စာအုပ်စာပေ ဖတ်ရှု့သင့်တဲ့ ကောင်းကျိုးများ

#Point #PointYouthPlatform

သင့်ဘဝမှာ စာအုပ်ကောင်းတစ်အုပ်ကိုဖတ်ဖူးရင်တောင်မှ စာအုပ်ဖတ်ခြင်းကဘာတွေပေးလဲဆိုတာ သင်သိပါလိမ့်မယ်။ စာဖတ်ခြင်းက သင့်ကိုဘာနဲ့မှနှိုုင်းယှဉ်လို့မရတဲ့ ပျော်ရွှင်မှုတွေကိုပေးပါတယ်။ထိုအရာက တန်ဖိုးဖြတ်မရတဲ့ အလေ့အကျင့်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ယခုနောက်ပိုင်းမှာ နည်းပညာတွေ တိုးတက်လာတဲ့နဲ့အမျှ စာဖတ်နှုန်းကျဆင်းလာတယ်လို့လေ့တွေ့ရှိချက်တွေက ဆိုပါတယ်။ စာအုပ်ဖတ်ခြင်းက အကျိုးကျေးဇူးအများကြီးရှိတယ်ဆိုတာ ဘာလို့လူအများမသိကြသေးတာလဲ။ စာအုပ်ဖတ်ခြင်းမှရနိုင်တဲ့အကျိုးကျေးတွေကို Point စာဖတ်ပရိသတ်တွေအတွက် စုစည်း ဖော်ပြပေးလိုက်ပါတယ်။

စာအုပ်ဖတ်ရခြင်းရဲ့ အဓိကအကြောင်းအရင်းတွေထဲက တစ်ခုကတော့ဗဟုသုတတွေရဖို့ပါပဲ။ စာအုပ်တွေမှာ များပြားတဲ့ အရင်းအမြစ်တွေရှိပါတယ်။ မတူကွဲပြားတဲ့ အကြောင်းအရာတွေကိုဖတ်ခြင်းက သတင်းအချက်အလက်နဲ့ ဗဟုသုတတွေရရှိပြီး အကြောင်းအရာတွေကို စေ့စေ့စပ်စပ်နားလည်စေပါတယ်။ သင်စာအုပ်တစ်အုပ်ကိုဖတ်လိုက်တိုင်းအကြောင်းအရာသစ်တွေကိုသင်ယူနိုင်ပါတယ်။ တကယ်လို့ စာအုပ်တွေ မဖတ်ဘူးဆိုလျှင်တော့ ဗဟုသုတတွေ ရမှာမဟုတ်ပါဘူး။

စာဖတ်လေ့လာခြင်းက သင့်ဦးနှောက်စွမ်းရည်ကို ဖွံ့ဖြိုးစေပြီး စိတ်ပိုင်းဆိုင်ရာကို နိုးကြားတက်ကြွစေရုံသာမက ရူးသွပ်ခြင်းနဲ့ အလ်ဇိုင်းမားရောဂါကို ကာကွယ်ပေးပါတယ်။ ဒါ့အပြင် ဦးနှောက်တက်ကြွအောင်ထားခြင်းက စွမ်းအင်ဆုံးရှုံးခြင်းမှကာကွယ်ပေးလို့ပဲ ဖြစ်ပါတယ်။ ဦးနှောက်က တခြားခန္ဓာကိုယ်ကြွက်သားတွေလို ကြွက်သားတစ်ခုဖြစ်တဲ့အတွက်ကျန်းမာသန်စွမ်းစေဖို့လေ့ကျင့်ခန်းတွေလုပ်ပေးဖို့လိုပါတယ်။ ပဟေဋိတွေ ကစားသလို စာဖတ်ခြင်းကလည်း ဦးနှောက်လေ့ကျင့်ခန်းပြုလုပ်ဖို့နဲ့ကျန်းမာအောင်ထိန်းသိမ်းဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

စာဖတ်ခြင်းဟာ သင့်ခန္ဓာကိုယ်အတွက်ကောင်းမွန်တဲ့အကျိုးကျေးဇူးကိုရရှိစေနိုင်ပါတယ်။ စာအုပ်ဖတ်ခြင်းက လမ်းလျှောက်တာတွေ၊ သီချင်းဆိုတာတွေထက် စိတ်ဖိစီးမှုကိုပိုမို သက်သာစေတဲ့နည်းလမ်းဖြစ်ပါတယ်။လေ့လာတွေ့ရှိချက်တွေအရ စာဖတ်သူတွေကစိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

သင်စာအုပ်တွေရဲ့ ဖွဲ့စည်းပုံ ၊ ဇာတ်ကောင်စရိုက်၊ နောက်ခံသမိုင်းကြောင်း၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဇာတ်လမ်းစတာတွေကို မှတ်ထားပါက သင့်မှတ်မိနိုင်စွမ်းကို တိုးတက်စေပါတယ်။ အသစ်တွေကိုဖန်တီးမှတ်ယူခြင်းက အရင်မှတ်သားပြီးသားအကြောင်းအရာတွေကိုပါ ပျောက်ကွယ်မသွားဘဲ ပိုမိုမှတ်မိလွယ်စေပါတယ်။

စာများများဖတ်လေလေ သင်စိတ်ကူးပိုယဉ်နိုင်လေလေ ပါပဲ။ သင်စိတ်ကူးယဉ်စာအုပ်တွေကိုဖတ်တဲ့ အချိန်မှာ အဲဒီစာအုပ်တွေဟာ သင့်ကို အခြားကမ္ဘာသို့ ခေါ်ဆောင်သွားပါတယ်။ကမ္ဘာသစ်ထဲမှာ သင့်ရဲ့ စိတ်ထဲမှာ မြင်ချင်နေတဲ့ အရာတွေကို အကောင်းဆုံးစိတ်ကူးယဉ်နိုင်ပါတယ်။

စာအုပ်ဖတ်ခြင်းရဲ့မူလအကျိုးကျေးဇူးကတော့ ဝေဖန်ဆန်းစစ်နိုင်စွမ်းတိုးတက်စေဖို့ပါပဲ။ ဥပမာအနေနဲ့ ပဟေဋိဆန်တဲ့ဝတ္ထုတွေဖတ်ခြင်းက သင့်စိတ်ကိုထက်မြတ်စေပါတယ်။ နေ့စဉ်ဆုံးဖြတ်ချက်တွေထဲကမှ အရေးကြီးတာတွေကြုံလာရလျှင် ဝေဖန်ဆန်းစစ်နိုင်စွမ်းလိုအပ်ပါတယ်။ TV ကြည့် ခြင်းက ဝေဖန်ပိုင်းခြားနိုင်စွမ်းမတိုးပေမဲ့ စာဖတ်ခြင်းကတစ်ဦးစီတိုင်းအတွက် ဆန်းစစ်နိုင်စွမ်းတိုးစေပါတယ်။ သင်စာများများဖတ်လေလေသင်ဖတ်နေတဲ့အကြောင်းအရာတွေကိုပိုမိုနက်ရှိုင်းစွာနားလည်လေလေဖြစ်ပါတယ်။

စာဖတ်ခြင်းက ဘာသာစာပေတွေကိုပိုင်နိုင်စေပြီး ဝေါဟာရစကားလုံးတွေကြွယ်ဝစေပါတယ်။ သင်စာဖတ်လျှင် ဆန့်ကျင်ဘက်စကားလုံးအသစ်တွေ၊ idiomsတွေ၊ စကားစုတွေနဲ့ ရေးပုံရေးနည်းတွေကို သိနိုင်ပါတယ်။

စာရေးဆရာကောင်းတစ်ယောက်ဖြစ်စေဖို့ ကောင်းမွန်တဲ့စာအုပ်တွေကိုဖတ်ဖို့ လိုအပ်ပါတယ်။ အနုပညာရှင်တွေက လူအများကိုလွှမ်းမိုးနိုင်သလို စာရေးဆရာတွေကလည်း လွှမ်းမိုးနိုင်စွမ်းရှိကြပါတယ်။ အောင်မြင်တဲ့စာရေးဆရာအများစုက သူတို့ရဲ့ ကျွမ်းကျင်မှုကို အခြားစာအုပ်များ ဖတ်ရှု့ခြင်းကရရှိခဲ့ပါတယ်။ ဒါကြောင့်သင်စာရေးဆရာကောင်းတစ်ရောက်ဖြစ်ချင်လျှင် ကျွမ်းကျင်ပြီးသားစာရေးဆရာများထံက လေ့လာသင်ယူပါ။

သင်ဝေါဟာရကြွယ်ဝလာပြီး စာအရေးအသားတိုးတက်လာပါက ပေါင်းသင်းဆက်ဆံရေးစွမ်းရည်လည်း တိုးတက်လာမှာ ဖြစ်ပါတယ်။ သင်များများရေးမယ်ဖတ်မယ်ဆိုလျှင် ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်လာစေပါတယ်။ သင်ဟာကျောင်းသား ဒါမှမဟုတ် ဝန်ထမ်းဖြစ်ခဲ့ရင်တောင်မှ သင့်ရဲ့ ပေါင်းသင်းဆက်ဆံရေးကို တိုးတက်စေမှာဖြစ်ပါတယ်။

ကျွန်ုပ်တို့ရဲ့ ရှုပ်ထွေးနေတဲ့ဘဝနေထိုင်မှုထဲမှာ နေ့ရက်တိုင်းမှာမတူညီတဲ့ ဦးတည်ချက်တွေကိုအာရုံစူးစိုက်ပြီး လုပ်ငန်းတာဝန်များကို ကြိုးစားဖြတ်သန်းနေရပါတယ်။ သင့်ရဲ့လုပ်ငန်းခွင်မှာ တယ်လီဖုန်းပြောတာတွေ၊ အီးမေလ်းပို့တာတွေ၊Facebook ကြည့်တာတွေ၊သင့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေနဲ့ စကားပြောတာတွေစတဲ့ လုပ်ငန်းတာဝန်များကြားက သင့်ရဲ့အချိန်တွေကိုခွဲခြားဖို့ ခက်ခဲပါတယ်။ ဒီလုပ်ငန်းတာဝန်တွေအားလုံးဟာ စိတ်ဖိစီးမှုဒဏ်ကိုမြင့်မားစေပြီး အလုပ်လုပ်နိုင်စွမ်းကိုလျော့ကျစေပါတယ်။ သင်စာအုပ်ဖတ်နေတဲ့အချိန်မှာ သင့်ရဲ့အာရုံစူးစိုက်မှုက သင်ဘာကိုဖတ်နေလဲဆိုတာအာရုံစိုက်ရပါမယ်။ သင့်ရဲ့မျက်လုံးနဲ့ စဉ်းစားမှုတွေဟာ ဇာတ်လမ်းရဲ့ အသေးစိတ်အကြောင်းအရာထဲမှာနစ်မြုပ်ထားခြင်းက သင့်ရဲ့အာရုံစူးစိုက်နိုင်စွမ်းကိုတိုးတက်စေပါတယ်။ တစ်နေ့ကိုအနည်းဆုံး မိနစ်၂၀ စာအုပ်ဖတ်ခြင်းက သင်ဘယ်လောက်အာရုံစူးစိုက်နိုင်လဲဆိုတာအံအားသင့်လာပါလိမ့်မယ်။

စာအုပ်ဖတ်ခြင်းက ကျွန်ုပ်တို့ရဲ့အချိန်တွေကို အကျိုးရှိစေပါတယ်။ ထိုအရာတွေက ကျွန်ုပ်တို့မှာ ရှိနေတဲ့စိုးရိမ်မှုတွေကို ဖယ်ရှားပေးရုံသာမက ငြီးငွေ့နေတဲ့စိတ်တွေကိုလည်း ပြောင်းလဲပေးပါတယ်။ စာအုပ်ဆိုတာ အကောင်းဆုံးဖျော်ဖြေမှုဖြစ်ပြီး စာအုပ်ဖတ်ရတာ ချစ်မြတ်နိုးသူတစ်ဦးက ဘယ်တော့မှ မငြီးငွေ့နိုင်ပါဘူး။ စာဖတ်ခြင်းက ငြီးငွေ့ဖွယ်ရာတွေကိုဖယ်ရှားပေးတဲ့ အကောင်းဆုံးနည်းလမ်း ဖြစ်ပါတယ်။ စာအုပ်ဖတ်ခြင်းက ကျွန်ုပ်တို့ကို မတူညီတဲ့အခြားကမ္ဘာကိုခေါ်ဆောင်သွားပြီး စိတ်နုပျိုကာ အပန်းဖြေစေပါတယ်။

အခြားသောဖျော်ဖြေတွေနဲ့ နှိုင်းယှဉ်ကြည့်ပါက စာအုပ်တွေက သိသိသာသာ အကုန်ကျသက်သာစေပါတယ်။ ရုပ်ရှင်လက်မှတ်တွေကို နှစ်ထောင်၊ ၃ထောင်နဲ့ ဘယ်တော့မှမဝယ်နိုင်ပေမယ့် စာအုပ်တွေကိုအဟောင်းတန်းမှာ ၅၀ဝဖိုး ၃ အုပ်နဲ့ဝယ်ပြီး နာရီပေါင်းများစွာဖျော်ဖြေနိုင်ပါတယ်။

ဘဝဆိုတာ စိန်ခေါ်မှုတွေနဲ့ ပြည့်နက်နေပါတယ်။ကျွန်တော်တို့ပြောင်းလဲမှုတွေ ကြုံလာတဲ့အခါ စိတ်ဓာတ်တက်ကြွမှုက အကောင်းဆုံးအကူညီ ဖြစ်စေပါတယ်။ ဉာဏ်ကွန့်မြူးစေတဲ့ စာအုပ်တွေဖတ်ခြင်းက ကျွန်ုပ်တို့နေထိုင်မှုပုံစံတွေ၊ အတွေးအမြင် အယူအဆတွေကို ပြောင်းလဲပေးနိုင်ပါတယ်။ ကိုယ်တိုင်ရေးအတ္ထုပ္ပတ္တိတွေကိုဖတ်ခြင်းက သင့်ကိုစိတ်ဓာတ်တက်ကြွစေပြီး သင့်ပန်းတိုင်ကို ရောက်အောင်သွားဖို့ လမ်းညွှန်ပေးပါတယ်။

စာဖတ်သူတွေကို သိသိသာသာကောင်းကျိုးရစေတဲ့ စာအုပ်တွေ သန်းပေါင်းများစွာမရှိရင်တောင်မှ ထောင်ချီတော့ ရှိပါတယ်။ အဲဒိစာအုပ်တွေများစွာက သင့်ကျန်းမာရေးတိုးတက်စေဖို့လည်း ကူညီပေးပါတယ်။ စာအုပ်ဖတ်ခြင်းက စိတ်ဓါတ်ကျမှုကို လျော့ကျစေပါတယ်။ စိတ်ကျရောဂါ ကုစားဖို့ ကြိုးစားနေသူတွေအတွက် စိတ်ခွန်အားပေးစာအုပ်တွေ ဖတ်ရှုလေ့လာခြင်းက ကောင်းကျိုးရရှိစေနိုင်ပါတယ်။ ဒါ့အပြင် ကျန်းမာရေးနဲ့ ဆိုင်တဲ့ နေထိုင်မှုအချက်အလက်တွေကို ညွှန်ပြတဲ့ စာအုပ်တွေလည်း ရှိပါတယ်။ အဲ့ဒိအရာတွေအားလုံးက စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးကို တိုးတက်စေပါတယ်။

လေ့လာချက်တွေအရ ရသစာပေတွေကို ဖတ်ရှုခြင်းက သင်ကိုယ်တိုင် ဇာတ်ကောင်အတိုင်း စီးမျောခံစားနိုင်ပြီး မျှဝေနိုင်စွမ်း တိုးတက်စေပါတယ်လို့ နယ်သာလန်နိုင်ငံက သုတေသနပြုချက်အရ သိရပါတယ်။ စာအုပ်ဖတ်ခြင်းက အခြားသူတွေနဲ့ မတူတဲ့အရာတွေကို သိရှိလာတဲ့အပြင် အခြားသူတေအပေါ် အလေးထားနိုင်စွမ်းတွေ တိုးတက်စေပါတယ်။ ဒါ့ကြောင့်လည်း ကလေးငယ်တွေကို ပုံပြင်တွေကို ဖတ်ပြခြင်းက စာနာထောက်ထားတတ်တဲ့၊ အကြင်နာတရားရှိတဲ့၊ လူသားဆန်တဲ့ ကလေးတစ်ဦး ဖြစ်စေပါတယ်။

စာဖတ်ခြင်းဟာ အခြေခံကျတဲ့ အရည်အသွေး တည်ဆောက်ဖို့ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ ဘာသာရပ်တိုင်းမှာ သူတို့နဲ့ကိုက်ညီရာစာအုပ်တွေရှိပါတယ်။ စာအုပ်တွေဟာ ဘာသာရပ်အမျိုးမျိုးရဲ့ အရေးကြီးအချက်အလက်တွေ ပေးနိုင်ပါတယ်။ စာဖတ်ခြင်းဖြင့် စာသင်ခန်းမှာ သင်ခဲ့ရတာတွေကို လေးလေးနက်နက်သိသွားစေတဲ့ အကောင်းဆုံးနည်းပါပဲ။ ထမင်းချက်ခြင်း၊ ကခြင်းနှင့်သန့်ရှင်းရေးလုပ်နေတာတောင်မှ စာအုပ်ဖတ်ခြင်းက အဲဒီ အရည်အသွေးကို တိုးတက်စေပါတယ်။

စာအုပ်တွေအများကြီးဖတ်ခြင်းက နယ်ပယ်စုံမှာ အသိပညာဗဟုသုတရရှိစေပြီး ပေါင်းသင်းဆက်ဆံရေး တိုးတက်လာစေပါတယ်။ အရည်အသွေးနှင့် သင့်ကိုယ်သင်ယုံကြည်မှု ရှိလာစဉ်ကတည်းက သင်ဟာပိုပြီး အရည်အသွေး ပြည့်မှီပြီး အဘက်ဘက်ကနေ ကောင်းမွန်တဲ့သူတစ်ယောက် ဖြစ်လာပါတယ်။ စာအုပ်တွေဟာ သယ်ရလွယ်ကူပြီး အလေးချိ်န် ပေါ့ပါတယ်။ စာအုပ်တွေဟာ အရွယ်အစားကြီးမားတဲ့ ကွန်ပျူတာလို နေရာအများကြီးယူတဲ့ အရာမဟုတ်ပါဘူး။ စာအုပ်ကို သင်ရဲ့လွယ်အိတ်မှာ ထည့်ထားနိုင်သလို နေရာတိုင်းလွယ်လွယ်ကူကူနဲ့ သယ်သွားနိုင်ပါတယ်။ လေယာဉ်ပေါ်မှာ၊ အိပ်ရာထဲမှာ၊ အရိပ်အောက်မှာ စတဲ့ဘယ်နေရာမှာမဆို သင့်အားလပ်ရပ်ရက်တွေမှာ ဖတ်နိုင်ပါတယ်။

ကောင်းမွန်စွာမအိပ်စက်နိုင်ခြင်းက အလုပ်ကောင်းကောင်းမလုပ်ဆောင်နိုင်ပါဘူး။ ဒါကြောင့် ကောင်ကောင်းအိပ်စက်စေဖို့ ကျွမ်းကျင်ပညာရှင်များက မအိပ်ခင် စိတ်ဖိစီးမှုလျော့ချရေးလုပ်စဉ်တွေ လုပ်ဖို့ အကြံပြုပါတယ်။ သင်အိပ်ရာမဝင်ခင် စာအုပ်ဖတ်ခြင်းဟာ စိတ်တည်ငြိမ်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ အိမ်ရာထဲမှာ သင့်ဖုန်းကနေ တီဗီကြည့်နေခြင်းဖြင့် အချိန်တွေအများကြီးဖြန်းတီးမဲ့အစား စာဖတ်ဖို့ အချိန်ထားပါ။ လျှပ်စစ်ပစ္စည်းတွေကလာတဲ့အလင်းရောင်ဟာ သင့်အိပ်စက်ခြင်းကို အနှောက်အယှက်ဖြစ်စေနိုင်ပေမဲ့ စာအုပ်ဖတ်ခြင်းကကောင်ကောင်းအိပ်ပျော်စေနိုင်ပါတယ်။

မတူညီတဲ့ကမ္ဘာကို လည်ပတ်ဖို့ ရသစာပေက သင့်ကို ခေါ်ဆောင်သွားမှာပါ။ စာအုပ်ဖတ်ခြင်းကြောင့် တခြားနေရာက ယဉ်ကျေးမှုတွေကိုလည်း သိနိုင်ပါတယ်။ စာအုပ်တွေဟာ သင်ရဲ့အမြင်ချဲ့ပေးနိုင်သလို တခြားနိုင်ငံကိုလည်း တွေ့နိုင်ပြီး သင်ဘယ်တုန်းကမှ စိတ်မကူးဖူးတဲ့အရာတွေတော်တော်များများနဲ့ လူတွေကိုလည်း သင်တွေ့နိုင်ပါတယ်။ သင့်စိတ်ကူးထဲက ထူးဆန်းတဲ့နိုင်ငံတစ်ခုကိုလည်း လည်ပတ်နိုင်ဖို့ အကောင်းဆုံးနည်းပါပဲ။

ကျနော်တို့ဖတ်ခဲ့သမျှဘယ်အရာကိုမဆို မိသားစု၊ သူငယ်ချင်းတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မျှဝေနိုင်ပါတယ်။ လူတွေဟာ လူ့အဖွဲ့အစည်းနဲ့နေထိုင်ရသူတွေ ဖြစ်ပြီး အဲဒီလိုမျှဝေခြင်းက ပေါင်းသင်းဆက်ဆံရေးစွမ်းရည်ကို တိုးတက်စေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာဖတ်ခြင်းဟာ တခြားလူတွေနဲ့ အပြန်အလှန် ပြန်လည်မျှဝေနိုင်တဲ့နေရာတွေဖြစ်ကြတဲ့ စာအုပ်အသင်းအဖွဲ့နှင့် တခြားသောဟောပြောပွဲလို နေရာမျိုးကို လမ်းပြပေးပါတယ်။

တီဗီကြည့်ခြင်းနှင့် စာဖတ်ခြင်းက သင့်ရဲ့တီထွင်ဖန်တီးနိုင်စွမ်းကို သိသိသာသာတိုးတက်စေပါတယ်။ သင်များများဖတ်လေလေ၊ အသစ်တွေများများသင်ယူနိုင်လေလေပါပဲ။ ဆန်းသစ်ကောင်းမွန်တဲ့နည်းလမ်းတွေနဲ့ ဘဝကိုစူးစမ်းရှာဖွေဖို့ ကျနော်တို့စိတ်အာရုံချဲ့ထွင်ပေးရပါမယ်။ ကမ္ဘာကြီးကို ဆန်းသစ်တဲ့အမြင်တွေနဲ့ ရူမြင်လာခြင်းက ပြသာနာကိုဖြေရှင်းဖို့ နည်းလမ်းသစ်တွေ ရှာတွေ့နိုင်ပါတယ်။

စာအုပ်တစ်အုပ်ကိုဖတ်ရခြင်းရဲ့ အကျိုးကျေးဇူးတွေက သင့်ကိုယ်ပိုင်နေရာမှာပဲ သင်ယူခြင်းမျိုးပါ။ သင့်မှာ ကိုယ်ပိုင်စာအုပ်ရှိရင် သင်နားမလည်တဲ့အပိုင်းကို ပြန်ဖတ်လို့ရပါတယ်။ သင်လွတ်သွားတဲ့အပိုင်းကို ပူပန်မနေဘဲ သင်ဆန္ဒရှိသလောက် ဖတ်နိ်င်ပါတယ်။ အကယ်၍အဲဒါဟာ စိတ်ခွန်အားပေး စာအုပ်သာဆိုရင် အရေးကြီးကိစ္စတွေကို ဖြေရှင်းဖို့ကူညီပေးပါတယ်။

ဘဝမှာ စာအုပ်တွေအကုန်လုံးဖတ်ပြီးနိုင်မှာ မဟုတ်ပါဘူး။ ရာစုနှစ်များစွာက ရေးထားခဲ့တဲ့စာအုပ်ဟောင်းတွေ၊ လက်ရှိထွက်ထားတဲ့စာအုပ်တွေ၊ ရေးနေဆဲစာအုပ်တွေနှင့် နောက်ထွက်မယ့်စာအုပ်တွေအများကြီးပါပဲ။ သင့်ကို စိတ်ဓာတ်တက်ကြွစေမယ့် စာအုပ်များစွာရှိပါတယ်။ စာအုပ်ကောင်းတွေကို အပေါ်ယံဖတ်ရင် အနှစ်သာရမသိနိုင်တာကြောင့် သင်လုပ်ရမှာကတော့ သင်ဖတ်ရမယ့်စာအုပ်ကို အချိန်ပေးဖတ်ဖို့ပါပဲ။

ဘဝမှာ စာအုပ်တွေအကုန်လုံးဖတ်ပြီးနိုင်မှာ မဟုတ်ပါဘူး။ ရာစုနှစ်များစွာက ရေးထားခဲ့တဲ့စာအုပ်ဟောင်းတွေ၊ လက်ရှိထွက်ထားတဲ့စာအုပ်တွေ၊ ရေးနေဆဲစာအုပ်တွေနှင့် နောက်ထွက်မယ့်စာအုပ်တွေအများကြီးပါပဲ။ သင့်ကို စိတ်ဓာတ်တက်ကြွစေမယ့် စာအုပ်များစွာရှိပါတယ်။ စာအုပ်ကောင်းတွေကို အပေါ်ယံဖတ်ရင် အနှစ်သာရမသိနိုင်တာကြောင့် သင်လုပ်ရမှာကတော့ သင်ဖတ်ရမယ့်စာအုပ်ကို အချိန်ပေးဖတ်ဖို့ပါပဲ။

အဓိကအခန်းကဏ္ဍက ပါဝင်တဲ့သမိုင်းက လက်ရှိကျနော်တို့ ဘယ်သူလဲဆိုတာဖော်ပြနေပါတယ်။ စာဖတ်ခြင်းဖြင့် ကျနော်တို့ဟာ အတိတ်ကိုပိုမို နားလည်သဘောပေါက်ပြီး အနာဂတ်ကာလအတွက်လဲ အကျိုးရှိစေပါတယ်။ ယေဘူယျအားဖြင့် ကမ္ဘာကြီး၊ မိသားစု၊ နိုင်ငံကြီးအကြောင်းလေ့လာဖို့ အခွင့်အလမ်းတစ်ရပ်ပါ။ ပစ္စုပ္ပန်ကို နားလည်သဘောပေါက်ဖို့နှင့် သင့်အတိတ်ကိုပြန်လည်သွားကြည့်ဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။

စာဖတ်ခြင်းဖြင့်ပိုက်ဆံတွေ အများကြီးစုနိုင်ပါလိမ့်မယ်။ စာအုပ်ဆိုတာ လျှပ်စစ်မလိုအပ်သလို ထိန်းသိမ်းပြုပြင်နေဖို့လည်း မလိုအပ်ပါဘူး။ အတတ်ပညာသစ်တစ်ခုခုကို ပေးတဲ့စာအုပ်ဖတ်ကာ ကိုယ်တိုင်လေ့လာပြီး ငွေကြေးချွေတာ နိုင်ပါတယ်။

စာဖတ်ခြင်းဖြင့်ပိုက်ဆံတွေ အများကြီးစုနိုင်ပါလိမ့်မယ်။ စာအုပ်ဆိုတာ လျှပ်စစ်မလိုအပ်သလို ထိန်းသိမ်းပြုပြင်နေဖို့လည်း မလိုအပ်ပါဘူး။ အတတ်ပညာသစ်တစ်ခုခုကို ပေးတဲ့စာအုပ်ဖတ်ကာ ကိုယ်တိုင်လေ့လာပြီး ငွေကြေးချွေတာ နိုင်ပါတယ်။

စာအုပ်တွေမှလေ့လာခြင်းက လူတွေကို စမတ်ပိုကျစေဖို့ လမး်ညွှန်ပေးပါတယ်။ စာအုပ်တွေဟာ ပွင့်ပွင့်လင်းလငး် ပြောဆိုတတ်လာ စေပြီး ပတ်ဝန်းကျင်ကို သတိပြုမိလာစေပါတယ်။

ရုပ်ရှင်တော်တော်များများဟာ စာအုပ်မှ ပြောင်းလဲရိုက်ကူးထားတာတွေ များပါတယ်။ ဒါပေမဲ့ သင်စာအုပ်တစ်အုပ်ကို ဖတ်ပြီး အဲရုပ်ရှင်ကို ကြည့်ကြည့်ပါ။ စာအုပ်ကရုပ်ရှင်ထက် ပိုကောင်းတယ်ဆိုတာ အဆတစ်ရာ သင်လက်ခံပါလိမ့်မယ်။ တမူထူးခြားတဲ့အပိုင်းဆိုတာရှိတတ်ပေမဲ့ ဇာတ်ဆောင် တစ်ယောက်တွေးသလိုတော့ ရုပ်ရှင်က စာအုပ်လောက် ဖမ်းမစားနိုင်ပါဘူး။

Writer & Translator : Shwe Yi & Cherry

Education

Leave a Reply

Your email address will not be published. Required fields are marked *