“ပညာဆိုတာ ကျောင်းစာထက်ပိုပါတယ်”

*** Unicode ***

#POINT #PointYouthPlatform

လူများက ကျောင်းပညာရေးက သူတို့ဘဝတွေရဲ့ အကောင်းဆုံး နေ့ရက်တွေအဖြစ် သတ်မှတ်ကြပါတယ်။ ပျော်ရှွင်စရာတွေနဲ့ သူငယ်ချင်းတွေ ကို သတိရကြတယ်။ ဒါပေမယ့် သူတို့ သင်ကြားခဲ့တဲ့ အကြောင်းအရာတွေကိုတော့ ဘယ်လောက် မှတ်မိကြပါသလဲ။ကျောင်းတွေက အသိပညာ လက်ဆင့်ကမ်းဖို့ ရည်ရွယ်ကြပါတယ်။

လူငယ်တွေကို လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်နို်င်အောင် ပျိုးထောင်ပေးပါတယ်။ကျောင်းတက်တာက ကောင်းမွန်ချက်တွေ ရှိတယ်ဆိုပေမယ့် သူ့ကတိအတိုင်း အသိပညာ ပေးပို့နို်င်လားဆိုတာ ကျွန်တော်တော့ လက်မခံချင်ပါဘူး။ရှင်းပြပါမယ်။ကျွန်တော်တို့ ငယ်ငယ်ကတည်းက၊ ကျောင်းတက်တာက အရေးကြီးတယ်၊ အရေးပါတယ်ဆိုတာ အမြဲပြောခံရပါတယ်။ ဒီစကားတွေ အမြဲလိုလို ကြားရနိုင်ပါတယ်။

” ကျောင်းမပြေးရဘူး၊ ကျောင်းမှန်မှန်တက်၊ အိမ်စာလုပ်၊ ဆရာမ စကားနားထောင်” ၊ စသဖြင့်။မိဘတွေ၊ ဆရာ/ဆရာမတွေရဲ့ အဆုံးမရှိတဲ့ ဖိအားတွေနဲ့အတူ၊ ကျောင်းထွက်တယ်ဆိုတာ မကောင်းတဲ့အရာလို့ မြင်တတ်ကြတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျောင်းကနေ ဘွဲ့မရရင် လူတိုင်းနီးပါးက မအောင်မြင်နိုင်ဘူးလို့ သတ်မှတ်ခံရပြီး၊ ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေ ရှာဖွေလုပ်ကိုင်ဖို့ ဦးတည်ကြပါတော့တယ်။

ဒါပေမယ့် လက်ရှိ မျက်မှောက်ကာလမှာ သင်တွေ့တဲ့အတိုင်း၊ ကမ္ဘာမှာ ဖန်တီးနို်င်စွမ်းရှိပြီး အောင်မြင်နေတဲ့ လူအချို့က ပညာရေး တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ထားတဲ့ သူတွေပါပဲ။

ပညာရေးဆိုတာ ကျောင်းထက်ပိုပါတယ်။သင်ကြိုတင်မှန်းဆထားတဲ့ ပညာရေးအယူအဆကို ဘေးဖယ်ထားလိုက်ရင်၊ ပညာရေးဆိုတာ ဆည်းပူးလေ့လာခြင်း ၊ ဒါမှမဟုတ် အသိပညာ၊ စွမ်းရည်၊ တန်ဖိုးတွေ၊ ယုံကြည်မှုတွေနဲ့ အလေ့အကျင့်တွေကို ရှာမှီးခြင်း စတဲ့ ရိုးရှင်းတဲ့ လုပ်ငန်းစဉ် ဆိုတာ သင်တွေ့ပါလိမ့်မယ်။

ပညာရေးက ကျောင်းဆရာတွေရဲ့ လမ်းညှွန်မှုအောက်မှာ ဖြစ်ပွားတာပါ။ ဒါပေမဲ့ ဒါက အဓိကပါပဲ။ သင်ယူသူတွေက သူတို့ကိုယ်တိုင်လည်း ပညာသင်ကြားရပါမယ်။ကျောင်းဆိုတာ သတ်မှတ်ထားတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ ပညာရေးကတော့ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်သူနဲ့ မဆို ဆောင်ရွက်နိုင်တဲ့ အရာပဲ ဖြစ်ပါတယ်။

ပညာရေးက ဘယ်ကဏ္ဍဍမှာမဆို တွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် နည်းလမ်းပေါ်မှာ ပုံသွင်းထားတဲ့ သက်ရောက်မှု ရှိတဲ့ သူက တွေးခေါ်နိုင်တယ်၊ ခံစားနိုင်တယ်၊ ဆောင်ရွက်နိုင်တဲ့ အတွေ့ကြုံရှိတဲ့ ဘယ်သူမဆို ပညာတတ်တယ်လို့ ယူဆလို့ရပါတယ်။အတိုချုံး ပြောရရင်၊ ပညာရေးက သင်ယူတဲ့ပုံစံ ကန့်သတ်ချက်မရှိပါဘူး။

ကျွန်တော် အစမှာ ဖော်ပြခဲ့တဲ့အတိုင်း၊ အောင်မြင်နေတဲ့ လူတချို့က ကျောင်းထွက်ထားကြတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က မိုက်မဲတဲ့သူ၊ ပညာမတတ်သူတွေ မဟုတ်ကြပါဘူး။ ကျောင်းအစား၊ သူတို့က ကိုယ်တိုင်လေ့လာအားထုတ်မှုနဲ့ ဘဝအတွေ့အကြုံတွေကနေတစ်ဆင့် ကိုယ့်ဘာသာ လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။ရှင်းပါတယ်။

ပညာရေးဆိုတာ ကျောင်းရဲ့အထက်နဲ့ နောက်မှာ ရှိပါတယ်။ကျွန်တော်တို့က ကျောင်းမှာ သီအိုရီ စာတွေ့ပိုင်းတွေ သင်ကြားရပါတယ်။ ဒါပေမယ့် အသိပညာကို ပြန်အသုံးချရမယ့် အခွင့်ရေး မရှိကြပါဘူး။ ပြီးတော့ လက်တွေ့အသုံးမချဘဲ၊ ဘယ်အရာကို အမှန်တကယ် သင်ယူပြီးပြီတဲ့လဲ။

ကျောင်းမှာ ထူးချွန်ဖို့၊ အမိန့်နာခံရမယ်။ သင်က တော်သည် ဖြစ်စေ၊ ညံ့သည် ဖြစ်စေ ဆရာတွေရဲ့ မျှော်မှန်းချက်တွေပေါ်မှာ မူတည်နေပါတယ်။ ပျော်ပျော်ရှွင်ရှွင်၊ ကျန်းကျန်းမာမာနဲ့ အကျိုးဖြစ်ထွန်းစေမယ့် ဘဝကို ရှင်သန်ဖို့အတွက် အသုံးဝင်တဲ့ အရာတွေကို အမှန်သင်ယူရမယ့်အစား တခြားလူတွေရဲ့ မျှော်မှန်းချက်တွေကို လိုက်ဖြည့်ဆည်းရင်း ရည်မှန်းချက်တွေ အဆုံးသတ်ရပါတယ်။

ကျောင်းနဲ့ လက်တွေ့ဆိုတာ တစ်ခုနဲ့တစ်ခု မကြာမကြာ သဘောထားကွဲလွဲကြပါတယ်။ ဘဝမှာ အောင်မြင်ဖို့၊ လူတိုင်းလုပ်နေတဲ့အရာကို ရိုးရိုးလေး လုပ်မယ့်အစား ဘောင်ပြင်က တွေးတတ်ဖို့ လိုပါတယ်။

Translator : Hsu Mi San

—————————————————————————————————————————–

#POINT #PointYouthPlatform

လူများက ကျောင်းပညာရေးက သူတို့ဘဝတွေရဲ့ အကောင်းဆုံး နေ့ရက်တွေအဖြစ် သတ်မှတ်ကြပါတယ်။ ပျော်ရွွှင်စရာတွေနဲ့ သူငယ်ချင်းတွေ ကို သတိရကြတယ်။ ဒါပေမယ့် သူတို့ သင်ကြားခဲ့တဲ့ အကြောင်းအရာတွေကိုတော့ ဘယ်လောက် မှတ်မိကြပါသလဲ။
ကျောင်းတွေက အသိပညာ လက်ဆင့်ကမ်းဖို့ ရည်ရွယ်ကြပါတယ်။ လူငယ်တွေကို လူမှုအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်နိ်ုင်အောင် ပျိုးထောင်ပေးပါတယ်။ကျောင်းတက်တာက ကောင်းမွန်ချက်တွေ ရှိတယ်ဆိုပေမယ့် သူ့ကတိအတိုင်း အသိပညာ ပေးပို့နိ်ုင်လားဆိုတာ ကျွန်တော်တော့ လက်မခံချင်ပါဘူး။
ရှင်းပြပါမယ်။
ကျွန်တော်တို့ ငယ်ငယ်ကတည်းက၊ ကျောင်းတက်တာက အရေးကြီးတယ်၊ အရေးပါတယ်ဆိုတာ အမြဲပြောခံရပါတယ်။ ဒီစကားတွေ အမြဲလိုလို ကြားရနိုင်ပါတယ်။ ” ကျောင်းမပြေးရဘူး၊ ကျောင်းမှန်မှန်တက်၊ အိမ်စာလုပ်၊ ဆရာမ စကားနားထောင်” ၊ စသဖြင့်။
မိဘတွေ၊ ဆရာ/ဆရာမတွေရဲ့ အဆုံးမရှိတဲ့ ဖိအားတွေနဲ့အတူ၊ ကျောင်းထွက်တယ်ဆိုတာ မကောင်းတဲ့အရာလို့ မြင်တတ်ကြတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ ကျောင်းကနေ ဘွဲ့မရရင် လူတိုင်းနီးပါးက မအောင်မြင်နိုင်ဘူးလို့ သတ်မှတ်ခံရပြီး၊ ပင်ပန်းဆင်းရဲတဲ့ အလုပ်တွေ ရှာဖွေလုပ်ကိုင်ဖို့ ဦးတည်ကြပါတော့တယ်။
ဒါပေမယ့် လက်ရှိ မျက်မှောက်ကာလမှာ သင်တွေ့တဲ့အတိုင်း၊ ကမ္ဘာမှာ ဖန်တီးနိ်ုင်စွမ်းရှိပြီး အောင်မြင်နေတဲ့ လူအချို့က ပညာရေး တစ်ပိုင်းတစ်စနဲ့ ကျောင်းထွက်ထားတဲ့ သူတွေပါပဲ။
ပညာရေးဆိုတာ ကျောင်းထက်ပိုပါတယ်။
သင်ကြိုတင်မှန်းဆထားတဲ့ ပညာရေးအယူအဆကို ဘေးဖယ်ထားလိုက်ရင်၊ ပညာရေးဆိုတာ ဆည်းပူးလေ့လာခြင်း ၊ ဒါမှမဟုတ် အသိပညာ၊ စွမ်းရည်၊ တန်ဖိုးတွေ၊ ယုံကြည်မှုတွေနဲ့ အလေ့အကျင့်တွေကို ရှာမှီးခြင်း စတဲ့ ရိုးရှင်းတဲ့ လုပ်ငန်းစဉ် ဆိုတာ သင်တွေ့ပါလိမ့်မယ်။


ပညာရေးက ကျောင်းဆရာတွေရဲ့ လမ်းညွှန်မှုအောက်မှာ ဖြစ်ပွားတာပါ။ ဒါပေမဲ့ ဒါက အဓိကပါပဲ။ သင်ယူသူတွေက သူတို့ကိုယ်တိုင်လည်း ပညာသင်ကြားရပါမယ်။
ကျောင်းဆိုတာ သတ်မှတ်ထားတဲ့ နေရာတစ်ခုပါ။ ဒါပေမဲ့ ပညာရေးကတော့ ဘယ်နေရာ၊ ဘယ်အချိန်၊ ဘယ်သူနဲ့ မဆို ဆောင်ရွက်နိုင်တဲ့ အရာပဲ ဖြစ်ပါတယ်။
ပညာရေးက ဘယ်ကဏ္ဍမှာမဆို တွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် နည်းလမ်းပေါ်မှာ ပုံသွင်းထားတဲ့ သက်ရောက်မှု ရှိတဲ့ သူက တွေးခေါ်နိုင်တယ်၊ ခံစားနိုင်တယ်၊ ဆောင်ရွက်နိုင်တဲ့ အတွေ့ကြုံရှိတဲ့ ဘယ်သူမဆို ပညာတတ်တယ်လို့ ယူဆလို့ရပါတယ်။
အတိုချုံး ပြောရရင်၊ ပညာရေးက သင်ယူတဲ့ပုံစံ ကန့်သတ်ချက်မရှိပါဘူး။
ကျွန်တော် အစမှာ ဖော်ပြခဲ့တဲ့အတိုင်း၊ အောင်မြင်နေတဲ့ လူတချို့က ကျောင်းထွက်ထားကြတဲ့သူတွေဖြစ်ပါတယ်။ ဒါပေမယ့် သူတို့က မိုက်မဲတဲ့သူ၊ ပညာမတတ်သူတွေ မဟုတ်ကြပါဘူး။ ကျောင်းအစား၊ သူတို့က ကိုယ်တိုင်လေ့လာအားထုတ်မှုနဲ့ ဘဝအတွေ့အကြုံတွေကနေတစ်ဆင့် ကိုယ့်ဘာသာ လေ့လာခဲ့ကြတာ ဖြစ်ပါတယ်။
ရှင်းပါတယ်။ ပညာရေးဆိုတာ ကျောင်းရဲ့အထက်နဲ့ နောက်မှာ ရှိပါတယ်။
ကျွန်တော်တို့က ကျောင်းမှာ သီအိုရီ စာတွေ့ပိုင်းတွေ သင်ကြားရပါတယ်။ ဒါပေမယ့် အသိပညာကို ပြန်အသုံးချရမယ့် အခွင့်ရေး မရှိကြပါဘူး။ ပြီးတော့ လက်တွေ့အသုံးမချဘဲ၊ ဘယ်အရာကို အမှန်တကယ် သင်ယူပြီးပြီတဲ့လဲ။
ကျောင်းမှာ ထူးချွန်ဖို့၊ အမိန့်နာခံရမယ်။ သင်က တော်သည် ဖြစ်စေ၊ ညံ့သည် ဖြစ်စေ ဆရာတွေရဲ့ မျှော်မှန်းချက်တွေပေါ်မှာ မူတည်နေပါတယ်။ ပျော်ပျော်ရွှင်ရွှင်၊ ကျန်းကျန်းမာမာနဲ့ အကျိုးဖြစ်ထွန်းစေမယ့် ဘဝကို ရှင်သန်ဖို့အတွက် အသုံးဝင်တဲ့ အရာတွေကို အမှန်သင်ယူရမယ့်အစား တခြားလူတွေရဲ့ မျှော်မှန်းချက်တွေကို လိုက်ဖြည့်ဆည်းရင်း ရည်မှန်းချက်တွေ အဆုံးသတ်ရပါတယ်။
ကျောင်းနဲ့ လက်တွေ့ဆိုတာ တစ်ခုနဲ့တစ်ခု မကြာမကြာ သဘောထားကွဲလွဲကြပါတယ်။ ဘဝမှာ အောင်မြင်ဖို့၊ လူတိုင်းလုပ်နေတဲ့အရာကို ရိုးရိုးလေး လုပ်မယ့်အစား ဘောင်ပြင်က တွေးတတ်ဖို့ လိုပါတယ်။

Translator : Hsu Mi San

 

Education

Leave a Reply

Your email address will not be published. Required fields are marked *