အင်္ဂလိပ်စာကို တစ်ကိုယ်တည်း ထိထိရောက်ရောက် လေ့လာနိုင်မယ့် နည်းလမ်းတွေ


အင်္ဂလိပ်စာ ပိုပြီးအရေးပါလာတဲ့ ဒီခေတ်မှာ အများနဲ့ရင်ဘောင် တန်းနိုင်အောင် လေ့လာဖို့ လိုအပ်လာပါတယ်။ ဒါပေမယ့် ဒီလိုလေ့လာတာဟာ ထင်သလောက် မလွယ်ကူပါဘူး။ ငွေ၊ အချိန်နဲ့ နေ့စဉ် သွားလာရတဲ့ကိစ္စတွေကလည်း မသေးလှပါဘူး။ ဒါကြောင့် အင်္ဂလိပ်စာကို ကိုယ့်ဘာသာကိုယ် လေ့လာနိုင်ရင် အကောင်းဆုံးပါ။ တစ်ခုပဲလိုပါတယ်။ ဒါကတော့ အင်္ဂလိပ်စာကို တကယ် စိတ်ဝင်စားမှုရှိ ဖို့ပါ။ ဒါဆိုရင် အချိန်ကုန်သက်သာပြီး ငွေကုန်ကြေးကျလည်း သက်သာ တဲ့ ကိုယ်တိုင်လေ့လာ နိုင်တဲ့နည်းလမ်းလေးတွေကို လေ့လာကြည့် လိုက်ပါ။

၁။ အင်္ဂလိပ်သီချင်း နားထောင်ပြီး စာသားတွေကို လေ့လာပါ

လူတိုင်းနီးပါး သီချင်းနားထောင်ရတာ ကြိုက်ပါတယ်။ သီချင်းနားထောင် တာဟာ အထိရောက်ဆုံး အင်္ဂလိပ်စာလေ့လာနည်းတွေထဲက တစ်ခုပါ။ အင်္ဂလိပ်သီချင်းတွေကို စွဲစွဲမြဲမြဲ နားထောင်ရင် အသံထွက်တွေကို နားယဉ်လာပြီး အနီးစပ်ဆုံး အသံထွက်ရအောင် လိုက်ဆိုလာနိုင်မှာပါ။ ကိုယ်ကြိုက်တဲ့ တေးဂီတအလိုက် ရွေးပြီးနားထောင်ရင် ပိုကောင်းပါ တယ်။ ကြိုက်တဲ့သီချင်းကို အင်တာနက်မှာ စာသား(Lyrics) ပါရအောင် download ဆွဲပြီး ကွန်ပြူတာနဲ့ ဖုန်းထဲမှာထည့်ပြီး အချိန်မရွေး နေရာမရွေး နားထောင်ပြီး လေ့ကျင့်နိုင်ပါတယ်။

၂။ ကိုယ့်အကြိုက် အင်္ဂလိပ်ကားတွေ ကြည့်ပါ

ကိုယ်ကြိုက်တဲ့ အင်္ဂလိပ်ကားရှိရင် အင်္ဂလိပ်စာတမ်းထိုးပါတဲ့ အခွေကို ရွေးဝယ်ပါ။ ဒီထဲမှာ နေ့စဉ်သုံးလို့ရတဲ့ အသုံးအနှုန်းတွေအများကြီး လေ့လာလို့ရပါတယ်။ အင်တာနက်မှာဆိုရင်လည်း ကိုယ်နှစ် သက်ရာ အကြောင်းအရာလေးတွေကို You Tube မှာ download ဆွဲလို့ရပါ တယ်။ တကယ်တော့ ရုပ်ရှင်တစ်ကားလောက်ဆိုရင်ကို လေ့လာစရာတွေ အများကြီးရှိပါတယ်။ ဒါကိုကြည့်ပြီး စကားပြောဟန်နဲ့ လေယူလေသိမ်းကိုပါ လေ့လာလို့ရပါတယ်။ ကိုယ့်သဘောကျတဲ့ သရုပ်ဆောင်တွေရဲ့ အင်တာဗျူးတွေကိုလည်း ကြည့်လို့ရပါတယ်။

၃။ တီဗီက အင်္ဂလိပ်လိုလွှင့်တဲ့ နိုင်ငံတကာသတင်းတွေကို ကြည့်ပါ

နိုင်ငံတကာသတင်းတွေကို အင်္ဂလိပ်လိုကြည့်တာဟာ သတင်းကြေညာ သူရဲ့ လေယူလေသိမ်းကို ကောင်းကောင်းနားယဉ်မှာဖြစ်သလို အသုံး အနှုန်းတွေကိုလည်း သိလာပါလိမ့်မယ်။ ပိုကောင်းတာက ဗဟုသုတ လည်း ရပြီး ဝေါဟာရလည်း ကြွယ်လာပါလိမ့်မယ်။ နားထောင်ထားတဲ့ အကြောင်းအရာ တစ်ခုခုကို ပြန်ပြောပြီး ပြန်ရေးတဲ့ အလေ့အထကို လုပ်ပြီး တစ်ယောက်ထဲ လေ့လာလို့ရပါတယ်။

၄။ Online က အင်္ဂလိပ် ဉာဏ်စမ်းတွေဖြေကြည့်ပြီး ကိုယ့်ရဲ့ Grammar ကို စစ်ဆေးပါ

ကိုယ့်ဘာသာလေ့လာတဲ့အခါမှာ ဘယ်လိုအမှားတွေရှိလဲဆိုတာကို လွယ်လွယ်မသိနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကျွမ်းကျင်မှုကို အလွယ်ကူ ဆုံး စစ်ဆေးနည်းက အွန်လိုင်းက အခမဲ့ အင်္ဂလိပ်စာ ဉာဏ်စမ်းမေးခွန်း တွေကို ဖြေတာဖြစ်ပါတယ်။ ဒါတွေကိုဖြေရင်း အင်္ဂလိပ်သဒ္ဒါ၊ ဝါကျ တည်ဆောက်ပုံနဲ့ ပတ်သက်တဲ့ အမှားတွေကို သိလာပြီး အရင်ထက် တိုးတက်လာမှာပါ။

၅။ အင်္ဂလိပ်လို Online Chatting လုပ်ပါ

အွန်လိုင်းမှာ ကိုယ်နဲ့သိပြီးသား သူငယ်ချင်း၊ မိတ်ဆွေဖြစ်ဖြစ် အသစ် သိလာတဲ့ သူတွေနဲ့ဖြစ်ဖြစ် စကားပြောရင် အင်္ဂလိပ်လိုပြောတဲ့ အလေ့ အကျင့် လုပ်ပါ။ ဒါက အင်္ဂလိပ်စာလေ့လာနေတယ်လို့ မထင်ရတဲ့ နည်းလမ်းပါ။ အင်္ဂလိပ်လိုရေးတာ များလာတာနဲ့အမျှ ကိုယ့်ရဲ့အရေး အသားလည်း တိုးတက်လာပါလိမ့်မယ်။ စိတ်လက်ပေါ့ပါးစွာ ပြောဆိုနေရတာဖြစ်လို့ ပျော်စရာကောင်းတဲ့လေ့လာနည်းတစ်ခုလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်လိုရေးတာကိုလည်း အကျွမ်းတဝင် ဖြစ်လာပါ လိမ့်မယ်။

၆။ အင်တာနက်မှာ အင်္ဂလိပ်လိုရေးထားတဲ့ သတင်း၊ E-book၊ ဆောင်းပါးနဲ့ မဂ္ဂဇင်းတွေ ဖတ်ပါ

အင်္ဂလိပ်စာလေ့လာတဲ့အခါမှာနားထောင်တာက အရေးပါသလို စာဖတ်တာကလည်း အရေးပါပါတယ်။ အမှန်တော့ နားထောင်တာနဲ့ ပြောတာက တစ်တွဲဖြစ်ပြီး ဖတ်တာနဲ့ ရေးတာက တစ်တွဲဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်အရေးအသား တိုးတက်ချင်ရင် အင်္ဂလိပ်လိုရေးထားတဲ့အကြောင်းအရာတွေ့ို များများ ဖတ်ပေးရပါမယ်။ စာဖတ်များရင် အတွေးအခေါ်လည်း တိုးတက်လာပါလိမ့်မယ်။ ဖတ်စရာတွေကို အကောင်း ဆုံးရှာနိုင်တဲ့နေရာကတော့ အင်တာနက်ပါ။ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေသာမက သတင်း၊ ဆောင်းပါးနဲ့ အခမဲ့ဖတ်လို့ မဂ္ဂဇင်းတွေ အများကြီး ရှိသလို E-book တွေကိုလည်း ကြိုက်ရင် download ဆွဲထားပြီး စိတ်ကြိုက်ဖတ်နိုင်ပါတယ်။

၇။ ကိုယ်စဉ်းစားထားတဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်လို ပုံမှန်ရေးပါ

ကိုယ်စိတ်ဝင်စားလို့ လေ့လာထားတဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်ရေးတဲ့ အလေ့အကျင့် လုပ်ပေးပါ။ ဖြစ်နိုင်ရင် facebook မှာ ကိုယ်ပိုင်page တစ်ခုလုပ်ပြီး ရေးထားတဲ့အကြောင်းအရာတွေကို တင်ပေးပါ။ ဖတ်မိတဲ့သူတွေက မေးတာ၊ ဆွေးနွေးတာတွေကိုလည်း အင်္ဂလိပ်လိုရေးပြီး ပြောပြပေးပါ။ ဒီလို ရေးရာမှာ မှားမှာကို မကြောက်ပါနဲ့။ အင်မတန်ကောင်းတဲ့ လေ့ကျင့်နည်းပါ။ ကိုယ့်ထက် နားလည်တတ်ကျွမ်းသူတွေ ပါလာရင် ကိုယ့်အတွက် အကျိုးရှိသလိုပါဝင်ဆွေးနွေးတဲ့သူတွေအတွက်ပါ အကျိုးရှိပါတယ်။

၈။ Online website တွေနဲ့ ချိတ်ဆက်ထားပါ

အွန်လိုင်းမှာ ကိုယ်ကြိုက်တဲ့website တွေကို like လုပ်ထားလိုက်ရင် အဲဒီwebsiteတွေက notification တွေ ပုံမှန်တက်လာပါလိမ့်မယ်။ ဒါဆိုရင် ဝင်ဖတ်ပြီး comment ပေးလို့ရပါတယ်။ ဒီလိုလုပ်ရင် ကိုယ့်လိုသူတွေနဲ့လည်း မိတ်ဆွေဖွဲ့နိုင်ပြီး အင်္ဂလိပ်လို အမြဲ တမ်းပြောဖြစ်နေလို့ တိုးတက်လာမှာပါ။

၉။ ဘယ်နေရာသွားသွား အင်္ဂလိပ်လိုပြောဖို့ မရှက်ပါနဲ့

အင်္ဂလိပ်လို သွက်သွက်လက်လက် မပြောနိုင်သေးခင်မှာ အင်္ဂလိပ်လိုပြောတဲ့အလေ့အကျင့်ကို သတိထားပြီး လုပ်ပေးရပါမယ်။ ဒါကြောင့် ဘယ်နေရာသွားသွား အင်္ဂလိပ်လိုပြောဖို့ မရှက်ပါနဲ့။ ဖြစ်နိုင်ရင် အင်္ဂလိပ်လိုပြောတဲ့ နေရာတွေကို မကြာခဏသွားပါ။ လေ့ကျင့်ဘက် သူငယ်ချင်းရှိရင်လည်း အမြဲတမ်း အင်္ဂလိပ်လို ပြောပါ။ ဒါဆိုရင် အင်္ဂလိပ်လိုပြောချင်တဲ့စိတ်လည်း အလိုလို ရှိလာပါလိမ့်မယ်။

ဆုမိစံ

Unicode

…အင်္ဂလိပ်စာ ပိုပြီးအရေးပါလာတဲ့ ဒီခေတ်မှာ အများနဲ့ ရင်ဘောင်တန်းနိုင်အောင် လေ့လာဖို့ လိုအပ်လာပါတယ်။ ဒါပေမယ့် ဒီလိုလေ့လာတာဟာ ထင်သလောက် မလွယ်ကူပါဘူး။

ငွေ၊ အချိန်နဲ့ နေ့စဉ် သွားလာရတဲ့ကိစ္စတွေကလည်း မသေးလှပါဘူး။ ဒါကြောင့် အင်္ဂလိပ်စာကို ကိုယ့်ဘာသာကိုယ် လေ့လာနိုင်ရင် အကောင်းဆုံးပါ။ တစ်ခုပဲလိုပါတယ်။ ဒါကတော့ အင်္ဂလိပ်စာကို တကယ် စိတ်ဝင်စားမှုရှိ ဖို့ပါ။ ဒါဆိုရင် အချိန်ကုန်သက်သာပြီး ငွေကုန်ကြေးကျလည်း သက်သာ တဲ့ ကိုယ်တိုင်လေ့လာ နိုင်တဲ့နည်းလမ်းလေးတွေကို လေ့လာကြည့် လိုက်ပါ။…

၁။ အင်္ဂလိပ်သီချင်း နားထောင်ပြီး စာသားတွေကို လေ့လာပါ

လူတိုင်းနီးပါး သီချင်းနားထောင်ရတာ ကြိုက်ပါတယ်။ သီချင်းနားထောင် တာဟာ အထိရောက်ဆုံး အင်္ဂလိပ်စာလေ့လာနည်းတွေထဲက တစ်ခုပါ။ အင်္ဂလိပ်သီချင်းတွေကို စွဲစွဲမြဲမြဲ နားထောင်ရင် အသံထွက်တွေကို နားယဉ်လာပြီး အနီးစပ်ဆုံး အသံထွက်ရအောင် လိုက်ဆိုလာနိုင်မှာပါ။ ကိုယ်ကြိုက်တဲ့ တေးဂီတအလိုက် ရွေးပြီးနားထောင်ရင် ပိုကောင်းပါ တယ်။ ကြိုက်တဲ့သီချင်းကို အင်တာနက်မှာ စာသား(Lyrics) ပါရအောင် download ဆွဲပြီး ကွန်ပြူတာနဲ့ ဖုန်းထဲမှာထည့်ပြီး အချိန်မရွေး နေရာမရွေး နားထောင်ပြီး လေ့ကျင့်နိုင်ပါတယ်။…

၂။ ကိုယ့်အကြိုက် အင်္ဂလိပ်ကားတွေ ကြည့်ပါ

ကိုယ်ကြိုကတဲ့အင်္ဂလိပ်ကားရှိရင် အင်္ဂလိပ်စာတမ်းထိုးပါတဲ့ အခွေကို ရွေးဝယ်ပါ။ ဒီထဲမှာ နေ့စဉ်သုံးလို့ရတဲ့ အသုံးအနှုန်းတွေအများကြီး လေ့လာလို့ရပါတယ်။ အင်တာနက်မှာဆိုရင်လည်း ကိုယ်နှစ် သက်ရာ အကြောင်းအရာလေးတွေကို You Tube မှာ download ဆွဲလို့ရပါ တယ်။ တကယ်တော့ ရုပ်ရှင်တစ်ကားလောက်ဆိုရင်ကို လေ့လာစရာတွေ အများကြီးရှိပါတယ်။ ဒါကိုကြည့်ပြီး စကားပြောဟန်နဲ့ လေယူလေသိမ်းကိုပါ လေ့လာလို့ရပါတယ်။ ကိုယ့်သဘောကျတဲ့ သရုပ်ဆောင်တွေရဲ့ အင်တာဗျူးတွေကိုလည်း ကြည့်လို့ရပါတယ်။…

၃။ တီဗီက အင်္ဂလိပ်လိုလှလွှင့်တဲ့ နိုင်ငံတကာသတင်းတွေကို ကြည့်ပါ

နိုင်ငံတကာသတင်းတွေကို အင်္ဂလိပ်လိုကြည့်တာဟာ သတင်းကြေညာ သူရဲ့ လေယူလေသိမ်းကို ကောင်းကောင်းနားယဉ်မှာဖြစ်သလို အသုံး အနှုန်းတွေကိုလည်း သိလာပါလိမ့်မယ်။ ပိုကောင်းတာက ဗဟုသုတ လည်း ရပြီး ဝေါဟာရလည်း ကြွယ်လာပါလိမ့်မယ်။ နားထောင်ထားတဲ့ အကြောင်းအရာ တစ်ခုခုကို ပြန်ပြောပြီး ပြန်ရေးတဲ့ အလေ့အထကို လုပ်ပြီး တစ်ယောက်ထဲ လေ့လာလို့ရပါတယ်။…

၄။ Online က အင်္ဂလိပ် ဉာဏ်စမ်းတွေဖြေကြည့်ပြီး ကိုယ့်ရဲ့ Grammar ကို စစ်ဆေးပါ

ကိုယ့်ဘာသာလေ့လာတဲ့အခါမှာ ဘယ်လိုအမှားတွေရှိလဲဆိုတာကို လွယ်လွယ်မသိနိုင်ပါဘူး။ ဒါကြောင့် ကိုယ့်ကျွမ်းကျင်မှုကို အလွယ်ကူ ဆုံး စစ်ဆေးနည်းက အွန်လိုင်းက အခမဲ့ အင်္ဂ္လိပ်စာ ဉာဏ်စမ်းမေးခွန်း တွေကို ဖြေတာဖြစ်ပါတယ်။ ဒါတွေကိုဖြေရင်း အင်္ဂလိပ်သဒ္ဒါ၊ ဝါကျ တည်ဆောက်ပုံနဲ့ ပတ်သက်တဲ့ အမှားတွေကို သိလာပြီး အရင်ထက် တိုးတက်လာမှာပါ။…

၅။ အင်္ဂလိပ်လို Online Chatting လုပ်ပါ

အွန်လိုင်းမှာ ကိုယ်နဲ့သိပြီးသား သူငယ်ချင်း၊ မိတ်ဆွေဖြစ်ဖြစ် အသစ် သိလာတဲ့ သူတွေနဲ့ဖြစ်ဖြစ် စကားပြောရင် အင်္ဂလိပ်လိုပြောတဲ့ အလေ့ အကျင့် လုပ်ပါ။ ဒါက အင်္ဂလိပ်စာလေ့လာနေတယ်လို့ မထင်ရတဲ့ နည်းလမ်းပါ။အင်္ဂလိပ်လိုရေးတာ များလာတာနဲ့အမျှ ကိုယ့်ရဲ့အရေး အသားလည်း တိုးတက်လာပါလိမ့်မယ်။ စိတ်လက်ပေါ့ပါးစွာ ပြောဆိုနေရတာဖြစ်လို့ ပျော်စရာကောင်းတဲ့လေ့လာနည်းတစ်ခုလည်း ဖြစ်ပါတယ်။ အင်္ဂလိပ်လိုရေးတာကိုလည်း အကျွမ်းတဝင် ဖြစ်လာပါ လိမ့်မယ်။…

၆။ အင်တာနက်မှာ အင်္ဂလိပ်လိုရေးထားတဲ့ သတင်း၊ E-book၊ ဆောင်းပါးနဲ့ မဂ္ဂဇင်းတွေ ဖတ်ပါ

အင်္ဂလိပ်စာလေ့လာတဲ့အခါမှာနားထောင်တာက အရေးပါသလို စာဖတ်တာကလည်း အရေးပါပါတယ်။ အမှန်တော့ နားထောင်တာနဲ့ ပြောတာက တစ်တွဲဖြစ်ပြီး ဖတ်တာနဲ့ ရေးတာက တစ်တွဲဖြစ်ပါတယ်။ ဒါကြောင့် အင်္ဂလိပ်အရေးအသား တိုးတက်ချင်ရင် အင်္ဂလိပ်လိုရေးထားတဲ့အကြောင်းအရာတွေကို များများ ဖတ်ပေးရပါမယ်။ စာဖတ်များရင် အတွေးအခေါ်လည်း တိုးတက်လာပါလိမ့်မယ်။ ဖတ်စရာတွေကို အကောင်း ဆုံးရှာနိုင်တဲ့နေရာကတော့ အင်တာနက်ပါ။ ကိုယ်သိချင်တဲ့ အကြောင်းအရာတွေသာမက သတင်း၊ ဆောင်းပါးနဲ့ အခမဲ့ဖတ်လို့ မဂ္ဂဇင်းတွေ အများကြီး ရှိသလို E-book တွေကိုလည်း ကြိုက်ရင် download ဆွဲထားပြီး စိတ်ကြိုက်ဖတ်နိုင်ပါတယ်။…

၇။ ကိုယ်စဉ်းစားထားတဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်လို ပုံမှန်ရေးပါ

ကိုယ်စိတ်ဝင်စားလို့ လေ့လာထားတဲ့ အကြောင်းအရာတွေကို အင်္ဂလိပ်ရေးတဲ့ အလေ့အကျင့် လုပ်ပေးပါ။ ဖြစ်နိုင်ရင် facebook မှာ ကိုယ်ပိုင်page တစ်ခုလုပ်ပြီး ရေးထားတဲ့အကြောင်းအရာတွေကို တင်ပေးပါ။ ဖတ်မိတဲ့သူတွေက မေးတာ၊ ဆွေးနွေးတာတွေကိုလည်း အအင်္ဂလိပ်လိုရေးပြီး ပြောပြပေးပါ။ ဒီလို ရေးရာမှာ မှားမှာကို မကြောက်ပါနဲ့။ အင်မတန်ကောင်းတဲ့ လေ့ကျင့်နည်းပါ။ ကိုယ့်ထက် နားလည်တတ်ကျွမ်းသူတွေ ပါလာရင် ကိုယ့်အတွက် အကျိုးရှိသလိုပါဝင်ဆွေးနွေးတဲ့သူတွေအတွက်ပါ အကျိုးရှိပါတယ်။…

၈။ Online website တွေနဲ့ ချိတ်ဆက်ထားပါ

အွန်လိုင်းမှာ ကိုယ်ကြိုက်တဲ့website တွေကို like လုပ်ထားလိုက်ရင် အဲဒီwebsiteတွေက notification တွေ ပုံမှန်တက်လာပါလိမ့်မယ်။ ဒါဆိုရင် ဝင်ဖတ်ပြီး comment ပေးလို့ရပါတယ်။ ဒီလိုလုပ်ရင် ကိုယ့်လိုသူတွေနဲ့လည်း မိတ်ဆွေဖွဲ့နိုင်ပြီး အင်္ဂလိပ်လို အမြဲ တမ်းပြောဖြစ်နေလို့ တိုးတက်လာမှာပါ။…

၉။ ဘယ်နေရာသွားသွား အင်္ဂလိပ်လိုပြောဖို့ မရှက်ပါနဲ့

အင်္ဂလိပ်လို သွက်သွက်လက်လက် မပြောနိုင်သေးခင်မှာ အအင်္ဂလိပ်လိုပြောတဲ့အလေ့အကျင့်ကို သတိထားပြီး လုပ်ပေးရပါမယ်။ ဒါကြောင့် ဘယ်နေရာသွားသွား အအင်္ဂလိပ်လိုပြောဖို့ မရှက်ပါနဲ့။ ဖြစ်နိုင်ရင် အင်္ဂလိပ်လိုပြောတဲ့ နေရာတွေကို မကြာခဏသွားပါ။ လေ့ကျင့်ဘက် သူငယ်ချင်းရှိရင်လည်း အမြဲတမ်း အအင်္ဂလိပ်လို ပြောပါ။ ဒါဆိုရင် အင်္ဂလိပ်လိုပြောချင်တဲ့စိတ်လည်း အလိုလို ရှိလာပါလိမ့်မယ်။

Unicode ဆုမိစံ

Education

Leave a Reply

Your email address will not be published. Required fields are marked *