ထိရောက်လွယ်ကူတဲ့ ကိုယ်တိုင်လေ့လာသင်ယူနည်း၂၀

#POINT#PointYouthPlatform

ကျွန်ုပ်တို့ နေ့စဉ်အသုံးပြုနေတဲ့ ကွန်ပျုတာ၊ ဖုန်းနဲ့ တက်ဘလက်တွေကို ဖျော်ဖြေမှုအတွက်သာမဟုတ်ဘဲ တိုးတက်စေရန် ကိုယ်တိုင်လေ့လာသင်ယူဖို့အတွက်လည်း အသုံးပြုသင့်ပါတယ်။ အားလပ်ရက်တွေမှာလည်း ကျွန်တော်တို့ရဲ့ကိုယ်ရည်ကိုယ်သွေး တိုးတက်စေဖို့ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို အင်တာနက်နှင့် စာအုပ်များမှလည်း ကိုယ်တိုင်လေ့လာသင်ယူနိုင်ပါတယ်။ ကိုယ်တိုင်လေ့လာသင်ယူမှုဖြစ်တဲ့အတွက် ကိုယ်တိုင်ကတိခံဝန်ချက်တွေကို မဖြစ်မနေ ခိုင်ခိုင်မာမာ ပြုလုပ်ထားရမယ်ဆိုတာကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ အွန်လိုင်းပေါ်မှာ အပျော်အပါး၊ အနှောက်အယှက်တွေ များတဲ့အတွက် ကိုယ်လုပ်ရမယ့်အလုပ်နဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာ ကိုယ်တိုင်သတိပေးနေပြီး ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းနဲ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ ကိုယ်တိုင်လေ့လာသင်ယူရာမှာ မှန်ကန်စွာ သင်ယူနိုင်စေဖို့ သိရှိလိုက်နာသင့်တဲ့ အချက်၂၀ကို ဖော်ပြပေးလိုက်ပါတယ်။

(၁)ကိုယ်တိုင်လေ့လာသင်ယူဖို့ အာရုံစူးစိုက်မှုကောင်းစေမယ့် နေရာတစ်ခုကို အရင်ဆုံးရှာဖွေပါ။

စာသင်ခန်းမှာ သင်ယူတာမျိုးမဟုတ်တဲ့အတွက် ကိုယ်တိုင်လေ့လာသင်ယူဖို့ အာရုံစူးစိုက်မှုကောင်းစေမယ့် နေရာတစ်ခုကို အရင်ဆုံးရှာဖွေပါ။ စာရေးခုံ၊ သက်တောင့်သက်သာရှိစေမယ့် ထိုင်ခုံ၊ ကွန်ပျူတာနဲ့ စာရေးကိရိယာတွေ လိုအပ်ပါတယ်။ အဲ့ဒိနေရာမှာထိုင်တဲ့အခါ သင့်ရဲ့စိတ်ကို လေ့လာသင်ယူဖို့အတွက် အဆင်သင့်ဖြစ်နေပါစေ။

(၂) အဘိဓ္ဓာန်ကိုအသုံးပြုပါ။

လေ့လာမှတ်သားထိုက်တဲ့ စာပေတွေနဲ့ ဖတ်စာအုပ်တွေက အရေးအသားမြင့်လို့ အင်တာနက်ပေါ်က လေ့လာတဲ့အခါ Merriam Webster နဲ့ Dictionary.com တို့ကို အသုံးပြုနိုင်သင့်ပါတယ်။ စာအုပ်တွေကနေ လေ့လာတဲ့အခါမှာလည်း အဘိဓာန်စာအုပ်ကို အသုံးပြုသင့်ပါတယ်။

(၃) အရေးကြီးတဲ့ အချက်တွေ့တိုင်းမျဉ်းတားပါ။

အရေးကြီးတဲ့အချက်တွေကိုတွေ့တိုင်း စာအုပ်နဲ့ လေ့လာလျှင် marker သို့မဟုတ် highlight pen အသုံးပြုပြီးမျဉ်းတားပါ။ အွန်လိုင်းကနေ ဖတ်နေပါက eReader မှ highlight features ကို အသုံးပြုပြီး မျဉ်းတားပါ။

(၄) သင်စိတ်ဝင်တစားလေ့လာနေတဲ့ အကြောင်းအရာကို စာအုပ်တစ်အုပ်ထဲမှာပဲ လေ့လာတာမျိုးမပြုလုပ်ဘဲ လေ့လာနိုင်တဲ့နယ်ပယ်မျိုးစုံမှလေ့လာပါ။

သင်လေ့လာနေတဲ့အကြောင်းအရာနဲ့သက်ဆိုင်တဲ့ ဆောင်းပါး၊ ဂျာနယ်နဲ့ စာအုပ်များကို ဖတ်ရှုပါ။ ဟောပြောပွဲတွေ၊ တီဗွီအစီအစဉ်တွေနဲ့ တက္ကသိုလ်ဖတ်စာအုပ်များမှလည်း လေ့လာပါ။သင်စိတ်ဝင်တစားလေ့လာနေတဲ့ အကြောင်းအရာကို စာအုပ်တစ်အုပ်ထဲမှ လေ့လာတာမျိုးမဟုတ်ဘဲ နယ်ပယ်မျိုးစုံမှ လေ့လာပါ။

(၅) မှီငြမ်းကိုးကားစာအုပ်တွေဖတ်ရှုပါ။

ခက်ခဲနက်နဲတဲ့အကြောင်းအရာတွေကို လေ့လာတဲ့အခါ မှီငြမ်းကိုးကားစာအုပ်တွေ၊ သိပ္ပံစာစောင်တွေမှ သီအိုရီကျကျပြုစုချက်တွေနဲ့ စာရေးဆရာရဲ့ ရေးသားချက်တွေကို ထပ်ဆင့်ရှင်းပြတဲ့ တခြားစာအုပ်တွေကိုလည်း ရှာဖွေဖတ်ရှုပါ။

(၆) ကျွမ်းကျင်သူတွေနဲ့ပြောဆိုဆွေးနွေးပါ။

ကျွမ်းကျင်သူတွေနဲ့တွေ့ဆုံပြီး သိလိုတဲ့အချက်များကိုမေးမြန်းစူးစမ်းလေ့လာပါ။ အကျိုးရှိစေမယ့် စကားပြောဆိုဆွေးနွေးမှုတွေက တစ်ဆင့်လည်း လေ့လာသင်ယူပါ။

(၇) နေ့တိုင်းသင်ယူလေ့လာမှုရှိပါစေ။

အကြောင်းအရာတစ်ခုကို တစ်ပတ်လုံး မရပ်မနားလေ့လာပြီး ရက်တော်တော်ကြာ မလေ့လာခြင်းထက် တစ်ရက်လျှင် နာရီဝက် နေ့စဉ်လေ့လာခြင်းက ပိုထိရောက်ပါတယ်။ အချိန်တို မကြာခဏလေ့လာခြင်းက သင်လေ့လာနေတဲ့အရာတွေကို ပိုမိုအာရုံစိုက်စေနိုင်ပါတယ်။

(၈) သင်ဖတ်နေတဲ့စာအုပ်တိုင်းကို မယုံကြည်ပါနှင့်

သင်ဖတ်နေတဲ့စာအုပ်တိုင်းကို မယုံကြည်ပါနှင့်။ အမှန်ကန်ဆုံးလို့ယူဆရတဲ့ သတင်းအရင်းအမြစ်ကတောင် ၁၀ဝရာခိုင်နှုန်း မှန်ကန်တယ်လို့ ယူဆလို့မရပါဘူး။နေရာပေါင်းစုံက ဖတ်ရှုလေ့လာတဲ့အခါ တချို့အကြောင်းအရာတွေဟာ သင်သိထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတတ်ပါတယ်။ ထိုအကြောင်းအရာတွေကို ခြေခြေမြစ်မြစ်သိအောင် အတွင်းကျကျလေ့လာသင့်ပါတယ်။

(၉) အွန်လိုင်းအဖွဲ့အစည်းများကိုဆက်သွယ်ပါ။

လေ့လာသူများနှင့် နည်းစနစ်များ ပိုမိုသိရှိစေရန် အွန်လိုင်းအဖွဲ့အစည်းများကို ဆက်သွယ်ပါ။ သင်ဟာ သီးခြားမလေ့လာချင်ဘူးဆိုရင် အွန်လိုင်းပေါ်တွင် လေ့လာသူများ စုစည်းထားသည့် အဖွဲ့အစည်းများရှိသော linkedIn groups များ၊ Facebook group များကို ဆက်သွယ်ပါ။

(၁၀) နေ့ရက်တိုင်းကိုမေးခွန်းတွေထုတ်ခြင်းဖြင့် ဖြတ်သန်းပါ။

သင့်နေထိုင်မှုပုံစုံမှ သင်ယူပါ။ သင်ဗဟုသုတ ကြွယ်ဝလာပြီး ဘဝကို စတင်နားလည်လာတဲ့အခါ သင်ရဲ့ စူးစမ်းလိုစိတ်ကို လျော့ကျမသွားပါစေနဲ့။ နေ့ရက်တိုင်းမှာ အသစ်တွေကို ရှာဖွေရင်း မေးခွန်းတွေထုတ်ခြင်းနဲ့ ဖြတ်သန်းပါ။

(၁၁) အွန်လိုင်းသင်ခန်းစာများရှာဖွေလေ့လာပါ။

အွန်လိုင်းသင်ခန်းစာများ ရှာဖွေလေ့လာပါ။ Udemy, Coursera, edX စသော နာမည်ကြီး အွန်လိုင်းဝဘ်ဆိုဒ်များတွင် လူသိများသောတက္ကသိုလ်များမှ အခမဲ့သင်ခန်းစာများ မျှဝေကြတဲ့အတွက် သင်စိတ်ဝင်စားသောဘာသာရပ်ကို လေ့လာသင်ယူပါ။ သာမာန်အွန်လိုင်းစာမျက်နှာများထက် elearning infographic များကို သေချာပြုလုပ်ပေးထားသော အွန်လိုင်းစာမျက်နှာများမှ သင်ယူလေ့လာပါ။

(၁၂) သတင်းဝဘ်ဆိုဒ်များဖတ်ရှုပြီးအချက်အလက်ရယူပါ။

သတင်းစုဆောင်းသောဝဘ်ဆိုဒ်များ ဖတ်ရှုပြီး သတင်းအချက်အလက်များ ရယူပါ။ တခြားသာမာန်ဝက်ဘ်ဆိုက်တွေကနေ သတင်းတွေကြည့်မယ့်အစား Google, Fark and Feedlyလို သတင်း အချက်အလက်တွေ တစုတစည်းတည်း တင်ထားတဲ့ ဝက်ဘ်ဆိုက်မှာ ဖတ်ပြီး ခေတ်နဲ့ တပြေးညီ အချက်အလက်များ သိအောင်လုပ်ပါ။

(၁၃) ပြန်လည်သုံးသပ်ပါ။

ဖတ်ပဲမဖတ်ပါနဲ့၊ ပြန်လည်သုံးသပ်ပါ။ နေ့စဉ်လ့လာခဲ့သော အကြောင်းအရာအကျဉ်းချူပ်ကို မှတ်စုထုတ်ပြီး သုံးသပ်ပါ။

(၁၄) ပန်းတိုင်ထားပါ။

ပန်းတိုင်ထားပါ။ သင်ယူလေ့လာခြင်းအလေ့အထဖွံ့ဖြိုးဖို့ လိုအပ်တဲ့အတွက် လစဉ်(သို့) နေ့စဉ်ပန်းတိုင်ကို ပြီးမြောက်စေဖို့ သင့်ကိုယ်သင် စိတ်ဓာတ်တက်ကြွအောင် အားပေးပါ။

(၁၅) သုတေသနစာတမ်းများပြုစုပါ။

စာစီစာကုံးများ၊ သုတေသနစာတမ်းများပြုစုပါ။ သင့်ကိုယ်ပိုင်အင်တာနက်စာမျက်နှာပေါ်မှ စိတ်ဝင်စားဖွယ်ကောင်းတဲ့၊ အချက်အလက်ကျတဲ့ အကြောင်းအရာတွေ၊ သုတေသနစာတမ်းတွေကို တင်ကာ သင့်Followerတွေကိုလည်း ဆွဲဆောင်ပါ။

(၁၆) စာသင်ကြားပေးပါ။

စာသင်ကြားပေးပါ။ ရှိသင့်ရှိထိုက်တဲ့ ဗဟုသုတတွေ ရှိစေဖို့ တခြားသူတွေ လေ့လာနေတဲ့ အကြောင်းအရာတွေကို သင်သိသမျှ သင်ကြားပေးပါ။ သင်ကြားရေးဆိုင်ရာသိသင့်သော အချက်အလက်များကို အွန်လိုင်းမှလည်း အခမဲ့ဖတ်ရှုနိုင်ပါတယ်။

(၁၇) အချိန်ဇယားဆွဲဆောင်ရွက်ပါ။

သင်တာဝန်ယူထားတဲ့အလုပ်တွေ သတ်မှတ်ချိန်အတွင်း အချိန်မှီပြီးစီးစေဖို့ အချိန်ဇယားဆွဲဆောင်ရွက်ပါ။

(၁၈) မှတ်စုပြုစုပါ။

သင်နှစ်သက်တဲ့သင်ခန်းစာတွေကို ပြန်လည်မှတ်မိစေဖို့ Penzu(သို့)တခြားအွန်လိုင်းဂျာနယ်တွေမှာ မှတ်စုပြစုပါ။

(၁၉) အခက်အခဲတိုင်းကသင်တိုးတက်ဖို့အခွင့်အရေးတစ်ခုပါပဲ။

စိတ်ပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ရှုပ်ခြင်း၊ တွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပြီး သင်ဖြစ်ချင်တဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

(၂၀) အတွေ့အကြုံသစ်များ ရယူပါ။

သင့်ကိုယ်တိုင်လေ့လာသင်ယူနည်း တိုးတက်စေဖို့ သင့်အလုပ် သို့မဟုတ် သင်ရိုးညွှန်းတမ်းများမှ သင်လေ့လာထားသမျှကို ပြန်လည်အသုံးချသည့်အနေဖြင့် အင်တာနက်စာမျက်နှာများတွင် ရေးသားခြင်းနှင့် တခြားသူများကို သင်ကြားခြင်းများ ပြုလုပ်ပါ။

Writer & Translator : Shwe Yi & Su Myat

*** Unicode ***

#POINT#PointYouthPlatform

ကျွနု်ပ်တို့ နေ့စဉ်အသုံးပြုနေတဲ့ ကွန်ပျုတာ၊ ဖုန်းနဲ့ တက်ဘလက်တွေကို ဖျော်ဖြေမှုအတွက်သာမဟုတ်ဘဲ တိုးတက်စေရန် ကိုယ်တိုင်လေ့လာသင်ယူဖို့အတွက်လည်း အသုံးပြုသင့်ပါတယ်။ အားလပ်ရက်တွေမှာလည်း ကျွန်တော်တို့ရဲ့ကိုယ်ရည်ကိုယ်သွေး တိုးတက်စေဖို့ စိတ်ဝင်စားတဲ့ အကြောင်းအရာတွေကို အင်တာနက်နှင့် စာအုပ်များမှလည်း ကိုယ်တိုင်လေ့လာသင်ယူနိုင်ပါတယ်။

ကိုယ်တိုင်လေ့လာသင်ယူမှုဖြစ်တဲ့အတွက် ကိုယ်တိုင်ကတိခံဝန်ချက်တွေကို မဖြစ်မနေ ခိုင်ခိုင်မာမာ ပြုလုပ်ထားရမယ်ဆိုတာကတော့ ပြောစရာလိုမယ်မထင်ပါဘူး။ အွန်လိုင်းပေါ်မှာ အပျော်အပါး၊ အနှောက်အယှက်တွေ များတဲ့အတွက် ကိုယ်လုပ်ရမယ့်အလုပ်နဲ့ ရည်ရွယ်ချက်ကဘာလဲဆိုတာ ကိုယ်တိုင်သတိပေးနေပြီး ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းနဲ့လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။

ကိုယ်တိုင်လေ့လာသင်ယူရာမှာ မှန်ကန်စွာ သင်ယူနိုင်စေဖို့ သိရှိလိုက်နာသင့်တဲ့ အချက်၂ဝကို ဖော်ပြပေးလိုက်ပါတယ်။

(၁)ကိုယ်တိုင်လေ့လာသင်ယူဖို့ အာရုံစူးစိုက်မှုကောင်းစေမယ့် နေရာတစ်ခုကို အရင်ဆုံးရှာဖွေပါ။

စာသင်ခန်းမှာ သင်ယူတာမျိုးမဟုတ်တဲ့အတွက် ကိုယ်တိုင်လေ့လာသင်ယူဖို့ အာရုံစူးစိုက်မှုကောင်းစေမယ့် နေရာတစ်ခုကို အရင်ဆုံးရှာဖွေပါ။ စာရေးခုံ၊ သက်တောင့်သက်သာရှိစေမယ့် ထိုင်ခုံ၊ ကွန်ပျူတာနဲ့ စာရေးကိရိယာတွေ လိုအပ်ပါတယ်။ အဲ့ဒိနေရာမှာထိုင်တဲ့အခါ သင့်ရဲ့စိတ်ကို လေ့လာသင်ယူဖို့အတွက် အဆင်သင့်ဖြစ်နေပါစေ။

(၂) အဘိဓ္ဓာန်ကိုအသုံးပြုပါ။

လေ့လာမှတ်သားထိုက်တဲ့ စာပေတွေနဲ့ ဖတ်စာအုပ်တွေက အရေးအသားမြင့်လို့ အင်တာနက်ပေါ်က လေ့လာတဲ့အခါ Merriam Webster နဲ့ Dictionary.com တို့ကို အသုံးပြုနိုင်သင့်ပါတယ်။ စာအုပ်တွေကနေ လေ့လာတဲ့အခါမှာလည်း အဘိဓာန်စာအုပ်ကို အသုံးပြုသင့်ပါတယ်။

(၃) အရေးကြီးတဲ့ အချက်တွေ့တိုင်းမျဉ်းတားပါ။

အရေးကြီးတဲ့အချက်တွေကိုတွေ့တိုင်း စာအုပ်နဲ့ လေ့လာလျှင် marker သို့မဟုတ် highlight pen အသုံးပြုပြီးမျဉ်းတားပါ။ အွန်လိုင်းကနေ ဖတ်နေပါက eReader မှ highlight features ကို အသုံးပြုပြီး မျဉ်းတားပါ။

(၄) သင်စိတ်ဝင်တစားလေ့လာနေတဲ့ အကြောင်းအရာကို စာအုပ်တစ်အုပ်ထဲမှာပဲ လေ့လာတာမျိုးမပြုလုပ်ဘဲ လေ့လာနိုင်တဲ့နယ်ပယ်မျိုးစုံမှလေ့လာပါ။

သင်လေ့လာနေတဲ့အကြောင်းအရာနဲ့သက်ဆိုင်တဲ့ ဆောင်းပါး၊ ဂျာနယ်နဲ့ စာအုပ်များကို ဖတ်ရှုပါ။ ဟောပြောပွဲတွေ၊ တီဗွီအစီအစဉ်တွေနဲ့ တက္ကသိုလ်ဖတ်စာအုပ်များမှလည်း လေ့လာပါ။သင်စိတ်ဝင်တစားလေ့လာနေတဲ့ အကြောင်းအရာကို စာအုပ်တစ်အုပ်ထဲမှ လေ့လာတာမျိုးမဟုတ်ဘဲ နယ်ပယ်မျိုးစုံမှ လေ့လာပါ။

(၅) မှီငြမ်းကိုးကားစာအုပ်တွေဖတ်ရှုပါ။

ခက်ခဲနက်နဲတဲ့အကြောင်းအရာတွေကို လေ့လာတဲ့အခါ မှီငြမ်းကိုးကားစာအုပ်တွေ၊ သိပ္ပံစာစောင်တွေမှ သီအိုရီကျကျပြုစုချက်တွေနဲ့ စာရေးဆရာရဲ့ ရေးသားချက်တွေကို ထပ်ဆင့်ရှင်းပြတဲ့ တခြားစာအုပ်တွေကိုလည်း ရှာဖွေဖတ်ရှုပါ။

(၆) ကျွမ်းကျင်သူတွေနဲ့ပြောဆိုဆွေးနွေးပါ။

ကျွမ်းကျင်သူတွေနဲ့တွေ့ဆုံပြီး သိလိုတဲ့အချက်များကိုမေးမြန်းစူးစမ်းလေ့လာပါ။ အကျိုးရှိစေမယ့် စကားပြောဆိုဆွေးနွေးမှုတွေက တစ်ဆင့်လည်း လေ့လာသင်ယူပါ။

(၇) နေ့တိုင်းသင်ယူလေ့လာမှုရှိပါစေ။

အကြောင်းအရာတစ်ခုကို တစ်ပတ်လုံး မရပ်မနားလေ့လာပြီး ရက်တော်တော်ကြာ မလေ့လာခြင်းထက် တစ်ရက်လျှင် နာရီဝက် နေ့စဉ်လေ့လာခြင်းက ပိုထိရောက်ပါတယ်။ အချိန်တို မကြာခဏလေ့လာခြင်းက သင်လေ့လာနေတဲ့အရာတွေကို ပိုမိုအာရုံစိုက်စေနိုင်ပါတယ်။

(၈) သင်ဖတ်နေတဲ့စာအုပ်တိုင်းကို မယုံကြည်ပါနှင့်သင်ဖတ်နေတဲ့စာအုပ်တိုင်းကို မယုံကြည်ပါနှင့်။

အမှန်ကန်ဆုံးလို့ယူဆရတဲ့ သတင်းအရင်းအမြစ်ကတောင် ၁ဝဝရာခိုင်နှုန်း မှန်ကန်တယ်လို့ ယူဆလို့မရပါဘူး။နေရာပေါင်းစုံက ဖတ်ရှုလေ့လာတဲ့အခါ တချို့အကြောင်းအရာတွေဟာ သင်သိထားတာနဲ့ ဆန့်ကျင်ဘက် ဖြစ်နေတတ်ပါတယ်။ ထိုအကြောင်းအရာတွေကို ခြေခြေမြစ်မြစ်သိအောင် အတွင်းကျကျလေ့လာသင့်ပါတယ်။

(၉) အွန်လိုင်းအဖွဲ့အစည်းများကိုဆက်သွယ်ပါ။

လေ့လာသူများနှင့် နည်းစနစ်များ ပိုမိုသိရှိစေရန် အွန်လိုင်းအဖွဲ့အစည်းများကို ဆက်သွယ်ပါ။ သင်ဟာ သီးခြားမလေ့လာချင်ဘူးဆိုရင် အွန်လိုင်းပေါ်တွင် လေ့လာသူများ စုစည်းထားသည့် အဖွဲ့အစည်းများရှိသော linkedIn groups များ၊ Facebook group များကို ဆက်သွယ်ပါ။(၁၀) နေ့ရက်တိုင်းကိုမေးခွန်းတွေထုတ်ခြင်းဖြင့် ဖြတ်သန်းပါ။သင့်နေထိုင်မှုပုံစုံမှ သင်ယူပါ။ သင်ဗဟုသုတ ကြွယ်ဝလာပြီး ဘဝကို စတင်နားလည်လာတဲ့အခါ သင်ရဲ့ စူးစမ်းလိုစိတ်ကို လျော့ကျမသွားပါစေနဲ့။ နေ့ရက်တိုင်းမှာ အသစ်တွေကို ရှာဖွေရင်း မေးခွန်းတွေထုတ်ခြင်းနဲ့ ဖြတ်သန်းပါ။

(၁၁) အွန်လိုင်းသင်ခန်းစာများရှာဖွေလေ့လာပါ။

အွန်လိုင်းသင်ခန်းစာများ ရှာဖွေလေ့လာပါ။ Udemy, Coursera, edX စသော နာမည်ကြီး အွန်လိုင်းဝဘ်ဆိုဒ်များတွင် လူသိများသောတက္ကသိုလ်များမှ အခမဲ့သင်ခန်းစာများ မျှဝေကြတဲ့အတွက် သင်စိတ်ဝင်စားသောဘာသာရပ်ကို လေ့လာသင်ယူပါ။ သာမာန်အွန်လိုင်းစာမျက်နှာများထက် elearning infographic များကို သေချာပြုလုပ်ပေးထားသော အွန်လိုင်းစာမျက်နှာများမှ သင်ယူလေ့လာပါ။

(၁၂) သတင်းဝဘ်ဆိုဒ်များဖတ်ရှုပြီးအချက်အလက်ရယူပါ။

သတင်းစုဆောင်းသောဝဘ်ဆိုဒ်များ ဖတ်ရှုပြီး သတင်းအချက်အလက်များ ရယူပါ။ တခြားသာမာန်ဝက်ဘ်ဆိုက်တွေကနေ သတင်းတွေကြည့်မယ့်အစား Google, Fark and Feedlyလို သတင်း အချက်အလက်တွေ တစုတစည်းတည်း တင်ထားတဲ့ ဝက်ဘ်ဆိုက်မှာ ဖတ်ပြီး ခေတ်နဲ့ တပြေးညီ အချက်အလက်များ သိအောင်လုပ်ပါ။

(၁၃) ပြန်လည်သုံးသပ်ပါ။

ဖတ်ပဲမဖတ်ပါနဲ့၊ ပြန်လည်သုံးသပ်ပါ။ နေ့စဉ်လ့လာခဲ့သော အကြောင်းအရာအကျဉ်းချူပ်ကို မှတ်စုထုတ်ပြီး သုံးသပ်ပါ။

(၁၄) ပန်းတိုင်ထားပါ။

ပန်းတိုင်ထားပါ။ သင်ယူလေ့လာခြင်းအလေ့အထဖွံ့ဖြိုးဖို့ လိုအပ်တဲ့အတွက် လစဉ်(သို့) နေ့စဉ်ပန်းတိုင်ကို ပြီးမြောက်စေဖို့ သင့်ကိုယ်သင် စိတ်ဓာတ်တက်ကြွအောင် အားပေးပါ။

(၁၅) သုတေသနစာတမ်းများပြုစုပါ။

စာစီစာကုံးများ၊ သုတေသနစာတမ်းများပြုစုပါ။ သင့်ကိုယ်ပိုင်အင်တာနက်စာမျက်နှာပေါ်မှ စိတ်ဝင်စားဖွယ်ကောင်းတဲ့၊ အချက်အလက်ကျတဲ့ အကြောင်းအရာတွေ၊ သုတေသနစာတမ်းတွေကို တင်ကာ သင့်Followerတွေကိုလည်း ဆွဲဆောင်ပါ။

(၁၆) စာသင်ကြားပေးပါ။

စာသင်ကြားပေးပါ။ ရှိသင့်ရှိထိုက်တဲ့ ဗဟုသုတတွေ ရှိစေဖို့ တခြားသူတွေ လေ့လာနေတဲ့ အကြောင်းအရာတွေကို သင်သိသမျှ သင်ကြားပေးပါ။ သင်ကြားရေးဆိုင်ရာသိသင့်သော အချက်အလက်များကို အွန်လိုင်းမှလည်း အခမဲ့ဖတ်ရှုနိုင်ပါတယ်။

(၁၇) အချိန်ဇယားဆွဲဆောင်ရွက်ပါ။

သင်တာဝန်ယူထားတဲ့အလုပ်တွေ သတ်မှတ်ချိန်အတွင်း အချိန်မှီပြီးစီးစေဖို့ အချိန်ဇယားဆွဲဆောင်ရွက်ပါ။

(၁၈) မှတ်စုပြုစုပါ။

သင်နှစ်သက်တဲ့သင်ခန်းစာတွေကို ပြန်လည်မှတ်မိစေဖို့ Penzu(သို့)တခြားအွန်လိုင်းဂျာနယ်တွေမှာ မှတ်စုပြစုပါ။

(၁၉) အခက်အခဲတိုင်းကသင်တိုးတက်ဖို့အခွင့်အရေးတစ်ခုပါပဲ။

စိတ်ပျက်ခြင်း၊ စိတ်ဓာတ်ကျခြင်း၊ စိတ်ရှုပ်ခြင်း၊ တွေကို ရင်ဆိုင်နိုင်ဖို့ ကြိုတင်ပြင်ဆင်ထားပြီး သင်ဖြစ်ချင်တဲ့လူတစ်ယောက်ဖြစ်အောင် ကြိုးစားပါ။

(၂၀) အတွေ့အကြုံသစ်များ ရယူပါ။

သင့်ကိုယ်တိုင်လေ့လာသင်ယူနည်း တိုးတက်စေဖို့ သင့်အလုပ် သို့မဟုတ် သင်ရိုးညှွန်းတမ်းများမှ သင်လေ့လာထားသမျှကို ပြန်လည်အသုံးချသည့်အနေဖြင့် အင်တာနက်စာမျက်နှာများတွင် ရေးသားခြင်းနှင့် တခြားသူများကို သင်ကြားခြင်းများ ပြုလုပ်ပါ။

Writer & Translator : Shwe Yi & Su Myat

 

Education

Leave a Reply

Your email address will not be published. Required fields are marked *