စာအုပ်ကောင်းလေးတစ်အုပ်

*** Unicode ***

လူငယ်လူကြီး အသက်အရွယ်မရွေး ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ကို ညှွန်းဆိုချင်ပါတယ်။ စာအုပ်နာမည်က “ အောင်မြင်ဖို့အတွက် အချိန် ” ဆိုတဲ့ စာအုပ်လေးဖြစ်ပြီး စာရေးဆရာ မိုရ်လွင် ဘာသာပြန်ထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။

မူရင်းစာအုပ်မှာ Julio Melara ရေးထားတဲ့ Time For Success ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။လူတော်တော်များများ ကိုင်တွယ်နိုင်ခြင်းမရှိတဲ့ အချိန်ကို စနစ်တကျသုံးတတ်ဖို့အတွက် လမ်းညွှန်ထားတဲ့စာအုပ်ကောင်းလေးပါ။ လူကြီး လူငယ်မရွေး ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပဲဖြစ်တယ်။

လူအများစုရဲ့ လိုအပ်ချက်တစ်ခုကို ထောက်ပြထားတဲ့ စာအုပ်ပဲဖြစ်တယ်။စာအုပ်ပါအကြောင်းအရာများတွင် ခေါင်းစဉ်တစ်ခုချင်းစီ၊စာကြောင်းတစ်ကြောင်းချင်းစီက ကျွန်တော်တို့ အသက်ရှင်စဉ် လိုက်နာသင့်တဲ့ အကြောင်းအရာတွေကို ရေးထားခြင်းဖြစ်တယ်။ ကျွန်တော်တောင် ဖတ်ကြည့်ပြီးမှ ကိုယ်ဖြုန်းခဲ့တဲ့ အချိန်တွေ ၊ ဆုံးရှုံးသွားတဲ့အချိန်တွေကို ပြန်လည်သုံးသပ်မိသွားတယ်။

တော်တော် အချိန်တွေဖြုန်းခဲ့မိပါလားလို့ တွေးမိရတဲ့အထိပါပဲ။ လူငယ်တွေ အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်စေဖို့ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းလေးပါ။ ဒါမှ လူငယ်တော်တော်များများက အချိန်ကို အကျိုးမရှိသုံးနေတာတွေ၊ အချိန်ဖြုန်းနေတာတွေကို ပြန်လည် သတိထားမိ စေလာမှာပါ။

အနာဂတ်ဦးဆောင်ဖို့အတွက် လိုအပ်တဲ့အရည်အချင်းတစ်ခု ဖြည့်ဆည်းပေးတဲ့ စာအုပ်ကောင်းလေးပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ခွန်အားတွေလည်း များစွာရခဲ့ပါတယ်။ဒီထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်သုံးသပ်မိစေခဲ့တဲ့ စာပိုဒ်ခေါင်းစဉ်လေးက ကိုယ်ပိုင်အတွေးများကသာ အရေးကြီးတယ် ဆိုတဲ့ စာပိုဒ်လေးပဲဖြစ်ပါတယ်။

ရေးထားပုံလေးက ပီကာဆို၊ အယ်ဘတ် အိုင်းစတိုင်း၊ အင်ဗရာ ဟင်လင်ကွန်း သူတို့တွေအားလုံးက ဘေးလူတွေပြောတဲ့ သူတို့ကို အားနည်းစေတဲ့ စကားတွေကို နားမယောင်ကြဘူးတဲ့။ သူတို့တွေက They believe in themselves တဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်အဝရှိကြတယ်ဆိုတဲ့ စကားပဲ။ ကျွန်တော်ဖတ်ပြီး တော်တော် အားတက်သွားမိတယ်။

နောက်ရှိသေးတယ်။ ဟင်နရီဖို့ဒ် ပြောသွားတဲ့စကားလေး Whether you think you can or you think you can’t , you are right ဆိုတဲ့ စာလေးပဲ။နောက်ထပ် ထောက်ပြထားတဲ့ အချက်တစ်ချက်က ပန်းတိုင်ရေရေရာရာ မရှိတဲ့ လူငယ်တွေအတွက် ပန်းတိုင်ချမှတ်သင့်တဲ့ အကြောင်းအရင်းတွေကို ပြောပြထားပါသေးတယ်။

စာထဲမှာ ပန်းတိုင်ချမှတ်ပုံ၊ တစ်ရက်အတွက် ပန်းတိုင်၊ တစ်လအတွက် ပန်းတိုင်၊ တစ်နှစ်အတွက် ပန်းတိုင် စတာတွေကို ချမှတ်ထားရမယ့် ဆိုတဲ့ အကြောင်း၊ ရည်မှန်းချက်မြင့်မြင့်ထားရမယ်ဆိုတဲ့ အကြောင်းတွေကို စိတ်ဝင်စားဖွယ် လေ့လာခွင့်ရခဲ့တယ်။ကိုယ့်ကိုယ်ကို မေးခွန်းပြန်ပေးဖို့လည်း လမ်းညှွန်ထားပါတယ်။

ပြီးတော့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ဇယားတစ်ခုချမှတ်ပေးထားပါတယ်။ အဲ့ဇယားမှာ ကိုယ့်ကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းတွေကို စာရင်းပြုစုထားပြီး ပြန်လည်သုံးသပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုရော ကျေနပ်မှုရှိ ပါရဲ့လား။ ကိုယ် ချမှတ်ထားတဲ့ ပန်းတိုင်တွေနဲ့ရော နီးစပ်မှုရှိနေပြီလား။ ပြန်လည်ဝေဖန်ဆန်းစစ်ကြည့်ပါ။

နှလုံး ဗဟိုချက်ကို ထိလိုက်တဲ့အချက်က လူအများစုရဲ့ အချိန်ဆွဲတတ်တဲ့ အကြောင်းကို ပြောပြထားတယ်။ ရှုံးနိမ့်မှုတွေ ဖြစ်စေတဲ့ အချက်ထဲမှာ အဲ့ဒါက ထိပ်ဆုံးဖြစ်မယ်ထင်တယ်။ ရက်တွေ ရွေ့ရင်းရွေ့ရင်းနဲ့ မစတင်နိုင်ခဲ့တဲ့ အရာတွေ အများကြီးပဲရှိတယ်ဆိုတာကို သတိပြုမိလိုက်တယ်။

ဒီစာအုပ်ကို ဖတ်ပြီးတဲ့ အချိန်မှာ ကျွန်တော်ကို အတွေးပေါင်းများစွာ တွေးစေခဲ့တယ်။ လုပ်ဆောင်ရမယ့် နည်းစနစ်တွေ ၊ ဗျူဟာတွေ ပေးပါတယ်။ ခွန်အားတွေ ပေးတယ်။ ကျွန်တော် ဒီစာအုပ်ဖတ်ပြီးချိန်မှာ အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်လာတဲ့ အထိ အထောက်အကူပြုခဲ့ပါတယ်။

ဒါကြောင့် အချိန်တွေ ပေါများစွာ ပိုင်ဆိုင်ထားတဲ့ လူငယ်တွေအတွက်လည်း တန်ဖိုးရှိလှတဲ့ အချိန်တွေကို ဘယ်လိုကုန်ဆုံးမလဲဆိုတာကို လေ့လာဖတ်ရှုသင့်တဲ့စာအုပ်ကောင်းလေးအဖြစ် ညွှန်းဆိုလိုက်ပါရစေ။

——————————————————————————————————————————

လူငယ်လူကြီး အသက်အရွယ်မရွေး ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းလေးတစ်အုပ်ကို ညွှန်းဆိုချင်ပါတယ်။ စာအုပ်နာမည်က “ အောင်မြင်ဖို့အတွက် အချိန် ” ဆိုတဲ့ စာအုပ်လေးဖြစ်ပြီး စာရေးဆရာ မိုရ်လွင် ဘာသာပြန်ထားတဲ့ စာအုပ်လေးပဲ ဖြစ်ပါတယ်။ မူရင်းစာအုပ်မှာ Julio Melara ရေးထားတဲ့ Time For Success ဆိုတဲ့စာအုပ်ပဲဖြစ်ပါတယ်။

လူတော်တော်များများ ကိုင်တွယ်နိုင်ခြင်းမရှိတဲ့ အချိန်ကို စနစ်တကျသုံးတတ်ဖို့အတွက် လမ်းညွှန်ထားတဲ့စာအုပ်ကောင်းလေးပါ။ လူကြီး လူငယ်မရွေး ဖတ်သင့်တဲ့စာအုပ်တစ်အုပ်ပဲဖြစ်တယ်။ လူအများစုရဲ့ လိုအပ်ချက်တစ်ခုကို ထောက်ပြထားတဲ့ စာအုပ်ပဲဖြစ်တယ်။

စာအုပ်ပါအကြောင်းအရာများတွင် ခေါင်းစဉ်တစ်ခုချင်းစီ၊စာကြောင်းတစ်ကြောင်းချင်းစီက ကျွန်တော်တို့ အသက်ရှင်စဉ် လိုက်နာသင့်တဲ့ အကြောင်းအရာတွေကို ရေးထားခြင်းဖြစ်တယ်။ ကျွန်တော်တောင် ဖတ်ကြည့်ပြီးမှ ကိုယ်ဖြုန်းခဲ့တဲ့ အချိန်တွေ ၊ ဆုံးရှုံးသွားတဲ့အချိန်တွေကို ပြန်လည်သုံးသပ်မိသွားတယ်။

တော်တော် အချိန်တွေဖြုန်းခဲ့မိပါလားလို့ တွေးမိရတဲ့အထိပါပဲ။ လူငယ်တွေ အနေနဲ့ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ်နိုင်စေဖို့ ဖတ်ရှုသင့်တဲ့ စာအုပ်ကောင်းလေးပါ။ ဒါမှ လူငယ်တော်တော်များများက အချိန်ကို အကျိုးမရှိသုံးနေတာတွေ၊ အချိန်ဖြုန်းနေတာတွေကို ပြန်လည် သတိထားမိ စေလာမှာပါ။ အနာဂတ်ဦးဆောင်ဖို့အတွက် လိုအပ်တဲ့အရည်အချင်းတစ်ခု ဖြည့်ဆည်းပေးတဲ့ စာအုပ်ကောင်းလေးပဲ ဖြစ်ပါတယ်။ စိတ်ဓာတ်ခွန်အားတွေလည်း များစွာရခဲ့ပါတယ်။

ဒီထဲမှာ ကျွန်တော့်ကိုယ် ကျွန်တော်ပြန်သုံးသပ်မိစေခဲ့တဲ့ စာပိုဒ်ခေါင်းစဉ်လေးက ကိုယ်ပိုင်အတွေးများကသာ အရေးကြီးတယ် ဆိုတဲ့ စာပိုဒ်လေးပဲဖြစ်ပါတယ်။ ရေးထားပုံလေးက ပီကာဆို၊ အယ်ဘတ် အိုင်းစတိုင်း၊ အင်ဗရာ ဟင်လင်ကွန်း သူတို့တွေအားလုံးက ဘေးလူတွေပြောတဲ့ သူတို့ကို အားနည်းစေတဲ့ စကားတွေကို နားမယောင်ကြဘူးတဲ့။ သူတို့တွေက They believe in themselves တဲ့ သူတို့ကိုယ်သူတို့ ယုံကြည်မှုအပြည့်အဝရှိကြတယ်ဆိုတဲ့ စကားပဲ။ ကျွန်တော်ဖတ်ပြီး တော်တော် အားတက်သွားမိတယ်။ နောက်ရှိသေးတယ်။ ဟင်နရီဖို့ဒ် ပြောသွားတဲ့စကားလေး Whether you think you can or you think you can’t , you are right ဆိုတဲ့ စာလေးပဲ။

နောက်ထပ် ထောက်ပြထားတဲ့ အချက်တစ်ချက်က ပန်းတိုင်ရေရေရာရာ မရှိတဲ့ လူငယ်တွေအတွက် ပန်းတိုင်ချမှတ်သင့်တဲ့ အကြောင်းအရင်းတွေကို ပြောပြထားပါသေးတယ်။ စာထဲမှာ ပန်းတိုင်ချမှတ်ပုံ၊ တစ်ရက်အတွက် ပန်းတိုင်၊ တစ်လအတွက် ပန်းတိုင်၊ တစ်နှစ်အတွက် ပန်းတိုင် စတာတွေကို ချမှတ်ထားရမယ့် ဆိုတဲ့ အကြောင်း၊ ရည်မှန်းချက်မြင့်မြင့်ထားရမယ်ဆိုတဲ့ အကြောင်းတွေကို စိတ်ဝင်စားဖွယ် လေ့လာခွင့်ရခဲ့တယ်။

ကိုယ့်ကိုယ်ကို မေးခွန်းပြန်ပေးဖို့လည်း လမ်းညွှန်ထားပါတယ်။ ပြီးတော့ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ဇယားတစ်ခုချမှတ်ပေးထားပါတယ်။ အဲ့ဇယားမှာ ကိုယ့်ကိုယ်ကို ပြန်မေးသင့်တဲ့ မေးခွန်းတွေကို စာရင်းပြုစုထားပြီး ပြန်လည်သုံးသပ်ကြည့်ပါ။ ကိုယ့်ကိုယ်ကိုရော ကျေနပ်မှုရှိ ပါရဲ့လား။ ကိုယ် ချမှတ်ထားတဲ့ ပန်းတိုင်တွေနဲ့ရော နီးစပ်မှုရှိနေပြီလား။ ပြန်လည်ဝေဖန်ဆန်းစစ်ကြည့်ပါ။ နှလုံး ဗဟိုချက်ကို ထိလိုက်တဲ့အချက်က လူအများစုရဲ့ အချိန်ဆွဲတတ်တဲ့ အကြောင်းကို ပြောပြထားတယ်။ ရှုံးနိမ့်မှုတွေ ဖြစ်စေတဲ့ အချက်ထဲမှာ အဲ့ဒါက ထိပ်ဆုံးဖြစ်မယ်ထင်တယ်။ ရက်တွေ ရွေ့ရင်းရွေ့ရင်းနဲ့ မစတင်နိုင်ခဲ့တဲ့ အရာတွေ အများကြီးပဲရှိတယ်ဆိုတာကို သတိပြုမိလိုက်တယ်။

ဒီစာအုပ်ကို ဖတ်ပြီးတဲ့ အချိန်မှာ ကျွန်တော်ကို အတွေးပေါင်းများစွာ တွေးစေခဲ့တယ်။ လုပ်ဆောင်ရမယ့် နည်းစနစ်တွေ ၊ ဗျူဟာတွေ ပေးပါတယ်။ ခွန်အားတွေ ပေးတယ်။ ကျွန်တော် ဒီစာအုပ်ဖတ်ပြီးချိန်မှာ အချိန်တွေကို အကျိုးရှိရှိ အသုံးချနိုင်လာတဲ့ အထိ အထောက်အကူပြုခဲ့ပါတယ်။ ဒါကြောင့် အချိန်တွေ ပေါများစွာ ပိုင်ဆိုင်ထားတဲ့ လူငယ်တွေအတွက်လည်း တန်ဖိုးရှိလှတဲ့ အချိန်တွေကို ဘယ်လိုကုန်ဆုံးမလဲဆိုတာကို လေ့လာဖတ်ရှုသင့်တဲ့စာအုပ်ကောင်းလေးအဖြစ် ညွှန်းဆိုလိုက်ပါရစေ။

Education

Leave a Reply

Your email address will not be published. Required fields are marked *