဒီနေ့လုပ်ဆောင်ချက်တွေရဲ့ အဖြေပဲဖြစ်တယ်။ ပစ္စုပ္ပန်ကာလမှာ ပိုကောင်းမွန်တဲ့ အရာတွေ လုပ်ဆောင်ရန် အတိတ်မှာ သင်ခန်းစာယူပါမှ အနာဂတ်မှာ အောင်မြင်လာနိုင်ပါမယ်။ – Jordan Lejuwaan

( ၅ ) လက်ရှိမှာ နေထိုင်ပါဆိုတဲ့ အဓိပ္ပာယ်က အတိတ်ကို ထွက်သွားခွင့်ပြုလိုက်ရန် နှင့် အနာဂတ်ကို စောင့်မနေနဲ့ ဆိုတဲ့ ဆိုလိုရင်းပဲဖြစ်တယ်။ – Oprah Winfrey

( ၆ ) ထူးခြားတဲ့ လူတွေဆိုတာ သူတို့တစ်ဘဝလုံးကို စတင်နေထိုင်ဖို့ စောင့်နေကြတဲ့သူတွေမဟုတ်ပါ။ – Eckhart Tolle

( ၇ )ပျော်ရွှင်မှုက အနာဂတ်အတွက် နှောင့်နှေးစေတဲ့အရာမဟုတ်ပါ။ လက်ရှိအတွက် မင်းပုံဖော် နိုင်ဖို့အရာပဲဖြစ်တယ်။ – Jim Rohn

( ၈ ) တည်ရှိနေတာသည် လက်ရှိမှာ နေနေခြင်းမဟုတ်ပါ။ စိတ်က ပစ္စုပ္ပန်ဘယ်တော့မှ မရှိပါ။ လက်ရှိကာလမှာသာ နေထိုင်ပြီး စိတ်ကတော့ လက်ရှိမှာ ပါမလာပါ။ မင်းအတွင်းမှာ ရှိနေတဲ့ ကောင်းကင်တစ်ခုလုံးက အတွေးတွေ၊ တိမ်တိုက်တွေ ပျောက်ဆုံးနေပါတယ်။ စိတ်မရှိတဲ့ ကမ္ဘာလို့ ကျွန်တော် ခေါ်မိတယ်။ – Osho

( ၉ ) မင်းက လက်ရှိကာလကို တန်ဖိုးထားခဲ့မယ်ဆို မပျော်ရှွင်မှုတွေ၊ ရုန်းကန်နေရာတာတွေ ပြေလည်သွားပါလိမ့်မယ်။ ဘဝထဲမှာ သာယာမှုတွေပဲစီးဆင်နေလိမ့်မယ်။ လက်ရှိကာလကိုသာ သတိမူလိုက်မယ်ဆို ရိုးရှင်းတဲ့ အရာလေးတစ်ခုလုပ်ဆောင်ရင်တောင်မှ အချစ်တွေ၊ဂရုစိုက်မှုတွေ စတဲ့ အရည်အသွေးတွေ ပေါ်ပေါက်လာပါလိမ့်မယ်။

( ၁၀ ) ကျွန်တော် အနာဂတ်ကို ဘယ်တော့မှ မတွေးခဲ့ပါ။ မနက်ဖြန်အတွက်တောင် မတွေးခဲ့ဘူး။ နောက်ထပ်အခြေအနေအတွက်တောင်မှ မတွေးခဲ့ဘူး။ အချိန်တန်ရင် ရောက်လာလိမ့်မယ်ပဲ တွေးခဲ့တယ်။ လူတွေ အနာဂတ်ကိုတွေးလိုက်မယ်ဆို စိုးရိမ်စရာတွေ ၊ သူ့ကို စိတ်သက်သာစေတာတွေ ပျော်ရှွင်စရာတွေ ဘယ်တော့မှ ခွင့်ပြုလိမ့်မှာ မဟုတ်ပါ။ -Osho

( ၁၁ ) အခိုက်အတန့်တိုင်း ပျော်ပျော်နေပါ ဒါဆို လုံလောက်ပါပြီ။ အခိုက်အတန့်တိုင်းက ကျွန်တော်တို့လိုအပ်တဲ့ အရာတွေပဲဖြစ်တယ်။ -Mother Teresa

(၁၂ ) ဘယ်နေရာမှာ မင်းရှိနေပါစေ အဲ့ဒါက ပြည့်စုံစေပါတယ်။ မင်းကို မပျော်ရှွင်အောင်လုပ်နေတဲ့ အရာတွေကို တွေ့ရှိခဲ့မယ်ဆိုရင် မင်းမှာ ရွေးချယ်စရာ သုံးခုရှိပါတယ်။ ထိုအခြေအနေကနေ မင်းကိုယ်တိုင်ထွက်ခွာလိုက်ပါ။ ပြောင်းလဲလိုက်ပါ။ အပြည့်အဝလက်ခံလိုက်ပါ။ မင်းဘဝအတွက် တာဝန်ယူမှုပြုလုပ်ချင်တယ်ဆိုရင် ထိုသုံးခုထဲမှ တစ်ခုကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အဖြစ်အပျက်တွေကို လက်ခံလိုက်ပါ။ – Eckhart Tolle

( ၁၃ ) အခိုက်အတန့်များကို ဆွဲဆောင်ဖို့ အကောင်းဆုံးနည်းလမ်းသည် အာရုံစူးစိုက်မှုပေးရန်ဖြစ်တယ်။ ကျွန်တော်တို့စိတ်ထဲပြည့်ကျပ်နေတဲ့အရာတွေကို ပျိုးထောင်ခြင်းပဲဖြစ်တယ်။ – Jon Kabat Zinn

( ၁၄ ) ဆန္ဒတိုင်းကို အတိတ်ကမွေးထုတ်လိုက်ခြင်းဖြစ်တယ်။ ဆန္ဒတိုင်းက အနာဂတ်အတွက် အစီအစဉ်တွေပဲဖြစ်တယ်။ အတိတ်နှင့် အနာဂတ်က မင်းရဲ့စိတ်တစ်ခုလုံးကို ပေါင်းစပ်ပါတယ်။ မင်းရဲ့စိတ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ပါ။ ထိုအရာတွေက ငြိမ်းချမ်းမှာ မဟုတ်ပါ။ မင်းအနေနဲ့ အတိတ်နဲ့ အနာဂတ်ဆိုတဲ့ အရာနှစ်ခုကိုသာ တွေ့လိမ့်မှာ ဖြစ်တယ်။ လက်ရှိဆိုတဲ့ကာလကို မြူမှုန်တစ်မှုန်လေးတောင် ရှာတွေ့မှာ မဟုတ်ပါ။ လက်ရှိဆိုတာ တကယ့်အစစ်အမှန်မျှသာဖြစ်တယ်။ တည်ရှိမှုတစ်ခုမျှသာဖြစ်တယ်။ -Osho

( ၁၅ ) လက်ရှိကာလဟာ အရမ်းကျဉ်းမြောင်းပြီး ထိုအကြောင်းတွေးဖို့အတွက် နေရာလပ်တောင်မရှိပါ။ မင်းက ဖြစ်နိုင်ပေမယ့်လည်း အတွေးများကတော့ မဖြစ်နိုင်ပါ။ မင်းဘယ်လိုတွေးပါသလဲ။ တကယ်လို့ မင်းတွေးနေတယ်ဆို ဒါကကျော်လွန်ခဲ့ပြီးဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်။ လက်ရှိက ပျောက်ကွယ်သွားပြီ။ ဒါမှမဟုတ် မဖြစ်လာသေးတဲ့ အရာတွေကို တွေးနိုင်ခဲ့တယ်ဆိုရင်တော့ အနာဂတ်ကို ရောက်နေတာပဲဖြစ်တယ်။

( ၁၆ ) မင်းမှာရှိတဲ့ လက်ရှိကာလကို နက်နက်ရှိုင်းရှိုင်းယုံကြည်ပါ။ မင်းဘဝရဲ့ဦးစားပေးတဲ့ အရာတွေကို ယခုပဲ အာရုံစိုက်လိုက်ပါ။ – Eckhart Tolle

( ၁၇ ) မင်းရဲ့တည်ရှိမှုကို နည်းနည်းလောက် အမှတ်ရှိအောင် ဆောင်ကျဉ်းလာပါ။ အပြုအမူတစ်ခုစိီတိုင်းမှာ မင်းလက်ရှိပြုလုပ်နေတာထက် တစ်ဖြည်းဖြည်းလျော့နည်းလာမှာ ဖြစ်တယ်။ မင်းလမ်းလျှောက်မယ်ဆို စက်ရုပ်လို မလျှောက်ပါနဲ့။ လျှောက်နေကြအတိုင်းလည်းမလျှောက်ပါနဲ့။ သတိမှန်မှန်ထားပြီး ဖြေးဖြေးနဲ့ မှန်မှန်လျှောက်ပါ။ – Osho

(၁၈) ဘဝဟာ အမှတ်တရတွေပါပဲ။ လက်ရှိအရာတစ်ခုကလွဲရင် ကျန်တဲ့အရာတွေကို ဖမ်းဖို့မမီနိုင်လောက်အောင် လျင်လျင်မြန်မြန် ပျောက်ကွယ်သွားလို့ပဲဖြစ်တယ်။

(၁၉) ပိုကောင်းတဲ့ အနာဂတ်တစ်ခုဖန်တီးဖို့အတွက် စွမ်းအင်က လက်ရှိကာလလည်း ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုဖန်တီးဖို့ဆို လက်ရှိကို ကောင်းမွန်အောင် ဖန်တီးမှ ဖြစ်မယ်။ – Eckhart Tolle

(၂၀) တကယ်လို့လက်ရှိကာလမှာသာ နေထိုင်နေမယ်ဆို ဘဝက မင်းအလိုရှိတဲ့ အရာတွေကိုပြုလုပ်ရန် အချိန်များစွာ ပေးပါတယ်။ -Deepak Chopra

——————————————————————————————————————————-

မနေ့က သမိုင်းဖြစ်ပြီး မနက်ဖြန်က ပဟေဠိတွေပဲဖြစ်တယ်။ ဒါက ဘယ်လောက်ကောင်းလိုက်တဲ့ စကားလေးပါလိမ့်။
ယခုလို ရှုပ်ထွေးလှတဲ့ကမ္ဘာကြီးထဲမှာ ထိုအတိုင်း လုပ်ဆောင်ဖို့က ခက်ခဲနိုင်ပါတယ်။ သတိကြီးကြီးမထားဘဲ ဘဝကို တစ်ဟုန်ထိုးပြေးလွှားဖြတ်သန်းဖို့က လွယ်ပါတယ်။

ကျွန်တော်တို့ရဲ့စိတ်ထဲမှာ နောက်ထပ်ရောက်လာမယ့်အရာတွေ နဲ့ အတိတ်မှာ ဖြစ်ပျက်ခဲ့တဲ့ အရာတွေအပေါ်မှာ အာရုံစိုက်ပုံပေါ်ပါတယ်။
လက်ရှိကာလမှာ နေထိုင်ခြင်းက မင်းကိုကူညီပေးမယ့် အားကောင်းတဲ့ စွမ်းအင်တစ်ခုဖြစ်တယ်ဆိုတာ အမှတ်ရပါ။

စိတ်ထဲမှာ အလိုလိုသိနေတဲ့ အရာတွေနဲ့ တရားထိုင်လေ့ကျင့်ခြင်းက ကြားဖူးသမျှထဲမှာတော့ ပိုပြီး နာမည်ကြီးနေပါတယ်။
တတ်နိုင်သမျှ ထိုအခိုက်အတန့်တိုင်းမှာ နေထိုင်ရန် အမှတ်ရဖို့ကူညီပေးပါတယ်။ ပစ္စုပ္ပန်ကာလ မှာ နေထိုင်ဖို့ ကူညီပေးနိုင်တဲ့ အကောင်းဆုံးစကားလက်ဆောင်များကို စာရင်းပြုစုထားပါတယ်။

( ၁ ) အတိတ်မှာလည်း မနေပါနဲ့။ အနာဂတ် ကိုလည်း မျှော်တွေးမနေနဲ့။ လက်ရှိ ပစ္စုပ္ပန်ကာလ ကိုပဲ စိတ်ထဲမှာ အာရုံစိုက်ထားပါ။ – ဗုဒ္ဓ

( ၂ ) လူအများစုက ပစ္စုပ္ပန်ကာလ မှာ လုံးဝအပြည့်အစုံ မနေထိုင်ကြပါ။ ဘာကြောင့်ဆို နောက်ဖြစ်လာမယ့်အရာတွေက လက်ရှိကာလထက် ပိုအရေးကြီးတယ်လို့ ယုံကြည်ကြလို့ပဲဖြစ်တယ်။ ဒါပေမယ့် ပစ္စုပ္ပန် မဟုတ်တဲ့ အနာဂတ် ကာလကိုပဲ မျှော်ကြည့်ပြီး အသက်ရှင်နေထိုင်မယ်ဆို မင်းဘဝတစ်ခုလုံး လုံးဝလွဲချော်သွားနိုင်ပါတယ်။ ပြီးတော့ ဘဝဆိုတာက လက်ရှိဖြစ်တည်နေတဲ့ အချိန်တိုင်းပဲ ဆိုတဲ့ လျှို့ဝှက်ချက်ကို မင်းနားလည်ထားဖို့ လိုပါတယ်။

( ၃ ) စိတ်ဓာတ်ကျနေရင် မင်းက အတိတ်မှာ နေနေလို့ပဲဖြစ်တယ်။ စိတ်ရှုပ်နေရင် မင်းက အနာဂတ်မှာ နေနေလို့ပဲဖြစ်တယ်။ ငြိမ်းချမ်းနေတယ်ဆိုရင်တော့ မင်းက ပစ္စုပ္ပန်ကာလမှာ နေနေလို့ပဲဖြစ်တယ်။ – Lao Tzu

( ၄ ) လက်ရှိကိုပဲ အာရုံစိုက်လေ့လာပါ။ အတိတ်ကို ပြန်ပြောင်းလဲလို့မရပါ ။ မင်းက နောက်ထပ်အမှားတွေ ထပ်မကျူးလွန်ရင်တောင်မှ ထိုအပေါ်မှာ အကျိုးသက်ရောက်ဖို့ အသုံးမဝင်လို့ပဲဖြစ်တယ်။ အနာဂတ်ဆိုတာ ဒီနေ့လုပ်ဆောင်ချက်တွေရဲ့ အဖြေပဲဖြစ်တယ်။ ပစ္စုပ္ပန်ကာလမှာ ပိုကောင်းမွန်တဲ့ အရာတွေ လုပ်ဆောင်ရန် အတိတ်မှာ သင်ခန်းစာယူပါမှ အနာဂတ်မှာ အောင်မြင်လာနိုင်ပါမယ်။ – Jordan Lejuwaan

( ၅ ) လက်ရှိမှာ နေထိုင်ပါဆိုတဲ့ အဓိပ္ပာယ်က အတိတ်ကို ထွက်သွားခွင့်ပြုလိုက်ရန် နှင့် အနာဂတ်ကို စောင့်မနေနဲ့ ဆိုတဲ့ ဆိုလိုရင်းပဲဖြစ်တယ်။ – Oprah Winfrey

( ၆ ) ထူးခြားတဲ့ လူတွေဆိုတာ သူတို့တစ်ဘဝလုံးကို စတင်နေထိုင်ဖို့ စောင့်နေကြတဲ့သူတွေမဟုတ်ပါ။ – Eckhart Tolle

( ၇ )ပျော်ရွှင်မှုက အနာဂတ်အတွက် နှောင့်နှေးစေတဲ့အရာမဟုတ်ပါ။ လက်ရှိအတွက် မင်းပုံဖော် နိုင်ဖို့အရာပဲဖြစ်တယ်။ – Jim Rohn

( ၈ ) တည်ရှိနေတာသည် လက်ရှိမှာ နေနေခြင်းမဟုတ်ပါ။ စိတ်က ပစ္စုပ္ပန်ဘယ်တော့မှ မရှိပါ။ လက်ရှိကာလမှာသာ နေထိုင်ပြီး စိတ်ကတော့ လက်ရှိမှာ ပါမလာပါ။ မင်းအတွင်းမှာ ရှိနေတဲ့ ကောင်းကင်တစ်ခုလုံးက အတွေးတွေ၊ တိမ်တိုက်တွေ ပျောက်ဆုံးနေပါတယ်။ စိတ်မရှိတဲ့ ကမ္ဘာလို့ ကျွန်တော် ခေါ်မိတယ်။ – Osho

( ၉ ) မင်းက လက်ရှိကာလကို တန်ဖိုးထားခဲ့မယ်ဆို မပျော်ရွှင်မှုတွေ၊ ရုန်းကန်နေရာတာတွေ ပြေလည်သွားပါလိမ့်မယ်။ ဘဝထဲမှာ သာယာမှုတွေပဲစီးဆင်နေလိမ့်မယ်။ လက်ရှိကာလကိုသာ သတိမူလိုက်မယ်ဆို ရိုးရှင်းတဲ့ အရာလေးတစ်ခုလုပ်ဆောင်ရင်တောင်မှ အချစ်တွေ၊ဂရုစိုက်မှုတွေ စတဲ့ အရည်အသွေးတွေ ပေါ်ပေါက်လာပါလိမ့်မယ်။

( ၁၀ ) ကျွန်တော် အနာဂတ်ကို ဘယ်တော့မှ မတွေးခဲ့ပါ။ မနက်ဖြန်အတွက်တောင် မတွေးခဲ့ဘူး။ နောက်ထပ်အခြေအနေအတွက်တောင်မှ မတွေးခဲ့ဘူး။ အချိန်တန်ရင် ရောက်လာလိမ့်မယ်ပဲ တွေးခဲ့တယ်။ လူတွေ အနာဂတ်ကိုတွေးလိုက်မယ်ဆို စိုးရိမ်စရာတွေ ၊ သူ့ကို စိတ်သက်သာစေတာတွေ ပျော်ရွှင်စရာတွေ ဘယ်တော့မှ ခွင့်ပြုလိမ့်မှာ မဟုတ်ပါ။ -Osho

( ၁၁ ) အခိုက်အတန့်တိုင်း ပျော်ပျော်နေပါ ဒါဆို လုံလောက်ပါပြီ။ အခိုက်အတန့်တိုင်းက ကျွန်တော်တို့လိုအပ်တဲ့ အရာတွေပဲဖြစ်တယ်။ -Mother Teresa

(၁၂ ) ဘယ်နေရာမှာ မင်းရှိနေပါစေ အဲ့ဒါက ပြည့်စုံစေပါတယ်။ မင်းကို မပျော်ရွှင်အောင်လုပ်နေတဲ့ အရာတွေကို တွေ့ရှိခဲ့မယ်ဆိုရင် မင်းမှာ ရွေးချယ်စရာ သုံးခုရှိပါတယ်။ ထိုအခြေအနေကနေ မင်းကိုယ်တိုင်ထွက်ခွာလိုက်ပါ။ ပြောင်းလဲလိုက်ပါ။ အပြည့်အဝလက်ခံလိုက်ပါ။ မင်းဘဝအတွက် တာဝန်ယူမှုပြုလုပ်ချင်တယ်ဆိုရင် ထိုသုံးခုထဲမှ တစ်ခုကို ရွေးချယ်ရမှာဖြစ်ပါတယ်။ အဖြစ်အပျက်တွေကို လက်ခံလိုက်ပါ။ – Eckhart Tolle

( ၁၃ ) အခိုက်အတန့်များကို ဆွဲဆောင်ဖို့ အကောင်းဆုံးနည်းလမ်းသည် အာရုံစူးစိုက်မှုပေးရန်ဖြစ်တယ်။ ကျွန်တော်တို့စိတ်ထဲပြည့်ကျပ်နေတဲ့အရာတွေကို ပျိုးထောင်ခြင်းပဲဖြစ်တယ်။ – Jon Kabat Zinn

( ၁၄ ) ဆန္ဒတိုင်းကို အတိတ်ကမွေးထုတ်လိုက်ခြင်းဖြစ်တယ်။ ဆန္ဒတိုင်းက အနာဂတ်အတွက် အစီအစဉ်တွေပဲဖြစ်တယ်။ အတိတ်နှင့် အနာဂတ်က မင်းရဲ့စိတ်တစ်ခုလုံးကို ပေါင်းစပ်ပါတယ်။ မင်းရဲ့စိတ်ကို ခွဲခြမ်းစိတ်ဖြာကြည့်ပါ။ ထိုအရာတွေက ငြိမ်းချမ်းမှာ မဟုတ်ပါ။ မင်းအနေနဲ့ အတိတ်နဲ့ အနာဂတ်ဆိုတဲ့ အရာနှစ်ခုကိုသာ တွေ့လိမ့်မှာ ဖြစ်တယ်။ လက်ရှိဆိုတဲ့ကာလကို မြူမှုန်တစ်မှုန်လေးတောင် ရှာတွေ့မှာ မဟုတ်ပါ။ လက်ရှိဆိုတာ တကယ့်အစစ်အမှန်မျှသာဖြစ်တယ်။ တည်ရှိမှုတစ်ခုမျှသာဖြစ်တယ်။ -Osho

( ၁၅ ) လက်ရှိကာလဟာ အရမ်းကျဉ်းမြောင်းပြီး ထိုအကြောင်းတွေးဖို့အတွက် နေရာလပ်တောင်မရှိပါ။ မင်းက ဖြစ်နိုင်ပေမယ့်လည်း အတွေးများကတော့ မဖြစ်နိုင်ပါ။ မင်းဘယ်လိုတွေးပါသလဲ။ တကယ်လို့ မင်းတွေးနေတယ်ဆို ဒါကကျော်လွန်ခဲ့ပြီးဖြစ်တယ်လို့ဆိုလိုခြင်းဖြစ်တယ်။ လက်ရှိက ပျောက်ကွယ်သွားပြီ။ ဒါမှမဟုတ် မဖြစ်လာသေးတဲ့ အရာတွေကို တွေးနိုင်ခဲ့တယ်ဆိုရင်တော့ အနာဂတ်ကို ရောက်နေတာပဲဖြစ်တယ်။

( ၁၆ ) မင်းမှာရှိတဲ့ လက်ရှိကာလကို နက်နက်ရှိုင်းရှိုင်းယုံကြည်ပါ။ မင်းဘဝရဲ့ဦးစားပေးတဲ့ အရာတွေကို ယခုပဲ အာရုံစိုက်လိုက်ပါ။ – Eckhart Tolle

( ၁၇ ) မင်းရဲ့တည်ရှိမှုကို နည်းနည်းလောက် အမှတ်ရှိအောင် ဆောင်ကျဉ်းလာပါ။ အပြုအမူတစ်ခုစိီတိုင်းမှာ မင်းလက်ရှိပြုလုပ်နေတာထက် တစ်ဖြည်းဖြည်းလျော့နည်းလာမှာ ဖြစ်တယ်။ မင်းလမ်းလျှောက်မယ်ဆို စက်ရုပ်လို မလျှောက်ပါနဲ့။ လျှောက်နေကြအတိုင်းလည်းမလျှောက်ပါနဲ့။ သတိမှန်မှန်ထားပြီး ဖြေးဖြေးနဲ့ မှန်မှန်လျှောက်ပါ။ – Osho

(၁၈) ဘဝဟာ အမှတ်တရတွေပါပဲ။ လက်ရှိအရာတစ်ခုကလွဲရင် ကျန်တဲ့အရာတွေကို ဖမ်းဖို့မမီနိုင်လောက်အောင် လျင်လျင်မြန်မြန် ပျောက်ကွယ်သွားလို့ပဲဖြစ်တယ်။

(၁၉) ပိုကောင်းတဲ့ အနာဂတ်တစ်ခုဖန်တီးဖို့အတွက် စွမ်းအင်က လက်ရှိကာလလည်း ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ အနာဂတ်တစ်ခုဖန်တီးဖို့ဆို လက်ရှိကို ကောင်းမွန်အောင် ဖန်တီးမှ ဖြစ်မယ်။ – Eckhart Tolle

(၂၀) တကယ်လို့လက်ရှိကာလမှာသာ နေထိုင်နေမယ်ဆို ဘဝက မင်းအလိုရှိတဲ့ အရာတွေကိုပြုလုပ်ရန် အချိန်များစွာ ပေးပါတယ်။ -Deepak Chopra

Education, Lifestyle