English Listening တိုးတက်စေရန် နည်းလမ်း (၅) သွယ်

*** Unicode ***

#POINT #PointYouthPlatform

အင်္ဂလိပ်လို နားထောင်ရတာ ခက်ခဲပါတယ်။ လွယ်လွယ်ကူကူ ဖြစ်စေမယ့် နည်းလမ်း (၅) သွယ်ကို ဖော်ပြပေးသွားပါမယ်။ အင်္ဂလိပ်လို ပြောဆိုတဲ့အခါမှာ အထိရောက်ဆုံး အထောက်အပံ့တစ်ခု ရှိရပါမယ်။ ကိုယ့်အနာဂတ် အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်အားထက်သန်နေရင်၊ ဆောင်ရွက်ရမယ့် နည်းလမ်းတွေက ပိုပြီးလွယ်ကူပါလိမ့်မယ်။

(၁) မိမိကိုယ်ကို ယုံကြည်မှု ရှိပါ။

ကိုယ့်တိုးတက်မှုကို ကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ စတင်ရပါမယ်။ အင်္ဂလိပ်စာကို သွက်သွက်လက်လက်နဲ့ ပြောဆိုနိုင်စွမ်း ၊ နားလည်နိုင်စွမ်းရှိတယ်လို့ ကိုယ့်ကိုယ်ကို စတင်ယုံကြည်ရပါမယ်။ ပထမမှာ အခက်အခဲရှိရင်တောင်၊ “ငါ လုပ်နိုင်တယ်” ဆိုတဲ့ စိတ်ထားက အင်္ဂလိပ်စာလေ့လာတဲ့ လမ်းတစ်လျှောက် အကူညီဖြစ်မှာ ဖြစ်ပါတယ်။

(၂) အင်္ဂလိပ်လို နားထောင်ပါ၊ ဖတ်ပါ၊ ပြောပါ။

အင်္ဂလိပ်စာ စွမ်းရည်တွေ လေ့ကျင့်ဖို့ မတူညီတဲ့ နည်းလမ်းတွေ ရှာကြည့်ပါ။ အင်္ဂလိပ်စာကို ဖတ်ရုံပဲ မဖတ်ပါနဲ့။ ပြောပါ၊ နားထောင်ပေးပါ။ ဒီဆောင်ရွက်ချက်တွေက သင့်ကို အာရုံစူးစိုက်စေပြီး အင်္ဂလိပ်ဘာသာစကား လေ့လာနည်း အမျိုးမျိုးကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်အချိန်တွေကို စွမ်းရည်တစ်ခုချင်းစီမှာ တိုးတက်အောင် သုံးစွဲဖို့ အရေးကြီးပါတယ်။ ဒါမှသာ ဘယ်အခြေနေဖြစ်ဖြစ် သက်တောင့်သက်သာ ပြောဆို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

(၃)အင်္ဂလိပ်လို နားထောင်ဖို့ အမျိုးမျိုးသော အကြောင်းရာများ ရွေးချယ်ပါ။

အင်္ဂလိပ်စာလေ့လာနေစဉ်၊ တခြားအကြောင်းရာတွေကို လေ့လာပါ။ အမျိုးမျိုးသော ဖျော်ဖြေမှု နယ်ပယ်တွေက ဝေါဟာရကို ကြွယ်ဝစေပြီး၊ သင့်ရဲ့မှတ်ဉာဏ်နဲ့ နားလည်မှုကို စစ်ဆေးပေးပါလိမ့်မယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ရွေးချယ်ပါ။ ကိုယ့်နဲ့ မရင်းနှီးတဲ့ အင်္ဂလိပ်စာ ခေါင်းစဉ်များကို ရွေးချယ်တာကလည်း ကိုယ့်ရဲ့ ဝေါဟာရကို ပိုမို များပြားလာစေပါတယ်။

(၄) စကားစပ်အရ ပထမဆုံး ခန့်မှန်းကြည့်ပါ။

သင် ကြားနေရတဲ့ အကြောင်းရာ နဲ့ သင့်ဘေးနားက အခြေနေတွေကို အာရုံစိုက် နားထောင်ပါ။ ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ အဓိပ္ပာယ်ရှိလောက်တာကို မူတည်ပြီး စကားပြောထဲမှာ နောက်ဘာဆက်ပြောမလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ နောက် ဘာဆက်ကြားရမလဲဆိုတာ ခန့်မှန်းကြည့်ပါ။ အဓိက တုန့်ပြန်မှုတွေနဲ့ အသုံးပြုဖို့ လိုအပ်တဲ့ စကားလုံးများကို ကြိုတင် စဉ်းစားကြည့်ပါ။ ဒါက ကြားရမယ့်အရာအတွက် ပြင်ဆင်ပြီးသား ဖြစ်ပါလိမ့်မယ်။

(၅) အဓိက ဆိုလိုရင်းကို နားလည်ပါစေ။

အင်္ဂလိပ်စကားပြောဆိုခြင်းမှာ အဓိက အပိုင်းကတော့ မှန်ကန်တဲ့ ဝါကျ တည်ဆောက်ပုံကို အသုံးပြုခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားတွင် ဝါကျတိုင်းမှာ အဓိကနေရာတွေမှာ အသံကို ဖိရွတ်ရတာမျိုး ရှိပါတယ်။ဖိရွတ်ရတဲ့ အဓိက စကားလုံးတွေကို နားလည်တာက စကားအပြန်အလှန် ပြောဆိုခြင်းမှာ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။

စကားလုံး တစ်လုံးချင်းကို နားလည်ဖို့ မကြိုးစားပါနဲ့။ စကားပြောဆိုတဲ့အခါ အဓိက ဆိုလိုရင်းကို နားလည်ဖို့ ကသာ အရေးကြီးလို့ပါပဲ။ သင်နားထောင်နေတဲ့ အကြောင်းအရာကို သဘောတရား နားလည်လိုက်တာနဲ့တစ်ပြိုင်တည်း အသေးစိတ် ဖြည့်စွက် နိုင်ပြီး၊ နောက်ပိုင်းမှာ မရှင်းလင်းသော အရာများကို မေးခွန်းတွေ မေးမြန်းကာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

Translator : Hsu Mi San

—————————————————————————————————————————–

#POINT #PointYouthPlatform

အင်္ဂလိပ်လို နားထောင်ရတာ ခက်ခဲပါတယ်။ လွယ်လွယ်ကူကူ ဖြစ်စေမယ့် နည်းလမ်း (၅) သွယ်ကို ဖော်ပြပေးသွားပါမယ်။ အင်္ဂလိပ်လို ပြောဆိုတဲ့အခါမှာ အထိရောက်ဆုံး အထောက်အပံ့တစ်ခု ရှိရပါမယ်။ ကိုယ့်အနာဂတ် အောင်မြင်မှုနဲ့ ပတ်သက်ပြီး စိတ်အားထက်သန်နေရင်၊ ဆောင်ရွက်ရမယ့် နည်းလမ်းတွေက ပိုပြီးလွယ်ကူပါလိမ့်မယ်။

(၁) မိမိကိုယ်ကို ယုံကြည်မှု ရှိပါ။

ကိုယ့်တိုးတက်မှုကို ကိုယ့်ရဲ့စိတ်နေသဘောထားနဲ့ စတင်ရပါမယ်။ အင်္ဂလိပ်စာကို သွက်သွက်လက်လက်နဲ့ ပြောဆိုနိုင်စွမ်း ၊ နားလည်နိုင်စွမ်းရှိတယ်လို့ ကိုယ့်ကိုယ်ကို စတင်ယုံကြည်ရပါမယ်။ ပထမမှာ အခက်အခဲရှိရင်တောင်၊ “ငါ လုပ်နိုင်တယ်” ဆိုတဲ့ စိတ်ထားက အင်္ဂလိပ်စာလေ့လာတဲ့ လမ်းတစ်လျှောက် အကူညီဖြစ်မှာ ဖြစ်ပါတယ်။

(၂) အင်္ဂလိ်ပ်လို နားထောင်ပါ၊ ဖတ်ပါ၊ ပြောပါ။

အင်္ဂလိပ်စာ စွမ်းရည်တွေ လေ့ကျင့်ဖို့ မတူညီတဲ့ နည်းလမ်းတွေ ရှာကြည့်ပါ။ အင်္ဂလိပ်စာကို ဖတ်ရုံပဲ မဖတ်ပါနဲ့။ ပြောပါ၊ နားထောင်ပေးပါ။ ဒီဆောင်ရွက်ချက်တွေက သင့်ကို အာရုံစူးစိုက်စေပြီး အင်္ဂလိပ်ဘာသာစကား လေ့လာနည်း အမျိုးမျိုးကို အသုံးချနိုင်မှာ ဖြစ်ပါတယ်။ ကိုယ့်အချိန်တွေကို စွမ်းရည်တစ်ခုချင်းစီမှာ တိုးတက်အောင် သုံးစွဲဖို့ အရေးကြီးပါတယ်။ ဒါမှသာ ဘယ်အခြေနေဖြစ်ဖြစ် သက်တောင့်သက်သာ ပြောဆို ဆက်သွယ်နိုင်မှာ ဖြစ်ပါတယ်။

(၃) အင်္ဂလိပ်လို နားထောင်ဖို့ အမျိုးမျိုးသော အကြောင်းရာများ ရွေးချယ်ပါ။

အင်္ဂလိပ်စာလေ့လာနေစဉ်၊ တခြားအကြောင်းရာတွေကို လေ့လာပါ။ အမျိုးမျိုးသော ဖျော်ဖြေမှု နယ်ပယ်တွေက ဝေါဟာရကို ကြွယ်ဝစေပြီး၊ သင့်ရဲ့မှတ်ဉာဏ်နဲ့ နားလည်မှုကို စစ်ဆေးပေးပါလိမ့်မယ်။ ကိုယ်စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို ရွေးချယ်ပါ။ ကိုယ့်နဲ့ မရင်းနှီးတဲ့ အင်္ဂလိပ်စာ ခေါင်းစဉ်များကို ရွေးချယ်တာကလည်း ကိုယ့်ရဲ့ ဝေါဟာရကို ပိုမို များပြားလာစေပါတယ်။

(၄) စကားစပ်အရ ပထမဆုံး ခန့်မှန်းကြည့်ပါ။

သင် ကြားနေရတဲ့ အကြောင်းရာ နဲ့ သင့်ဘေးနားက အခြေနေတွေကို အာရုံစိုက် နားထောင်ပါ။ ကိုယ့်ရဲ့ အတွေ့အကြုံနဲ့ အဓိပ္ပာယ်ရှိလောက်တာကို မူတည်ပြီး စကားပြောထဲမှာ နောက်ဘာဆက်ပြောမလဲဆိုတာ ကိုယ့်ကိုယ်ကို ပြန်မေးကြည့်ပါ။ နောက် ဘာဆက်ကြားရမလဲဆိုတာ ခန့်မှန်းကြည့်ပါ။ အဓိက တုန့်ပြန်မှုတွေနဲ့ အသုံးပြုဖို့ လိုအပ်တဲ့ စကားလုံးများကို ကြိုတင် စဉ်းစားကြည့်ပါ။ ဒါက ကြားရမယ့်အရာအတွက် ပြင်ဆင်ပြီးသား ဖြစ်ပါလိမ့်မယ်။

(၅) အဓိက ဆိုလိုရင်းကို နားလည်ပါစေ။

အင်္ဂလိပ်စကားပြောဆိုခြင်းမှာ အဓိက အပိုင်းကတော့ မှန်ကန်တဲ့ ဝါကျ တည်ဆောက်ပုံကို အသုံးပြုခြင်း ဖြစ်ပါတယ်။ အင်္ဂလိပ်ဘာသာစကားတွင် ဝါကျတိုင်းမှာ အဓိကနေရာတွေမှာ အသံကို ဖိရွတ်ရတာမျိုး ရှိပါတယ်။

ဖိရွတ်ရတဲ့ အဓိက စကားလုံးတွေကို နားလည်တာက စကားအပြန်အလှန် ပြောဆိုခြင်းမှာ အရေးကြီးဆုံး အချက်ဖြစ်ပါတယ်။ စကားလုံး တစ်လုံးချင်းကို နားလည်ဖို့ မကြိုးစားပါနဲ့။ စကားပြောဆိုတဲ့အခါ အဓိက ဆိုလိုရင်းကို နားလည်ဖို့ ကသာ အရေးကြီးလို့ပါပဲ။ သင်နားထောင်နေတဲ့ အကြောင်းအရာကို သဘောတရား နားလည်လိုက်တာနဲ့တစ်ပြိုင်တည်း အသေးစိတ် ဖြည့်စွက် နိုင်ပြီး၊ နောက်ပိုင်းမှာ မရှင်းလင်းသော အရာများကို မေးခွန်းတွေ မေးမြန်းကာ ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

Translator : Hsu Mi San

Education

Leave a Reply

Your email address will not be published. Required fields are marked *