IGCSE မှာ ဘယ်လို subject တွေကို ရွေးချယ်သင်ယူသင့်လဲ

*** Unicode ***

IGCSE စာမေးပွဲ ဖြေဆိုလိုသူတွေအတွက် ဘာသာရပ် ရွေးချယ်ရာမှာ သိသင့်တဲ့ ဗဟုသုတတွေကို Kings International School က ပြောပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံခြားတက္ကသိုလ်များမှာ သွားရောက် ပညာသင်ကြားလိုသူတွေအတွက် တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြစ်တဲ့ International General Certificate of Secondary Education (IGCSE) စာမေးပွဲက အရေးကြီးလှပါတယ်။

IGCSE မှာ ဘာသာရပ် ၇၀ ကျော် ရှိတာကြောင့် ကိုယ်တက်ရောက်လိုတဲ့ တက္ကသိုလ်နဲ့ လိုက်ဖက်တဲ့ ဘာသာရပ်တွေကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ကလည်း လွန်စွာမှ အရေးကြီးလှပါတယ်။

IGCSE ဖြေဆိုမယ်ဆို ပထမဆုံးအနေနဲ့ Exam board ဖြစ်တဲ့ သင်ရိုးစာအုပ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ယူကေမှာ Exam board ၅ မျိုး ကျော် ရှိပေမယ့် IGCSE ရဲ့ Exam board အနေနဲ့ မြန်မာနိုင်ငံမှာတော့ Cambridge Assessment International Education နှင့် Pearson Edexcel နှစ်ခုထဲမှတစ်ခုကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။

Cambridge သင်ရိုးနှင့် Edexcel သင်ရိုးတွေကလည်း Format တူပါတယ်။ IGCSE သင်တန်းမှာ ရွေးချယ်နိုင်တဲ့ ဘာသာရပ်ပေါင်း (၇၀) ကျော်ရှိပါတယ်။

ယူကေမှာတော့ ကျောင်းသားတွေက ဘာသာရပ်ပေါင်း ၈ ခုကနေ ၁၂ ခု အထိ ဖြေလေ့ရှိကြပြီး မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် ကတော့ ဘာသာရပ် ၇ ခုမှ ၈ ခုထိ ဖြေစေချင်ပါတယ်။

အဓိက ဘာသာရပ်တွေမှာ အင်္ဂလိပ်၊သင်္ချာ နှင့် သိပ္ပံဘာသာရပ်တွေ ဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ Social Science ထဲတွင် Accounting ၊ Business Studies ၊ Economics ၊ Sociology စတဲ့ ဘာသာရပ်ခွဲများ ယူနိုင်ပြီး Art and technology တွင် Computer Studies ၊ Information and Communication Technology ( ICT ) ၊ Art & Design စတဲ့ဘာသာရပ်ခွဲများ ရွေးချယ်နိုင်ပါတယ်။

ကျောင်းသားများအနေနဲ့ ဘာသာရပ်တစ်ခုချင်းစီတိုင်းမှာ IGCSE အောင်လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။ အကယ်လို့ ကျောင်းသားတစ်ယောက်ဟာ ဘာသာရပ် ( ၅ ) ခုယူတယ်ဆို IGCSE လက်မှတ် ( ၅ ) ခုရမှာ ဖြစ်ပါတယ်။ ကိုယ်လျှောက်မယ့်ကျောင်းပေါ်မူတည်ပြီး ဘာသာရပ်အရေအတွက် အနည်းအများ ချိန်ညှိ ယူဖို့လိုပါတယ်။

ကိုယ်သွားချင်တဲ့ တက္ကသိုလ်နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်ကို မယူထားရင် အဲ့တက္ကသိုလ်ကို ဘယ်နည်းနဲ့မှ ဝင်ခွင့်ရမှာ မဟုတ်တဲ့အတွက် ကျောင်းပြီးရင် လျှောက်ချင်တဲ့ တက္ကသိုလ်နဲ့ ယူရမယ့် ဘာသာရပ်တွေကို သေချာ ရွေးစေချင်ပါတယ်။

ကျွန်တော့်အနေနဲ့တော့ အောက်ပါဘာသာရပ်တွေထဲမှ အနည်းဆုံး ( ၇ ) ဘာသာ ရွေးချယ်သင်ယူဖို့ အကြံပြုချင်ပါတယ်။ အောက်ပါ ဘာသာရပ်များကို မြန်မာနိုင်ငံတွေ ဖြေဆိုနိုင်ပါတယ်။

English , Mathematics , Further Mathematics , Physics, Chemistry, Biology, Economics, Accounting, Business Studies, Chinese, ICT စတဲ့ဘာသာရပ်တွေထဲမှ ရွေးချယ်သင်ယူပါလို့ဆိုချင်ပါတယ်။

ဒီဘာသာရပ်တွေက ကိုယ်ဘယ်လိုကျောင်းမျိုးရွေးရွေး အခွင့်အရေးကောင်းတွေ ရနိုင်မယ့် ဘာသာရပ်များပဲဖြစ်ပါတယ်။IGCSE သင်ကြားပေးမယ့် ကျောင်း ရွေးချယ်ရာမှာလည်း မိဘတွေအနေနဲ့ Academic Oversight လုပ်ပေးမယ့် ကျောင်းမျိုးကို ရွေးချယ်သင့်ပါတယ်။

ကျောင်းသားတွေကို ဘယ်လိုမျိုး သင်ကြားပေးမယ် ဆိုတဲ့ သင်ကြားနည်းကလည်း အရေးပါပါတယ်။ IGCSE စာမေးပွဲက ကျောင်းသားတွေ ဘယ်လောက်မှတ်မိလဲဆိုတဲ့ Defination တွေကိုပဲ စစ်တာမဟုတ်ဘဲ သူတို့ရဲ့ အတွေးအခေါ်တွေကိုပါ စစ်တာဖြစ်လို့ သေချာနားလည်အောင် စာတွေ့သာမဟုတ်ဘဲ လက်တွေ့ အတွေ့အကြုံတွေများတဲ့ ဆရာတွေကို သင်ကြားပေးဖို့ ရွေးချယ်သင့်ပါတယ်။

သင်ထောက်ကူပစ္စည်းတွေကလည်း အရေးကြီးပါတယ်။IGCSE စာမေးပွဲက ၃ လ လောက် ၊ ၆ လလောက် စာကြိုးစားရုံနဲ့ အမှတ်ကောင်းမှာ မဟုတ်ပါဘူး။ သူက နှစ်နှစ်တာ ပြေးရတဲ့ မာရသွန်ပါ။ နည်းလမ်းမှန်ကန်စွာ ညှွန်ကြားပေးနိုင်မယ့် ဆရာတွေက အရးကြီးသလို ကိုယ်တိုင်လည်း သေချာစွာ နားလည်အောင်လေ့လာဖို့ လိုပါတယ်။

—————————————————————————————————————————-

IGCSE စာမေးပွဲ ဖြေဆိုလိုသူတွေအတွက် ဘာသာရပ် ရွေးချယ်ရာမှာ သိသင့်တဲ့ ဗဟုသုတတွေကို Kings International School က ပြောပြပေးမှာ ဖြစ်ပါတယ်။

နိုင်ငံခြားတက္ကသိုလ်များမှာ သွားရောက် ပညာသင်ကြားလိုသူတွေအတွက် တက္ကသိုလ် ဝင်တန်းစာမေးပွဲဖြစ်တဲ့ International General Certificate of Secondary Education (IGCSE) စာမေးပွဲက အရေးကြီးလှပါတယ်။

IGCSE မှာ ဘာသာရပ် ၇၀ ကျော် ရှိတာကြောင့် ကိုယ်တက်ရောက်လိုတဲ့ တက္ကသိုလ်နဲ့ လိုက်ဖက်တဲ့ ဘာသာရပ်တွေကို မှန်ကန်စွာ ရွေးချယ်နိုင်ဖို့ကလည်း လွန်စွာမှ အရေးကြီးလှပါတယ်။

IGCSE ဖြေဆိုမယ်ဆို ပထမဆုံးအနေနဲ့ Exam board ဖြစ်တဲ့ သင်ရိုးစာအုပ်ကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ ယူကေမှာ Exam board ၅ မျိုး ကျော် ရှိပေမယ့် IGCSE ရဲ့ Exam board အနေနဲ့ မြန်မာနိုင်ငံမှာတော့ Cambridge Assessment International Education နှင့် Pearson Edexcel နှစ်ခုထဲမှတစ်ခုကို ရွေးချယ်ရမှာ ဖြစ်ပါတယ်။ Cambridge သင်ရိုးနှင့် Edexcel သင်ရိုးတွေကလည်း Format တူပါတယ်။

IGCSE သင်တန်းမှာ ရွေးချယ်နိုင်တဲ့ ဘာသာရပ်ပေါင်း (၇၀) ကျော်ရှိပါတယ်။ ယူကေမှာတော့ ကျောင်းသားတွေက ဘာသာရပ်ပေါင်း ၈ ခုကနေ ၁၂ ခု အထိ ဖြေလေ့ရှိကြပြီး မြန်မာနိုင်ငံက ကျောင်းသားတွေအတွက် ကတော့ ဘာသာရပ် ၇ ခုမှ ၈ ခုထိ ဖြေစေချင်ပါတယ်။

အဓိက ဘာသာရပ်တွေမှာ အင်္ဂလိပ်၊သင်္ချာ နှင့် သိပ္ပံဘာသာရပ်တွေ ဖြစ်ပါတယ်။ ကျောင်းသားတွေအနေနဲ့ Social Science ထဲတွင် Accounting ၊ Business Studies ၊ Economics ၊ Sociology စတဲ့ ဘာသာရပ်ခွဲများ ယူနိုင်ပြီး Art and technology တွင် Computer Studies ၊ Information and Communication Technology ( ICT ) ၊ Art & Design စတဲ့ဘာသာရပ်ခွဲများ ရွေးချယ်နိုင်ပါတယ်။

ကျောင်းသားများအနေနဲ့ ဘာသာရပ်တစ်ခုချင်းစီတိုင်းမှာ IGCSE အောင်လက်မှတ်ရရှိမှာ ဖြစ်ပါတယ်။ အကယ်လို့ ကျောင်းသားတစ်ယောက်ဟာ ဘာသာရပ် ( ၅ ) ခုယူတယ်ဆို IGCSE လက်မှတ် ( ၅ ) ခုရမှာ ဖြစ်ပါတယ်။ ကိုယ်လျှောက်မယ့်ကျောင်းပေါ်မူတည်ပြီး ဘာသာရပ်အရေအတွက် အနည်းအများ ချိန်ညှိ ယူဖို့လိုပါတယ်။

ကိုယ်သွားချင်တဲ့ တက္ကသိုလ်နဲ့ သက်ဆိုင်တဲ့ ဘာသာရပ်ကို မယူထားရင် အဲ့တက္ကသိုလ်ကို ဘယ်နည်းနဲ့မှ ဝင်ခွင့်ရမှာ မဟုတ်တဲ့အတွက် ကျောင်းပြီးရင် လျှောက်ချင်တဲ့ တက္ကသိုလ်နဲ့ ယူရမယ့် ဘာသာရပ်တွေကို သေချာ ရွေးစေချင်ပါတယ်။

ကျွန်တော့်အနေနဲ့တော့ အောက်ပါဘာသာရပ်တွေထဲမှ အနည်းဆုံး ( ၇ ) ဘာသာ ရွေးချယ်သင်ယူဖို့ အကြံပြုချင်ပါတယ်။ အောက်ပါ ဘာသာရပ်များကို မြန်မာနိုင်ငံတွေ ဖြေဆိုနိုင်ပါတယ်။

English , Mathematics , Further Mathematics , Physics, Chemistry, Biology, Economics, Accounting, Business Studies, Chinese, ICT စတဲ့ဘာသာရပ်တွေထဲမှ ရွေးချယ်သင်ယူပါလို့ဆိုချင်ပါတယ်။ ဒီဘာသာရပ်တွေက ကိုယ်ဘယ်လိုကျောင်းမျိုးရွေးရွေး အခွင့်အရေးကောင်းတွေ ရနိုင်မယ့် ဘာသာရပ်များပဲဖြစ်ပါတယ်။

IGCSE သင်ကြားပေးမယ့် ကျောင်း ရွေးချယ်ရာမှာလည်း မိဘတွေအနေနဲ့ Academic Oversight လုပ်ပေးမယ့် ကျောင်းမျိုးကို ရွေးချယ်သင့်ပါတယ်။

ကျောင်းသားတွေကို ဘယ်လိုမျိုး သင်ကြားပေးမယ် ဆိုတဲ့ သင်ကြားနည်းကလည်း အရေးပါပါတယ်။ IGCSE စာမေးပွဲက ကျောင်းသားတွေ ဘယ်လောက်မှတ်မိလဲဆိုတဲ့ Defination တွေကိုပဲ စစ်တာမဟုတ်ဘဲ သူတို့ရဲ့ အတွေးအခေါ်တွေကိုပါ စစ်တာဖြစ်လို့ သေချာနားလည်အောင် စာတွေ့သာမဟုတ်ဘဲ လက်တွေ့ အတွေ့အကြုံတွေများတဲ့ ဆရာတွေကို သင်ကြားပေးဖို့ ရွေးချယ်သင့်ပါတယ်။ သင်ထောက်ကူပစ္စည်းတွေကလည်း အရေးကြီးပါတယ်။

IGCSE စာမေးပွဲက ၃ လ လောက် ၊ ၆ လလောက် စာကြိုးစားရုံနဲ့ အမှတ်ကောင်းမှာ မဟုတ်ပါဘူး။ သူက နှစ်နှစ်တာ ပြေးရတဲ့ မာရသွန်ပါ။ နည်းလမ်းမှန်ကန်စွာ ညွှန်ကြားပေးနိုင်မယ့် ဆရာတွေက အရးကြီးသလို ကိုယ်တိုင်လည်း သေချာစွာ နားလည်အောင်လေ့လာဖို့ လိုပါတယ်။

Career, Education

Leave a Reply

Your email address will not be published. Required fields are marked *