ယုံကြည်မှုရှိရှိ စကားပြောဆိုရန် နည်းလမ်း ၅ သွယ်

#POINTYouthPlatform #POINT

 

ယုံကြည်မှုရှိရှိ စကားပြောဆိုနိုင်စေဖို့ အကြံပြုချက် ၅ မျိုးကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

 

(၁) နောက်ဆုံးစကားလုံး အသံထွက်ပီပြင်ပါစေ

 

စကားလုံးတစ်လုံးရဲ့အသံတစ်သံချင်းစီထွက်ဖို့ ဂရုစိုက်ခြင်းဖြင့်အသံတိုးတာတွေ၊ မရှင်းမလင်းဖြစ်နေတာတွေကနေ ရှောင်ကြဉ်နိုင်ပါတယ်။ စာကြောင်းရဲ့နောက်ဆုံးစကားလုံးတွေ၊ စကားလုံးရဲ့အဆုံးသတ်နားလေးတွေကို အသံကျယ်အောင် ဂရုတစိုက်ပြောပါ။ အဲဒါဟာ စကားပြောဆိုဆက်သွယ်ဖို့ နည်းလမ်းကောင်းတစ်ခုပါ။

 

(၂) စကားပြောကောင်းသူတွေဆီက သင်ယူပါ။

 

ပီပီသသစကားပြောတတ်သူတွေဆီက သင်ယူထားတာပါ။ ကိုယ်ကြိုက်တဲ့အသံလွှင့်ဖျော်ဖြေပွဲတွေ အစီစဉ်တင်ဆက်သူရဲ့ပြောပုံဆိုပုံတွေကို ပိုင်းခြားစိတ်ဖြာကြည့်ပါ။ ဘယ်နှုတ်ပြောစကားမဆိုကြေညက်နေခြင်းက သင်စကားပြောပုံဆိုပုံကို ထိရောက်စွာအကျိုးပြုပါတယ်။ ဒါ့အပြင် အသံသွင်းလို့ရတဲ့စက်တွေနဲ့ ကိုယ့်ဘာသာအသံသွင်းပြီး ပြန်နားထောင်ခြင်းက စကားပြောကောင်းသူဖြစ်ဖို့ မြန်ဆန်ထိရောက်စွာ သင်ကြားပေးနိုင်ပါတယ်။

 

(၃) ယုံကြည်မှုရှိရှိ စကားပြောဆိုပါ။

 

သင်ဖုန်းနဲ့စကားပြောဆိုနေရငေ်တာင် သင့်ပြောပုံဆိုပုံက သင့်အကြံဉာဏ်တွေကို လူတွေလက်ခံလာစေနိုင်တဲ့အကျိုးသက်ရောက်မှှုရှိပါတယ်။

 

(၄) စကားမပြောခင်အရင်စဉ်းစားပါ။

 

သင်ပြောမယ့်အရာကို အရင်သိအောင်လုပ်ပါ။ သင်ပြောချင်တဲ့အကြောင်းအရာကို ရှင်းရှင်းပြောဆိုတတ်ခြင်းက ကျိုးကြောင်းဆီလျော်တဲ့အကြံအဆတွေကို စုစည်းနိုင်ပါတယ်။

 

(၅) သင့်အားနည်းချက်ကို ရှာဖွေပြင်ဆင်ပါ။

 

သင့်အားနည်းချက်ကို သင်သိအောင်လုပ်ပါ။ ပထမဗျုဟာက နေ့ရက်တိုင်းမှာပြသနာတွေကို ကိုင်တွယ်ဖြေရှင်းပါ။ ဥပမာ- တနင်္လာနေ့မှာ အပိုအသုံးနှုန်းတွေကို သတိထားလေ့ကျင်ပြီး အဂါင်္နေ့မှာ သင့်စာကြောင်းတွေ ပြီးစီးအောင် အာရုံစိုက်ထားရပါမယ်။ စကားကို ရှင်းရှင်းလင်းလင်းပြောတတ်တဲ့ အလေ့အထက ကိုယ့်ပင်ကိုစရိုက်ဖြစ်လာတဲ့အထိ အပတ်စဉ်တိုင်းကို ဒီလိုပဲလုပ်ဆောင်ပါ။

Writer & Translator : Shwe Yi

Career, Education

Leave a Reply

Your email address will not be published. Required fields are marked *