ကလေးတွေအတွက်ဘာသာစကားလေ့လာခြင်းရဲ့အကျိုးကျေးဇူးများ

*** Unicode ***

#POINT #PointYouthPlatform

၁။ လူအမြောက်အမြားနဲ့ ဆက်သွယ်ပြောဆိုနိုင်တယ်။

ငယ်စဉ်ကတည်းက ဘာသာစကားလေ့လာခြင်းဟာ မတူညီတဲ့ယဉ်ကျေးမှုတွေကိုသိရှိနိုင်ပါတယ်။ Hindi စကားတတ်ကျွမ်းသူဆိုရင်လူသန်းပေါင်း၆၅ဝကိုစကားပြောနိုင်ပါတယ်။စပိန်ဘာသာစကားပြောတတ်တဲ့သူဆိုရင် သန်းပေါင်း၄၂ဝကိုဆက်သွယ်နိုင်ပါတယ်။ အင်္ဂ္လိပ်စကားပြောတတ်မယ်ဆိုရင် ကမ္ဘာ့လူဦးရေတစ်ဝက်နဲ့ဆက်သွယ်စကားပြောနိုင်ပါတယ်။ လူတွေနဲ့ဆက်သွယ်နိုင်လေလေ သူတို့ရဲ့မတူညီတဲ့ အတွေးအခေါ်အယူအဆတွေပါသိမြင်နိုင်မှာဖြစ်ပါတယ်။

၂။ ကလေးရဲ့ဦးနှောက်ဉာဏ်ဖွံ့ဖြိုးစေတယ်။

ဘာသာစကားနှစ်မျိုးလေ့လာတဲ့ကလေးတွေဟာ တစ်မျိုးတည်းလေ့လာတဲ့ကလေးတွေထက် အာရုံစူးစိုက်မှုအားကောင်းပြီး အလုပ်အမြောက်အမြားကိုတစ်ပြိုင်တည်း လုပ်ဆောင်နိုင်ကြပါတယ်။ လေ့လာဆန်းစစ်ချက်များအရ ဘာသာစကားအမြောက်အမြားကိုငယ်စဉ်တည်းကလေ့လာသင်ယူတဲ့ကလေးတွေဟာ ဉာဏ်ရည်ပိုမြင့်ကြောင်းသိရှိရပါတယ်။

၃။ မိခင်ဘာသာစကားလေ့လာမှုကိုလည်းအထောက်အကူပြုပါတယ်။

ငယ်စဉ်ဘာသာစကားနှစ်မျိုးလေ့လာတဲ့ကလေးငယ်တွေမှာ စာဖတ်အတတ်မြန်ကြောင်းလေ့လာတွေ့ရှိရပါတယ်။ သဒ္ဒါမကျတဲ့ စာကြောင်းတွေကိုလည်းအလွယ်တကူ သိရှိနိုင်ကြပါတယ်။ကလေးငယ်ရဲ့အကြားအာရုံမှာ သံစဉ်တွေဖန်တီးပေးဖို့အထောက်အကူပြုတယ်။အတက်အကျသံရှိတဲ့ ဘာသာစကားများဖြစ်တဲ့ Mandarin နဲ့ Cantonese ဘာသာစကားလေ့လာသူတွေမှာ သံစဉ်အနိမ့်အမြင့်ကိုခွဲခြားနိုင်ပြီး သံစဉ်တွေဖန်တီးနိုင်ကြကြောင်းလေ့လာတွေ့ရှိရပါတယ်။

အလုပ်အကိုင်အခွင့်အလမ်းမြှင့်တင်ပေးတယ်။

ပညာရေး ကျန်းမာရေး လူမှုရေး၊ ဘာသာပြန်နဲ့ခရီးသွားလုပ်ငန်း အစရှိတဲ့လုပ်ငန်းအတော်များများဟာ ဘာသာစကားအနည်းဆုံးနှစ်မျိုးတတ်တဲ့ဝန်ထမ်းတွေကိုဦးစားပေးရွေးချယ်ကြပါတယ်။ ဒါကြောင့် ဘာသာစကားများများတတ်လေ အလုပ်အကိုင်ရွေးချယ်စရာပိုများလေဖြစ်ပါတယ်။

လစာကောင်းစေတယ်။

မိမိတတ်တဲ့ဘာသာစကားပေါ်မူတည်ပြီး ဝင်ငွေရနိ်င်ခြေမြင့်သွားမှာဖြစ်ပါတယ်။ အနောက်နိုင်ငံဘာသာ စကားတွေတတ်ထားမယ်ဆိုရင်တော့ လစာကောင်းနိုင်ချေပိုများမှာဖြစ်ပါတယ်။ခရီးသွားတဲ့အခါ အဟန့်အတားမရှိ ပိုမိုပျော်ရွင်ရတယ်။နိုင်ငံခြားခရီးသွားလာမှုဟာ သင့်ကလေးအမြင်ကျယ်စေဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။

ကွဲပြားမှုတွေနဲ့သဘာဝအလှတရားတွေကို တွေ့မြင်ခံစားခွင့်လည်းပေးပါတယ်။ မိမိသွားလည်တဲ့နိုင်ငံရဲ့ဘာသာစကားကိုပြောဆိုနိုင်မယ်ဆိုရင် ဆက်သွယ်ရပိုမိုလွယ်ကူပြီး ဘာနဲ့မှမတူတဲ့အတွေ့အကြုံတွေ ပျော်ရွှင်မှုတွေကိုပေးစွမ်းမှာဖြစ်ပါတယ်။

ထိုးဖောက်တွေးခေါ်တတ်ဖို့ကူညီပေးတယ်။

ကလေးငယ်တစ်ဦးကို ဒုတိယဘာသာစကားသင်ကြားပေးခြင်းက ကမ္ဘာကြီးကိုရှုထောင့်အမျိုးမျိုးက ကြည့်ရှုနိုင်ဖို့ကူညီပေးပါတယ်။ မတူညီတဲ့ရှုထောင့်အမျိုးမျိုးကိုပိုင်ဆိုင်ထားတဲ့ကမ္ဘာတစ်ဝှမ်းကလူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ခြင်းက ပြဿနာတွေကိုရှုထောင့်အမျိုးမျိုးက ဖြေရှင်းနိုင်စွမ်းရရှိစေဖို့ကူညီပေးပါတယ်။

Translator : Su Myat

——————————————————————————————————————————

#POINT #PointYouthPlatform

၁။ လူအမြောက်အမြားနဲ့ ဆက်သွယ်ပြောဆိုနိုင်တယ်။

ငယ်စဉ်ကတည်းက ဘာသာစကားလေ့လာခြင်းဟာ မတူညီတဲ့ယဉ်ကျေးမှုတွေကိုသိရှိနိုင်ပါတယ်။ Hindi စကားတတ်ကျွမ်းသူဆိုရင်လူသန်းပေါင်း၆၅၀ကိုစကားပြောနိုင်ပါတယ်။စပိန်ဘာသာစကားပြောတတ်တဲ့သူဆိုရင် သန်းပေါင်း၄၂၀ကိုဆက်သွယ်နိုင်ပါတယ်။ အင်္ဂလိပ်စကားပြောတတ်မယ်ဆိုရင် ကမ္ဘာ့လူဦးရေတစ်ဝက်နဲ့ဆက်သွယ်စကားပြောနိုင်ပါတယ်။ လူတွေနဲ့ဆက်သွယ်နိုင်လေလေ သူတို့ရဲ့မတူညီတဲ့ အတွေးအခေါ်အယူအဆတွေပါသိမြင်နိုင်မှာဖြစ်ပါတယ်။

၂။ ကလေးရဲ့ဦးနှောက်ဉာဏ်ဖွံ့ဖြိုးစေတယ်။

ဘာသာစကားနှစ်မျိုးလေ့လာတဲ့ကလေးတွေဟာ တစ်မျိုးတည်းလေ့လာတဲ့ကလေးတွေထက် အာရုံစူးစိုက်မှုအားကောင်းပြီး အလုပ်အမြောက်အမြားကိုတစ်ပြိုင်တည်း လုပ်ဆောင်နိုင်ကြပါတယ်။ လေ့လာဆန်းစစ်ချက်များအရ ဘာသာစကားအမြောက်အမြားကိုငယ်စဉ်တည်းကလေ့လာသင်ယူတဲ့ကလေးတွေဟာ ဉာဏ်ရည်ပိုမြင့်ကြောင်းသိရှိရပါတယ်။

၃။ မိခင်ဘာသာစကားလေ့လာမှုကိုလည်းအထောက်အကူပြုပါတယ်။

ငယ်စဉ်ဘာသာစကားနှစ်မျိုးလေ့လာတဲ့ကလေးငယ်တွေမှာ စာဖတ်အတတ်မြန်ကြောင်းလေ့လာတွေ့ရှိရပါတယ်။ သဒ္ဒါမကျတဲ့ စာကြောင်းတွေကိုလည်းအလွယ်တကူ သိရှိနိုင်ကြပါတယ်။
ကလေးငယ်ရဲ့အကြားအာရုံမှာ သံစဉ်တွေဖန်တီးပေးဖို့အထောက်အကူပြုတယ်။


အတက်အကျသံရှိတဲ့ ဘာသာစကားများဖြစ်တဲ့ Mandarin နဲ့ Cantonese ဘာသာစကားလေ့လာသူတွေမှာ သံစဉ်အနိမ့်အမြင့်ကိုခွဲခြားနိုင်ပြီး သံစဉ်တွေဖန်တီးနိုင်ကြကြောင်းလေ့လာတွေ့ရှိရပါတယ်။
အလုပ်အကိုင်အခွင့်အလမ်းမြှင့်တင်ပေးတယ်။
ပညာရေး ကျန်းမာရေး လူမှုရေး၊ ဘာသာပြန်နဲ့ခရီးသွားလုပ်ငန်း အစရှိတဲ့လုပ်ငန်းအတော်များများဟာ ဘာသာစကားအနည်းဆုံးနှစ်မျိုးတတ်တဲ့ဝန်ထမ်းတွေကိုဦးစားပေးရွေးချယ်ကြပါတယ်။ ဒါကြောင့် ဘာသာစကားများများတတ်လေ အလုပ်အကိုင်ရွေးချယ်စရာပိုများလေဖြစ်ပါတယ်။
လစာကောင်းစေတယ်။
မိမိတတ်တဲ့ဘာသာစကားပေါ်မူတည်ပြီး ဝင်ငွေရနိ်င်ခြေမြင့်သွားမှာဖြစ်ပါတယ်။ အနောက်နိုင်ငံဘာသာ စကားတွေတတ်ထားမယ်ဆိုရင်တော့ လစာကောင်းနိုင်ချေပိုများမှာဖြစ်ပါတယ်။
ခရီးသွားတဲ့အခါ အဟန့်အတားမရှိ ပိုမိုပျော်ရွင်ရတယ်။
နိုင်ငံခြားခရီးသွားလာမှုဟာ သင့်ကလေးအမြင်ကျယ်စေဖို့အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ကွဲပြားမှုတွေနဲ့သဘာဝအလှတရားတွေကို တွေ့မြင်ခံစားခွင့်လည်းပေးပါတယ်။ မိမိသွားလည်တဲ့နိုင်ငံရဲ့ဘာသာစကားကိုပြောဆိုနိုင်မယ်ဆိုရင် ဆက်သွယ်ရပိုမိုလွယ်ကူပြီး ဘာနဲ့မှမတူတဲ့အတွေ့အကြုံတွေ ပျော်ရွှင်မှုတွေကိုပေးစွမ်းမှာဖြစ်ပါတယ်။
ထိုးဖောက်တွေးခေါ်တတ်ဖို့ကူညီပေးတယ်။
ကလေးငယ်တစ်ဦးကို ဒုတိယဘာသာစကားသင်ကြားပေးခြင်းက ကမ္ဘာကြီးကိုရှုထောင့်အမျိုးမျိုးက ကြည့်ရှုနိုင်ဖို့ကူညီပေးပါတယ်။ မတူညီတဲ့ရှုထောင့်အမျိုးမျိုးကိုပိုင်ဆိုင်ထားတဲ့ကမ္ဘာတစ်ဝှမ်းကလူတွေနဲ့ ဆက်သွယ်ပြောဆိုနိုင်ခြင်းက ပြဿနာတွေကိုရှုထောင့်အမျိုးမျိုးက ဖြေရှင်းနိုင်စွမ်းရရှိစေဖို့ကူညီပေးပါတယ်။

Translator : Su Myat

Education

Leave a Reply

Your email address will not be published. Required fields are marked *