အရည်အသွေးမြင့် ပညာသင်ကြားလိုသူများအတွက် Kings International School

*** Unicode ***

ယခုခေတ် တိုးတက်လာတဲ့ ခေတ်စနစ်နဲ့အညီ ပညာရေး ထောက်ပံ့မှုနှုန်းကလည်း တစ်ဖြည်းဖြည်း မြင့်တက်လို့လာခဲ့ပါတယ်။ ကိုယ့်သားသမီးကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်စေရန် နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ သင်ကြားပြသပေးတဲ့ International School ကျောင်းများစွာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

နှစ်စဉ်ကျောင်းသားဦးရေ တိုးများလျက်ရှိသော နိုင်ငံတကာအဆင့်မီပညာရေးကျောင်းများကို ၂၀၁၂ခုနှစ်နောက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ကြပြီး ယခုအချိန်တွင် ရန်ကုန်မြို့တွင်းတွင် ကျောင်းပေါင်း တစ်ဒါဇင်ကျော်ခန့်ပင် ရှိနေပါပြီ။

ယခု Point ပရိတ်သတ်တွေအတွက် မိဘတစ်ယောက်အနေနဲ့ ငွေရေးကြေးရေးလည်း အတော်အသင့် တတ်နိုင်တယ်။ ကလေးတွေကို Student Life လည်းအပြည့်အဝရစေချင်တယ်။ International School မှာလည်း ထားချင်တဲ့ မိဘတွေအနေနဲ့ ကျောင်းကောင်းလေး တစ်ကျောင်းနဲ့ ညွှန်းဆိုလိုက်ချင်ပါတယ်။

ထိုကျောင်းလေးဟာ ဆိုရင် ဈေးနှုန်းအသင့်အတင့်ရှိပြီး International School ကျောင်းတစ်ကျောင်းဖြစ်တဲ့ KINGS INTERNATIONAL SCHOOL ကျောင်းလေးပဲ ဖြစ်ပါတယ်။ အသက် ( ၂ ) နှစ်ကနေစပြီး ( ၁၈ ) နှစ်အထိ လက်ခံသင်ကြားပေးနေပါတယ်။

အသက်နှစ်နှစ်မှ ငါးနှစ်အရွယ်ကလေးငယ်များအတွက် အင်္ဂလန်နိုင်ငံမှ ရေးဆွဲထားသော မူလတန်းကြိုပညာရေးသင်ရိုးနဲ့ သင်ကြားပေးပြီး ကလေးငယ်တစ်ဦး ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သောအရည်အသွေးများကို ထည့်သွင်းသင်ကြားပေးနေကြောင်း ထိုကျောင်းတည်ထောင်သူ ဦးရဲသီဟသန့်ကပြောပါတယ်။

ထို့အပြင် သင်ရိုးတွင် ဘာသာစကား၊ လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ စာပေတတ်မြောက်မှု၊ သင်္ချာပညာ၊ အနုပညာနှင့်ဒီဇိုင်းဖန်တီးမှုများ ပါဝင်ပြီး ကလေးငယ်များ သိသင့်သိထိုက်သောအခြေခံဗဟုသုတများလည်း ပါဝင်ပါတယ်။

အဲ့ဒီသင်ရိုးက တော်တော်လေး အသေးစိတ်ကျကျ ရေးဆွဲထားတာဖြစ်တဲ့အပြင် ကလေးငယ်တစ်ဦးစီတိုင်းရဲ့ တိုးတက်လာတဲ့ဖြစ်စဉ်တွေကို သိနိုင်ပြီး ကလေးတွေကို ပိုမိုအထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ အသက်နှစ်နှစ်ကစ ကျွန်တော်တို့ဆီမှာ ကျောင်းစတင်တက်ခဲ့တဲ့ကလေးတွေက အသက်ငါးနှစ်အရွယ်မှာ တခြားကလေးတွေထက် သိသိသာသာ ရှေ့ရောက်နေပါတယ်။

သူတို့ထက်နှစ်နှစ်ကြီးတဲ့သူတွေနဲ့အတူတူ အခန်းဆက်တွေပါတဲ့ စာအုပ်တွေကို စတင်ဖတ်နိုင်နေပြီလို့လဲ ဆိုပါတယ်။ အသက် ( ၅ ) နှစ်အရွယ် ကလေးတစ်ယောက်မှာ အခုလို အရည်အသွေးတွေ စွမ်းရည်တွေ ပိုင်ဆိုင်နေပြီဆို နောင် ( ၁၀ ) နှစ်ကြာတဲ့ အခါမှာ ကိုယ့်ကလေးပိုင်ဆိုင်မယ့်စွမ်းရည်တွေ အသိဉာဏ်တွေ ဗဟုသုတတွေကို မြင်လှည့်စမ်းချင်ပါဘိ။

ထို့အပြင် ကျောင်းရဲ့ မြေဧရိယာအကျယ်အဝန်းမှာ ၂ ဧကရှိပြီး ကလေးများ အတွက် Outdoor မှာ Activity ပေါင်းများစွာ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ စိမ်းလန်းသာယာတဲ့ ပတ်ဝန်းကျင်ကောင်းမှာ နေထိုင်ရတဲ့ ကလေးတစ်ယောက်အဖို့ သူတို့ရဲ့ လွတ်လပ်တဲ့ အတွေးအခေါ်၊ တီထွင်ကြံဆနိုင်မှုစွမ်းရည်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှု စွမ်းရည်တွေ တိုးတက်လာစေနိုင်ပါတယ်။

ကစားတာကို အခြေခံတဲ့ သင်ကြားမှုပုံစံမျိုးကို ရေးဆွဲထားတဲ့အတွက် ကလေးငယ်တွေအတွက် မှတ်သားရလွယ်ကူပြီး သင်ယူဖို့ စိတ်ဝင်စားကြတယ်။ ဒီသင်ရိုးက ကစားနည်းတစ်ခုတည်းနဲ့တင် အရောင်ခွဲတာ၊ အရေအတွက်ရေတွက်တာ၊ ပုံသဏ္ဍဍာန်ခွဲခြားတာ၊ ဒီဇိုင်းဖော်တာ စသဖြင့် မတူညီတဲ့အရာတွေ ပါဝင်ပြီး သင်ကြားနေတဲ့ပုံမျိုးပေါ့။

ဘာသာစကားပြောစွမ်းရည်များ၊ သိပ္ပံပညာများ၊ အခြေခံဗဟုသုတများ၊ သင်္ချာပညာ၊အနုပညာ၊ အိုင်တီပညာလေ့လာမှုများနှင့်အတူ ကလေးများတီထွင်ဖန်တီးနိုင်စွမ်းတိုးမြင့်စေရန်လည်း သင်ကြားပေးနေပြီး ကလေးများတီထွင်ဖန်တီးနိုင်စွမ်းတိုးတက်စေရန်လည်း စာသင်ခန်းများကို အပတ်စဉ်ဒီဇိုင်းများပြောင်းလဲပြီး ဆရာမများနှင့် ကလေးများဖန်တီးထားသော အနုပညာပစ္စည်းများဖြင့် အလှဆင်ပေးထားကြောင်း ဦးရဲသီဟသန့်ကပြောသည်။

ကျွန်တော်တို့ကျောင်းမှာ မြန်မာဘာသာကိုလည်း ငယ်ငယ်လေးကတည်းက မိခင်ဘာသာစကား အနေနဲ့ ကျွမ်းကျင်အောင်သင်ကြားပေးခဲ့လို့ ကလေးတွေက အစိုးရစစ်စာမေးပွဲကို ဖြေဆိုချင်တယ်ဆိုရင် အခက်အခဲသိပ်မရှိပါဘူး။ အခုအချိန်မှာပညာရေးစနစ်တွေက ပိုပွင့်လင်းလာလို့ နိုင်ငံခြားကျောင်းတက်တဲ့ကလေးတွေကလည်း အခက်အခဲသိပ်မရှိဘဲ အစိုးရရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုနိုင်ပါပြီ။

ကျွန်တော်တို့ကျောင်းသားတွေက အစိုးရရဲ့ အရည်အချင်းစစ်စာမေးပွဲဖြေဆိုချင်ရင် ဖြေဆိုနိုင်ဖို့ ကျွန်တော်တို့က တာဝန်ယူဆောင်ရွက်ပေးပါတယ်။ထို့အပြင် IGCSE Program အတွက်လည်း လက်ခံသင်ကြားပေးပါတယ်။ IGCSE ဘာသာရပ်ရွေးချယ်ပုံတွေ၊ ရွေးချယ်သင့်တဲ့ အကြောင်းအရာတွေကိုပါ ခွဲခြမ်းစိတ်ဖြာ ရှင်းပြပေးပါတယ်။

အမှတ်ကောင်းသည့် ကျောင်းသားများကို ကမ္ဘာ့ Top Ten အဆင့်ရှိ တက္ကသိုလ်များရောက်သည့်အထိ ချိတ်ဆက်ပေးပါတယ်။ Kings International School ကနေ IGCSE Program တက်ရောက်ပြီး ကမ္ဘာ့ Top Ten တက္ကသိုလ် များတွင် တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားများစွာလည်း ရှိပါတယ်။

အဆိုပါကျောင်းတွင် စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်များတွင် အင်္ဂလိပ်စာနှင့် တရုတ်ဘာသာများဖြင့် သင်ကြားပေးနေသော အားလပ်ရက်သင်တန်းများလည်း ဖွင့်လှစ်ထားရှိပြီး အစိုးရကျောင်းများနှင့် အခြားကျောင်းများတွင် တက်ရောက်နေသော ကျောင်းသားများတက်ရောက်သင်ကြားနိုင်ကြောင်း သိရသည်။

ဒါကြောင့်မိဘများအနေနဲ့ ကိုယ့်ကလေးတွေကို တစ်နေရာတည်းမှာ အခြေခံခိုင်ခိုင် နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်သင်ကြားပေးနေတဲ့ ထိုကျောင်းလေးကို ရွေးချယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

—————————————————————————————————————————–

ယခုခေတ် တိုးတက်လာတဲ့ ခေတ်စနစ်နဲ့အညီ ပညာရေး ထောက်ပံ့မှုနှုန်းကလည်း တစ်ဖြည်းဖြည်း မြင့်တက်လို့လာခဲ့ပါတယ်။ ကိုယ့်သားသမီးကို နိုင်ငံတကာနဲ့ ရင်ဘောင်တန်းယှဉ်ပြိုင်နိုင်စေရန် နိုင်ငံတကာ စံချိန်စံနှုန်းနဲ့အညီ သင်ကြားပြသပေးတဲ့ International School ကျောင်းများစွာလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

နှစ်စဉ်ကျောင်းသားဦးရေ တိုးများလျက်ရှိသော နိုင်ငံတကာအဆင့်မီပညာရေးကျောင်းများကို ၂၀၁၂ခုနှစ်နောက်ပိုင်းတွင် စတင်ဖွင့်လှစ်ခဲ့ကြပြီး ယခုအချိန်တွင် ရန်ကုန်မြို့တွင်းတွင် ကျောင်းပေါင်း တစ်ဒါဇင်ကျော်ခန့်ပင် ရှိနေပါပြီ။

ယခု Point ပရိတ်သတ်တွေအတွက် မိဘတစ်ယောက်အနေနဲ့ ငွေရေးကြေးရေးလည်း အတော်အသင့် တတ်နိုင်တယ်။ ကလေးတွေကို Student Life လည်းအပြည့်အဝရစေချင်တယ်။ International School မှာလည်း ထားချင်တဲ့ မိဘတွေအနေနဲ့ ကျောင်းကောင်းလေး တစ်ကျောင်းနဲ့ ညွှန်းဆိုလိုက်ချင်ပါတယ်။

ထိုကျောင်းလေးဟာ ဆိုရင် ဈေးနှုန်းအသင့်အတင့်ရှိပြီး International School ကျောင်းတစ်ကျောင်းဖြစ်တဲ့ KINGS INTERNATIONAL SCHOOL ကျောင်းလေးပဲ ဖြစ်ပါတယ်။

အသက် ( ၂ ) နှစ်ကနေစပြီး ( ၁၈ ) နှစ်အထိ လက်ခံသင်ကြားပေးနေပါတယ်။ အသက်နှစ်နှစ်မှ ငါးနှစ်အရွယ်ကလေးငယ်များအတွက် အင်္ဂလန်နိုင်ငံမှ ရေးဆွဲထားသော မူလတန်းကြိုပညာရေးသင်ရိုးနဲ့ သင်ကြားပေးပြီး ကလေးငယ်တစ်ဦး ဖွံ့ဖြိုးတိုးတက်စေရန် လိုအပ်သောအရည်အသွေးများကို ထည့်သွင်းသင်ကြားပေးနေကြောင်း ထိုကျောင်းတည်ထောင်သူ ဦးရဲသီဟသန့်ကပြောပါတယ်။

ထို့အပြင် သင်ရိုးတွင် ဘာသာစကား၊ လူမှုဆက်ဆံရေး၊ ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်မှု၊ စာပေတတ်မြောက်မှု၊ သင်္ချာပညာ၊ အနုပညာနှင့်ဒီဇိုင်းဖန်တီးမှုများ ပါဝင်ပြီး ကလေးငယ်များ သိသင့်သိထိုက်သောအခြေခံဗဟုသုတများလည်း ပါဝင်ပါတယ်။

အဲ့ဒီသင်ရိုးက တော်တော်လေး အသေးစိတ်ကျကျ ရေးဆွဲထားတာဖြစ်တဲ့အပြင် ကလေးငယ်တစ်ဦးစီတိုင်းရဲ့ တိုးတက်လာတဲ့ဖြစ်စဉ်တွေကို သိနိုင်ပြီး ကလေးတွေကို ပိုမိုအထောက်အပံ့ပေးနိုင်မှာ ဖြစ်ပါတယ်။ အသက်နှစ်နှစ်ကစ ကျွန်တော်တို့ဆီမှာ ကျောင်းစတင်တက်ခဲ့တဲ့ကလေးတွေက အသက်ငါးနှစ်အရွယ်မှာ တခြားကလေးတွေထက် သိသိသာသာ ရှေ့ရောက်နေပါတယ်။ သူတို့ထက်နှစ်နှစ်ကြီးတဲ့သူတွေနဲ့အတူတူ အခန်းဆက်တွေပါတဲ့ စာအုပ်တွေကို စတင်ဖတ်နိုင်နေပြီလို့လဲ ဆိုပါတယ်။

အသက် ( ၅ ) နှစ်အရွယ် ကလေးတစ်ယောက်မှာ အခုလို အရည်အသွေးတွေ စွမ်းရည်တွေ ပိုင်ဆိုင်နေပြီဆို နောင် ( ၁၀ ) နှစ်ကြာတဲ့ အခါမှာ ကိုယ့်ကလေးပိုင်ဆိုင်မယ့်စွမ်းရည်တွေ အသိဉာဏ်တွေ ဗဟုသုတတွေကို မြင်လှည့်စမ်းချင်ပါဘိ။

ထို့အပြင် ကျောင်းရဲ့ မြေဧရိယာအကျယ်အဝန်းမှာ ၂ ဧကရှိပြီး ကလေးများ အတွက် Outdoor မှာ Activity ပေါင်းများစွာ ပြုလုပ်နိုင်ဖို့ ရည်ရွယ်ထားပါတယ်။ စိမ်းလန်းသာယာတဲ့ ပတ်ဝန်းကျင်ကောင်းမှာ နေထိုင်ရတဲ့ ကလေးတစ်ယောက်အဖို့ သူတို့ရဲ့ လွတ်လပ်တဲ့

အတွေးအခေါ်၊ တီထွင်ကြံဆနိုင်မှုစွမ်းရည်၊ သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းစောင့်ရှောက်နိုင်မှု စွမ်းရည်တွေ တိုးတက်လာစေနိုင်ပါတယ်။
ကစားတာကို အခြေခံတဲ့ သင်ကြားမှုပုံစံမျိုးကို ရေးဆွဲထားတဲ့အတွက် ကလေးငယ်တွေအတွက် မှတ်သားရလွယ်ကူပြီး သင်ယူဖို့ စိတ်ဝင်စားကြတယ်။ ဒီသင်ရိုးက ကစားနည်းတစ်ခုတည်းနဲ့တင် အရောင်ခွဲတာ၊ အရေအတွက်ရေတွက်တာ၊ ပုံသဏ္ဍာန်ခွဲခြားတာ၊ ဒီဇိုင်းဖော်တာ စသဖြင့် မတူညီတဲ့အရာတွေ ပါဝင်ပြီး သင်ကြားနေတဲ့ပုံမျိုးပေါ့။

ဘာသာစကားပြောစွမ်းရည်များ၊ သိပ္ပံပညာများ၊ အခြေခံဗဟုသုတများ၊ သင်္ချာပညာ၊အနုပညာ၊ အိုင်တီပညာလေ့လာမှုများနှင့်အတူ ကလေးများတီထွင်ဖန်တီးနိုင်စွမ်းတိုးမြင့်စေရန်လည်း သင်ကြားပေးနေပြီး ကလေးများတီထွင်ဖန်တီးနိုင်စွမ်းတိုးတက်စေရန်လည်း စာသင်ခန်းများကို အပတ်စဉ်ဒီဇိုင်းများပြောင်းလဲပြီး ဆရာမများနှင့် ကလေးများဖန်တီးထားသော အနုပညာပစ္စည်းများဖြင့် အလှဆင်ပေးထားကြောင်း ဦးရဲသီဟသန့်ကပြောသည်။

ကျွန်တော်တို့ကျောင်းမှာ မြန်မာဘာသာကိုလည်း ငယ်ငယ်လေးကတည်းက မိခင်ဘာသာစကား အနေနဲ့ ကျွမ်းကျင်အောင်သင်ကြားပေးခဲ့လို့ ကလေးတွေက အစိုးရစစ်စာမေးပွဲကို ဖြေဆိုချင်တယ်ဆိုရင် အခက်အခဲသိပ်မရှိပါဘူး။ အခုအချိန်မှာပညာရေးစနစ်တွေက ပိုပွင့်လင်းလာလို့ နိုင်ငံခြားကျောင်းတက်တဲ့ကလေးတွေကလည်း အခက်အခဲသိပ်မရှိဘဲ အစိုးရရဲ့ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုနိုင်ပါပြီ။ ကျွန်တော်တို့ကျောင်းသားတွေက အစိုးရရဲ့ အရည်အချင်းစစ်စာမေးပွဲဖြေဆိုချင်ရင် ဖြေဆိုနိုင်ဖို့ ကျွန်တော်တို့က တာဝန်ယူဆောင်ရွက်ပေးပါတယ်။

ထို့အပြင် IGCSE Program အတွက်လည်း လက်ခံသင်ကြားပေးပါတယ်။ IGCSE ဘာသာရပ်ရွေးချယ်ပုံတွေ၊ ရွေးချယ်သင့်တဲ့ အကြောင်းအရာတွေကိုပါ ခွဲခြမ်းစိတ်ဖြာ ရှင်းပြပေးပါတယ်။ အမှတ်ကောင်းသည့် ကျောင်းသားများကို ကမ္ဘာ့ Top Ten အဆင့်ရှိ တက္ကသိုလ်များရောက်သည့်အထိ ချိတ်ဆက်ပေးပါတယ်။ Kings International School ကနေ IGCSE Program တက်ရောက်ပြီး ကမ္ဘာ့ Top Ten တက္ကသိုလ် များတွင် တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားများစွာလည်း ရှိပါတယ်။

အဆိုပါကျောင်းတွင် စနေ၊တနင်္ဂနွေကျောင်းပိတ်ရက်များတွင် အင်္ဂလိပ်စာနှင့် တရုတ်ဘာသာများဖြင့် သင်ကြားပေးနေသော အားလပ်ရက်သင်တန်းများလည်း ဖွင့်လှစ်ထားရှိပြီး အစိုးရကျောင်းများနှင့် အခြားကျောင်းများတွင် တက်ရောက်နေသော ကျောင်းသားများတက်ရောက်သင်ကြားနိုင်ကြောင်း သိရသည်။

ဒါကြောင့်မိဘများအနေနဲ့ ကိုယ့်ကလေးတွေကို တစ်နေရာတည်းမှာ အခြေခံခိုင်ခိုင် နည်းစနစ်မှန်မှန်နဲ့ လေ့ကျင့်သင်ကြားပေးနေတဲ့ ထိုကျောင်းလေးကို ရွေးချယ်နိုင်ဖို့ ဖော်ပြပေးလိုက်ပါတယ်။

Education

Leave a Reply

Your email address will not be published. Required fields are marked *