ငယ်ရွယ်စဉ်မှာ ကလေးတွေကို သင်ကြားပေးသင့်တဲ့ အပြုအမူများ

*** Unicode ***

ကျွန်တော်တို့ရဲ့ကလေးတွေကို အပြုအမူကောင်းတွေ၊ အလေ့အကျင့်ကောင်းတွေ သင်ကြားပေးဖို့ က အရေးကြီးတဲ့ ကိစ္စတစ်ရပ်ပဲဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံ၏ လူငယ်တွေကို ကြည့်ခြင်းအားဖြင့်လည်း  နိုင်ငံရဲ့အခြေအနေ အဆင့်အတန်းကို လှမ်းမြင်နိုင်သလို  ကလေးတစ်ယောက်ရဲ့ အပြုအမူနဲ့ အလေ့အကျင့်တွေကို ကြည့်ချင်းအားဖြင့် သူတို့၏ ယဉ်ကျေုးမှု၊ စရိုက်၊ အဆင့်အတန်းကိုပါ လှမ်းမြင်နိုင်ပါတယ်။ဒါကြောင့် ကလေးတွေကို ငယ်ငယ်ကတည်းက နည်းမှန်လမ်းမှန် အပြုအမူကောင်းတွေ၊ အလေ့အကျင့်ကောင်းတွေနဲ့ မိတ်ဆက်ပေးရန် ပြုစုပျိုးထောင်ပေးရန် လိုပါတယ်။

ကလေးတစ်ယောက်ရဲ့ ဦးနှောက်က သင်ယူနိုင်စွမ်း အင်မတန်ထက်မြက်ပါတယ်။ လူကြီးတွေ ပြုလုပ်သမျှကို ကြည့်ပြီး သင်ယူကြပါတယ်။ လိုက်အတုခိုးပါတယ်။မြန်မာစကားပုံလေးတစ်ပုံရှိတယ်မလား အတုမြင် အတတ်သင်ဆိုတဲ့ စကားလေးလေ။ အရှေ့က လူကြီးတွေအနေနဲ့ ကလေးတွေ အရှေ့မှာ အပြုအမူကောင်းတွေ ၊ အလေ့အကျင့်ကောင်းတွေ ပြသဖို့လိုအပ်ပါတယ်။

အကြီးဆိုတာ အငယ်တစ်ယောက်အတွက် စံနမူနာယူစရာ တစ်ယောက်ပါ။ ဒါမှ သူတို့ အတုခိုးသင်ယူနိုင်မှာ ဖြစ်ပါတယ်။ကလေးတွေကို သင်ကြားပေးခြင်းက စစ်ဆေးမှုတစ်ရပ် ဖြစ်နိုင်ပေမယ့်လည်း စိတ်ရှည်ရှည်နဲ့ သင်ကြားပေးဖို့ မမေ့လျော့ပါနဲ့။ စိတ်ရှည်ခြင်းရဲ့ နောက်ကွယ်မှာ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတွေနဲ့ အတူ ကိုယ့်ကလေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကလေးတွေကို အပြုအမူကောင်းတွေနဲ့ ပြုစုပေးမယ်ဆို သူတို့က စိတ်ကျေနပ်စရာ ကောင်းတဲ့သူ၊ ယဉ်ကျေးသိမ်မွေ့တဲ့သူ၊ ကြင်နာတတ်သူ အဖြစ် ဘဝမှာ အောင်မြင်နိုင်ခြေများသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် စာရေးသူအနေနဲ့ ကလေးတွေကို သင်ကြားပေးသင့်တဲ့ အပြုအမူကောင်း ( ၁၀ ) ရပ် ကို ဖော်ပြပေးလိုက်ပါတယ်။

မိဘတစ်ယောက်အနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်သင့်ပါတယ်။ တချို့ ကိစ္စသေးသေးလေးတွေက အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေတယ်ဆိုတာကို ဂရုပြုမိစေရန် ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

( ၁ ) ကျေးဇူးတင်ကြောင်းပြောတတ်ပါစေ။

ထိုစကားလေးက ကလေးတွေကို သင်ကြားပေးသင့်တဲ့ အခြေခံ အပြုအမူကောင်းလေးတစ်ရပ်ပဲဖြစ်ပါတယ်။ တစ်ခုခုကို မေးတဲ့အခါပဲဖြစ်ဖြစ်၊ လက်ခံရရှိတဲ့အခါပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်လို့ပြောခြင်းက လူ့ယဉ်ကျေးမှု အခြေခံသဘောတရားပါ။ ကလေးတွေကို ဒီလိုအချိန်မျိုးမှာ ဒီလိုပြောရတယ်ဆိုတဲ့အသိကို  သင်ကြားပေးခြင်းဖြင့် သူတို့အလွယ်တကူ သင်ယူမှတ်မိလာပါလိမ့်မယ်။

( ၂ )  တစ်စုံတစ်ရာကို မယူဆောင်ခင် ခွင့်တောင်းတတ်တဲ့ အပြုအမူကောင်း သင်ပေးပါ။

ကိုယ်ပိုင်ပစ္စည်းမဟုတ်တဲ့ အရာကို ယူမယ်ဆို ခွင့်ပြုချက်တောင်းရမည်ဆိုတဲ့ အသိကို ကလေးတွေရဲ့ မှတ်ဉာဏ်မှာ စွဲမှတ်သွားအောင် သင်ပေးသင့်ပါတယ်။ မိဘပစ္စည်း ဖြစ်နေမယ်ဆိုရင်တောင် ခွင့်ပြုချက်တောင်းခိုင်းပါ။ ပိုင်ရှင်ဆီက ခွင့်ပြုချက်မရဘဲ ယူတဲ့အရာဟာ ခိုးတာနဲ့ တူတူပဲဆိုတာကိုပါ တစ်ခါတည်း သင်ကြားပေးပါ။

( ၃ ) တောင်းပန်စကားပြောတတ်အောင် သင်ကြားပေးပါ။

ကလေးတစ်ယောက်က တစ်စုံတစ်ခုကို အမှားလုပ်မိခဲ့တယ်ဆို တောင်းပန်ပါတယ်ပြောခြင်းကလည်း အရေးကြီးတဲ့ အပြုအမူကောင်းတစ်ရပ်ပဲဖြစ်ပါတယ်။ ထိုစကားကိုလည်း ဘယ်အချိန်၊ ဘယ်လိုနေရာမှာ သုံးရမလဲဆိုတာကိုပါ နားလည်အောင် မိဘတစ်ယောက်အနေနဲ့ သင်ပေးသင့်ပါတယ်။ကြောင်းကျိုးဆက်စပ်မှုမရှိဘဲ မသုံးသင့်ကြောင်းကိုပါ နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြထားပါ။ ကိုယ်ချင်းစာစိတ်ဆိုတာ ကလေးတွေမှာ ရှိထားသင့်တဲ့ အသိဉာဏ်စွမ်းရည်တစ်မျိုးပဲဖြစ်တယ်။ ဒါမှ အသက်အရွယ်ကြီးလာတဲ့အခါမှာ လူရည်မွန်လေးတစ်ယောက်အဖြစ် မြင်နိုင်မှာ ဖြစ်တယ်။

( ၄ ) အထဲမဝင်ခင် တံခါးခေါက်တဲ့ အကျင့် သင်ကြားပေးပါ။

ကလေးတစ်ယောက်ကို ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီးလည်း  သင်ကြားပေးသင့်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့အခန်းထဲကို ဝင်မယ်ဆို တံခါးခေါက်ပြီး ခွင့်ပြုချက်တောင်းသင့်ပါတယ်။ ဒါက လေးစားမှုကို ပြခြင်းလည်းဖြစ်ပါတယ်။ ဒီလို အပြုအမူတွေကို ကလေးတွေရှေ့မှာ ပြုလုပ်ပေးခြင်းဖြင့် သူတို့လေးတွေဟာ အလေ့အကျင့်ကောင်းတွေကို သင်ယူပြီးသားဖြစ်သွားမှာပါ။

( ၅ ) ကျေးဇူးပြုပြီး ဆိုတဲ့စကားပြောတတ်အောင်လည်း သင်ကြားပေးပါ။

ဒါကလည်း နောက်ထပ်အခြေခံကျတဲ့ လူ့ယဉ်ကျေးမှု အပြုအမူပဲဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ သဘာဝအားဖြင့် စိတ်မရှည်တတ်ကြပါ။ ဒါကြောင့် ကျေးဇူးပြုပြီးဆိုတဲ့စကားကို သင်ကြားပေးရန်နှင့် ခွင့်ပြုချက်တောင်းတတ်စေရန် သင်ကြားထားသင့်ပါတယ်။ စကားပြောဆိုသင့်တဲ့ အခြေအနေနဲ့ အချိန်အခါကိုပါ တစ်ခါတည်း နားလည်သိရှိအောင် သင်ထားပေးပါ။

( ၆ ) မသန်မစွမ်းသူများကို ကြင်နာတတ်ပါစေ။

ကလေးတွေဟာ အရာရာတိုင်းကို ပင်ကိုယ်သဘာဝအရ သိချင်တယ်။စူးစမ်းချင်ကြပါတယ်။ အကယ်လို့ ဒီလိုအချိန်မှာ မသန်မစွမ်း လူတစ်ယောက်ကို မြင်သွားခဲ့မယ်ဆို သူတို့ဟာ ကြောက်စရာကောင်းတဲ့ မေးခွန်းတွေကိုတောင် ကျယ်လောင်စွာ မေးမြန်းစူးစမ်းကြလို့ပါ။ ဒါကြောင့် မသန်မစွမ်းသူကလည်း လူထဲက လူတစ်ယောက်ပဲဆိုတာကို သိရှိဖို့ သင်ကြားပေးပါ။

( ၇ ) မျှဝေတတ်အောင် သင်ကြားပေးပါ။

ကလေးတစ်ယောက်နဲ့အတူ ကစားတာပဲဖြစ်ဖြစ်၊ သွေးသားရင်းချာ တွေနဲ့ကစားတာပဲဖြစ်ဖြစ် ဒီအလေ့အကျင့်ကောင်းတွေက အလွန်အရေးကြီးပါတယ်။ သူတို့ကစားစရာတွေ စားစရာတွေကို ဘယ်လို မျှဝေရမလဲဆိုတာကို သင်ကြားထားသင့်ပါတယ်။ ကလေးတစ်ယောက်နဲ့ အတူကစားတဲ့အခါမှာ ဒီစွမ်းရည်ကို သင်ကြားပေးနိုင်ပါတယ်။ နောက်ထပ်ပြီး ရယ်စရာအပြုအမူလေးတွေပါ ထည့်သွင်းသင်ကြားနိုင်ပါသေးတယ်။

( ၈ ) အကြီးတွေကို လေးစားရိုသေတဲ့ အပြုအမူမျိုးပြတတ်အောင် သင်ကြားပေးပါ။

အကြီးတွေက လူ့လောကကို အရင်ရောက်လာကြသူများဖြစ်တယ်။ ကလေးတွေကိုအတွေ့အကြုံကောင်းတွေက အသိပညာပေးပြီး အသိပညာတွေက လေးစားမှုကိုပြသတယ်ဆိုတာကို သင်ကြားပေးသင့်ပါတယ်။ သူတို့ရဲ့မိဘတွေ၊ အဘိုးအဘွားတွေ၊ ဆရာတွေ နဲ့ ကိုယ့်ထက်ကြီးသူတိုင်းကို လေးစားရိုသေတတ်အောင်လည်း  သင်ကြားပေးပါ။ဥပမာ ပြောရမယ်ဆို လူကြီးမိဘတွေရှေ့မှာ ဖြတ်လျှောက်မယ်ဆို ကိုယ်ကို ကိုင်းညှွတ်သွားတာမျိုး၊ မိဘဆရာ မစားရသေးတာကို အရင်မစားသင့်တာမျိုး စတဲ့ အခြေခံအပြုအမူလေးတွေကို သင်ကြားပေးသင့်ပါတယ်။

( ၉ ) ယဉ်ယဉ်ကျေးကျေး စကားပြောဆိုတတ်အောင် သင်ကြားပေးပါ။

ဆဲဆိုတဲ့စကားများပြောခြင်း၊ အော်ဟစ်စွာပြောဆိုခြင်း တို့က မှန်ကန်တဲ့စကားပြောဆိုနည်းမဟုတ်တာကို သင်ကြားပေးသင့်ပါတယ်။ ဒီလိုအပြုအမူတွေက လူတွေအမြင်မှာ ရိုင်းစိုင်းတဲ့ ကလေးတစ်ယောက်အဖြစ် မြင်သွားနိုင်စေပါတယ်။ ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ဆိုး စကားကို ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်အောင် လေ့ကျင့်ပေးပါ။ အခြားလူတစ်ယောက် စကားပြောလို့မပြီးခင်မှာ ကြားဖြတ်ပြောတာမျိုးကို ရှောင်ကြဉ်ဖို့က အစ သင်ကြားပေးပါ။ ဒီအပြုအမူက ကလေးရဲ့နားထောင်ခြင်းစွမ်းရည်ပါ တိုးတက်လာနိုင်ပါတယ်။

( ၁၀ ) ကရုဏာတရားထားတတ်ပါစေ။ ကူညီရိုင်းပင်းတတ်ပါစေ။

ကရုဏာတရားနဲ့ ရိုင်းပင်းတတ်တဲ့ စိတ်ထားမျိုး ထားတတ်အောင်သင်ပေးခြင်းက အလေ့အကျင့်ကောင်းတွေ မွေးမြူပေးခြင်းပဲဖြစ်တယ်။ ဒါက သူတို့အတွက် တကယ်ကောင်းမွန်မြင့်မြတ်တဲ့ စိတ်ထားမျိုးဖြစ်လာလိမ့်မှာ ဖြစ်ပါတယ်။

လက်မှာ ပစ္စည်းအပြည့်ပါလာတဲ့သူအတွက် တံခါးဖွင့်ပေးတာဖြစ်ဖြစ် ကူသယ်ပေးတာဖြစ်ဖြစ် မိဘတွေကိုကူညီလုပ်ကိုင်ပေးတာဖြစ်ဖြစ် ဆရာတွေနဲ့အတူ အလုပ်ဝိုင်းကူပေးတာဖြစ်ဖြစ် ကူညီပေးတတ်အောင် သင်ကြားပေးပါလို့ ဆိုချင်ပါတယ်။

လူရည်မွန်တစ်ယောက်ဖြစ်လာနိုင်အောင် ငယ်စဉ်ကတည်းက ဖော်ပြပါ လူ့ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်တတ်အောင် သင်ကြားပေးထားဖို့ အကြံပြုလိုက်ပါတယ်။

—————————————————————————————————————————-

ကျွန်တော်တို့ရဲ့ကလေးတွေကို အပြုအမူကောင်းတွေ၊ အလေ့အကျင့်ကောင်းတွေ သင်ကြားပေးဖို့ က အရေးကြီးတဲ့ ကိစ္စတစ်ရပ်ပဲဖြစ်ပါတယ်။

နိုင်ငံတစ်နိုင်ငံ၏ လူငယ်တွေကို ကြည့်ခြင်းအားဖြင့်လည်း  နိုင်ငံရဲ့အခြေအနေ အဆင့်အတန်းကို လှမ်းမြင်နိုင်သလို  ကလေးတစ်ယောက်ရဲ့ အပြုအမူနဲ့ အလေ့အကျင့်တွေကို ကြည့်ချင်းအားဖြင့် သူတို့၏ ယဉ်ကျေုးမှု၊ စရိုက်၊ အဆင့်အတန်းကိုပါ လှမ်းမြင်နိုင်ပါတယ်။

ဒါကြောင့် ကလေးတွေကို ငယ်ငယ်ကတည်းက နည်းမှန်လမ်းမှန် အပြုအမူကောင်းတွေ၊ အလေ့အကျင့်ကောင်းတွေနဲ့ မိတ်ဆက်ပေးရန် ပြုစုပျိုးထောင်ပေးရန် လိုပါတယ်။ ကလေးတစ်ယောက်ရဲ့ ဦးနှောက်က သင်ယူနိုင်စွမ်း အင်မတန်ထက်မြက်ပါတယ်။ လူကြီးတွေ ပြုလုပ်သမျှကို ကြည့်ပြီး သင်ယူကြပါတယ်။ လိုက်အတုခိုးပါတယ်။

မြန်မာစကားပုံလေးတစ်ပုံရှိတယ်မလား အတုမြင် အတတ်သင်ဆိုတဲ့ စကားလေးလေ။ အရှေ့က လူကြီးတွေအနေနဲ့ ကလေးတွေ အရှေ့မှာ အပြုအမူကောင်းတွေ ၊ အလေ့အကျင့်ကောင်းတွေ ပြသဖို့လိုအပ်ပါတယ်။ အကြီးဆိုတာ အငယ်တစ်ယောက်အတွက် စံနမူနာယူစရာ တစ်ယောက်ပါ။ ဒါမှ သူတို့ အတုခိုးသင်ယူနိုင်မှာ ဖြစ်ပါတယ်။ကလေးတွေကို သင်ကြားပေးခြင်းက စစ်ဆေးမှုတစ်ရပ် ဖြစ်နိုင်ပေမယ့်လည်း စိတ်ရှည်ရှည်နဲ့ သင်ကြားပေးဖို့ မမေ့လျော့ပါနဲ့။ စိတ်ရှည်ခြင်းရဲ့ နောက်ကွယ်မှာ ကောင်းမွန်တဲ့ အလေ့အကျင့်ကောင်းတွေနဲ့ အတူ ကိုယ့်ကလေးကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။

ကလေးတွေကို အပြုအမူကောင်းတွေနဲ့ ပြုစုပေးမယ်ဆို သူတို့က စိတ်ကျေနပ်စရာ ကောင်းတဲ့သူ၊ ယဉ်ကျေးသိမ်မွေ့တဲ့သူ၊ ကြင်နာတတ်သူ အဖြစ် ဘဝမှာ အောင်မြင်နိုင်ခြေများသူတစ်ယောက် ဖြစ်လာနိုင်ပါတယ်။ဒါကြောင့် စာရေးသူအနေနဲ့ ကလေးတွေကို သင်ကြားပေးသင့်တဲ့ အပြုအမူကောင်း ( ၁၀ ) ရပ် ကို ဖော်ပြပေးလိုက်ပါတယ်။ မိဘတစ်ယောက်အနေနဲ့ ဒီဆောင်းပါးလေးကို ဖတ်သင့်ပါတယ်။ တချို့ ကိစ္စသေးသေးလေးတွေက အရေးကြီးတဲ့ ပြုပြင်ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာစေတယ်ဆိုတာကို ဂရုပြုမိစေရန် ရည်ရွယ်တာပဲ ဖြစ်ပါတယ်။

( ၁ ) ကျေးဇူးတင်ကြောင်းပြောတတ်ပါစေ။

ထိုစကားလေးက ကလေးတွေကို သင်ကြားပေးသင့်တဲ့ အခြေခံ အပြုအမူကောင်းလေးတစ်ရပ်ပဲဖြစ်ပါတယ်။ တစ်ခုခုကို မေးတဲ့အခါပဲဖြစ်ဖြစ်၊ လက်ခံရရှိတဲ့အခါပဲဖြစ်ဖြစ် ကျေးဇူးတင်ပါတယ်လို့ပြောခြင်းက လူ့ယဉ်ကျေးမှု အခြေခံသဘောတရားပါ။ ကလေးတွေကို ဒီလိုအချိန်မျိုးမှာ ဒီလိုပြောရတယ်ဆိုတဲ့အသိကို  သင်ကြားပေးခြင်းဖြင့် သူတို့အလွယ်တကူ သင်ယူမှတ်မိလာပါလိမ့်မယ်။

( ၂ )  တစ်စုံတစ်ရာကို မယူဆောင်ခင် ခွင့်တောင်းတတ်တဲ့ အပြုအမူကောင်း သင်ပေးပါ။

ကိုယ်ပိုင်ပစ္စည်းမဟုတ်တဲ့ အရာကို ယူမယ်ဆို ခွင့်ပြုချက်တောင်းရမည်ဆိုတဲ့ အသိကို ကလေးတွေရဲ့ မှတ်ဉာဏ်မှာ စွဲမှတ်သွားအောင် သင်ပေးသင့်ပါတယ်။ မိဘပစ္စည်း ဖြစ်နေမယ်ဆိုရင်တောင် ခွင့်ပြုချက်တောင်းခိုင်းပါ။ ပိုင်ရှင်ဆီက ခွင့်ပြုချက်မရဘဲ ယူတဲ့အရာဟာ ခိုးတာနဲ့ တူတူပဲဆိုတာကိုပါ တစ်ခါတည်း သင်ကြားပေးပါ။

( ၃ ) တောင်းပန်စကားပြောတတ်အောင် သင်ကြားပေးပါ။

ကလေးတစ်ယောက်က တစ်စုံတစ်ခုကို အမှားလုပ်မိခဲ့တယ်ဆို တောင်းပန်ပါတယ်ပြောခြင်းကလည်း အရေးကြီးတဲ့ အပြုအမူကောင်းတစ်ရပ်ပဲဖြစ်ပါတယ်။ ထိုစကားကိုလည်း ဘယ်အချိန်၊ ဘယ်လိုနေရာမှာ သုံးရမလဲဆိုတာကိုပါ နားလည်အောင် မိဘတစ်ယောက်အနေနဲ့ သင်ပေးသင့်ပါတယ်။ကြောင်းကျိုုးဆက်စပ်မှုမရှိဘဲ မသုံးသင့်ကြောင်းကိုပါ နားလည်အောင် စိတ်ရှည်ရှည်နဲ့ ရှင်းပြထားပါ။ ကိုယ်ချင်းစာစိတ်ဆိုတာ ကလေးတွေမှာ ရှိထားသင့်တဲ့ အသိဉာဏ်စွမ်းရည်တစ်မျိုးပဲဖြစ်တယ်။ ဒါမှ အသက်အရွယ်ကြီးလာတဲ့အခါမှာ လူရည်မွန်လေးတစ်ယောက်အဖြစ် မြင်နိုင်မှာ ဖြစ်တယ်။

( ၄ ) အထဲမဝင်ခင် တံခါးခေါက်တဲ့ အကျင့် သင်ကြားပေးပါ။

ကလေးတစ်ယောက်ကို ကိုယ်ရေးကိုယ်တာနဲ့ ပတ်သက်ပြီးလည်း  သင်ကြားပေးသင့်ပါတယ်။ တစ်စုံတစ်ယောက်ရဲ့အခန်းထဲကို ဝင်မယ်ဆို တံခါးခေါက်ပြီး ခွင့်ပြုချက်တောင်းသင့်ပါတယ်။ ဒါက လေးစားမှုကို ပြခြင်းလည်းဖြစ်ပါတယ်။ ဒီလို အပြုအမူတွေကို ကလေးတွေရှေ့မှာ ပြုလုပ်ပေးခြင်းဖြင့် သူတို့လေးတွေဟာ အလေ့အကျင့်ကောင်းတွေကို သင်ယူပြီးသားဖြစ်သွားမှာပါ။

( ၅ ) ကျေးဇူးပြုပြီး ဆိုတဲ့စကားပြောတတ်အောင်လည်း သင်ကြားပေးပါ။

ဒါကလည်း နောက်ထပ်အခြေခံကျတဲ့ လူ့ယဉ်ကျေးမှု အပြုအမူပဲဖြစ်ပါတယ်။ ကလေးတစ်ယောက်ဟာ သဘာဝအားဖြင့် စိတ်မရှည်တတ်ကြပါ။ ဒါကြောင့် ကျေးဇူးပြုပြီးဆိုတဲ့စကားကို သင်ကြားပေးရန်နှင့် ခွင့်ပြုချက်တောင်းတတ်စေရန် သင်ကြားထားသင့်ပါတယ်။ စကားပြောဆိုသင့်တဲ့ အခြေအနေနဲ့ အချိန်အခါကိုပါ တစ်ခါတည်း နားလည်သိရှိအောင် သင်ထားပေးပါ။

( ၆ ) မသန်မစွမ်းသူများကို ကြင်နာတတ်ပါစေ။

ကလေးတွေဟာ အရာရာတိုင်းကို ပင်ကိုယ်သဘာဝအရ သိချင်တယ်။စူးစမ်းချင်ကြပါတယ်။ အကယ်လို့ ဒီလိုအချိန်မှာ မသန်မစွမ်း လူတစ်ယောက်ကို မြင်သွားခဲ့မယ်ဆို သူတို့ဟာ ကြောက်စရာကောင်းတဲ့ မေးခွန်းတွေကိုတောင် ကျယ်လောင်စွာ မေးမြန်းစူးစမ်းကြလို့ပါ။ ဒါကြောင့် မသန်မစွမ်းသူကလည်း လူထဲက လူတစ်ယောက်ပဲဆိုတာကို သိရှိဖို့ သင်ကြားပေးပါ။

( ၇ ) မျှဝေတတ်အောင် သင်ကြားပေးပါ။

ကလေးတစ်ယောက်နဲ့အတူ ကစားတာပဲဖြစ်ဖြစ်၊ သွေးသားရင်းချာ တွေနဲ့ကစားတာပဲဖြစ်ဖြစ် ဒီအလေ့အကျင့်ကောင်းတွေက အလွန်အရေးကြီးပါတယ်။ သူတို့ကစားစရာတွေ စားစရာတွေကို ဘယ်လို မျှဝေရမလဲဆိုတာကို သင်ကြားထားသင့်ပါတယ်။ ကလေးတစ်ယောက်နဲ့ အတူကစားတဲ့အခါမှာ ဒီစွမ်းရည်ကို သင်ကြားပေးနိုင်ပါတယ်။ နောက်ထပ်ပြီး ရယ်စရာအပြုအမူလေးတွေပါ ထည့်သွင်းသင်ကြားနိုင်ပါသေးတယ်။

( ၈ ) အကြီးတွေကို လေးစားရိုသေတဲ့ အပြုအမူမျိုးပြတတ်အောင် သင်ကြားပေးပါ။

အကြီးတွေက လူ့လောကကို အရင်ရောက်လာကြသူများဖြစ်တယ်။ ကလေးတွေကိုအတွေ့အကြုံကောင်းတွေက အသိပညာပေးပြီး အသိပညာတွေက လေးစားမှုကိုပြသတယ်ဆိုတာကို သင်ကြားပေးသင့်ပါတယ်။ သူတို့ရဲ့မိဘတွေ၊ အဘိုးအဘွားတွေ၊ ဆရာတွေ နဲ့ ကိုယ့်ထက်ကြီးသူတိုင်းကို လေးစားရိုသေတတ်အောင်လည်း  သင်ကြားပေးပါ။ဥပမာ ပြောရမယ်ဆို လူကြီးမိဘတွေရှေ့မှာ ဖြတ်လျှောက်မယ်ဆို ကိုယ်ကို ကိုင်းညွှတ်သွားတာမျိုး၊ မိဘဆရာ မစားရသေးတာကို အရင်မစားသင့်တာမျိုး စတဲ့ အခြေခံအပြုအမူလေးတွေကို သင်ကြားပေးသင့်ပါတယ်။

( ၉ ) ယဉ်ယဉ်ကျေးကျေး စကားပြောဆိုတတ်အောင် သင်ကြားပေးပါ။

ဆဲဆိုတဲ့စကားများပြောခြင်း၊ အော်ဟစ်စွာပြောဆိုခြင်း တို့က မှန်ကန်တဲ့စကားပြောဆိုနည်းမဟုတ်တာကို သင်ကြားပေးသင့်ပါတယ်။ ဒီလိုအပြုအမူတွေက လူတွေအမြင်မှာ ရိုင်းစိုင်းတဲ့ ကလေးတစ်ယောက်အဖြစ် မြင်သွားနိုင်စေပါတယ်။ ဘယ်လောက်ပဲ စိတ်ဆိုးစိတ်ဆိုး စကားကို ယဉ်ယဉ်ကျေးကျေး ပြောဆိုတတ်အောင် လေ့ကျင့်ပေးပါ။ အခြားလူတစ်ယောက် စကားပြောလို့မပြီးခင်မှာ ကြားဖြတ်ပြောတာမျိုးကို ရှောင်ကြဉ်ဖို့က အစ သင်ကြားပေးပါ။ ဒီအပြုအမူက ကလေးရဲ့နားထောင်ခြင်းစွမ်းရည်ပါ တိုးတက်လာနိုင်ပါတယ်။

( ၁၀ ) ကရုဏာတရားထားတတ်ပါစေ။ ကူညီရိုင်းပင်းတတ်ပါစေ။

ကရုဏာတရားနဲ့ ရိုင်းပင်းတတ်တဲ့ စိတ်ထားမျိုး ထားတတ်အောင်သင်ပေးခြင်းက အလေ့အကျင့်ကောင်းတွေ မွေးမြူပေးခြင်းပဲဖြစ်တယ်။ ဒါက သူတို့အတွက် တကယ်ကောင်းမွန်မြင့်မြတ်တဲ့ စိတ်ထားမျိုးဖြစ်လာလိမ့်မှာ ဖြစ်ပါတယ်။ လက်မှာ ပစ္စည်းအပြည့်ပါလာတဲ့သူအတွက် တံခါးဖွင့်ပေးတာဖြစ်ဖြစ် ကူသယ်ပေးတာဖြစ်ဖြစ် မိဘတွေကိုကူညီလုပ်ကိုင်ပေးတာဖြစ်ဖြစ် ဆရာတွေနဲ့အတူ အလုပ်ဝိုင်းကူပေးတာဖြစ်ဖြစ် ကူညီပေးတတ်အောင် သင်ကြားပေးပါလို့ ဆိုချင်ပါတယ်။လူရည်မွန်တစ်ယောက်ဖြစ်လာနိုင်အောင် ငယ်စဉ်ကတည်းက ဖော်ပြပါ လူ့ကျင့်ဝတ်များကို လိုက်နာဆောင်ရွက်တတ်အောင် သင်ကြားပေးထားဖို့ အကြံပြုလိုက်ပါတယ်။ 

Education

Leave a Reply

Your email address will not be published. Required fields are marked *