ဆရာသင့်လူရေးသားထားတဲ့ လေလွင့်ကြောင် ဆိုတဲ့ စာအုပ်လေး

*** Unicode ***

မူရင်းစာအုပ်ကတော့ James bowen ရေးထားတဲ့ A Street Cat Named Bob စာအုပ်လေးဖြစ်ပြီး ရုပ်ရှင်အဖြစ်လည်း ပုံဖော်ရိုက်ကူးခဲ့ပါတယ်။

ဝတ္ထုရဲ့ကျောရိုးကတော့ ရိုးရှင်းပါတယ်။ လေလွင့်ဆေးစွဲနေတဲ့ ဂီတသမား ဂျိမ်းနဲ့ လေလွင့်ကြောင်တစ်ကောင် တွေ့ဆုံပြီး ဂျိမ်းတစ်ယောက်ပြောင်းလဲသွားပုံကို ပုံဖော်ထားတာပဲဖြစ်ပါတယ်။ကျွန်တော်ဖတ်ပြီးချိန် ပြန်တွေးမိတဲ့အခါမှာ ဂျိမ်းတစ်ယောက် ဒီကြောင်လေးကို မြင်ရတာက သူ့ကိုယ်သူပြန်မြင်ရသလိုဖြစ်နေတယ် ထင်မိတယ်။

ဒီလိုလေလွင့်နေမယ့်အစား ပြောင်းလဲရမယ်ဆိုတာကို သူနားလည်ခဲ့တယ်။ ဒါကြောင့်လဲ အမှန်တကယ်ပြောင်းလဲခဲ့တယ်။

နောက်ပြီး လူသားနဲ့တိရစ္ဆာန်တွေရဲ့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာကြီးမားပုံကိုလည်း ခံစားရတယ်။ကြောင်လေး bob နဲ့အတူ လန်ဒန်မြို့တွေပေါ်မှာ ဖျော်ဖြေပွဲလုပ်ခဲ့ရတာတွေ၊ ကြိုးစားရှင်သန်ရတာတွေ အညတရအောက်ခြေလူတန်းစားတစ်ယောက်ရဲ့ဘဝ ခက်ခဲပုံတွေကို သုတရော၊ ရသရော ပေါင်းစပ်ထားတာ ကိုလည်း ဖတ်ရှုခဲ့ရပါတယ်။

ဒီစာအုပ်ထဲမှာ ဆရာသင့်လူ ရေးသားတဲ့ စာရေးနည်းတွေ၊ သုံးနှုန်းပုံတွေ၊ သရုပ်ဖော်စားရေးဟန်တွေက ဘာသာပြန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့်အတွက် လေးစားအတုယူစရာတွေ ဖြစ်ခဲ့တယ်။

ဒီစာအုပ်ထဲမှာ နောက်ဆုံးဂျိမ်းတစ်ယောက်ပြောခဲ့တဲ့ စကားလေးကိုတော့ နှစ်ခြိုက်မိတယ်။ သူပြောပုံလေးက ရှေ့ဆက်ရမယ့် ဘဝခရီးဟာ မချောမွေ့နိုင်သလို၊ ဘဝလမ်းခရီး ဆုံးခန်းမတိုင်ခင်အထိတော့ပြဿနာများစွာနဲ့ ရင်ဆိုင်နေရဦးမှာပဲ။ ဒါပေမယ့်လည်းပေါ့လေ Bob လေးသာရှိခဲ့မယ်ဆို အရာရာအဆင်ပြေပါပြီဆိုတဲ့ စကားလေးပါပဲ။

ဘာကြောင့် ကျွန်တော် ဒါလေးကို သဘောကျတယ်ထင်လဲ။ ကျွန်တော်တို့ ဆိုးတယ်မိုက်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အထီးကျန်ခံစားရတာတွေကို ဘယ်သူမှနားမလည်ပါဘူး။ ယုံကြည်မှု လိုအပ်နေတာတွေကိုလည်း ဘယ်သူမှမသိပါဘူး။မသိစိတ်က ပြောင်းလဲချင်ရင်တောင် လူအများရဲ့ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတဲ့ မျက်လုံးအကြည့်ဒဏ်တွေကြောင့် မိုက်ရင်းမိုက်ရင်း ဘဝဆုံးရတာတွေပါ။

အဲ့ဒီအချိန် ရင်ဖွင့်စရာ၊ တွယ်တာစရာ၊ ကိုယ့်ဘေးနား အရိပ်လို ခိုကပ်နေမယ့် အရာက ကျွန်တော်တို့အတွက် တွယ်တာစရာတစ်ခုဖြစ်လာခဲ့တယ်။ သူ့ဆီက ယုံကြည်မှု နဲ့ ချစ်ခြင်းတရားက ကျွန်တော်တို့ကို ပြောင်းလဲမှုဖြစ်စေခဲ့တယ်လို့ထင်မိပါတယ်။

ကျောထောက်နောက်ခံမရှိဘဲ ရှင်သန်ရတာတွေဟာ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ကိုယ့်ဘေးနားမှာ Bob လို ဖြစ်ဖြစ်၊ ချစ်ခင်ရသူတစ်ယောက်ဖြစ်ဖြစ် ရှိနေခဲ့မယ်ဆို ပြောင်းလဲမှု မလွဲမသွေဖြစ်မယ်လို့ ပြောရဲပါတယ်။

ကျွန်တော်ကတော့ အဲ့ဒီအတွေးလေး ရမိပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ ဆွဲဆောင်ထားတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားက ဘယ်လောက်အစွမ်းထက်လဲ ဆိုတာကို တွေ့မြင်ခံစားရမှာမို့ ဝယ်ဖတ်ဖြစ်အောင် ဖတ်ပါလို့ ညွှန်းဆိုလိုက်ပါရစေ။

—————————————————————————————————————————-

 မူရင်းစာအုပ်ကတော့ James bowen ရေးထားတဲ့ A Street Cat Named Bob စာအုပ်လေးဖြစ်ပြီး ရုပ်ရှင်အဖြစ်လည်း ပုံဖော်ရိုက်ကူးခဲ့ပါတယ်။

ဝတ္ထုရဲ့ကျောရိုးကတော့ ရိုးရှင်းပါတယ်။ လေလွင့်ဆေးစွဲနေတဲ့ ဂီတသမား ဂျိမ်းနဲ့ လေလွင့်ကြောင်တစ်ကောင် တွေ့ဆုံပြီး ဂျိမ်းတစ်ယောက်ပြောင်းလဲသွားပုံကို ပုံဖော်ထားတာပဲဖြစ်ပါတယ်။

ကျွန်တော်ဖတ်ပြီးချိန် ပြန်တွေးမိတဲ့အခါမှာ ဂျိမ်းတစ်ယောက် ဒီကြောင်လေးကို မြင်ရတာက သူ့ကိုယ်သူပြန်မြင်ရသလိုဖြစ်နေတယ် ထင်မိတယ်။ ဒီလိုလေလွင့်နေမယ့်အစား ပြောင်းလဲရမယ်ဆိုတာကို သူနားလည်ခဲ့တယ်။ ဒါကြောင့်လဲ အမှန်တကယ်ပြောင်းလဲခဲ့တယ်။ နောက်ပြီး လူသားနဲ့တိရစ္ဆာန်တွေရဲ့ သံယောဇဉ်၊ ချစ်ခြင်းမေတ္တာကြီးမားပုံကိုလည်း ခံစားရတယ်။

ကြောင်လေး bob နဲ့အတူ လန်ဒန်မြို့တွေပေါ်မှာ ဖျော်ဖြေပွဲလုပ်ခဲ့ရတာတွေ၊ ကြိုးစားရှင်သန်ရတာတွေ အညတရအောက်ခြေလူတန်းစားတစ်ယောက်ရဲ့ဘဝ ခက်ခဲပုံတွေကို သုတရော၊ ရသရော ပေါင်းစပ်ထားတာ ကိုလည်း ဖတ်ရှုခဲ့ရပါတယ်။

ဒီစာအုပ်ထဲမှာ ဆရာသင့်လူ ရေးသားတဲ့ စာရေးနည်းတွေ၊ သုံးနှုန်းပုံတွေ၊ သရုပ်ဖော်စားရေးဟန်တွေက ဘာသာပြန်တစ်ယောက်ဖြစ်တဲ့ ကျွန်တော့််အတွက် လေးစားအတုယူစရာတွေ ဖြစ်ခဲ့တယ်။

ဒီစာအုပ်ထဲမှာ နောက်ဆုံးဂျိမ်းတစ်ယောက်ပြောခဲ့တဲ့ စကားလေးကိုတော့ နှစ်ခြိုက်မိတယ်။ သူပြောပုံလေးက ရှေ့ဆက်ရမယ့် ဘဝခရီးဟာ မချောမွေ့နိုင်သလို၊ ဘဝလမ်းခရီး ဆုံးခန်းမတိုင်ခင်အထိတော့ပြဿနာများစွာနဲ့ ရင်ဆိုင်နေရဦးမှာပဲ။ ဒါပေမယ့်လည်းပေါ့လေ Bob လေးသာရှိခဲ့မယ်ဆို အရာရာအဆင်ပြေပါပြီဆိုတဲ့ စကားလေးပါပဲ။

ဘာကြောင့် ကျွန်တော် ဒါလေးကို သဘောကျတယ်ထင်လဲ။ ကျွန်တော်တို့ ဆိုးတယ်မိုက်တယ်ဆိုတာ မှန်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ အထီးကျန်ခံစားရတာတွေကို ဘယ်သူမှနားမလည်ပါဘူး။ ယုံကြည်မှု လိုအပ်နေတာတွေကိုလည်း ဘယ်သူမှမသိပါဘူး။

မသိစိတ်က ပြောင်းလဲချင်ရင်တောင် လူအများရဲ့ ပြောင်းလဲသွားမှာ မဟုတ်ဘူးဆိုတဲ့ မျက်လုံးအကြည့်ဒဏ်တွေကြောင့် မိုက်ရင်းမိုက်ရင်း ဘဝဆုံးရတာတွေပါ။ အဲ့ဒီအချိန် ရင်ဖွင့်စရာ၊ တွယ်တာစရာ၊ ကိုယ့်ဘေးနား အရိပ်လို ခိုကပ်နေမယ့် အရာက ကျွန်တော်တို့အတွက် တွယ်တာစရာတစ်ခုဖြစ်လာခဲ့တယ်။ သူ့ဆီက ယုံကြည်မှု နဲ့ ချစ်ခြင်းတရားက ကျွန်တော်တို့ကို ပြောင်းလဲမှုဖြစ်စေခဲ့တယ်လို့ထင်မိပါတယ်။

ကျောထောက်နောက်ခံမရှိဘဲ ရှင်သန်ရတာတွေဟာ မလွယ်ကူလှပါဘူး။ ဒါပေမယ့် ကိုယ့်ဘေးနားမှာ Bob လို ဖြစ်ဖြစ်၊ ချစ်ခင်ရသူတစ်ယောက်ဖြစ်ဖြစ် ရှိနေခဲ့မယ်ဆို ပြောင်းလဲမှု မလွဲမသွေဖြစ်မယ်လို့ ပြောရဲပါတယ်။

ကျွန်တော်ကတော့ အဲ့ဒီအတွေးလေး ရမိပါတယ်။ ပေါ့ပေါ့ပါးပါးလေးနဲ့ ဆွဲဆောင်ထားတဲ့ စာအုပ်လေးပဲဖြစ်ပါတယ်။ ချစ်ခြင်းမေတ္တာတရားက ဘယ်လောက်အစွမ်းထက်လဲ ဆိုတာကို တွေ့မြင်ခံစားရမှာမို့ ဝယ်ဖတ်ဖြစ်အောင် ဖတ်ပါလို့ ညွှန်းဆိုလိုက်ပါရစေ။

 

Education

Leave a Reply

Your email address will not be published. Required fields are marked *