ကလေးတစ်ယောက်ကို ဘယ်လို လေ့ကျင့်မှု ပေးနိုင်သလဲ

ကလေးတစ်ယောက်ကို ဘယ်လို လေ့ကျင့် ပေးနိုင်သလဲ ဆိုတာ အဓိကလေ့လာရမယ့် အချက်ဖြစ်တယ်။

ငယ်ရွယ်စဉ် ကလေးအရွယ်ကမှ အခြေခံ ခိုင်ခိုင် အုတ်မြစ် မချနိုင်ဖူးဆို အသက်ကြီးလာတဲ့အခါ ဒီကလေးမျိုးကို ဘယ်လို ထိန်းချုပ်ကိုင်တွယ်မလဲ။

သူ့အတွက် မျှော်လင့်ချက်က ဘာဖြစ်နိုင်မလဲ။ သူက ဘာဖြစ်ချင်တာလဲ။ သူ့အတွက် လိုအပ်နေတဲ့ အရည်အချင်း၊ ကျွမ်းကျင်မှုတွေကို ဘယ်လို သင်ပေးနိုင်မှာလဲ စတဲ့မေးခွန်းတွေကို တွေးကြည့်ဖူးလား။

သူ့အတွက် တွေးခေါ်မြော်မြင်နိုင်မှု၊ တီထွင်ဖန်တီးနိုင်စွမ်း၊ ကိုယ့်ကိုယ်ကို ယုံကြည်မှု ၊ ညှိုနှိုင်းဆွေးနွေးနိုင်မှု ၊ ခေါင်းဆောင်နိ်ုင်မှု စတဲ့ အရည်အသွေးတွေကို ဘယ်သူကဖြည့်ပေးနိုင်မလဲ။ ဘယ်မှာ ရနိုင်မလဲ။

မိဘတစ်ယောက်အနေနဲ့ ကိုယ့်သားသမီးကို ပညာရေးမှာ ဘာကြောင့်မြှုပ်နှံကြတာလဲ။ အပေါ်က အရည်အချင်းတွေနဲ့ ပြည့်စုံတဲ့ ကလေးမျိုးဖြစ်အောင် မြင်တွေ့ချင်လို့ မဟုတ်ပါလား။

ဒီလိုအရည်အသွေးတွေကို အသက်အရွယ်ရောက်မှ ဖြည့်ဆည်းသင်ကြားပေးမယ်ဆို သူ့အတွက် စိန်ခေါ်မှုများစွာရှိနေပါလိမ့်မယ်။ နည်းစနစ်မမှန်ကန်မှုတွေနဲ့ နေသားကျနေတဲ့ ကလေးတစ်ယောက်အတွက် ဒါဟာ စိန်ခေါ်မှုကြီး ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။

ကလေးတစ်ယောက်ရဲ့ ဉာဏ်ရည်ဟာ သင်ကြားပေးလို့ အကောင်းဆုံးဖြစ်ပါတယ်။ အဲ့ဒီအရွယ်ဟာ ဖွံ့ဖြိုးတိုးတက်မှု အမြန်ဆုံး အချိန်လို့ပြောရပါမယ်။ သင်ယူမှု အများဆုံးအချိန်ပဲဖြစ်ပါတယ်။

ဒီလို အရွယ်မှာ နည်းလမ်းမှန်ကန်စွာနဲ့ ပြုစုပျိုးထောင်ပေးမယ်ဆို အရည်အချင်းရှိတဲ့ ကလေးတစ်ယောက်အနေနဲ့ မြင်ရဖို့ပန်းတိုင်က အလှမ်းဝေးလိမ့်တော့မှာ မဟုတ်ပါ။

ပညာတတ်တယ်ဆိုတာ ဒါမေး၊ဒါကျက်၊ ဒါဖြေ အတန်းအောင် ဘွဲ့ရကို ဆိုလိုခြင်းမဟုတ်ပါ။ ပညာတတ်လူတစ်ယောက်ဆိုတာ သူ့မှာ အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်စွမ်း၊ မိမိကိုယ်ကို ပြန်လည်ဆန်းစစ်နိုင်စွမ်း၊ အတွေးအခေါ် အမြော်အမြင် စတဲ့ အရည်အသွေးတွေ ရှိဖို့လိုပါတယ်။

မိမိတို့နိုင်ငံမှာဆို အတွေးအခေါ်တွေကို ချွန်မြစေမယ့် စဉ်းစားသုံးသပ်နိုင်စွမ်းတွေ မြင့်မားလာစေတဲ့ ပညာရေးစနစ်မျိုး သိပ်လိုအပ်နေပါတယ်။
အဲ့လို အားကိုးရတဲ့ သားကောင်းရတနာတွေဖြစ်ဖို့ဆို ကလေးအရွယ်မှစပြီး သူတို့ရဲ့ ပညာရေးမှာ ရင်းနှီးမြှုပ်ဖို့ လိုပါတယ်။

Education

Leave a Reply

Your email address will not be published. Required fields are marked *