မဒေေးနေ့၊ ကမ္ဘာ့အလုပ်သမားနေ့သမိုင်

မြန်မာနိုင်ငံ အပါအဝင် ကမ္ဘာ့နိုင်ငံအသီးသီးတွင် မေ ၁ ရက်နေ့ကို ကမ္ဘာ့လုပ်သမားနေ့အဖြစ် သတ်မှတ်ဂုဏ်ပြုခဲ့ကြပါတယ်။ ကမ္ဘာ့အလုပ်သမားနေ့ဟာ နိုင်ငံအသီးသီးက အလုပ်သမားများအတွက် ကြီးမားတဲ့ အောင်မြင်မှုတစ်ခုလို့ဆိုရပါမည်။

မေဒေးနေ့ဟာ မြောက်ကိုရီးယား၊ ကျူးဘား ကဲ့သိုသော ကွန်မြူနစ်နိုင်ငံများနှင့် ယခင်ဆိုဗီယက်ပြည်ထောင်စုနိုင်ငံများအတွက် အရေးကြီးတဲ့ ပိတ်ရက်များထဲမှ တစ်ရက်အပါအဝင်လည်းဖြစ်ပါတယ်။

၁၈ ရာစုက စက်မှုဖွံ့ဖြိုးသောနိုုင်ငံများတွင် အလုပ်သမားများသည် တစ်နေ့ကို နံနက် (၅) နာရီမှ ည (၈) နာရီထိ အလုပ်ချိန် (၁၅) နာရီကြာ အလုပ်လုပ်ခဲ့ကြရပြီး လုပ်အားနဲ့လုပ်ခ မတန်အောင် အလုပ်လုပ်ခဲ့ကြရတယ်။ထို့ပြင် လုပ်ငန်းခွင်တွင် ဝန်နဲ့အား မမျှတဲ့အလုပ်များကို ကလေးငယ်များအားခိုင်းခြင်း၊ ထိခိုက်မှု တစ်စုံတစ်ရာရှိလာရင်လည်း အလုပ်ရှင်တို့၏ လျစ်လျှူရှုခြင်းများ ခံစားခဲ့ကြရတယ်။ ဒဏ်မခံနိုင်တော့တဲ့အဆုံး အလုပ်သမားများက မကျေနပ်၍ တစ်နေ့ကို အလုပ်ချိန် (၁၀)နာရီသတ်မှတ်ပေးရန် ကြွေးကြော်တောင်းဆိုခဲ့ကြတယ်။

၁၈၈၀ ပြည့် နောက်ပိုင်းတွင်အလုပ်သမားတို့က ၈ နာရီလုပ်၊၈ နာရီနား၊ ၈ နာရီအိပ် ရန်တောင်းဆိုခဲ့ကြတယ်။ ထိုတောင်းဆိုမှုကို အလုပ်ရှင်တို့က ခွင့်မပြုသဖြင့် ၁၈၈၆ ခုနှစ်မေလ ၃ရက် နှင့် ၄ ရက်နေ့များတွင်အမေရိကန်ပြည်၊ ချီကာဂိုမြို့၌ အလုပ်သမားများက သပိတ်မှောက်ဆန္ဒပြခဲ့ကြပါတယ်။ ပုလိပ်များကလည်း သေနတ်များဖြင့် ပစ်ခတ်ကြတာကြောင့်  အလုပ်သမားများ သွေးမြေကျခဲ့ရပြီး  ၁၈၈၀ ပြည့်နစ် မေလ ၁ ရက်နေ့တွင်  နိုင်ငံအသီးသီးတွင်ရှိသော အလုပ်သမားများက မိမိတို့မြို့များတွင် ဆန္ဒပြပွဲများပြုလုပ်ခဲ့ကြတယ်။ထို့ကြောင့်  ၁၈၉၀ ပြည့်နှစ် မေလ ၁ ရက်နေ့ကို ကမ္ဘာ့အလုပ်သမားနေ့အဖြစ် သတ်မှတ်ခဲ့ကြတယ်။

မြန်မာနိုင်ငံတွင် ၁၉၁၆ – ၁၉၁၇ ခုနှစ်တွင် ရေနံချောင်းဘီအိုစီရေနံတွင်းသပိတ်၊၁၉၁၈ – ၁၉၁၉ ခုနှစ်တွင် ဘီအိုစီကုမ္ပဏီ စာရေး ၂၀ဝ ခန့်ကရှောင်တခင်ခွင့်နှင့် လုပ်သက်ခွင့် ရရေးအတွက် သပိတ်မှောက်ခဲ့ကြပြန်ပါတယ်။၁၉၂၁ – ၁၉၂၃ ခုနှစ်ထိ၊ ၁၉၂၄ – ၁၉၂၅ ခုနှစ်ထိ၊ နောက် ၁၉၂၆ ခုနှစ်ထိကို အကြိမ်ကြိမ် ဆက်တိုက်ဆိုသလို သပိတ်မှောက်ခဲ့ကြပြီး ၁၉၃၉ ခုနှစ် ၁၃၀ဝ ပြည့်အရေးတော်ပုံ သပိတ်ကြမှပင် အလုပ်သမားတို့အတွက် အအောင်မြင်ဆုံး သပိတ်ဖြစ်လာခဲ့ပါတယ်။

၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့ပြီး အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ချုပ်ဝင် နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့တယ်။ ၁၉၅၀ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဖဆပလအစိုးရနှစ်ခြမ်းကွဲသွားသောကြောင့် အလုပ်သမားအစည်းအရုံးနှစ်ခြမ်းကွဲသွားရခြင်းဖြစ်ပြီး ၁၉၆၂ ခုနှစ် မတ်လ ၂ ရက်နေ့တွင် တော်လှန်ရေးကောင်းစီတက်လာပြီး အလုပ်သမားရေးရာများကို အထူးကိုင်တွယ်ဖြေရှင်းခဲ့တယ်။ ၂၉၆၃ ခုနှစ်တွင် ပြည်သူ့အလုပ်သမားကောင်စီကို ဖွဲ့စည်းပေးခဲ့သည်။ကမ္ဘာ့အလုပ်သမားနေ့အခမ်းအနားကြီးကို မြန်မာအလုပ်သမားနေ့အဖြစ်ခံယူပြီး အခမ်းအနားများ ကျင်းပဂုဏ်ပြုခဲ့ကြပါတယ်။

မြန်မာနိုင်ငံတွင် အလုပ်သမားဥပဒေပြုပြင်ပြောင်းလဲရန်အတွက် အလုပ်သမားများ အပြင်းအထန် ဆောင်ရွက်ခဲ့ကြပုံ၊ အလုပ်သမားအခွင့်အရေးရရန်၊ လုပ်အားနဲ့ညီမျှတဲ့လုပ်ခရရန် နှင့် ဝန်နဲ့အားမျှတသည့် အလုပ်များလုပ်ဆောင်နိုင်ရန်အတွက် ကြိုးပမ်းခဲ့ကြပုံကို နှောင်းခေတ်လူငယ်များ သိရှိပြီး တန်ဖိုးထားတတ်ဖို့ လိုပါတယ်။ သာမာန်ပိတ်ရက်တစ်ရက်အဖြစ် ကျော်မသွားဘဲ အရင်လူများ အသက်၊သွေး၊ချွေး စတေးပြီး စွန့်လွှတ်အနစ်နာခံခဲ့ခြင်းကို တန်ဖိုးထားတတ်ဖို့ရည်ရွယ်ပါတယ်။

ကျွန်တော်တို့ လူငယ်တွေအနေနဲ့ အရင်လူတွေ စွန့်လွှတ်အနစ်နာခံခဲ့တာကို ကောင်းစွာအသုံးချပြီး ရသင့်ရထိုက်တဲ့အခွင့်အရေးကို ယူပြီး ပေးသင့်ပေးထိုက်တဲ့တန်ဖိုးကို ပေးဆပ်ဖို့လိုပါတယ်။ လူငယ်တွေဆိုတာ မိမိတို့နိင်ငံအတွက် အနာဂတ်မျှော်လင့်ချက်ပါ။ အရင်လူတွေပေးခဲ့တဲ့ အခွင့်အရေးကို လက်လွှတ်ဆုံးရှုံးအခံဘဲ ကိုယ့်နိုင်ငံ ကိုယ့်ရေ ကိုယ်မြေတိုးတက်ဖို့အတွက် သမိုင်းကပေးလိုက်တဲ့သင်ခန်းစာတွေကို သင်ယူပြီး နောက်ထပ် တူညီတဲ့ အမှားမျိုးထပ်မမှားဖို့  တိုက်တွန်းလိုက်ပါတယ်။

Current, Education

Leave a Reply

Your email address will not be published. Required fields are marked *