*** Unicode ***
#Point #PointYouthPlatform
အနှောက်အယှက်ကင်းကင်းနဲ့ စာလေ့လာဖို့ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင် လိုအပ်ပါတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် တစ်ချို့လူတွေအတွက်တော့ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ စာလေ့လာခြင်းဟာ အကျိုးရလဒ်ကောင်းမရရှိနိုင်ပါဘူး။
ခြောက်ကပ်နေတဲ့ပတ်ဝန်းကျင်ကြီးကို ခုခံတွန်းလှန်နေရတာတွေ၊ သင့်စားပွဲပေါ်မှာ အိပ်ချင်မူးတူးဖြစ်နေတာတွေက သင့်ကိုစာလုပ်ချင်စိတ်ပျောက်စေပါတယ်။
ဒါကြောင့်စာလေ့လာမှုမပေါ့လျော့ သွားဖို့ မှန်မှန်ကန်ကန် သီချင်းရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။ စာလုပ်နေစဉ် သီချင်းနားထောင်ခြင်းက မကောင်းဘူးလို့ လေ့လာတွေ့ရှိချက်တွေက ပြောပေမဲ့ လူတော်တော်များများက မရှိမဖြစ်လိုအပ်ပါတယ်။
အဲဒါက စာပိုလုပ်ဖို့ ဆိတ်ဆိတ်ငြိမ်ငြိမ် ရှိစေပါတယ်။ သင်ရဲ့စိတ်နေစိတ်ထား ရည်မွန်အောင်နဲ့ စာကို ကြာကြာပြုလုပ်အောင် ဂီတက ကူညီပေးနိုင်ပါတယ်။
စာလုပ်နေရင်း မှန်မှန်ကန်ကန် သီချင်းရွေးချယ်နိုင်ဖို့က စိန်ခေါ်မှုတစ်ရပ်ပါပဲ။ မှားယွင်းတဲ့သီချင်းက စာလုပ်ဖို့ အနှောက်အယှက် ဖြစ်စေပါတယ်။
သင့်အတွက် ဘယ်လိုသီချင်းရွေးချယ်ရမယ်ဆိုတာ အကြံညစ်နှင့် တချို့အကြံပြုချက်တွေကို ပြောပြပါမယ်။
(၁) ဂန္တဝင်တေးဂီတကိုရွေးချယ်ပါ။
ဂန္တဝင်တေးဂီတ အေးချမ်းပြီး သာယာနာပျော်ဖွယ်ကောင်းတာကြောင့် စာလေ့လာရင်းနားထောင်ဖို့ ရွေးချယ်စရာတစ်ခုပါ။
(၂) အတီးသက်သက်ဂီတမျိုးကို နားထောင်ပါ။
အတီးသက်သက်ဂီတမျိုးကိုနားထောင်ပါ။ ဒီလိုဂီတမျိုးက ဂန္တဝင်ဂီတထက်ပိုခေတ်မှီပြီး အကျိုးရလဒ်ကတော့ အတူတူပါပဲ။ ရုပ်ရှင်ဇာတ်ဝင်တေးတွေကလည်း ကောင်းကြောင်း လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။
(၃) မိုဇက်တေးဂီတကိုရွေးချယ်ပါ။
သံစဉ်လေးပဲပါတဲ့ ဂီတအမျိုးအစားက စိတ်ပိုင်းဆိုင်ရာစွမ်းဆောင်ချက်ကို တိုးတက်စေတဲ့သာဓကတွေရှိပါတယ်။ အဲဒါကို မိုဇက်တေးဂီတလို့ ခေါ်ကြပါတယ်။
(၄) သဘာဝတေးသံသာတွေကိုနားဆင်ပါ။
တိရစ္ဆာန်အသံ၊ တောအုပ်၊ ရေလှိုင်း၊ မိုးရေစတဲ့သဘာဝအသံတွေကို နားထောင်ပါ။ ဂီတတော့ မဟုတ်ပေမဲ့ နားထောင်စဉ် စိတ်အပန်းပြေစေပြီး သင့်ကို တခြားကမ္ဘာရောက်နေသလို ခံစားရစေပါတယ်။
(၅) အသံတိုးတိုးလေးပဲနားထောင်ပါ။
စာလေ့လာနေတာပါ။ အဖွဲ့လိုက်ကခုန်နေတာမဟုတ်ပါဘူး။ သင်အလုပ်လုပ်စဉ် သီချင်းတီးလုံးအသံကို အသင့်အတင့်အနေအထားပဲ နားထောင်ပါ။ တိုးလေလေ ကောင်းလေလေပါပဲ။ ကျယ်လေလေ အနှောက်အယှက်ပိုဖြစ်လေပါပဲ။ စာလုပ်ရမှာ သီချင်းကို နောက်ခံထားဖို့က အဓိကပါ။
Writer & Translator : Shwe Yi
—————————————————————————————————————————-
#Point #PointYouthPlatform
အနှောက်အယှက်ကင်းကင်းနဲ့ စာလေ့လာဖို့ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင် လိုအပ်ပါတယ်လို့ လေ့လာတွေ့ရှိချက်တွေအရ သိရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တစ်ချို့လူတွေအတွက်တော့ တိတ်ဆိတ်တဲ့ပတ်ဝန်းကျင်မှာ စာလေ့လာခြင်းဟာ အကျိုးရလဒ်ကောင်းမရရှိနိုင်ပါဘူး။ ခြောက်ကပ်နေတဲ့ပတ်ဝန်းကျင်ကြီးကို ခုခံတွန်းလှန်နေရတာတွေ၊ သင့်စားပွဲပေါ်မှာ အိပ်ချင်မူးတူးဖြစ်နေတာတွေက သင့်ကိုစာလုပ်ချင်စိတ်ပျောက်စေပါတယ်။ ဒါကြောင့်စာလေ့လာမှုမပေါ့လျော့ သွားဖို့ မှန်မှန်ကန်ကန် သီချင်းရွေးချယ်တတ်ဖို့က အရေးကြီးပါတယ်။ စာလုပ်နေစဉ် သီချင်းနားထောင်ခြင်းက မကောင်းဘူးလို့ လေ့လာတွေ့ရှိချက်တွေက ပြောပေမဲ့ လူတော်တော်များများက မရှိမဖြစ်လိုအပ်ပါတယ်။ အဲဒါက စာပိုလုပ်ဖို့ ဆိတ်ဆိတ်ငြိမ်ငြိမ် ရှိစေပါတယ်။ သင်ရဲ့စိတ်နေစိတ်ထား ရည်မွန်အောင်နဲ့ စာကို ကြာကြာပြုလုပ်အောင် ဂီတက ကူညီပေးနိုင်ပါတယ်။ စာလုပ်နေရင်း မှန်မှန်ကန်ကန် သီချင်းရွေးချယ်နိုင်ဖို့က စိန်ခေါ်မှုတစ်ရပ်ပါပဲ။ မှားယွင်းတဲ့သီချင်းက စာလုပ်ဖို့ အနှောက်အယှက် ဖြစ်စေပါတယ်။ သင့်အတွက် ဘယ်လိုသီချင်းရွေးချယ်ရမယ်ဆိုတာ အကြံညစ်နှင့် တချို့အကြံပြုချက်တွေကို ပြောပြပါမယ်။