ဆရာ ဟိန်းလတ်ရဲ့ ပြည်သူ့နီတိနှင့် ဒီမိုကရေစီနိုင်ငံသား စာအုပ်လေး

ပြည်သူ့နီတိသင်ရတဲ့အကြောင်းရင်းက ကျွန်မတို့ပြည်သူပြည်သားများဟာ ကိုယ့်ရဲ့အခွင့်အရေး၊ ကိုယ့်ရဲ့ ရပိုင်ခွင့်တွေသာမက ကိုယ့်ရဲ့ အခွင့်အရေးတွေ၊ တာဝန်ဝတ္တရားတွေ ပါ သိအောင်သင်လာတာပါ ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်က ( ပညာရေးကွန်ရက် ရန်ပုံငွေဂီတပွဲတော် ဖွင့်ပွဲ ) မှာ ပြောပြခဲ့ပါတယ်။

ဟုတ်ပါတယ်။ ဒီတစ်ပတ်ဖတ်ဖြစ်ခဲ့တဲ့ စာအုပ်လေးက ဆရာဟိန်းလတ်ရေးထားတဲ့ ပြည်သူ့နီတိနှင့် ဒီမိုကရေစီနိုင်ငံသား ဆိုတဲ့ စာအုပ်လေးဆီက ဖတ်မှတ်ခဲ့ရတာတွေကို ပြန်လည်ကူးယူဖော်ပြထားတာပဲဖြစ်ပါတယ်။

ပထမဆုံးစာမျက်နှာမှာတော့ ပြည်သူ့နီတိကို နားလည်သိရှိရန် အရေးကြီးပုံတွေ၊ နိုင်ငံသားတို့ရဲ့ မူလအခွင့်အရေးနှင့် တာဝန်တွေ၊ နိုင်ငံသားတွေရဲ့ တာဝန်၊ စားသောက်မှုနီတိ၊ အိမ်တွင်းပြည်သူ့နီတိ၊ ကျောင်းတွင်း၊ ခရီးသွား ပြည်သူ့နီတိ စတာတွေကို ဖတ်ရှုလေ့လာခဲ့ရပါတယ်။ နောက်ပြီး ပြည်သူနီတိအသိမှ ပညာသို့ ၊ ပြည်သူ့နီတိကိုးကားရန် အဆိုအမိန့်များကိုပါ လေ့လာမှတ်သားခဲ့ရပါတယ်။

ကျွန်တော်တို့ ငယ်ငယ်တုန်းကတော့ ပြည်သူ့နီတိဆိုတာ ဘာမှန်းသေချာရေရေရာရာ မသိခဲ့ရပါဘူး။ အရေးကြီးမှန်းလည်းမသိသလို အခုလို အိမ်တွင်း၊ကျောင်းတွင်း၊ ခရီးသွား စတဲ့ ကဏ္ဍတွေမှာလည်း ပြည်သူ့နီတိရှိမှန်းမသိခဲ့ပါ။ အခုမှပဲ ပြည်သူ့နီတိအကြောင်းကို ပြည့်ပြည့်စုံစုံ သိခွင့်ရခဲ့တာဖြစ်သလို အရေးကြီးတာကိုလည်း သိရှိခဲ့ရပါတယ်။

ဒီမိုကရေစီနိုင်ငံတော်ဆိုတာ ဘာလဲမေးတဲ့အခါမှာ တိတိကျကျဖြေနိုင်တဲ့သူ အတော်နည်းတာကို တွေ့ခဲ့သိခဲ့ရတယ်။ ကျွန်တော်တို့ အောက်ခြေလူတန်းစားမှာတော့ သိသူအတော်နည်းတယ်။ သေချာသာ မသိတာ ကောင်းမှန်းတော့ သိတယ်လို့ဖြေတဲ့လူလဲတွေ့ခဲ့ဖူးတယ်။ အခု ကျွန်တော် ဖတ်ခဲ့ရတဲ့ စာပိုဒ်လေးကိုဝေမျှပါ့မယ်။

ဒီမိုကရေစီနိုင်ငံတော်ဆိုတာ လူ့အဖွဲ့အစည်းအပေါ် သက်ရောက်မှုရှိသော အရေးပါသည့် ဆုံးဖြတ်ချက်များကို ပြည်သူက တိုက်ရိုက်ဖြင့်လည်းကောင်း၊ သွယ်ဝိုက်သောနည်းဖြင့်သော်လည်းကောင်း ချမှတ်လေ့ရှိသော နိုင်ငံမျိုးဖြစ်တယ် ဆိုပြီး ရှင်းပြထားပါတယ်။ လူတိုင်းရဲ့အမြင် သဘောထားများကို တန်းတူညီမျှ ဖော်ထုတ်ပြောဆိုခွင့်ရှိပြီး လူတိုင်းရဲ့ အမြင်သဘောတရားများကို လေးစားပေးရမည် ဖြစ်သည် ။ လို့လဲ ဖတ်မှတ်ခဲ့ရပါတယ်။

ဒီစာအုပ်လေးထဲမှာ တစ်ခြားစိတ်ဝင်စားစရာကောင်းပြီး ပြည်သူ့နီတိနဲ့ဆိုင်တဲ့ ခေါင်းစဉ်ပေါင်းများစွာ ပါဝင်ပါတယ်။ ကလေး၊လူကြီး၊လူငယ်မရွေး ဖတ်သင့်ပါတယ်။ နိုင်ငံသားတစ်ယောက်ရဲ့ ရပိုင်ခွင့်၊ တာဝန်ခံမှု စတာတွေအပြင် ကလေးတစ်ယောက်အနေနဲ့ သိထားသင့်တဲ့ ပြည့်သူနီတိအကြောင်းတွေ လည်းပါဝင်ပါတယ်။

အနည်းဆုံးတော့ ကိုယ့်ရဲ့ဖြစ်တည်မှု၊ ရပိုင်ခွင့်က ဘာတွေလဲ၊ လုပ်ပိုင်ခွင့်က ဘာတွေလဲ၊ တာဝန်ယူသင့်တဲ့အရာတွေက ဘာတွေလဲ သိထားသင့်ပါတယ်။ ကျွန်တော်ကတော့ ဒီစာအုပ်လေးဖတ်ပြီး ကျွန်တော် လုပ်ပိုင်ခွင့်၊ရပိုင်ခွင့်၊ တာဝန်ယူရမယ့်အရာတွေ၊ စောင့်ထိန်းအပ်တဲ့အရာတွေ သိလာခဲ့ပြီဖြစ်တယ်။ ကျွန်တော်သိသလို တစ်ခြားလူအားလုံးကိုလည်းသိစေချင်လို့ ဝေမျှပေးခြင်းဖြစ်ပါတယ်။

လူတစ်ယောက်ရဲ့စိတ်က မျက်လုံးမှာ ထင်ဟပ်တဲ့ဆိုတဲ့အတိုင်း “ တစ်ခါတစ်ရံတွင် မျက်လုံးကပြောသော စကားလုံးများက နှုတ်ခမ်းမှပြောသော စကားများထက် ပိုကျယ်တယ်ဆိုတဲ့ ” အဆိုအမိန့်လေးနဲ့ အဆုံးသတ်ချင်ပါတယ်။

Education

Leave a Reply

Your email address will not be published. Required fields are marked *