တစ်ကိုယ်တည်း အင်္ဂလိပ်စကားပြော လေ့လာနိုင်တဲ့ နည်းလမ်း (၈)သွယ်

*** Unicode ***

#POINT #PointYouthPlatform

အင်္ဂလိပ်စာကို တစ်ကိုယ်တည်း လေ့လာလို့ ရပါတယ်။စာရေးတာ၊ ဖတ်တာ၊ နားထောင်တာ စတဲ့ စွမ်းရည်တွေ အားလုံးက တစ်ယောက်တည်း လေ့လာဖို့ လွယ်ကူပါတယ်။

သင်က စာကြောင်းလှလှလေးတွေကို ရေးနိုင်တယ်၊ ဝေါဟာရစကားလုံးတွေကို ရာနဲ့ချီ မှတ်နိုင်တယ်။ ဒါပေမယ့် စကားပြောဖို့ ပါးစပ်ဖွင့်လိုက်တဲ့အခါမှာတော့ ဘာမှထွက်မလာပါဘူး။တစ်ကမ္ဘာလုံးက စာအုပ်တွေ၊ ဝက်ဘ်ဆိုဒ်တွေ နဲ့ Appsတွေအားလုံးက သင့်ရဲ့ အင်္ဂလိပ်စကားပြောကို သွက်လက်အောင် ပြောဆိုနိုင်ဖို့ မကူညီနိုင်ပါဘူး။

အင်္ဂလိပ်စကားပြောတိုးတက်ဖို့ အကောင်းဆုံးအရာက အင်္ဂလိပ်လူမျိုးတွေနဲ့ စကားပြောတာပါပဲ။တစ်ခါတလေ ကျွန်တော်တို့မှာ ရွေးချယ်ခွင့် မရှိပါဘူး။ အင်္ဂလိပ်လိုပြောတဲ့ လူတစ်ယောက်နဲ့မှ မသိဘူးဆိုရင်ကော။ အချိန်မရှိဘူး ဆိုရင်ကော။ အင်္ဂလိပ်တစ်ယောက်နဲ့ လေ့ကျင့်ဖို့ အခုထိ ယုံကြည်ချက်မရှိသေးရင်ကော။ မစိုးရိမ်ပါနဲ့။ အင်္ဂလိပ်စကားပြောဆိုဖို့ အဖော်မရှိခဲ့ရင်တောင်အင်္ဂလိပ်ပြောစကားကို တိုးတက်စေနိုင်ပါ။

(၁) အင်္ဂလိပ်လို တွေးပါ။

တစ်ခါတလေ ဘာသာစကား အသစ်တစ်ခုကို ပြောဆိုဖို့ အခက်ခဲရှိတတ်ပေမဲ့ ယင်းဘာသာအတိုင်း စဉ်းစားကြည့်ပါ။မြန်မာလိုတွေးပြီး၊ အင်္ဂလိပ်လို ပြောဖို့ ကြိုးစားတဲ့အခါမှာ၊ ဘာသာစကားနှစ်ခုကြား အမြဲဘာသာပြန်နေရပါလိမ့်မယ်။

ဘာသာပြန်တာက လုပ်ဖို့ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ ဘာသာစကား နှစ်ခု သို့ နှစ်ခုထက်ပိုပြီး ပြောနိုင်တဲ့သူတွေတောင် ဘာသာစကားအကြား ပြောင်းရွှေ့ဖို့ အခက်ခဲရှိပါတယ်။

အင်္ဂလိပ်လိုတွေးတာက နေရာတိုင်း၊ အချိန်တိုင်း လုပ်နိုင်ပါတယ်။ ကိုယ်ဘယ်သွားလဲ၊ ဘာစားရမလဲ ဆိုတာကို အင်္ဂလိပ်လိုပဲ အသုံးပြုပါ။ အင်္ဂလိပ် အဘိဓာန်ကိုပဲ အသုံးပြုပေးပါ။

ဒီနည်းလမ်းက သင့်ရဲ့ မိခင်ဘာသာစကားနဲ့ ဘာသာပြန်ထားတဲ့ စကားလုံးတွေကို ဘယ်တော့မှ မသုံးမိတော့ပါဘူး။ အင်္ဂလိပ်လို တွေးတဲ့အခါ၊ အင်္ဂလိပ်လို ပြောဆိုဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။

(၂) ကိုယ့်ကိုယ်ကို စကားပြောပါ။

အိမ်မှာဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် အင်္ဂလိပ်စာကို သင်နှစ်သက်တဲ့သူ သင်ကိုယ်တိုင်နဲ့ လေ့ကျင့်နိုင်ပါတယ်။အင်္အင်္ဂလိပ်လို တွေးနေရင်၊ ကိုယ့်အတွေးတွေကို အသံထွက်ပြောပေးပါ။ စာကိုလည်း အသံထွက်ဖတ်နိုင်ပါတယ်။ လေ့ကျင့်မှုက လေ့ကျင့်မှုပါပဲ။

သင့်ကို တစ်ယောက်မှ ပြင်ပေးမယ့်သူ မရှိရင်တောင်မှ၊ အင်္ဂလိပ်လို အသံထွက်ပြောတတ်တဲ့အကျင့်ကအင်္ဂလိပ်စကားပြောတဲ့အခါ ပိုပြီး သက်တောင့်သက်သာ ဖြစ်စေမှာ ဖြစ်ပါတယ်။

(၃) မှန်ကို အသုံးပြုပါ။

ဘယ်အချိန်ပဲဖြစ်ဖြစ် မှန်ရှေ့မှာ ရပ်ပြီး မိနစ်အနည်းလောက် စကားပြောပေးပါ။ ခေါင်းစဉ်ကို ရွေးချယ်ပြီး နှစ်မိနစ်၊ သုံးမိနစ်လောက် စကားပြောပေးရုံပါပဲ။

ဒီလေ့ကျင့်ခန်းရဲ့ အဓိကက စကားပြောတဲ့အချိန်မှာ ကိုယ့်ရဲ့ ပါးစပ်၊ မျက်နှာနဲ့ ခန္ဓာကိုယ် ဘာသာစကားကို စောင့်ကြည့်ဖို့ပါပဲ။

ကိုယ်နဲ့ စာလေ့လာဘက်နဲ့ ပြောနေသလိုမျိုး ဟန်ဆောင်ပါ။ နှစ်မိနစ်၊ သုံးမိနစ်ကို မရပ်ဘဲ တစ်ဆက်တည်းပြောပေးပါ။ ဒါက ဘယ်စကားလုံး ဘယ်ဝါကျတွေမှာ အခက်ခဲရှိလည်းဆိုတာ သိရှိနိုင်ပါလိမ့်မယ်။

(၄) သွက်လက်မှုကို အာရုံစိုက်ပါ။

အင်္ဂလိပ်လို ပြောတဲ့အခါ၊ ဘယ်နှစ်ခါလောက် ရပ်သွားပါသလဲ။ရပ်တဲ့အကြိမ်များလေလေ၊ အသံထွက်ဖို့ ယုံကြည်မှုနည်းလေ၊ ပြောရတာ အဆင်မပြေဖြစ်လာလေပါပဲ။

မှန်လေ့ကျင့်ခန်းကို ကြိုးစားကြည့်ပါ။ ဒါပေမယ့် တစ်ချိန်လုံး မရပ်ဘဲစကားပြောနိုင်ဖို့ ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။ဒီအဓိပ္ပာယ်က ဝါကျတွေက သဒ္ဒါနည်းအရတော့ မှန်ကောင်းမှန်မယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။

စကားကို မှန်ကန်မှုအစား သက်လက်စွာပြောဆိုနိုင်ဖို့ အာရုံစိုက်ရင်၊ သင်ပိုပြီး နားလည်လာကာ၊ ကြားရတာလည်း ပိုကောင်းလာမှာဖြစ်ပါတယ်။

(၅) နားထောင်ပြီး ပြန်ပြောပါ။

တီဗွီအစီအစဉ်တွေ၊ You Tube ဗီဒီယိုတွေကို အင်္ဂလိပ်လိုကြည့်ပါ။ ဒါကို အသုံးချပြီး သွက်သွက်လက်လက်ပြောနိုင်အောင် လေ့ကျင့်လို့ရမှာဖြစ်ပါတယ်။ အစီအစဉ်တိုလေးကို ရွေးချယ်ပြီး တစ်ကြောင်းပြီးတစ်ကြောင်း လိုက်ပြောပါ။

သံနေသံထား၊ အမြန်နှုန်းနဲ့ လေသံကိုတောင်မှ လိုက်တုပြီး ပြောကြည့်ပါ။ စကားလုံးအနည်းငယ် လွတ်သွားလဲ ကိစ္စမရှိပါဘူး။ အရေးကြီးတာက ဆက်ပြောနေဖို့ပါပဲ။

(၆) အင်္ဂလိပ်သီချင်းတွေ လိုက်ဆိုပါ။

ကိုယ်နှစ်သက်တဲ့ သီချင်းတွေကို လိုက်ဆိုတာက ပိုပြီး သွက်လက်စေဖို့ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။Taulor Swift နဲ့ Jason Mraz တို့ရဲ့ သီချင်းတွေ လိုက်ဆိုပြီး၊ ကိုယ့်စွမ်းရည်ကို အနည်းငယ်ပိုခက်တဲ့ rap နဲ့ စစ်ဆေးနိုင်ပါတယ်။

ရက်ပ်သီချင်းက ပုံမှန်ပြောနေကျ စကားလုံးတွေ ပါတတ်တဲ့အတွက်ကြောင့်အင်္ဂလိပ်စာ လေ့လာဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ ဒါပေမယ့် ရက်ပါတွေက ခိုင်မာတဲ့စည်းချက်နဲ့ ပိုမြန်တဲ့ နှုန်းကို အသုံးပြုကြပါတယ်။

စကားလုံးတစ်ချို့က အဓိပ္ပါယ်မရှိကြပါဘူး။ ရက်ပါတွေ ဆိုတဲ့အတိုင်း ဆိုနိုင်ရင်တော့ ပိုပြီး စကားပြော သွက်လက်လာမှာ ဖြစ်ပါတယ်။

(၇) သက်တောင့်သက်သာ ရှိပါစေ။

အင်္ဂလိပ်လို သွက်လက်စွာပြောဆိုဖို့ လေ့လာတဲ့အချိန်မှာ ကိုယ်က အကောင်းဆုံး အကူညီဖြစ်နိုင်သလို၊ အဆိုးဝါးဆုံး ရန်သူလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဒါက ခက်ခဲတယ်ဆိုတာ သိကြတယ်။

စကားပြောဆိုတဲ့အခါ ဘယ်လိုအသံထွက်မရလဲ မစိုးရိမ်ပါနဲ့။ သက်တောင့်သက်သာ ဖြစ်ပါစေ။အကျပ်ရိုက်တာ၊ စိတ်ရှုပ်ထွေးတာ ဖြစ်လာရင်၊ အသက်ပြင်းပြင်းရှုပြီး၊ ထပ်ထပ်ခါ ပြန်စပါ။ ဖြည်းဖြည်းပြောဆိုပါ၊ ခဏရပ်ပြီး အချိန်ယူပါ။ နောက်တစ်ကြောင်းကို စဉ်းစားပါ။

(၈) မြန်မာဇာတ်လမ်းတစ်ပုဒ်ကိုအင်္ဂလိပ်လို ပြောကြည့်ပါ။

အင်္ဂလိပ်စကားပြောတိုးတက်မှုကို စစ်ဆေးဖို့ ပျော်စရာနည်းလမ်းတစ်ခု ရှိပါတယ်။ ကိုယ်ကောင်းကောင်း သိတဲ့ ဇာတ်လမ်းတစ်ပုဒ်ရွေးချယ်ပြီး၊ အင်္ဂလိပ်လို ပြန်ပြောပါ။ဇာတ်လမ်းကို ပြန်ပြောတဲ့ချိန်မှာအင်္ဂလိပ်လို တွေးဖို့ သတိရပါ။ မှန်ဖို့အစား မြန်မြန် ပြောနိုင်ဖို့ အာရုံစိုက်ပါ။ စကားတိုင်းကို ကိုယ့်ကိုယ်ကို အသံထွက်ပြောပေးပါ။

သင့်မှာ အင်္ဂလိပ်လို စကားပြောဖို့ ဘယ်သူမှ မရှိရင်တောင်မှ၊ ကိုယ်ပိုင်အချိန်မှာ ယုံကြည်မှုကို တည်ဆောက်ဖို့နဲ့ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ဖို့ ကြိုးစားလို့ ရပါတယ်။တစ်ချို့နည်းလမ်းတွေအရ၊ အင်္အင်္ဂလိပ်စကားပြော လေ့ကျင့်ခြင်းမှာ ကိုယ့်ဘာသာ လေ့ကျင့်တာ ပိုပြီး လွယ်ကူပါသေးတယ်။

Writer & Translator : Hus Mi San

——————————————————————————————————————————

#POINT #PointYouthPlatform

အင်္ဂလိပ်စာကို တစ်ကိုယ်တည်း လေ့လာလို့ ရပါတယ်။
စာရေးတာ၊ ဖတ်တာ၊ နားထောင်တာ စတဲ့ စွမ်းရည်တွေ အားလုံးက တစ်ယောက်တည်း လေ့လာဖို့ လွယ်ကူပါတယ်။ သင်က စာကြောင်းလှလှလေးတွေကို ရေးနိုင်တယ်၊ ဝေါဟာရစကားလုံးတွေကို ရာနဲ့ချီ မှတ်နိုင်တယ်။ ဒါပေမယ့် စကားပြောဖို့ ပါးစပ်ဖွင့်လိုက်တဲ့အခါမှာတော့ ဘာမှထွက်မလာပါဘူး။
တစ်ကမ္ဘာလုံးက စာအုပ်တွေ၊ ဝက်ဘ်ဆိုဒ်တွေ နဲ့ Appsတွေအားလုံးက သင့်ရဲ့ အင်္ဂလိပ်စကားပြောကို သွက်လက်အောင် ပြောဆိုနိုင်ဖို့ မကူညီနိုင်ပါဘူး။

အင်္ဂလိပ်စကားပြောတိုးတက်ဖို့ အကောင်းဆုံးအရာက အင်္ဂလိပ်လူမျိုးတွေနဲ့ စကားပြောတာပါပဲ။
တစ်ခါတလေ ကျွန်တော်တို့မှာ ရွေးချယ်ခွင့် မရှိပါဘူး။ အင်္ဂလိပ်လိုပြောတဲ့ လူတစ်ယောက်နဲ့မှ မသိဘူးဆိုရင်ကော။ အချိန်မရှိဘူး ဆိုရင်ကော။ အင်္ဂလိပ်တစ်ယောက်နဲ့ လေ့ကျင့်ဖို့ အခုထိ ယုံကြည်ချက်မရှိသေးရင်ကော။ မစိုးရိမ်ပါနဲ့။ အင်္ဂလိပ်စကားပြောဆိုဖို့ အဖော်မရှိခဲ့ရင်တောင် အင်္ဂလိပ်ပြောစကားကို တိုးတက်စေနိုင်ပါ။

(၁) အင်္ဂလိပ်လို တွေးပါ။
တစ်ခါတလေ ဘာသာစကား အသစ်တစ်ခုကို ပြောဆိုဖို့ အခက်ခဲရှိတတ်ပေမဲ့ ယင်းဘာသာအတိုင်း စဉ်းစားကြည့်ပါ။
မြန်မာလိုတွေးပြီး၊ အင်္ဂလိပ်လို ပြောဖို့ ကြိုးစားတဲ့အခါမှာ၊ ဘာသာစကားနှစ်ခုကြား အမြဲဘာသာပြန်နေရပါလိမ့်မယ်။ ဘာသာပြန်တာက လုပ်ဖို့ လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ ဘာသာစကား နှစ်ခု သို့ နှစ်ခုထက်ပိုပြီး ပြောနိုင်တဲ့သူတွေတောင် ဘာသာစကားအကြား ပြောင်းရွှေ့ဖို့ အခက်ခဲရှိပါတယ်။
အင်္ဂလိပ်လိုတွေးတာက နေရာတိုင်း၊ အချိန်တိုင်း လုပ်နိုင်ပါတယ်။ ကိုယ်ဘယ်သွားလဲ၊ ဘာစားရမလဲ ဆိုတာကို အင်္ဂလိပ်လိုပဲ အသုံးပြုပါ။ အင်္ဂလိပ် အဘိဓာန်ကိုပဲ အသုံးပြုပေးပါ။ ဒီနည်းလမ်းက သင့်ရဲ့ မိခင်ဘာသာစကားနဲ့ ဘာသာပြန်ထားတဲ့ စကားလုံးတွေကို ဘယ်တော့မှ မသုံးမိတော့ပါဘူး။ အင်္ဂလိပ်လို တွေးတဲ့အခါ၊ အင်္ဂလိပ်လို ပြောဆိုဖို့ ပိုလွယ်ကူလာပါလိမ့်မယ်။


(၂) ကိုယ့်ကိုယ်ကို စကားပြောပါ။
အိမ်မှာဖြစ်ဖြစ်၊ ဘယ်မှာပဲဖြစ်ဖြစ် အင်္ဂလိပ်စာကို သင်နှစ်သက်တဲ့သူ သင်ကိုယ်တိုင်နဲ့ လေ့ကျင့်နိုင်ပါတယ်။
အင်္ဂလိပ်လို တွေးနေရင်၊ ကိုယ့်အတွေးတွေကို အသံထွက်ပြောပေးပါ။ စာကိုလည်း အသံထွက်ဖတ်နိုင်ပါတယ်။ လေ့ကျင့်မှုက လေ့ကျင့်မှုပါပဲ။ သင့်ကို တစ်ယောက်မှ ပြင်ပေးမယ့်သူ မရှိရင်တောင်မှ၊ အင်္ဂလိပ်လို အသံထွက်ပြောတတ်တဲ့အကျင့်က အင်္ဂလိပ်စကားပြောတဲ့အခါ ပိုပြီး သက်တောင့်သက်သာ ဖြစ်စေမှာ ဖြစ်ပါတယ်။

(၃) မှန်ကို အသုံးပြုပါ။

ဘယ်အချိန်ပဲဖြစ်ဖြစ် မှန်ရှေ့မှာ ရပ်ပြီး မိနစ်အနည်းလောက် စကားပြောပေးပါ။ ခေါင်းစဉ်ကို ရွေးချယ်ပြီး နှစ်မိနစ်၊ သုံးမိနစ်လောက် စကားပြောပေးရုံပါပဲ။
ဒီလေ့ကျင့်ခန်းရဲ့ အဓိကက စကားပြောတဲ့အချိန်မှာ ကိုယ့်ရဲ့ ပါးစပ်၊ မျက်နှာနဲ့ ခန္ဓာကိုယ် ဘာသာစကားကို စောင့်ကြည့်ဖို့ပါပဲ။ ကိုယ်နဲ့ စာလေ့လာဘက်နဲ့ ပြောနေသလိုမျိုး ဟန်ဆောင်ပါ။ နှစ်မိနစ်၊ သုံးမိနစ်ကို မရပ်ဘဲ တစ်ဆက်တည်းပြောပေးပါ။ ဒါက ဘယ်စကားလုံး ဘယ်ဝါကျတွေမှာ အခက်ခဲရှိလည်းဆိုတာ သိရှိနိုင်ပါလိမ့်မယ်။


(၄) သွက်လက်မှုကို အာရုံစိုက်ပါ။
အင်္ဂလိပ်လို ပြောတဲ့အခါ၊ ဘယ်နှစ်ခါလောက် ရပ်သွားပါသလဲ။
ရပ်တဲ့အကြိမ်များလေလေ၊ အသံထွက်ဖို့ ယုံကြည်မှုနည်းလေ၊ ပြောရတာ အဆင်မပြေဖြစ်လာလေပါပဲ။ မှန်လေ့ကျင့်ခန်းကို ကြိုးစားကြည့်ပါ။ ဒါပေမယ့် တစ်ချိန်လုံး မရပ်ဘဲစကားပြောနိုင်ဖို့ ကိုယ့်ကိုယ်ကို စိန်ခေါ်ပါ။
ဒီအဓိပ္ပာယ်က ဝါကျတွေက သဒ္ဒါနည်းအရတော့ မှန်ကောင်းမှန်မယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ စကားကို မှန်ကန်မှုအစား သက်လက်စွာပြောဆိုနိုင်ဖို့ အာရုံစိုက်ရင်၊ သင်ပိုပြီး နားလည်လာကာ၊ ကြားရတာလည်း ပိုကောင်းလာမှာဖြစ်ပါတယ်။

(၅) နားထောင်ပြီး ပြန်ပြောပါ။
တီဗွီအစီအစဉ်တွေ၊ You Tube ဗီဒီယိုတွေကို အင်္ဂလိပ်လိုကြည့်ပါ။ ဒါကို အသုံးချပြီး သွက်သွက်လက်လက်ပြောနိုင်အောင် လေ့ကျင့်လို့ရမှာဖြစ်ပါတယ်။ အစီအစဉ်တိုလေးကို ရွေးချယ်ပြီး တစ်ကြောင်းပြီးတစ်ကြောင်း လိုက်ပြောပါ။ သံနေသံထား၊ အမြန်နှုန်းနဲ့ လေသံကိုတောင်မှ လိုက်တုပြီး ပြောကြည့်ပါ။ စကားလုံးအနည်းငယ် လွတ်သွားလဲ ကိစ္စမရှိပါဘူး။ အရေးကြီးတာက ဆက်ပြောနေဖို့ပါပဲ။


(၆) အင်္ဂလိပ်သီချင်းတွေ လိုက်ဆိုပါ။
ကိုယ်နှစ်သက်တဲ့ သီချင်းတွေကို လိုက်ဆိုတာက ပိုပြီး သွက်လက်စေဖို့ အထောက်အကူဖြစ်မှာ ဖြစ်ပါတယ်။
Taulor Swift နဲ့ Jason Mraz တို့ရဲ့ သီချင်းတွေ လိုက်ဆိုပြီး၊ ကိုယ့်စွမ်းရည်ကို အနည်းငယ်ပိုခက်တဲ့ rap နဲ့ စစ်ဆေးနိုင်ပါတယ်။
ရက်ပ်သီချင်းက ပုံမှန်ပြောနေကျ စကားလုံးတွေ ပါတတ်တဲ့အတွက်ကြောင့် အင်္ဂလိပ်စာ လေ့လာဖို့ အကောင်းဆုံး နည်းလမ်းပါပဲ။ ဒါပေမယ့် ရက်ပါတွေက ခိုင်မာတဲ့စည်းချက်နဲ့ ပိုမြန်တဲ့ နှုန်းကို အသုံးပြုကြပါတယ်။ စကားလုံးတစ်ချို့က အဓိပ္ပါယ်မရှိကြပါဘူး။ ရက်ပါတွေ ဆိုတဲ့အတိုင်း ဆိုနိုင်ရင်တော့ ပိုပြီး စကားပြော သွက်လက်လာမှာ ဖြစ်ပါတယ်။


(၇) သက်တောင့်သက်သာ ရှိပါစေ။
အင်္ဂလိပ်လို သွက်လက်စွာပြောဆိုဖို့ လေ့လာတဲ့အချိန်မှာ ကိုယ်က အကောင်းဆုံး အကူညီဖြစ်နိုင်သလို၊ အဆိုးဝါးဆုံး ရန်သူလည်း ဖြစ်နိုင်ပါတယ်။ ကျွန်တော်တို့ ဒါက ခက်ခဲတယ်ဆိုတာ သိကြတယ်။ စကားပြောဆိုတဲ့အခါ ဘယ်လိုအသံထွက်မရလဲ မစိုးရိမ်ပါနဲ့။ သက်တောင့်သက်သာ ဖြစ်ပါစေ။
အကျပ်ရိုက်တာ၊ စိတ်ရှုပ်ထွေးတာ ဖြစ်လာရင်၊ အသက်ပြင်းပြင်းရှုပြီး၊ ထပ်ထပ်ခါ ပြန်စပါ။ ဖြည်းဖြည်းပြောဆိုပါ၊ ခဏရပ်ပြီး အချိန်ယူပါ။ နောက်တစ်ကြောင်းကို စဉ်းစားပါ။


(၈) မြန်မာဇာတ်လမ်းတစ်ပုဒ်ကို အင်္ဂလိပ်လို ပြောကြည့်ပါ။
အင်္ဂလိပ်စကားပြောတိုးတက်မှုကို စစ်ဆေးဖို့ ပျော်စရာနည်းလမ်းတစ်ခု ရှိပါတယ်။ ကိုယ်ကောင်းကောင်း သိတဲ့ ဇာတ်လမ်းတစ်ပုဒ်ရွေးချယ်ပြီး၊ အင်္ဂလိပ်လို ပြန်ပြောပါ။
ဇာတ်လမ်းကို ပြန်ပြောတဲ့ချိန်မှာ အင်္ဂလိပ်လို တွေးဖို့ သတိရပါ။ မှန်ဖို့အစား မြန်မြန် ပြောနိုင်ဖို့ အာရုံစိုက်ပါ။ စကားတိုင်းကို ကိုယ့်ကိုယ်ကို အသံထွက်ပြောပေးပါ။
သင့်မှာ အင်္ဂလိပ်လို စကားပြောဖို့ ဘယ်သူမှ မရှိရင်တောင်မှ၊ ကိုယ်ပိုင်အချိန်မှာ ယုံကြည်မှုကို တည်ဆောက်ဖို့နဲ့ ကျွမ်းကျွမ်းကျင်ကျင် ပြောနိုင်ဖို့ ကြိုးစားလို့ ရပါတယ်။
တစ်ချို့နည်းလမ်းတွေအရ၊ အင်္ဂလိပ်စကားပြော လေ့ကျင့်ခြင်းမှာ ကိုယ့်ဘာသာ လေ့ကျင့်တာ ပိုပြီး လွယ်ကူပါသေးတယ်။

Writer & Translator : Hus Mi San

 

Current, Education

Leave a Reply

Your email address will not be published. Required fields are marked *