ပညာရေးဆိုင်ရာ စွန့်ဦးတီထွင်သူတစ်ဦး ဖြစ်စေရန်

*** Unicode ***

#POINT #PointYouthPlatform

Edupreneurs ဆိုတာက ပညာရေးဆိုင်ရာ စွန့်ဦးတီထွင်သူကို ဆိုလိုတာဖြစ်ပြီး ကိုယ့်ပညာရေးအပေါ် အခြေခံပြီး ကျောင်းတွေ၊ ကောလိပ်တွေနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ စတင်တည်ထောင်သူတွေကိုလည်း Edupreneurs (ပညာရေး စွန့်ဦးတီထွင်သူ) လို့ခေါ်ဆိုနိုင်ပါတယ်။

ယနေ့ခေတ်အခြေအနေမှာ ကျောင်းသားကျောင်းသူတွေအတွက် လိုအပ်တဲ့ အဆင့်မြင့် ပညာရေးဆိုင်ရာ ကွက်လပ်တွေကို ဖြည့်ဆည်းရန်အတွက် Edupreneur တွေ အများကြီး လိုအပ်လာသလို Edupreneur ရဲ့တာဝန်တွေကလည်း အရေးပါလာပါတယ်။ပညာရေးနှင့်ပက်သက်တဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်။

၁။ သင့်ဧည့်ခန်းကို စာသင်ခန်းအဖြစ်ပြောင်းလဲလိုက်ပါ

တကယ်လို့ သင့်ဧည့်ခန်းက နေရာလည်းအဆင်ပြေမယ်၊ ကျယ်ကျယ်ဝန်းဝန်းလည်းရှိမယ်ဆိုရင် ကျောင်းသားအချို့သင့်ဧည့်ခန်းမှာ စာသင်ကြားနိုင်ဖို့အတွက် စာသင်ခန်းအဖြစ် ပြောင်းလဲ အသုံးပြုလို့ ရပါတယ်။ ကိုယ့်ဧည့်ခန်းထဲမှာပဲဖြစ်တဲ့အတွက် ပိုပြီး သက်တောင့်သက်သာစွာ စာသင်နိုင်သလို ပိုလွတ်လပ်သော သင်ကြားမှုကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၂။ ပညာရေးနှင့်သက်ဆိုင်သော Website များကို အသုံးပြုပါ။

ကျောင်းသင်ရိုးတစ်ခုတည်းသာ မဟုတ်ဘဲ ကျောင်းသားတွေအတွက် ပညာသင်ကြားနိုင်သော Website တွေ၊ Blog တွေလည်း များစွာရှိပါတယ်။ You Tube လိုမျိုး ဗီဒီယိုတွေမှတစ်ဆင့်လည်း ကိုယ့်ကျောင်းသားတွေအတွက် အထောက်အကူဖြစ်စေနိုင်သော ပညာရပ်ဆိုင်ရာ ဘာသာရပ်တွေကိုလည်း ထပ်မံ့လေ့လာနိုင်ပါသေးတယ်။

၃။ ပညာရှင်အနေဖြင့် ဆွေးနွေးမှုမျိုးပြုလုပ်ပါ

တကယ်လို့ သင်က ပညာတတ်တစ်ယောက်လည်း ဖြစ်တယ်၊ ကိုယ်နဲ့သက်ဆိုင်ရာ ဘာသာရပ်အပေါ်မှာလည်း ကောင်းကောင်းမွန်မွန် တတ်ကျွမ်းနားလည်လျှင် တခြားသော သင်တန်းကျောင်းတွေမှာ ပညာရှင်အနေနဲ့ ဆွေးနွေးခြင်းဖြစ်ဖြစ် ဒါမှမဟုတ်လည်း ကိုယ့်အိမ်မှာပဲဖြစ်ဖြစ် Workshop လိုမျိုး ကျင်းပဆွေးနွေးတာက ကျောင်းသားတွေအတွက်လည်း ပညာရပ်ဆိုင်ရာ ပိုအကျိုးရှိစေသလို ကိုယ့်ကိုလည်း ပညာရေးဆိုင်ရာ စွန့်ဦးတီထွင်သူတစ်ဦး အဖြစ်သို့ ဆောင်ကျဉ်းပေးနိုင်ပါတယ်။

၄။ ကိုယ့်ပညာရပ်အကြောင်းကို ဆောင်းပါး (သို့) စာပိုဒ်ဖြစ်ဖြစ် ရေးကြည့်ပါ

ယနေ့ခေတ်အချိန်မှာ စွန့်ဦးတီထွင်သူတွေအတွက် အရေးကြီးဆုံး သော့ချက်တစ်ခုကတော့ စာရေးသားခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ကျွမ်းကျင်မှုနှင့် ပညာရပ်တွေကို ဆောင်းပါးတွေကို အပြင်ကနေ စာအုပ်ထုတ်တာပဲဖြစ်စေ တခြားသော Website တွေ၊ Blogs တွေမှတစ်ဆင့်လည်း တစ်ကမ္ဘာလုံးကို ဖြန့်ဝေနိုင်ပါသေးတယ်။ အွန်လိုင်းဟာ ကိုယ့်လုပ်ငန်းအကြောင်းကို နေရာအနှံ့သိစေရန် ကူညီပေးနိုင်တဲ့နေရာကောင်းတစ်ခုဖြစ်ပါတယ်။

Writer & Translator : Thiha Aung

—————————————————————————————————————————

#POINT #PointYouthPlatform
Edupreneurs ဆိုတာက ပညာရေးဆိုင်ရာ စွန့်ဦးတီထွင်သူကို ဆိုလိုတာဖြစ်ပြီး ကိုယ့်ပညာရေးအပေါ် အခြေခံပြီး ကျောင်းတွေ၊ ကောလိပ်တွေနှင့် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေ စတင်တည်ထောင်သူတွေကိုလည်း Edupreneurs (ပညာရေး စွန့်ဦးတီထွင်သူ) လို့ခေါ်ဆိုနိုင်ပါတယ်။

ယနေ့ခေတ်အခြေအနေမှာ ကျောင်းသားကျောင်းသူတွေအတွက် လိုအပ်တဲ့ အဆင့်မြင့် ပညာရေးဆိုင်ရာ ကွက်လပ်တွေကို ဖြည့်ဆည်းရန်အတွက် Edupreneur တွေ အများကြီး လိုအပ်လာသလို Edupreneur ရဲ့တာဝန်တွေကလည်း အရေးပါလာပါတယ်။

ပညာရေးနှင့်ပက်သက်တဲ့ စွန့်ဦးတီထွင်သူတစ်ယောက်ဖြစ်လာဖို့ ဘယ်လိုကြိုးစားကြမလဲ ဆိုတာကို လေ့လာကြည့်ကြရအောင်။

၁။ သင့်ဧည့်ခန်းကို စာသင်ခန်းအဖြစ်ပြောင်းလဲလိုက်ပါ

တကယ်လို့ သင့်ဧည့်ခန်းက နေရာလည်းအဆင်ပြေမယ်၊ ကျယ်ကျယ်ဝန်းဝန်းလည်းရှိမယ်ဆိုရင် ကျောင်းသားအချို့သင့်ဧည့်ခန်းမှာ စာသင်ကြားနိုင်ဖို့အတွက် စာသင်ခန်းအဖြစ် ပြောင်းလဲ အသုံးပြုလို့ ရပါတယ်။ ကိုယ့်ဧည့်ခန်းထဲမှာပဲဖြစ်တဲ့အတွက် ပိုပြီး သက်တောင့်သက်သာစွာ စာသင်နိုင်သလို ပိုလွတ်လပ်သော သင်ကြားမှုကိုလည်း ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။

၂။ ပညာရေးနှင့်သက်ဆိုင်သော Website များကို အသုံးပြုပါ။

ကျောင်းသင်ရိုးတစ်ခုတည်းသာ မဟုတ်ဘဲ ကျောင်းသားတွေအတွက် ပညာသင်ကြားနိုင်သော Website တွေ၊ Blog တွေလည်း များစွာရှိပါတယ်။ You Tube လိုမျိုး ဗီဒီယိုတွေမှတစ်ဆင့်လည်း ကိုယ့်ကျောင်းသားတွေအတွက် အထောက်အကူဖြစ်စေနိုင်သော ပညာရပ်ဆိုင်ရာ ဘာသာရပ်တွေကိုလည်း ထပ်မံ့လေ့လာနိုင်ပါသေးတယ်။

၃။ ပညာရှင်အနေဖြင့် ဆွေးနွေးမှုမျိုးပြုလုပ်ပါ

တကယ်လို့ သင်က ပညာတတ်တစ်ယောက်လည်း ဖြစ်တယ်၊ ကိုယ်နဲ့သက်ဆိုင်ရာ ဘာသာရပ်အပေါ်မှာလည်း ကောင်းကောင်းမွန်မွန် တတ်ကျွမ်းနားလည်လျှင် တခြားသော သင်တန်းကျောင်းတွေမှာ ပညာရှင်အနေနဲ့ ဆွေးနွေးခြင်းဖြစ်ဖြစ် ဒါမှမဟုတ်လည်း ကိုယ့်အိမ်မှာပဲဖြစ်ဖြစ် Workshop လိုမျိုး ကျင်းပဆွေးနွေးတာက ကျောင်းသားတွေအတွက်လည်း ပညာရပ်ဆိုင်ရာ ပိုအကျိုးရှိစေသလို ကိုယ့်ကိုလည်း ပညာရေးဆိုင်ရာ စွန့်ဦးတီထွင်သူတစ်ဦး အဖြစ်သို့ ဆောင်ကျဉ်းပေးနိုင်ပါတယ်။

၄။ ကိုယ့်ပညာရပ်အကြောင်းကို ဆောင်းပါး (သို့) စာပိုဒ်ဖြစ်ဖြစ် ရေးကြည့်ပါ

ယနေ့ခေတ်အချိန်မှာ စွန့်ဦးတီထွင်သူတွေအတွက် အရေးကြီးဆုံး သော့ချက်တစ်ခုကတော့ စာရေးသားခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်ရဲ့ကျွမ်းကျင်မှုနှင့် ပညာရပ်တွေကို ဆောင်းပါးတွေကို အပြင်ကနေ စာအုပ်ထုတ်တာပဲဖြစ်စေ တခြားသော Website တွေ၊ Blogs တွေမှတစ်ဆင့်လည်း တစ်ကမ္ဘာလုံးကို ဖြန့်ဝေနိုင်ပါသေးတယ်။ အွန်လိုင်းဟာ ကိုယ့်လုပ်ငန်းအကြောင်းကို နေရာအနှံ့သိစေရန် ကူညီပေးနိုင်တဲ့နေရာကောင်းတစ်ခုဖြစ်ပါတယ်။

Writer & Translator : Thiha Aung

 

Education

Leave a Reply

Your email address will not be published. Required fields are marked *