ပညာသင်ဆု (Scholarship) လျှောက်ထားဖို့အတွက် ပြင်ဆင်နည်း

#POINTYouthPlatform #POINT

ပညာသင်ဆုတွေကို ဘယ်နေရာမဆို ရှာတွေ့နိုင်ပါတယ်။ ဒါပေမယ့် ဒီဆုတွေရအောင် ပြင်ဆင်တာတွေတော့ မတူပါဘူး။ ဒါကြောင့် Scholarship လျှောက်ရင် အထောက်အပံ့ဖြစ်မယ့် အချက်တွေ ဖော်ပြလိုက်ပါတယ်။

လုပ်အားပေးအလုပ် များများလုပ်ပါ

အားလပ်ချိန်ကို စေတနာ့ဝန်ထမ်းအလုပ်တွေလုပ်ပြီး ကုန်ဆုံးပါ။ ကိုယ့်ရဲ့ဒေသမှာရှိတဲ့ လူမှုရေးအဖွဲ့အစည်းတွေ နဲ့ ချိတ်ဆက်အလုပ်လုပ်ပါ။ ဒါဆိုရင် အသင်းအဖွဲ့နဲ့လုပ်ကိုင်ပုံကို လေ့လာသင်ယူနိုင်ပါတယ်။ ဖြစ်နိုင်ရင် အလွှာပေါင်းစုံက အဖွဲ့အစည်းတွေနဲ့ သဟဇာတဖြစ်အောင် အလုပ်တွဲလုပ်ပါ။ ပညာရေး၊ ကျန်းမာရေး၊ သာရေး၊ နာရေး၊ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး အစရှိတဲ့ လူမှုရေးလုပ်ငန်းတိုင်းမှာ စိတ်ပါလက်ပါ ပူးပေါင်းဆောင် ရွက်ပေးပါ။ ဒါဆိုရင် သက်ဆိုင်ရာ ကဏ္ဍတွေကို သဘောပေါက်လာပြီး ကိုယ်လျှောက်ချင်တဲ့ Scholarship လျှောက်ရာမှာ အထောက်အပံ့ဖြစ်ပါလိမ့်မယ်။ အကြောင်းကတော့ ဘယ်အရာမဆို ဒီအကြောင်းအရာတွေနဲ့ သွေဖီမနေလို့ပါ။

မှန်ကန်တဲ့ချိတ်ဆက်မှု ပြုလုပ်ပါ

တက္ကသိုလ်တစ်ခုခု၊ ဌာနတစ်ခုခုမှာ Scholarship လျှောက်ချင်ရင် အဲဒီကဏ္ဍကသင့်တော်သူတွေနဲ့ ရအောင် ချိတ်ဆက်ပါ။ သူတို့က သိသင့်တဲ့အချက်အလက်တွေ ပြောပြပါလိမ့်မယ်။ ကိုယ်တိုင်က အကောင်းမြင်စိတ်ရှိရင် ကူညီချင်သူတွေလည်း များလာနိုင်တာကြောင့် ပေါင်းသင်းဆက်ဆံရေးကောင်းအောင်လည်း ကြိုးစားပေးပါ။ စေတနာ့ဝန်ထမ်းအလုပ် များများလုပ်ရင် ပေါင်းသင်းဆက်ဆံရေးပါ ကောင်းလာပါလိမ့်မယ်။

Scholarship လျှောက်ဖို့အတွက် ယုံယုံကြည်ကြည် Essay ရေးနိုင်အောင် ပြင်ဆင်ပါ

Scholarship essay မှာ ဘာမေးခွန်းတွေမေးတတ်သလဲ၊ ဘယ်လိုရေးသင့်သလဲဆိုတာကို အသေအချာ လေ့လာပြင်ဆင်ပါ။ ဒါမှ မှန်မှန်ကန်ကန် ရေးနိုင်မှာပါ။ Essay ကိုလည်း စိတ်ဝင်စားပြီး ဖတ်ချင်လာအောင် ကြိုးစားရေးရပါမယ်။ ဒီအတွက် ယုံယုံကြည်ကြည်ရေးပါ။ အသေအချာပြင် ဆင်ထားရင် မရေးနိုင်စရာ မရှိသလို သူများကိုလည်း အားကိုးစရာမလိုတော့ပါဘူး။

Scholarship အတွက် လူတွေ့စစ်ဆေးခံယူမှု (Interview) အတွေ့အကြုံရအောင် လေ့ကျင့်ပါ

Scholarship တော်တော်များများအတွက် သက်ဆိုင်သူတွေနဲ့ လူတွေ့စစ်ဆေးခံရပါတယ်။ လူတွေ့စစ်ဆေးခံဖို့ လေ့လာထားမှ အဆင်ပြေပါမယ်။ ဒီအတွက် Interview နဲ့ အကျွမ်းဝင်အောင် လေ့ကျင့်ထားပါ။ အရေးကြီး တာက ကိုယ့်ဘာသာကိုယ် ယုံကြည်မှု ရှိအောင် လေ့ကျင့်ပါ။ လျှောက်ဖူးတဲ့သူတွေနဲ့ ဆက်သွယ်ပြီး အတွေ့အကြုံတွေ မေးထားပါ။ မေးတတ်တဲ့ အကြောင်းအရာတွေကို လည်း လေ့လာပေးပါ။ နားလည်တတ်ကျွမ်းသူတွေဆီက အကြံဉာဏ် ရယူပါ။ လူတွေ့စစ်ဆေးမှု ခံစဉ်မှာ ကိုယ်နေဟန်က ယုံကြည်မှုရှိ တဲ့ပုံပေါက်နေဖို့ လိုပါတယ်။ ဒီအတွက် လေ့ကျင့်ပါ။ ဖြစ်နိုင်ရင် မှန်ရှေ့မှာ လေ့ကျင့်ပါ။ အဝတ်အစားကိုလည်း သပ်သပ်ရပ်ရပ်ဝတ်ဆင်တတ်အောင် လေ့ကျင့်ပါ။

 

Writer & Translator : Shwe Yi, Cherry

Education

Leave a Reply

Your email address will not be published. Required fields are marked *