သင့်ကလေး ကျောင်းမှာ ထူးချွန်စေမယ့် နည်းလမ်း (၅) ခု


ကိုယ်တိုင် ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပေမယ့်လည်း အထက် တန်းကျောင်းတုန်းကဖြစ်ရပ်တွေကို သေချာမမှတ်နိုင်တော့ပါဘူး။ ဒီဖြစ်ရပ်တွေဟာ နောက်ပိုင်း တက္ကသိုလ်နဲ့ ကောလိပ်ပညာရေးက အောင်မြင်မှုတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေတတ်ပါတယ်။

အထက်တန်းကျောင်းနေချိန်တွေဟာ ပညာရေးသာမက လူမှုပေါင်း သင်းဆက်ဆံရေး၊ ကျန်းမာရေးနဲ့ အားကစား အစရှိတဲ့ များပြားလှတဲ့ ကိစ္စတွေကြောင့် ဆယ်ကျော်သက်တွေမှာ အခက်အခဲဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။ ဒါပေမယ့် ဒီကိစ္စတွေကနေ ကောင်းကောင်း သင်ယူနိုင်ရင် အောင်မြင်မှုရနိုင်ပါတယ်။ ဒီလို သင်ယူနိုင်ဖို့ကိုလည်း အနီးဆုံးမှာရှိတဲ့ မိဘတွေက ဂရုတစိုက် ကူညီပေးနိုင်ရင် ကိုယ့်ကလေးအတွက် အကျိုးရှိပြီး ကောင်းမွန်တဲ့ အနာဂါတ်ကို ရလာမှာပါ။

ဒါကြောင့် ကိုယ့်ရဲ့ ဆယ်ကျော်သက်ကလေးတွေ အထက်တန်းကျောင်းသား ဘဝမှာ အောင်မြင်အောင် ဘယ်လို ကူညီပေးသင့်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။

၁။ ကိုယ့်ကလေးရဲ့ ကျောင်းကကိစ္စတွေကို အဆက်မပြတ်ပါစေနဲ့

တစ်ခါတစ်လေ မိဘတွေဟာ ကလေးတွေရဲ့ကျောင်းကကိစ္စတွေနဲ့ အဆက်ပြတ်နေတတ်ကြပါတယ်။ ဒါဟာ မိဘတွေရဲ့ မရည်ရွယ်တဲ့အမှားတစ်ခုပါ။ ကလေးပညာရေးကောင်းဖို့ဆိုရင် ကျောင်းကကိစ္စတွေကိုလည်း သိနေဖို့ လိုပါတယ်။ ဒါကြောင့် ကျောင်းက ဆရာ ဆရာမတွေနဲ့ တွေ့ဆုံတာ သူတို့သူငယ်ချင်းတွေနဲ့ စကားပြော တာတွေကို လုပ်ပေးဖို့ လိုပါတယ်။ ဆရာတွေဟာ ကိုယ့်ကလေးလိုအပ်ချက်ကို ကောင်းကောင်းသိတာကြောင့် သူတို့နဲ့ တိုင်ပင်ဆွေးနွေးတာဟာ ထိရောက်တဲ့နည်းလမ်းပါ။ သူငယ်ချင်းတွေဆီကလည်း ကိုယ့် ကလေးရဲ့ ပေါင်းသင်းဆက်ဆံရေးကို အကဲဖြတ်နိုင်ပါတယ်။ ဒါမှလည်း သူတို့ရဲ့လိုအပ်ချက်ကို လိုသလို ပံ့ပိုးပေးနိုင်ပြီး သူတို့ကို အရေးထားရာလည်း ရောက်ပါတယ်။

၂။ ကလေးတက်တဲ့ကျောင်းနဲ့ အထိအတွေ့ရှိပါစေ

ကိုယ့်ကလေးပြောတဲ့ အရာအားလုံးကို တထစ်ချ မယုံပါနဲ့။ ကျောင်းနဲ့ဆက်သွယ်ပြီး စုံစမ်းမေးမြန်းပေးပါ။ မိဘအချင်းချင်းလည်း အပြန်အလှန် သတင်းဖလှယ်ပါ။ ကျောင်းဝန်ထမ်းတွေနဲ့ ဆက်သွယ် ထားရင် တကယ်အလေးထားပြီး လုပ်ပေးရမှာက ဘာတွေလည်း ဆိုတာကို သိလာပါလိမ့်မယ်။

၃။ လွတ်လပ်တဲ့ပတ်ဝန်းကျင်မှာ လေ့လာနိုင်အောင် ဖန်တီးပေးပါ

တစ်ခါတလေ ကလေးဟာ တီဗီကြည့်ရင်း စာကျက်တတ်တယ်လို့ မြင်တတ်ပါတယ်။ တကယ်တော့ လေ့လာချိန်မှာ တိတ်ဆိတ်တဲ့ပတ်ဝန်း ကျင်က အကောင်းဆုံးပါ။ အထူးသဖြင့် စာမေးပွဲဖြေချိန်နီးလာရင် ပိုပြီးဂရုစိုက် ပေးပါ။ ဒါကြောင့် သူတို့အတွက် အပြောင်းအလဲဖြစ်အောင် ကိုယ်တိုင်က တီဗီကြည့်တာနဲ့ စကားစမြည်ပြောတာကို ဆင်ခြင်ပြီး သူတို့အတွက် ဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။ ဒါဆို အာရုံစူးစိုက်အား ကောင်းလာပါလိမ့်မယ်။ လက်ကိုင်ဖုန်းကို သူတို့နဲ့ အလှမ်းဝေးတဲ့နေရာမှာထားခိုင်းပါ။ သုံးမယ်ဆိုရင်လည်း ကိုယ့်ကို အသိပေးပြီးမှ သုံးခိုင်းပါ။ စာမကျက်ဘဲ အနားယူချိန်မှာလည်း ဂိမ်းကစားတာနဲ့ အင်တာနက်အသုံးပြုချိန်ကို အချိန်အကန့်အသတ်နဲ့ လုပ်ပေးပါ။ ဒါပေမယ့် ဒီလိုကန့်သတ်ရာမှာ ပါးနပ်ဖို့တော့ လိုပါတယ်။

၄။ အကူညီယူရအောင် ပံ့ပိုးပေးပါ

ကိုယ့်ကလေး သင်ယူလေ့လာမှုမှာ အထောက်အပံ့ဖြစ်ပြီး အခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူကို အကူအညီအဖြစ် ထားပေးပါ။ ဒါဆိုရင် ကလေးရဲ့လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း မေးမြန်းတိုင်ပင်နိုင်တဲ့သူတစ်ယောက် ရှိလာမှာပါ။ ဒီပုဂ¾ိုလ်နဲ့လည်း အမြဲတမ်း ဆွေးနွေးတိုင်ပင်ပါ။


၅။ ပုံမှန်စာဖတ်တဲ့အလေ့အကျင့် ရအောင် တိုက်တွန်းပါ

စာဖတ်တာဟာ အကျိုးများစေပေမယ့်လည်း ဆယ်ကျော်သက်တွေ အတွက် ပုံမှန်စာဖတ်တဲ့အလေ့အထရဖို့ မလွယ်ပါဘူး။ စာဖတ်များတဲ့ ကလေးတွေဟာ တွေးခေါ်နိုင်စွမ်း ပိုများတတ်ကြပါတယ်။ ဒါကို ကလေးလက်ခံလာအောင် ပြောပြပေးပါ။ လိုအပ်ရင် ကလေးနဲ့ သင့်တော်တဲ့အကြောင်းအရာတစ်ခုကို ဖတ်ပြပြီး သူ့ကို ပြောပြဆွေးနွေး ပါ။ ဒါဆိုရင် စိတ်ဝင်စားလာပြီး စာဖတ်ခြင်းဟာ သူများထက် ရှေ့ရောက်နိုင်တယ်ဆိုတဲ့အချက်ကို လက်ခံလာအောင် လှုံ့ဆော်ပြီးသားဖြစ်ပြီး စာဖတ်တာဟာ ဂုဏ်ယူစရာလို့ သူတို့ကိုယ်တိုင် လက်ခံလာလို့ စာဖတ်တဲ့အလေ့ကို အမြဲရသွားမှာပါ။ နောက်ပြီး အသစ်အဆန်းမှန်သမျှကိုလည်း စူးစမ်းလေ့လာချင်စိတ် ပိုများ လာပါလိမ့်မယ်။…

ချယ်ရီ

Unicode

…ကိုယ်တိုင် ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပေမယ့်လည်း အထက် တန်းကျောင်းတုန်းကဖြစ်ရပ်တွေကို သေချာမမှတ်နိုင်တော့ပါဘူး။ ဒီဖြစ်ရပ်တွေဟာ နောက်ပိုင်း တက္ကသိုလ်နဲ့ ကောလိပ်ပညာရေးက အောင်မြင်မှုတွေနဲ့ တိုက်ရိုက်ဆက်နွယ်နေတတ်ပါတယ်။…

အထက်တန်းကျောင်းနေချိန်တွေဟာ ပညာရေးသာမက လူမှုပေါင်း သင်းဆက်ဆံရေး၊ ကျန်းမာရေးနဲ့ အားကစား အစရှိတဲ့ များပြားလှတဲ့ ကိစ္စတွေကြောင့် ဆယ်ကျော်သက်တွေမှာ အခက်အခဲဖြစ်တယ်ဆိုတာ သံသယဖြစ်ဖွယ်မရှိပါဘူး။

ဒါပေမယ့် ဒီကိစ္စတွေကနေ ကောင်းကောင်း သင်ယူနိုင်ရင် အောင်မြင်မှုရနိုင်ပါတယ်။ ဒီလို သင်ယူနိုင်ဖို့ကိုလည်း အနီးဆုံးမှာရှိတဲ့ မိဘတွေက ဂရုတစိုက် ကူညီပေးနိုင်ရင် ကိုယ့်ကလေးအတွက် အကျိုးရှိပြီး ကောင်းမွန်တဲ့ အနာဂါတ်ကို ရလာမှာပါ။…

ဒါကြောင့် ကိုယ့်ရဲ့ ဆယ်ကျော်သက်ကလေးတွေ အထက်တန်းကျောင်းသား ဘဝမှာ အောင်မြင်အောင် ဘယ်လို ကူညီပေးသင့်တယ်ဆိုတာ ဖော်ပြလိုက်ပါတယ်။…

၁။ ကိုယ့်ကလေးရဲ့ ကျောင်းကကိစ္စတွေကို အဆက်မပြတ်ပါစေနဲ့

တစ်ခါတစ်လေ မိဘတွေဟာ ကလေးတွေရဲ့ကျောင်းကကိစ္စတွေနဲ့ အဆက်ပြတ်နေတတ်ကြပါတယ်။ ဒါဟာ မိဘတွေရဲ့ မရည်ရွယ်တဲ့အမှားတစ်ခုပါ။ ကလေးပညာရေးကောင်းဖို့ဆိုရင် ကျောင်းကကိစ္စတွေကိုလည်း သိနေဖို့ လိုပါတယ်။

ဒါကြောင့် ကျောင်းက ဆရာ ဆရာမတွေနဲ့ တွေ့ဆုံတာ သူတို့သူငယ်ချင်းတွေနဲ့ စကားပြော တာတွေကို လုပ်ပေးဖို့ လိုပါတယ်။ ဆရာတွေဟာ ကိုယ့်ကလေးလိုအပ်ချက်ကို ကောင်းကောင်းသိတာကြောင့် သူတို့နဲ့ တိုင်ပင်ဆွေးနွေးတာဟာ ထိရောက်တဲ့နည်းလမ်းပါ။

သူငယ်ချင်းတွေဆီကလည်း ကိုယ့် ကလေးရဲ့ ပေါင်းသင်းဆက်ဆံရေးကို အကဲဖြတ်နိုင်ပါတယ်။ ဒါမှလည်း သူတို့ရဲ့လိုအပ်ချက်ကို လိုသလို ပံ့ပိုးပေးနိုင်ပြီး သူတို့ကို အရေးထားရာလည်း ရောက်ပါတယ်။…

၂။ ကလေးတက်တဲ့ကျောင်းနဲ့ အထိအတွေ့ရှိပါစေ

ကိုယ့်ကလေးပြောတဲ့ အရာအားလုံးကို တထစ်ချ မယုံပါနဲ့။ ကျောင်းနဲ့ဆက်သွယ်ပြီး စုံစမ်းမေးမြန်းပေးပါ။ မိဘအချင်းချင်းလည်း အပြန်အလှန် သတင်းဖလှယ်ပါ။

ကျောင်းဝန်ထမ်းတွေနဲ့ ဆက်သွယ် ထားရင် တကယ်အလေးထားပြီး လုပ်ပေးရမှာက ဘာတွေလည်း ဆိုတာကို သိလာပါလိမ့်မယ်။…

၃။ လွတ်လပ်တဲ့ပတ်ဝန်းကျင်မှာ လေ့လာနိုင်အောင် ဖန်တီးပေးပါ

တစ်ခါတလေ ကလေးဟာ တီဗီကြည့်ရင်း စာကျက်တတ်တယ်လို့ မြင်တတ်ပါတယ်။ တကယ်တော့ လေ့လာချိန်မှာ တိတ်ဆိတ်တဲ့ပတ်ဝန်း ကျင်က အကောင်းဆုံးပါ။ အထူးသဖြင့် စာမေးပွဲဖြေချိန်နီးလာရင် ပိုပြီးဂရုစိုက် ပေးပါ။

ဒါကြောင့် သူတို့အတွက် အပြောင်းအလဲဖြစ်အောင် ကိုယ်တိုင်က တီဗီကြည့်တာနဲ့ စကားစမြည်ပြောတာကို ဆင်ခြင်ပြီး သူတို့အတွက် ဆိတ်ငြိမ်တဲ့ပတ်ဝန်းကျင်ကို ဖန်တီးပေးပါ။

ဒါဆို အာရုံစူးစိုက်အား ကောင်းလာပါလိမ့်မယ်။ လက်ကိုင်ဖုန်းကို သူတို့နဲ့ အလှမ်းဝေးတဲ့နေရာမှာထားခိုင်းပါ။ သုံးမယ်ဆိုရင်လည်း ကိုယ့်ကို အသိပေးပြီးမှ သုံးခိုင်းပါ။

စာမကျက်ဘဲ အနားယူချိန်မှာလည်း ဂိမ်းကစားတာနဲ့ အင်တာနက်အသုံးပြုချိန်ကို အချိန်အကန့်အသတ်နဲ့ လုပ်ပေးပါ။ ဒါပေမယ့် ဒီလိုကန့်သတ်ရာမှာ ပါးနပ်ဖို့တော့ လိုပါတယ်။…

၄။ အကူညီယူရအောင် ပံ့ပိုးပေးပါ

ကိုယ့်ကလေး သင်ယူလေ့လာမှုမှာ အထောက်အပံ့ဖြစ်ပြီး အခက်အခဲကို ဖြေရှင်းပေးနိုင်မယ့် ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူကို အကူအညီအဖြစ် ထားပေးပါ။

ဒါဆိုရင် ကလေးရဲ့လိုအပ်ချက်တွေကို ပွင့်ပွင့်လင်းလင်း မေးမြန်းတိုင်ပင်နိုင်တဲ့သူတစ်ယောက် ရှိလာမှာပါ။ ဒီပုဂ¾ိုလ်နဲ့လည်း အမြဲတမ်း ဆွေးနွေးတိုင်ပင်ပါ။…

၅။ ပုံမှန်စာဖတ်တဲ့အလေ့အကျင့် ရအောင် တိုက်တွန်းပါ

စာဖတ်တာဟာ အကျိုးများစေပေမယ့်လည်း ဆယ်ကျော်သက်တွေ အတွက် ပုံမှန်စာဖတ်တဲ့အလေ့အထရဖို့ မလွယ်ပါဘူး။ စာဖတ်များတဲ့ ကလေးတွေဟာ တွေးခေါ်နိုင်စွမ်း ပိုများတတ်ကြပါတယ်။ ဒါကို ကလေးလက်ခံလာအောင် ပြောပြပေးပါ။

လိုအပ်ရင် ကလေးနဲ့ သင့်တော်တဲ့အကြောင်းအရာတစ်ခုကို ဖတ်ပြပြီး သူ့ကို ပြောပြဆွေးနွေး ပါ။

ဒါဆိုရင် စိတ်ဝင်စားလာပြီး စာဖတ်ခြင်းဟာ သူများထက် ရှေ့ရောက်နိုင်တယ်ဆိုတဲ့အချက်ကို လက်ခံလာအောင် လှုံ့ဆော်ပြီးသားဖြစ်ပြီး စာဖတ်တာဟာ ဂုဏ်ယူစရာလို့ သူတို့ကိုယ်တိုင် လက်ခံလာလို့ စာဖတ်တဲ့အလေ့ကို အမြဲရသွားမှာပါ။

နောက်ပြီး အသစ်အဆန်းမှန်သမျှကိုလည်း စူးစမ်းလေ့လာချင်စိတ် ပိုများ လာပါလိမ့်မယ်။…

Unicode ချယ်ရီ

Education

Leave a Reply

Your email address will not be published. Required fields are marked *