လုပ်ငန်းခွင်အတွင်း အင်္ဂလိပ်စာကောင်းခြင်းရဲ့ အကျိုးရလဒ်

ကမ္ဘာကြီးက ရွာဖြစ်ပြီး ကူးလူးဆက်သွယ်ရေးတွေ ပိုမိုပြုလုပ်နေရတဲ့ ယခုလိုခေတ်ကြီးမှာ ကမ္ဘာသုံးဘာသာစကားဖြစ်တဲ့ အင်္ဂလိပ်ဘာသာစကား ကျွမ်းကျင်မှုက ကျွန်တော်တို့တွေအတွက် အရေးကြီးတယ်ဆိုတာ အထွေအထူးပြောစရာမလိုတော့ပါဘူး။

မိမိရဲ့ ကုမ္ပဏီကို ကမ္ဘာအရပ်ရပ်က စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး ပိုမိုချဲ့ထွင်ဖို့အတွက် အင်္ဂလိပ်ဘာသာစကားတတ်ကျွမ်းဖို့ လိုအပ်ပါတယ်။ အင်္ဂလိပ်စကား တတ်ကျွမ်းမှပဲ ကိုယ့်စီးပွားရေးလုပ်ငန်းကို အခြားနိုင်ငံများကို ချဲ့ထွင်နိုင်မှာ ဖြစ်ပါတယ်။

နိုင်ငံတကာအဆင့်မီ ကုမ္ပဏီတွေမှာ ဝန်ထမ်းအနေနဲ့ လုပ်ကိုင်လိုသူတွေအတွက်လည်း အင်္ဂလိပ်လို ပြောဆို ဆွေးနွေးနိုင်ဖို့က မရှိမဖြစ် လိုအပ်ပါတယ်။

အင်္ဂလိပ်ဘာသာစကားသင်ယူခြင်းက လုပ်ငန်းခွင်မှာ မင်းကိုတိုးတက်စေဖို့ လိုအပ်တဲ့ ကျွမ်းကျင်မှု တစ်ရပ်လည်း ဖြစ်ပါတယ်။

အကယ်လို့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကုမ္ပဏီတွေမှာ အလုပ်လုပ်မယ်ဆိုရင် အင်္ဂလိပ်စကားတတ်ကျွမ်းခြင်းက တခြားသူတွေထက် သာလွန်တဲ့ ရာထူး၊လစာကို ပေးနိုင်မှာ ဖြစ်ပါတယ်။

အင်္ဂလိပ်စာတတ်ခြင်းဖြင့် မင်းရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ ပြောဆိုဆက်သွယ်ရ ပိုလွယ်ကူစေပါတယ်။ နိုင်ငံခြားသားတွေနဲ့လည်း ဆက်သွယ်စေနိုင်မှာပါ။

အလုပ်လုပ်ကိုင်နေရသူတွေအတွက် အချိန်တိုအတွင်း အင်္ဂလိပ်စာကို ထိရောက်အောင် လေ့လာနည်းတွေကိုလည်း POINT website မှာ ရေးသားဖော်ပြပေးထားပါတယ်။

Career, Education

Leave a Reply

Your email address will not be published. Required fields are marked *