POINT Youth Platform မိတ်ဆက်ပွဲကို အမေရိကန်စင်တာတွင် ကျင်းပ

#POINTYouthPlatform #POINT

ကိုယ်ပိုင်စီးပွားရေး စတင်လုပ်ကိုင်လိုသူများ၊ တိုးတက်မှုလမ်းစ ရှာဖွေနေသူ လူငယ်များအတွက် အခွင့်အလမ်းများ ဝေမျှရာနှင့် ချိတ်ဆက်ပေးရာ Platform တစ်ခု ဖြစ်သော POINT Youth Platform မိတ်ဆက်ပွဲကို ဇွန်လ ၃၀ ရက်နေ့တွင် အမေရိကန်စင်တာတွင် ကျင်းပခဲ့သည်။

POINT Youth Platform သည် လူငယ်လုပ်ငန်းရှင်များ သိသင့်သိထိုက်သော သတင်းအချက် အလက်များနှင့် ဗဟုသုတရဖွယ် အကြောင်းအရာများကို လက်ရှိအချိန်တွင် Digital Media အဖြစ် တင်ဆင်ပေးခြင်း၊ စီးပွားရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပိုမိုပြုလုပ်နိုင်ရန် Networking event များနှင့် အသိအမြင် တိုးတက်စေရန်  ဟောပြောဆွေးနွေးပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း POINT Youth Platform ၏ တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာဖြစ်သူ မရတနာက ပြောသည်။

“ဒီမိုကရေစီအစိုးရ ကူးပြောင်းပြီးနောက်ပိုင်း မီဒီယာလွတ်လပ်ခွင့်ရရှိပြီး သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများစွာထုတ်လာကြပေမယ့် လတ်တလောဖြစ်ပျက်တဲ့သတင်းတွေ (breaking news)ကိုသာ ဦးစားပေးထုတ်ဝေတဲ့ စာစောင်တွေ ဖြစ်ပြီး Scholar Journal တွေက နည်းနေပါသေးတယ်။ လူငယ်တစ်ဦးအနေနဲ့ အားလပ်ချိန်မှာ ဖတ်သင့်တဲ့ အကျိုးရှိတဲ့ စာစောင်တစ်ခုအနေနဲ့ POINT ကို ရည်ရွယ်ထုတ်ဝေခြင်း ဖြစ်ပါတယ်”ဟု သူကပြောပါတယ်။

POINT Digital Media ကို တိုးတက်လိုသော လူငယ်မျာအတွက် သတင်းအချက်အလက်ပေးရန် နှင့် ပညာပေးရန် ရည်ရွယ်ချက်များဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး လူငယ်များ ဖတ်ရှုရပိုမိုလွယ်ကူစေရန်နှင့် ငွေကုန်ကြေးကျသက်သာစေရန် ဒီဂျစ်တယ်မီဒီယာအနေဖြင့်သာ ထုတ်ဝေမည်ဖြစ်ကြောင်း မရတနာကပြောသည်။

ဒီဂျစ်တယ်မီဒီယာတွင် ကိုယ်ပိုင်စီးပွားရေးစတင်လုပ်ကိုင်လိုသူ လူငယ်များအတွက် သိသင့်သိထိုက်သော စီးပွားရေးဆိုင်ရာ သတင်းများ၊ လုပ်ငန်းခွင်တိုးတက်ရေး နည်းဗျူဟာများ၊ ပညာရေးနှင့် သက်ဆိုင်သော သတင်းများ၊ နိုင်ငံတကာ ပညာသင်ဆုများ၊ မြန်မာ့လူငယ် လုပ်ငန်းရှင်များ၏ ဘဝနှင့် ကြိုးစားရုန်းကန်နေသော လူငယ်များ၏ ဘဝဇာတ်ကြောင်းများကို တင်ဆက်ပေးလျက်ရှိကြောင်း သူက ပြောသည်။

ထို့ပြင် POINT Platform ကို အမေရိကန်သံရုံးမှ ပေးအပ်သော YSEALI Social Enterprise and Economic Development Fellowship ရရှိခြင်းမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း မရတနာ ကပြောသည်။

“Youth Magazine တစ်ခု စတင်တည်ထောင်မယ်ဆိုတဲ့ အိုင်ဒီယာနဲ့ YSEALI SEED fellowship မှာ ရွေးချယ်ခံခဲ့ရပါတယ်။ ၆ လ ကြာမြင့်တဲ့ အွန်လိုင်းပညာသင်ကြားရေးနဲ့ အသေးစားစီးပွားရေးတစ်ခု ဘယ်လိုတည်ထောင်ရတယ်ဆိုတာ သင်ကြားခဲ့ရပါတယ်။ အမေရိကန်နိုင်ငံက အသေးစားစီးပွားရေးလုပ်ငန်းတွေအကြောင်းကိုလည်း University of Connecticut မှာနေပြီး ငါးပတ်တာလေ့လာခွင့်ရခဲ့ပါတယ်”ဟု သူကပြောသည်။

A nation cannot develop without developing the youths (လူငယ်များကို ဖွံ့ဖြိုးတိုးတက်အောင် မပြုလုပ်ဘဲနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်)ဟု ယုံကြည်ထားတဲ့အတွက် လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်တစ်ဦးအဖြစ် တစ်ခန်းတဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း POINT Youth Platform ၏ Co-founder and Director ကိုမိုရ်လွင်ကပြောသည်။

“တစ်ခြားနိုင်ငံတွေမှာ လူငယ်တွေအတွက် Incubation Center တွေ များပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ သိပ်မရှိသေးပါဘူး။ POINT ကို လူငယ်တွေအကုန်ပါဝင်နိုင်မယ့် Incubation Center မျိုး ဖြစ်အောင် ဆောင်ရွက်သွားပါမယ်”ဟု သူက ပြောသည်။

*** Unicode ***

#POINTYouthPlatform #POINT

ကိုယ်ပိုင်စီးပွားရေး စတင်လုပ်ကိုင်လိုသူများ၊ တိုးတက်မှုလမ်းစ ရှာဖွေနေသူ လူငယ်များအတွက် အခွင့်အလမ်းများ ဝေမျှရာနှင့် ချိတ်ဆက်ပေးရာ Platform တစ်ခု ဖြစ်သော POINT Youth Platform မိတ်ဆက်ပွဲကို ဇွန်လ ၃၀ ရက်နေ့တွင် အမေရိကန်စင်တာတွင် ကျင်းပခဲ့သည်။

POINT Youth Platform သည် လူငယ်လုပ်ငန်းရှင်များ သိသင့်သိထိုက်သော သတင်းအချက် အလက်များနှင့် ဗဟုသုတရဖွယ် အကြောင်းအရာများကို လက်ရှိအချိန်တွင် Digital Media အဖြစ် တင်ဆင်ပေးခြင်း၊ စီးပွားရေးဆိုင်ရာ ချိတ်ဆက်ဆောင်ရွက်ခြင်းများ ပိုမိုပြုလုပ်နိုင်ရန် Networking event များနှင့် အသိအမြင် တိုးတက်စေရန်  ဟောပြောဆွေးနွေးပွဲများကိုလည်း ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း POINT Youth Platform ၏ တည်ထောင်သူနှင့် မန်နေဂျင်းဒါရိုက်တာဖြစ်သူ မရတနာက ပြောသည်။

“ဒီမိုကရေစီအစိုးရ ကူးပြောင်းပြီးနောက်ပိုင်း မီဒီယာလွတ်လပ်ခွင့်ရရှိပြီး သတင်းစာ၊ ဂျာနယ်၊ မဂ္ဂဇင်းများစွာထုတ်လာကြပေမယ့် လတ်တလောဖြစ်ပျက်တဲ့သတင်းတွေ (breaking news)ကိုသာ ဦးစားပေးထုတ်ဝေတဲ့ စာစောင်တွေ ဖြစ်ပြီး Scholar Journal တွေက နည်းနေပါသေးတယ်။ လူငယ်တစ်ဦးအနေနဲ့ အားလပ်ချိန်မှာ ဖတ်သင့်တဲ့ အကျိုးရှိတဲ့ စာစောင်တစ်ခုအနေနဲ့ POINT ကို ရည်ရွယ်ထုတ်ဝေခြင်း ဖြစ်ပါတယ်”ဟု သူကပြောပါတယ်။

POINT Digital Media ကို တိုးတက်လိုသော လူငယ်မျာအတွက် သတင်းအချက်အလက်ပေးရန် နှင့် ပညာပေးရန် ရည်ရွယ်ချက်များဖြင့် ထုတ်ဝေခြင်းဖြစ်ပြီး လူငယ်များ ဖတ်ရှုရပိုမိုလွယ်ကူစေရန်နှင့် ငွေကုန်ကြေးကျသက်သာစေရန် ဒီဂျစ်တယ်မီဒီယာအနေဖြင့်သာ ထုတ်ဝေမည်ဖြစ်ကြောင်း မရတနာကပြောသည်။

ဒီဂျစ်တယ်မီဒီယာတွင် ကိုယ်ပိုင်စီးပွားရေးစတင်လုပ်ကိုင်လိုသူ လူငယ်များအတွက် သိသင့်သိထိုက်သော စီးပွားရေးဆိုင်ရာ သတင်းများ၊ လုပ်ငန်းခွင်တိုးတက်ရေး နည်းဗျူဟာများ၊ ပညာရေးနှင့် သက်ဆိုင်သော သတင်းများ၊ နိုင်ငံတကာ ပညာသင်ဆုများ၊ မြန်မာ့လူငယ် လုပ်ငန်းရှင်များ၏ ဘဝနှင့် ကြိုးစားရုန်းကန်နေသော လူငယ်များ၏ ဘဝဇာတ်ကြောင်းများကို တင်ဆက်ပေးလျက်ရှိကြောင်း သူက ပြောသည်။

ထို့ပြင် POINT Platform ကို အမေရိကန်သံရုံးမှ ပေးအပ်သော YSEALI Social Enterprise and Economic Development Fellowship ရရှိခြင်းမှ စတင်တည်ထောင်ခဲ့ခြင်းဖြစ်ကြောင်း မရတနာ ကပြောသည်။

“Youth Magazine တစ်ခု စတင်တည်ထောင်မယ်ဆိုတဲ့ အိုင်ဒီယာနဲ့ YSEALI SEED fellowship မှာ ရွေးချယ်ခံခဲ့ရပါတယ်။ ၆ လ ကြာမြင့်တဲ့ အွန်လိုင်းပညာသင်ကြားရေးနဲ့ အသေးစားစီးပွားရေးတစ်ခု ဘယ်လိုတည်ထောင်ရတယ်ဆိုတာ သင်ကြားခဲ့ရပါတယ်။

အမေရိကန်နိုင်ငံက အသေးစားစီးပွားရေးလုပ်ငန်းတွေအကြောင်းကိုလည်း University of Connecticut မှာနေပြီး ငါးပတ်တာလေ့လာခွင့်ရခဲ့ပါတယ်”ဟု သူကပြောသည်။

A nation cannot develop without developing the youths (လူငယ်များကို ဖွံ့ဖြိုးတိုးတက်အောင် မပြုလုပ်ဘဲနဲ့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်မှာ မဟုတ်)ဟု ယုံကြည်ထားတဲ့အတွက် လူငယ်များ ဖွံ့ဖြိုးတိုးတက်စေရန် လူငယ်တစ်ဦးအဖြစ် တစ်ခန်းတဏ္ဍမှ ပါဝင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း POINT Youth Platform ၏ Co-founder and Director ကိုမိုရ်လွင်ကပြောသည်။

“တစ်ခြားနိုင်ငံတွေမှာ လူငယ်တွေအတွက် Incubation Center တွေ များပေမယ့် ကျွန်တော်တို့နိုင်ငံမှာတော့ သိပ်မရှိသေးပါဘူး။ POINT ကို လူငယ်တွေအကုန်ပါဝင်နိုင်မယ့် Incubation Center မျိုး ဖြစ်အောင် ဆောင်ရွက်သွားပါမယ်”ဟု သူက ပြောသည်။

This slideshow requires JavaScript.

Point Youth Platform နှင့် ပတ်သက်ပြီး သူတို့၏အမြင်

Career, Current, Education, Insights, Startups

Leave a Reply

Your email address will not be published. Required fields are marked *