Myanmar RoboLeague ပြိုင်ပွဲအတွက် တက္ကသိုလ်ကျောင်းသားများ လျှောက်ထားနိုင်

*** Unicode ***

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာနိုင်ငံ၏ ပထမဆုံး စက်ရုပ်ပြိုင်ပွဲကြီးဖြစ်သည့် Myanmar RoboLeague 2019 ကို ဧပြီလတွင် ဖန်တီးရာမှ ဦးဆောင် ကျင်းပမည်ဖြစ်သည်။

နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များ အပါအဝင် အနုပညာနှင့် သိပ္ပံတက္ကသိုလ် စုစုပေါင်း တက္ကသိုလ် (၄၆) ခုတို့မှ လက်ရှိကျောင်းတက်ရောက်နေသူ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကာ ပါဝင်သည့်တက္ကသိုလ် စာရင်းများကို www.bit.ly/mmroboleague တွင် ကြည့်ရှုနိုင်သည်။

အသက် (၁၉) နှစ်အောက် ကျောင်းသားများသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ထိုထက်ကြီးသူ တက္ကသိုလ်ကျောင်းသားများသည် နည်းပြများအနေဖြင့် ပါဝင်နိုင်ကြောင်း မသိင်္ဂ ပြောသည်။

အသင်းတစ်သင်းတွင် Participant (၅) ဦးနှင့် Mentor တစ်ဦးစီ ပါဝင်ရမည်ဖြစ်ကာ Myanmar RoboLeague တွင် အနိုင်ရရှိသော အသင်းအနေနှင့် နိုင်ငံတကာအဆင့် ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။

စက်မှုဒီဇိုင်း၊ အီလက်ထရွန်းနစ်နှင့် ပရိုဂရမ်းမင်း ကျွမ်းကျင်မှုများကို တိကျသေချာစွာ စီစစ်အကဲဖြတ်ပြီးမှသာ ပြိုင်ပွဲဝင်များအဖြစ် ရွေးချယ်မည်ဖြစ်ကာ ဧပြီလ (၁၂) ရက်နေ့အထိ လျှောက်ထားနိုင်မည်ဖြစ်သည်။

Myanmar RoboLeague 2019 ပြိုင်ပွဲတွင် ပထမရရှိမည့် အသင်းသည် အောက်တိုဘာလတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ကျင်းပမည့် FIRST Global Robotics Challenge ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီးသွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

——————————————————————————————————————————-

တက္ကသိုလ် ကျောင်းသား၊ ကျောင်းသူများအတွက် မြန်မာနိုင်ငံ၏ ပထမဆုံး စက်ရုပ်ပြိုင်ပွဲကြီးဖြစ်သည့် Myanmar RoboLeague 2019 ကို ဧပြီလတွင် ဖန်တီးရာမှ ဦးဆောင် ကျင်းပမည်ဖြစ်သည်။

နည်းပညာနှင့် ကွန်ပျူတာ တက္ကသိုလ်များ အပါအဝင် အနုပညာနှင့် သိပ္ပံတက္ကသိုလ် စုစုပေါင်း တက္ကသိုလ် (၄၆) ခုတို့မှ လက်ရှိကျောင်းတက်ရောက်နေသူ ကျောင်းသား၊ ကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ကာ ပါဝင်သည့်တက္ကသိုလ် စာရင်းများကို www.bit.ly/mmroboleague တွင် ကြည့်ရှုနိုင်သည်။

အသက် (၁၉) နှစ်အောက် ကျောင်းသားများသာ ဝင်ရောက်ယှဉ်ပြိုင်နိုင်မည်ဖြစ်ပြီး ထိုထက်ကြီးသူ တက္ကသိုလ်ကျောင်းသားများသည် နည်းပြများအနေဖြင့် ပါဝင်နိုင်ကြောင်း မသိင်္ဂက ပြောသည်။

အသင်းတစ်သင်းတွင် Participant (၅) ဦးနှင့် Mentor တစ်ဦးစီ ပါဝင်ရမည်ဖြစ်ကာ Myanmar RoboLeague တွင် အနိုင်ရရှိသော အသင်းအနေနှင့် နိုင်ငံတကာအဆင့် ပြိုင်ပွဲကို ဆက်လက်ယှဉ်ပြိုင် ရမည်ဖြစ်သည်။

စက်မှုဒီဇိုင်း၊ အီလက်ထရွန်းနစ်နှင့် ပရိုဂရမ်းမင်း ကျွမ်းကျင်မှုများကို တိကျသေချာစွာ စီစစ်အကဲဖြတ်ပြီးမှသာ ပြိုင်ပွဲဝင်များအဖြစ် ရွေးချယ်မည်ဖြစ်ကာ ဧပြီလ (၁၂) ရက်နေ့အထိ လျှောက်ထားနိုင်မည်ဖြစ်သည်။

Myanmar RoboLeague 2019 ပြိုင်ပွဲတွင် ပထမရရှိမည့် အသင်းသည် အောက်တိုဘာလတွင် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့၌ ကျင်းပမည့် FIRST Global Robotics Challenge ပြိုင်ပွဲကြီးသို့ မြန်မာနိုင်ငံ ကိုယ်စားပြုပြီးသွားရောက်ယှဉ်ပြိုင်ခွင့် ရရှိမည်ဖြစ်သည်။

Current, Education

Leave a Reply

Your email address will not be published. Required fields are marked *