စာအရေးအသားကျွမ်းကျင်စေရန် လိုက်နာသင့်တဲ့ အချက် (၈)ချက်

#POINT#PointYouthPlatform

သင်က စာရေးသားသူတစ်ဦး မဟုတ်ရင်တောင်မှ လုပ်ငန်းခွင်မှာ သင့်အရည်အသွေးကို ပြသဖို့ မဖြစ်မနေ စာရေးရမှာ ဖြစ်ပါတယ်။ စာရေးသားခြင်းက သင့်ကိုယ်ရည်ကိုယ်သွေးနဲ့ လုပ်ကိုင်နိုင်စွမ်းတွေကို လျော့ချစေနိုင်သလို တိုးတက်အောင်လည်း ပြုလုပ်နိုင်ပါတယ်။ လုပ်ငန်းခွင်မှာ ဖောက်သည်ဖြစ်လာမယ့်သူတွေသာမက အထက်လူကြီးတွေဆီကို email, letter တွေ၊ အစီရင်ခံစာတွေနဲ့ ဆက်သွယ်တဲ့အခါ စာကို မဖြစ်မနေရေးသားဖို့ လိုအပ်လာပါတယ်။ သင့်အကြံပြုချက်တွေ ရေးသားတဲ့အခါ ရေးဟန်ကောင်းစွာရေးသားနိုင်မှ ထိရောက်မှာ ဖြစ်ပါတယ်။ သင်ဘယ်ရာထူးမှာ လုပ်ကိုင်နေပါစေ၊ လုပ်ငန်းခွင်ဆိုင်ရာ အရေးအသားစွမ်းရည် တိုးတက်စေဖို့ လိုက်နာသင့်တဲ့ အကြံပြုချက် ၈ ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) တိကျသေချာသော အချက်အလက်များကိုသာ ရေးသားပါ။

သတင်းအချက်အလက်ဟောင်းများကို update မလုပ်ဘဲနဲ့ မရေးသားပါနဲ့။ သတင်းအချက်အလက်မှားများကို တမင်ရေးသားဖော်ပြနေတဲ့ Website အများစုရှိနေသဖြင့် website တိုင်းမှ အချက်အလက်များကိုလည်း ယုံကြည်စွာ ကိုးကားမရေးပါနဲ့။ ယုံကြည်ထိုက်တဲ့အဖွဲ့အစည်းများ၊ ကုမ္ပဏီများရဲ့တရားဝင်website များနဲ့ အစိုးရအေဂျင်စီများရဲ့ သတင်းဆိုဒ်များမှသာ ကိုးကားရေးသားပါ။ ကိုယ်တိုင်ရေးသားသောအချက်အလက်များကိုလည်း မှန်၊မမှန် ထပ်မံ စစ်ဆေးပါ။

(၂) စာရေးရာတွင် စာကြောင်းတိုတိုနှင့် အချက်အလက် ပြည့်စုံစွာ ရေးသားပါ။

ဖုန်းနဲ့ စာဖတ်သူတွေအတွက် အဆင်ပြေစေရန် တိုတောင်း၍ ဖတ်ရလွယ်ကူသော စာကြောင်းများကိုသာ ရေးသားပါ။ အဓိက ဖော်ပြလိုသော အကြောင်းအရာကို ပထမစာကြောင်းမှာ ရေးသားပါ။ ရှည်လျားသော စာတမ်းများ ရေးသားရာတွင် ခေါင်းစဉ်ခွဲများ၊ စာလုံးမဲများကို အသုံးပြုပါ။

(၃) အဓိပ္ပာယ်အမျိုးမျိုးထွက်သောစကားလုံးများကိုမသုံးပါနှင့်။

စာရေးပြီးတဲ့အခါ စာဖတ်သူအမြင်နဲ့ စာကိုတစ်ခေါက်ထပ်ဖတ်ပါ။ အဓိပ္ပါယ်၊ အထင်အမြင်နဲ့ အသုံးအနှုန်း မှားယွင်းနိုင်တဲ့ စကားလုံးများကို ပြန်လည်ပြင်ဆင်ပါ။ အဓိပ္ပါယ် အမျိုးမျိုးထွက်တဲ့ စကားလုံးများကို မသုံးနှုန်းပါနှင့်။ ဖြစ်စဉ်များရေးသားတဲ့အခါ “ပထမဆုံးအနေဖြင့်၊ ဒုတိယအချက်ကတော့၊ နောက်ထပ်” စတဲ့စကားလုံးများသုံးနှုန်းပြီး တတ်နိုင်သမျှ ရှင်းလင်းစွာ ရေးသားပါ။

(၄) online tools တွေအသုံးပြုပြီး သဒ္ဒါအရေးအသား မှန်၊မမှန် စစ်ဆေးပါ။

အင်္ဂလိပ်စာများ ရေးသားရာတွင် စာအရှည်နှင့် စာလုံးအရေအတွက်စစ်ဆေးရန် Easy Word Counter website ၊ စာရေးသားလမ်းညွှန်နည်းများ ပိုမိုသိရှိရန် State of Writing အင်တာနက်စာမျက်နှာ၊ သဒ္ဒါနှင့် စာလုံးပေါင်းစစ်ဆေးရန် Grammarly page နှင့် သတင်းရင်းမြစ် စစ်ဆေးရန် Cite It In အင်တာနက်စာမျက်နှာများကို အသုံးပြပါ။

(၅) စာဖတ်သူများ နားမလည်နိုင်သော ယေဘုယျကျလွန်းသော စာများရေးသားခြင်းမှ ရှောင်ကြဉ်ပါ၊

(၆) စာဖတ်သူရဲ့စိတ်ဝင်စားမှု ပိုမိုရရှိစေရန် ယဉ်ကျေးပျူငှာသော စကားလုံးများ၊ ဖော်ရွေသော စကားလုံးများကိုသာ သုံးနှုန်းပါ။

(၇)တစ်ခါတစ်ရံ စာရေးသားပေးပို့ခြင်းထက် ဖုန်းဖြင့်ဆက်သွယ်ခြင်း၊ လူကိုယ်တိုင်တွေ့ဆုံခြင်းက ပိုမိုသင့်လျော်သည့်အတွက် စာပေးပို့ရန် ကောင်းမွန်သောအခြေအနေ ဟုတ်၊ မဟုတ် သုံးသပ်ပြီးမှ သင့်လျော်သည့်နည်းဖြင့် ဆက်သွယ်ပါ။

(၈) စာရေးသားပြီးမပို့ခင် နော်ကတစ်ကြိမ်ပြန်စိစစ်ပါ။

အံ့သြဖို့ကောင်းစွာနဲ့ပဲ ကျွမ်းကျင်ပညာရှင်အချို့က နောက်ဆုံးအချက်ကို ကျော်သွားတတ်ကြပါတယ်။ ရယ်စရာကောင်းတဲ့ စာလုံးအမှားတစ်ခုကိုသုံးမိတာက အရှက်ရစေနိုင်တဲ့အတွက် စာရေးသားမပေးပို့ခင် နောက်တစ်ကြိမ် ပြန်စိစစ်ပါ။

Writer & Translator : Su Myat

Education

Leave a Reply

Your email address will not be published. Required fields are marked *