အင်္ဂလိပ် အပြောစွမ်းရည်ကို တစ်ကိုယ်တည်း လေ့လာနည်း

*** Unicode ***

#POINT #PointYouthPlatform

ဘာသာစကားတစ်ခု လေ့လာတဲ့အခါမှာ စကားပြောခြင်းက ကျွမ်းကျင်အောင် လုပ်ဖို့ အရေးကြီးဆုံး စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုက ကိုယ့်ရဲ့ စကားပြောစွမ်းရည်တိုးတက်ဖို့ ဘာကြောင့် အပြင်းအထန်ကြိုးစားနေရတာလဲ။

သင်က အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံမှာ နေထိုင်နေတာမဟုတ်ရင်၊ အင်္ဂလိပ်လို စကားပြောဖို့နဲ့ တိုးတက်ဖို့ အခွင့်အရေး ရရန် မလွယ်ကူလှပါဘူး။သင့်ရဲ့အင်္ဂလိပ်စကားပြော အဆင့် ဘာကြောင့် မတိုးတက်သေးတာလဲ။

အင်္ဂလိပ်စာ လေ့လာနေစဉ်အတွင်း ကျွန်တော် အချိန်တော်တော်ကြာ လုပ်ခဲ့မိတဲ့ အကြီးမားဆုံး အမှားတစ်ခုကို ပြောပါရစေ။ ကျွန်တော့် အင်္ဂလိပ်စာ မတိုးတက်ပါဘူး။

ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်လို လုံးဝ မပြောလို့ပါပဲ။ကားမောင်းတတ်ချင်တယ်ဆိုရင်၊ ကားမောင်းရပါမယ်။ ဖြတ်သွားတဲ့ ကားတွေကို ကြည့်ပြီး ကားမောင်းကျွမ်းကျင်မှာ မဟုတ်ပါဘူး။

အင်္ဂလိပ်စကားပြောဖို့ အခွင့်အရေး မရှိရင်အင်္ဂလိပ်စကားပြောစွမ်းရည်ကို တိုးတက်အောင် ဘယ်လိုလုပ်မလဲ။သင့်ရဲ့ စကားပြောကို တိုးတက်စေဖို့အတွက် အထောက်အကူဖြစ်စေတဲ့ “မှော်စကားလုံး” ရှိပါတယ်။

မှော်စကားလုံး “Aloud” က သင့်စကားပြောစွမ်းရည်ကို ပိုမြန်အောင် တိုးတက်စေနိုင်ပါတယ်။

အင်္ဂလိပ်စကားပြောရတဲ့အခါ သင့်ရဲ့ ပါးစပ်နဲ့ လျှာက စကားပြောဖို့ အပြင်းအထန်ကြိုးစားရတယ်လို့ ခံစားရမယ်ဆိုတာ ကျွန်တော် လောင်းရဲပါတယ်။

အင်္ဂလိပ်စကားပြောကို တိုးတက်စေနိုင်သော အလွန်လွယ်ကူတဲ့ နည်းစနစ်တစ်ခု ရှိပါတယ်။သင်တစ်ယောက်တည်းရှိနေချိန်မှာ တတ်နိုင်သလောက် မကြာမကြာ အသံထွက်ပြောပါ။စာဖတ်ရင်၊ အသံထွက်ဖတ်ပါ။

တစ်ခုခုကို ရေးပြီးတဲ့အခါတိုင်း၊ အသံထွက်ဖတ်ပါ။သီချင်းတွေ ကျယ်ကျယ်အော်ဆိုပါ။ကားမောင်းနေရင်း၊ ပန်းကန်ဆေးနေရင်း၊ လမ်းလျှောက်နေရင်း၊ ရေချိုးနေရင်း စကားကျယ်ကျယ်ပြောပါ။

ကိုယ့်မိခင်ဘာသာစကားအင်္ဂလိပ်လို များများတွေးဖို့ ကြိုးစားပါ။

(သင်က အခြေခံအဆင့်လောက်မှာဆိုရင်တော့ ဒါက မလွယ်ကူနိုင်ပါဘူး)အင်္ဂလိပ်လို များနိုင်သလောက်များအောင် နေ့စဉ်ပြောဆိုဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးပါ။

ပထမတော့ အနေရခက်တာ၊ ရူးကြောင်ကြောင် ဖြစ်သလိုမျိုး ခံစားရနိုင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တိုးတက်လာမှာ အသေချာပါပဲ။

Translator : Hsu Mi San

——————————————————————————————————————————

#POINT #PointYouthPlatform

ဘာသာစကားတစ်ခု လေ့လာတဲ့အခါမှာ စကားပြောခြင်းက ကျွမ်းကျင်အောင် လုပ်ဖို့ အရေးကြီးဆုံး စွမ်းရည်တစ်ခု ဖြစ်ပါတယ်။ ဒါပေမယ့် လူအများစုက ကိုယ့်ရဲ့ စကားပြောစွမ်းရည်တိုးတက်ဖို့ ဘာကြောင့် အပြင်းအထန်ကြိုးစားနေရတာလဲ။
သင်က အင်္ဂလိပ်စကားပြောတဲ့ နိုင်ငံမှာ နေထိုင်နေတာမဟုတ်ရင်၊ အင်္ဂလိပ်လို စကားပြောဖို့နဲ့ တိုးတက်ဖို့ အခွင့်အရေး ရရန် မလွယ်ကူလှပါဘူး။
သင့်ရဲ့ အင်္ဂလိပ်စကားပြော အဆင့် ဘာကြောင့် မတိုးတက်သေးတာလဲ။
အင်္ဂလိပ်စာ လေ့လာနေစဉ်အတွင်း ကျွန်တော် အချိန်တော်တော်ကြာ လုပ်ခဲ့မိတဲ့ အကြီးမားဆုံး အမှားတစ်ခုကို ပြောပါရစေ။ ကျွန်တော့် အင်္ဂလိပ်စာ မတိုးတက်ပါဘူး။ ဘာကြောင့်လဲဆိုတော့ အင်္ဂလိပ်လို လုံးဝ မပြောလို့ပါပဲ။
ကားမောင်းတတ်ချင်တယ်ဆိုရင်၊ ကားမောင်းရပါမယ်။ ဖြတ်သွားတဲ့ ကားတွေကို ကြညြ့့်ပီး ကားမောင်းကျွမ်းကျင်မှာ မဟုတ်ပါဘူး။
အင်္ဂလိပ်စကားပြောဖို့ အခွင့်အရေး မရှိရင် အင်္ဂလိပ်စကားပြောစွမ်းရည်ကို တိုးတက်အောင် ဘယ်လိုလုပ်မလဲ။
သင့်ရဲ့ စကားပြောကို တိုးတက်စေဖို့အတွက် အထောက်အကူဖြစ်စေတဲ့ “မှော်စကားလုံး” ရှိပါတယ်။

မှော်စကားလုံး “Aloud” က သင့်စကားပြောစွမ်းရည်ကို ပိုမြန်အောင် တိုးတက်စေနိုင်ပါတယ်။

အင်္ဂလိပ်စကားပြောရတဲ့အခါ သင့်ရဲ့ ပါးစပ်နဲ့ လျှာက စကားပြောဖို့ အပြင်းအထန်ကြိုးစားရတယ်လို့ ခံစားရမယ်ဆိုတာ ကျွန်တော် လောင်းရဲပါတယ်။
အင်္ဂလိပ်စကားပြောကို တိုးတက်စေနိုင်သော အလွန်လွယ်ကူတဲ့ နည်းစနစ်တစ်ခု ရှိပါတယ်။
သင်တစ်ယောက်တည်းရှိနေချိန်မှာ တတ်နိုင်သလောက် မကြာမကြာ အသံထွက်ပြောပါ။

စာဖတ်ရင်၊ အသံထွက်ဖတ်ပါ။
တစ်ခုခုကို ရေးပြီးတဲ့အခါတိုင်း၊ အသံထွက်ဖတ်ပါ။
သီချင်းတွေ ကျယ်ကျယ်အော်ဆိုပါ။
ကားမောင်းနေရင်း၊ ပန်းကန်ဆေးနေရင်း၊ လမ်းလျှောက်နေရင်း၊ ရေချိုးနေရင်း စကားကျယ်ကျယ်ပြောပါ။
ကိုယ့်မိခင်ဘာသာစကား အင်္ဂလိပ်လို များများတွေးဖို့ ကြိုးစားပါ။ (သင်က အခြေခံအဆင့်လောက်မှာဆိုရင်တော့ ဒါက မလွယ်ကူနိုင်ပါဘူး)

အင်္ဂလိပ်လို များနိုင်သလောက်များအောင် နေ့စဉ်ပြောဆိုဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးပါ။ ပထမတော့ အနေရခက်တာ၊ ရူးကြောင်ကြောင် ဖြစ်သလိုမျိုး ခံစားရနိုင်ပါတယ်။ ဒါပေမယ့် နောက်ပိုင်းမှာ တိုးတက်လာမှာ အသေချာပါပဲ။

Translator : Hsu Mi San

 

Education

Leave a Reply

Your email address will not be published. Required fields are marked *