IELTSစာမေးပွဲအတွက် ထိရောက်စွာ ပြင်ဆင်ခြင်း

#POINT #PointYouthPlatform

IELTS စာမေးပွဲ ဖြေဆိုဖို့ ပြင်ဆင်ရာမှာ သိသင့်သိထိုက်တဲ့အချက်တွေကို POINT က ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။
သင်က IELTSစာမေးပွဲ ဖြေဆိုဖို့ ဆုံးဖြတ်ပြီးသွားပြီဆိုရင်၊ ခုလုပ်ရမယ့်အရာကတော့ IELTS ပြင်ဆင်ဖို့အတွက် ထိရောက်တဲ့ အစီအစဉ် ချမှတ်ဖို့ပဲ ဖြစ်ပါတယ်။ မှန်ကန်တဲ့ နည်းလမ်းနဲ့ IELTS ကို ကြိုတင်ပြင်ဆင်တာက အချိန်ကုန် ငွေကုန် သက်သာစေကာ၊ ကိုယ်လိုချင်တဲ့ အမှတ်ရရှိဖို့ သေချာစေမှာ ဖြစ်ပါတယ်။
ဒီလမ်းညွှန်ချက်မှာတော့ ဘာတွေ ထည့်သွင်းစဉ်းစားရမလဲ၊ ဘယ်လို ကြိုတင်ပြင်ဆင်မလဲဆိုတာ သေချာ ဖော်ပြပေးသွားမှာ ဖြစ်ပါတယ်။
မေးခွန်းများ

IELTS စာမေးပွဲမှာ Writing( အရေး) ၊Speaking (အပြော) ၊Reading (အဖတ်)၊ Listening (နားထောင်) ဆိုပြီး အပိုင်း လေးပိုင်း ရှိပါတယ်။ အပိ်ုင်းတစ်ခုချင်းစီမှာ မေးနိုင်တဲ့ မတူညီတဲ့ မေးခွန်းတွေ အများပြားရှိကာ၊ စွမ်းရည်တစ်ခုစီမှာလည်း ကျွမ်းကျင်ဖို့ လိုအပ်ပါတယ်။
ဥပမာအားဖြင့်၊ တက္ကသိုလ်ကျောင်းသားအများစုက Task1 Writingပိုင်းမှာ မေးခွန်းပုံစံ (၇)ခုထဲက တစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ ဒီမတူညီတဲ့ မေးခွန်းတစ်ခုချင်းစီက ကွဲပြားတဲ့ စွမ်းရည်တွေ လိုအပ်ပါတယ်။

အင်္ဂလိပ်စာ နားထောင်ခြင်းနဲ့ စာဖတ်ခြင်း မေးခွန်းလွှာမှာ တစ်ခုစီအတွက် မေးခွန်းဆယ်ခုကျော် ရှိပါတယ်။ ဒါ့အပြင် ဒီမေးခွန်းအားလုံးက မတူညီတဲ့ နည်းလမ်းတွေနဲ့ စွမ်းရည်တွေ ရှိရမှာ ဖြစ်ပါတယ်။

IELTS ပြင်ဆင်ခြင်းမှာ အဓိက လုပ်ရမှာက စွမ်းရည်လေးခုလုံးကို လေ့လာသင်ယူရမှာဖြစ်ပြီး၊ အင်္ဂလိပ်စာ ကျွမ်းကျင်မှု အဆင့် မြင့်မားမှသာလျှင်၊ အမှတ်မြင့်မြင့် ရရှိမှာ ဖြစ်ပါတယ်။

ဒီစွမ်းရည်တွေကို လေ့လာတာက ဘာသာစကားကို သင်ယူရတာလောက် အချိန်အများကြီး မပေးရပါဘူး။ ဒါပေမယ့် တိကျတဲ့ အချိန်အတိုင်းအတာတော့ ယူရမှာ ဖြစ်ပါတယ်။ ကျောင်းအများစုကတော့ IELTS အတွက် လေ့ကျင့်ပြင်ဆင်ဖို့၊ စွမ်းရည်တွေ တိုးတက်စေဖို့ အချိန် ၂လ၊ ၃လ လောက် အချိန်ပေးကြပါတယ်။

ဒီစွမ်းရည်တွေ လေ့လာနိုင်ဖို့ လမ်းညွှန်ပေးသွားပါမယ်။

စာမေးပွဲ အမှတ်ပေးစနစ်

သင့်ရမှတ်ကို တိုးတက်စေမယ့် အမြန်ဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ စာမေးပွဲစစ်ဆေးသူတွေ ဘာလိုချင်လဲဆိုတာ သေချာသိဖို့ပါပဲ။ ကျွန်တော့်ရဲ့ စာသင်ကြားမှု အများစုက ဒီစည်းမျဉ်းပေါ် အခြေခံပါတယ်။
ဒါပေမယ့်၊ ဒါကို ရိုးရိုးနဲ့ သင်ယူလို့မရနိုင်ဘူး၊ အမှတ်ကောင်းကောင်း မရနိုင်ပါဘူး။ ကိုယ့်အင်္ဂလိပ်စာ တိုုးတက်အောင် လုပ်ပြီး၊ စွမ်းရည်တွေကို စစ်ဆေးရပါမယ်။

အမှတ်ပေးစည်းမျဉ်းတွေကို ကြည့်ရှုတာက စာမေးပွဲစစ်သူတွေ ဘာကို လိုချင်လဲဆိုတာ နားလည်နိ်ုင်မှာ ဖြစ်ပါတယ်။
IELTSပြင်ဆင်ခြင်းကို တစ်ဆင့်ပြီး တစ်ဆင့် ချဉ်းကပ်နည်း

(၁) General Training (သို့) Academic ဖြေမှာလား ဆုံးဖြတ်ပါ။

Academic နှင့် General Training

Academic သည် နိုင်ငံတကာ တက္ကသိုလ်များသို့ တက်ရောက်လိုသောသူများ (သို့) နိုင်ငံခြားတွင် ဆေးပညာရပ်များ၊အသက်မွေးဝမ်းကျောင်းလုပ်ငန်းများအား သွားရောက်လုပ်ကိုင်လိုသောသူများအတွက် ဖြစ်သည်။

General Trainingသည် အင်္ဂလိပ်စကားပြောဆိုသော တိုင်းပြည်များသို့ ပြောင်းရွှေ့အခြေချ နေထိုင်လိုသူများအတွက် ဖြစ်သည်။
Listening နှင့် Speaking သည် Academic General Training အတွက် အတူတူဖြစ်သည်။

Speaking (အပြော) နဲ့ Listening (နားထောင်) အတွက် နည်းလမ်းတစ်ခုတည်း လေ့လာနိုင်ပါသည်။

Reading (အဖတ်)အတွက် Academic နှင့် GTသည် မေးခွန်းပုံစံ တူညီသော်လည်း မေးခွန်းလွှာများ ကွဲပြားသည်။
Academic Testများသည် တက္ကသိုလ်ပညာရေးဆိုင်ရာ ခေါင်းစဉ်များ ဖြစ်ပြီး၊ GT Testများသည် အင်္ဂလိပ်စကားပြော တိုင်းပြည်များ၏ နေ့စဉ်သုံး များ ဖြစ်သည်။

Academic Writing တွင် Task 1 နှင့် Task 2ပါဝင်သည်။

GT Task 1 တွင် အင်္ဂလိပ်စကားပြော နိုင်ငံက လူတစ်ယောက်ဆီ စာရေးရမည် ဖြစ်သည်။

(၂) လက်တွေ့ကျတဲ့ ပန်းတိုင်တွေ ချမှတ်ပါ။

ဒီမှာ အဓိကစကားလုံးက “လက်တွေ့ကျတာ” ပါ။ သင်လိုချင်တဲ့ အမှတ်နဲ့ သင်တကယ်ရနိုင်မယ့် အမှတ်မှာ ခြားနားချက် ကြီးကြီးမားမား ရှိပါတယ်။

ထိရောက်တဲ့ IELTS ပြင်ဆင်မှုက သင်ရနိုင်တဲ့ အကောင်းဆုံး အမှတ်ကို ရနိုင်ဖို့ အထောက်အကူဖြစ်စေမှာ ဖြစ်ပါတယ်။

(၃) အမှတ်ပေးစည်းမျဉ်းကို နားလည်ပါ။

IELTS မှာ ကျွမ်းကျင်မှု ဝကနေ ၉ အထိ အဆင့်သတ်မှတ်ပါတယ်။ ရေး၊ ဖတ်၊ပြော၊ နားထောင် စွမ်းရည်တွေအတွက် အမှတ်ရရှိမှာ ဖြစ်ပါတယ်။ ဒီရမှတ်တွေကို အားလုံးပေါင်းပြီး ပျမ်းမျှယူကာ တစ်ခုလုံးရဲ့ ရမှတ်ကို ပေးသွားမှာ ဖြစ်ပါတယ်။

Brand 9 – Brand 9 ရတဲ့သူတွေကတော့ “ကျွမ်းကျင်သူ” အဆင့်ပါ။

Brand 8 – Brand 8 ရသူတွေကတော့ အင်္ဂလိပ်စာအသုံးပြုမှုမှာ “အလွန်တော်” တဲ့သူတွေပါ။

Brand 7 – ဒီကျောင်းသားတွေကတော့ “ကောင်းကောင်းအသုံးပြုနိုင်သူ”တွေ ဖြစ်ကြပါတယ်။ ရမှတ် ၇မှတ်ရတဲ့ သူအများစုက အင်္ဂလိပ်စာမှာ

ရှုပ်ထွေးတဲ့ အနေအထားကို ကိုင်တွယ်နိုင်သူတွေဖြစ်ကြပါတယ်။ သင်က ရမှတ် ၇ရတဲ့ ကျောင်းသားဆိုရင်၊ ရံဖန်ရံခါ အမှားတွေ ပြုလုပ်နိုင်ပေမယ့်၊ နေ့စဉ် တာဝန်တွေကို ပြဿနာမရှိဘဲ အကောင်းဆုံး စွမ်းဆောင်နိုင်မှာ ဖြစ်ပါတယ်။

Brand 6 – ဒီကျောင်းသားတွေက အင်္ဂလိပ်စာ “သင့်” အဆင့် ဖြစ်ပါတယ်။ သူက မကြာခဏ အမှားလုပ်တတ်ပြီး၊ တစ်ခါတလေ နားထောင်သူတွေ/စာဖတ်သူတွေက သူတို့ ဆိုလိုချင်မှန်း မသိတာကြောင့် နားလည်မှု လွဲတတ်ပါတယ်။

Writing ရမှတ်များ

Writing ကို စံသတ်မှတ်ချက်လေးခု သုံးပြီး စစ်ဆေးပါတယ်။ စာမေးပွဲစစ်သူက ဝကနေ ၉အတွင်း စံတစ်ခုချင်းစီအတွက် အမှတ်တစ်ခု ပေးပါလိမ့်မယ်။ ယင်းနောက် ပျမ်းမျှအမှတ် ပေးမှာပါ။ ဥပမာအားဖြင့် သင်က ၆၊ ၇၊ ၈၊ ၆ အသီးသီးရရင်၊ အားလုံးပေါင်းအမှတ်က ၆.၇၅ ဖြစ်ပါမယ်။ ဒါဆို ၇အထိ တိုးပေးပါလိမ့်မယ်။

စံသတ်မှတ်ချက်လေးခုမှာ

တာဝန်အောင်မြင်မှု
ရှေ့နောက်ညီညွှတ်ပြီး၊ အဆက်အစပ်ရှိမှု
ဝေါဟာရ ကြွယ်ဝမှု
သဒ္ဒါနည်းအရ မှန်ကန်မှုနဲ့ တိကျမှု။
Speaking အမှတ်များ
Speaking မှာလည်း စံသတ်မှတ်ချက် လေးခုရှိပါတယ်။ ဒါတွေကတော့
– သွက်လက်မှု
– အသံထွက်ကောင်းမွန်မှု
– ဝေါဟာရ ကြွယ်ဝမှု
– သဒ္ဒါနည်းအရ မှန်ကန်မှုနဲ့ တိကျမှု

နားထောင်မှုစွမ်းရည် ရမှတ်များ

နားထောင်ခြင်းစွမ်းရည် စစ်ဆေးမှုမှာ အမြဲတမ်း မေးခွန်း ၄၀ ပါဝင်ပါတယ်။ သင့်ရဲ့ အမှတ်က ဒီမေးခွန်း (၄၀) မှာ ဘယ်လောက်များများ မှန်ကန်လည်းပေါ်မှာ မူတည်ပါတယ်။

Listening မှာ Academic နဲ့ General Trainingအတွက် အမှတ်ပေးစည်းမျဉ်းက အတူတူပါပဲ

ရမှတ် (၄၀) တွင် ရရှိသော အဖြေမှန်အရေအတွက် ရမှတ်
၄၀
၃၉-၃၈ ၈.၅
၃၇-၃၅
၃၄-၃၃ ၇.၅
၃၂-၃၀
၂၉-၂၇ ၆.၅
၂၆-၂၃
၂၂-၂၀ ၅.၅
၁၉-၁၆

Reading Scores
Reading ရမှတ်များ
Reading စာမေးပွဲမှာလည်း မေးခွန်း (၄၀) ပါပါတယ်။ ဒီမှာလည်း သင်ဘယ်လောက်များများ မှန်အောင် ဖြေနိုင်လည်းဆိုတာမှာ မူတည်ပါတယ်။ ရမှတ်တွေကတော့ Academic နဲ့ General Training က မတူကြပါဘူး။
Reading (အဖတ်)

ရမှတ် (၄၀) တွင် ရရှိသော အဖြေမှန်အရေအတွက် ရမှတ်
၄၀- ၃၉
၃၈-၃၇ ၈.၅
၃၆-၃၅
၃၄-၃၃ ၇.၅
၃၂-၃၀
၂၉-၂၇ ၆.၅
၂၆-၂၃
၂၂-၁၉ ၅.၅
၁၈-၁၅

(၄) မတူညီတဲ့ မေးခွန်းပုံစံတွေကို နားလည်ပါ။

Readingနဲ့ Listeningအတွက် မတူညီတဲ့ မေးခွန်း (၁၀)ခု ကျော် ရှိပါတယ်။ ဒါ့အပြင်၊ Writing က မေးခွန်း အမျိုးအစား ဆယ်မျိုးကျော်ရှိပါတယ်။

ဒီတစ်ခုချင်းစီကို သိထားတာက မတူညီတဲ့ ချဉ်းကပ်မှုနဲ့ နည်းစနစ် လိုအပ်တဲ့အတွက် ကြီးမားတဲ့ အကျိုးကျေးဇူး ရရှိနိုင်ပါတယ်။ဒီစွမ်းရည်တစ်ခုချင်းစီ တိုးတက်စေမယ့် အကြောင်းအရာတွေ အောက်မှာ ဖော်ပြပေးသွားပါမယ်။

(၅) ကိုယ့်ရဲ့ IELTS စွမ်းရည်တွေကို ပြီးပြည့်စုံပါစေ

အထက်မှာ ဖော်ပြခဲ့တဲ့အတိုင်း၊ IELTSမှာ အောင်မြင်ဖို့ လိုအပ်တဲ့ မတူညီတဲ့ ချဉ်းကပ်နည်းတွေနဲ့ နည်းဗျူဟာတွေကို အများကြီး ရှိပါတယ်။ ဥပမာဆိုရရင်၊ ထိရောက်တဲ့ အဖွင့်နိဒါန်းနဲ့ နိဂုံးချုပ်ကို ဘယ်လိုရေးရမလဲ သိပါသလား။ ကိုယ့်ရဲ့ စကားပြောမှာ အဖြေတွေကို ဘယ်လို တိုးတက်အောင် လုပ်ရမလဲ သိပြီလား။ Reading မှာ အချက်အလက် အမှန်ကို မြန်မြန်ဆန်ဆန် ဖော်ပြဖို့ သိပါပြီလား။
ဒီစွမ်းရည်တွေအားလုံးကို အောက်မှာ ဖော်ပြပေးထားပါတယ်။

(၆) ဝေါဟာရ ကြွယ်ဝပါစေ။

ဝေါဟာရ စကားလုံးတွေက IELTS စာမေးပွဲရဲ့ အရေးကြီးတဲ့ အပိုင်းပဲဖြစ်ပါတယ်။ Speakingနဲ့ Writing ထဲက စုစုပေါင်း အမှတ်ရဲ့ ၂၅% လောက်ကို ကယ်ပေးမှာ ဖြစ်ပါတယ်။ Readingနဲ့ Listening မှာလည်း ဝေါဟာရ ကြွယ်ဝမှုကို စစ်ဆေးတတ်ပါတယ်။
ဝေါဟာရကြွယ်ဝအောင် တတ်နိုင်သလောက် မြန်မြန် ပြုလုပ်သင့်ပါတယ်။

(၇) အင်္ဂလိပ်စာကို နေ့တိုင်း လေ့ကျင့်ပါ။

သင့် အင်္ဂလိပ်စာ တိုးတက်စေဖို့၊ နေ့တိုင်း နည်းနည်းစီ လေ့ကျင့်တာက အကောင်းဆုံးပါပဲ။
နေ့တိုင်း သင်လေ့ကျင့်တဲ့ နည်းလမ်းတွေက ထောင်ကျော်မဟုတ်တောင်၊ ရာဂဏန်းပဲ ရှိရုံနဲ့ IELTSကို မပျင်းမရိဘဲ လုပ်နိ်ုင်ပါပြီ။ အောင်မြင်နေတဲ့ ကျောင်းသားအများစုကတော့ အင်္ဂလိပ်စာ လုပ်နေရတာကို နှစ်သက်တာကို တွေ့ရပါတယ်။ ပြီးတော့ မှန်မှန်လည်း လုပ်ကြပါတယ်။ အင်္ဂလိပ်လို အသုံးပြုတာ များလေလေ၊ သင်လိုချင်တဲ့ အမှတ်ရရှိဖို့ အခွင့်လမ်း ပိုများပြီး၊ သင့်စွမး်ရည်တွေ တိုးတက်လေပါပဲ။
အင်္ဂလိပ်စာလေ့လာခြင်းကို IELTSမှာ မေးတတ်တဲ့ လူသိများတဲ့ ခေါင်းစဉ်အများစုနဲ့ ပေါင်းစပ်လေ့ကျင့်နိုင်ပါတယ်။ သဘာဝပတ်ဝန်းကျင်၊ ပညာရေး နဲ့ နည်းပညာကဲ့သို့သော ခေါင်းစဉ်တွေ ရှိပါတယ်။ ဒီအမေးများတဲ့ ခေါင်းစဉ်တွေမှာ ဖတ်တာ၊ နားထောင်တာ လုပ်တာက သင့်ရဲ့ဝေါဟာရနဲ့ အတွေးအခေါ်ကို တိုးတက်စေနိုင်သော အလွန် ထိရောက်တဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ သင့်ရဲ့ အင်္ဂလိပ်စာလည်း တိုးတက်လာမှာ ဖြစ်ပါတယ်။

(၈) မေးခွန်းတွေကို လေ့ကျင့်ပါ။

သင်လိုချင်တဲ့ အမှတ်ကို ရရှိဖို့ နဲ့ မေးခွန်းတွေနဲ့ ရင်းနှီးနေဖို့ IELTS စာမေးပွဲမေးခွန်းတွေကို မိမိဘာသာ လေ့ကျင့်သင့်ပါတယ်။
ဒါပေမယ့်၊ လေ့ကျင့်မှုတွေ မလုပ်ခင်၊ အချက်နှစ်ချက်ကို သတိပေးပါရစေ။

ပထမတစ်ချက်ကတော့ စာမေးပွဲ မေးခွန်း အတုအယောင်တွေပါပဲ။ ၎င်းတို့ကို အင်တာနက်ပေါ်မှာ တွေ့နိုင်သလို၊ မြို့နယ်အတွင်းက စာအုပ်ဆိုင်တွေမှာလည်း တွေ့နိုင်ပါတယ်။ မြို့ထဲက စာအုပ်ဆိုင် တော်တော်များများက “တရားဝင် စာမေးပွဲ မေးခွန်း” တွေကို ပေးထားတယ်လို့ အခိုင်အမာ ပြောဆိုကြပါတယ်။ ပြဿနာက စာအုပ်တွေက IELTS အကြောင်း ဘာမှမသိတဲ့သူတွေ ရေးထားကာ၊ ငွေကြေးအနည်းငယ် ရအောင် ရှာတာပါပဲ။
မေးခွန်းအတုတွေကြောင့် တကယ့်မေးခွန်းလွှာ အစစ်ကို ကျောင်းသားတွေ မသိနိုင်တော့ပါဘူး။

ဒုတိယ သတိပေးချင်တာကတော့ အစမ်း မေးခွန်းလွှာကိုတွေ IELTS ပြင်ဆင်ဖို့အတွက်ပဲ မလုပ်ပါနဲ့။ ကျွန်တော်နဲ့ သိတဲ့ ကျောင်းသားအများစုက IELTS မေးခွန်းလွှာတွေကို တစ်နေ့လုံး၊ နေ့တိုင်း နီးပါး လေ့ကျင့်ကြပါတယ်။ အများစုကတော့ နည်းနည်းတိုးတက်လာပါတယ်။ ကိုယ့်ရဲ့ လက်ရှိ ကျွမ်းကျင်မှုကိုသာ စစ်ဆေးဖို့ ဒါတွေကို အသုံးပြုသင့်ပါတယ်။ ကိုယ့်အချိန်အများစုကို အင်္ဂလိပ်စာ အဆင့်နဲ့ IELTS တိုးတက်ဖို့သာ သုံးစွဲသင့်ပါတယ်။

တစ်ပတ်လုံး လေ့ကျင့်မယ်ဆိုရင်၊ မေးခွန်းလွှာ တစ်ခု၊ နှစ်ခုလောက်ကိုသာ ဖြေဆိုလေ့ကျင့်သင့်ပါတယ်။ တခြားနည်းနဲ့ ပြောရရင်၊ ဒါက ပမာဏ နည်းပေမယ့်၊အရေးကြီးပါတယ်။ ကိုယ့်ရဲ့ IELTSပြင်ဆင်မှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်သင့်ပါတယ်။

(၁၀) ကိုယ့်ရဲ့ အင်္ဂလိပ်စကားပြောနဲ့ အရေးသားကို အကဲဖြတ်ပါ။

ကိုယ့်ရဲ့ အင်္ဂလိပ်စကားပြော နဲ့ စာရေးသားခြင်းကို အကဲဖြတ်ပေးရန် အရည်အသွေးပြည့်ဝတဲ့ ဆရာကောင်းရှိဖို့လည်း အလွန် အရေးကြီးပါတယ်။ သူတို့က သင်ရောက်နေတဲ့ အဆင့်ကို ပြောပြပေးနိုင်ပါတယ်။ အရေးကြီးဆုံးက သင့်ရဲ့ အားနည်းချက်တွေကို ပြောပြပေးနိုင်သူ ဖြစ်ရပါမယ်။

ဒါကလည်း သင့်ရဲ့ IELTSပြင်ဆင်ခြင်းမှာ အရေးကြီးဆုံး အပိ်ုင်းဖြစ်ပါတယ်။ တကယ်လို့ သင်က ကိုယ်ဘာတွေ အားနည်းလဲဆိုတာ မသိဘူးဆိုရင်၊ ဘာကို အလေးပေး ဖိလုပ်ရမှာ မသိတဲ့အတွက်ကြောင့် ကိုယ့်အချိန်တွေကို ဖြုန်းနေမိမှာ ဖြစ်ပါတယ်။ ကိုယ်တိုးတက်အောင် လုပ်ရမယ့် ကိုယ့်အားနည်းတဲ့ နေရာမှာ အာရုံစိုက်ပေးပါ။

IELTSပြင်ဆင်ခြင်းအတွက် အထိရောက်ဆုံး နည်းဗျူဟာက ကိုယ့်အားနည်းချက်ကို ရှာဖွေဖို့ပါပဲ။ ကိုယ်အားနည်းတဲ့ အပိုင်းတွေကို များများလေ့ကျင့်ပြီး၊ အတွေ့အကြုံများတဲ့ IELTS သင်ကြားတဲ့ ဆရာဆီမှာ အကဲဖြတ်မှု ခံယူပါ။ သူတို့က သင်တိုးတက်မှု ရှိမရှိကို ပြောပေးနိုင်ကာ၊ နောက်တစ်ဆင့် ဘာတွေကို အလေးပေး ဖိလုပ်ရမယ်ဆိုတာ အကြံပေးသွားမှာ ဖြစ်ပါတယ်။

Translator : Hsu Mi San

Education

Leave a Reply

Your email address will not be published. Required fields are marked *