ကလေးများအတွက် ထိရောက်သော အင်္ဂလိပ်စာသင်ကြားနည်းများ

၁)အင်္ဂလိပ်ရုပ်ရှင်နှင့် ကာတွန်းကားများ ကြည့်ခြင်း

ဘာသာစကားတစ်ခုကို အကျွမ်းဝင်စေတာကြောင့် ဒီနည်းက အကောင်းဆုံးပါ။ ကလေးတွေဟာ စာသင်ရတာထက် သူတို့အကြိုက် ရုပ်ရှင်နဲ့ ကာတွန်းတွေကြည့်တာကို ပိုကြိုက်ပါတယ်။ ကြည့်ရင်း အသံထွက်တွေ လိုက်ဆိုနိုင်ပြီး သူတို့အကြိုက် ကာတွန်းဇာတ်ကောင်အမူအရာတွေကိုလည်း အတုယူနိုင်ပါတယ်။

၂)အင်္ဂလိပ်စာအုပ်များ ဖတ်ခြင်း
စာအုပ်ဖတ်ပြီး အရောင်၊ တိရစ္ဆာန်အခေါ်အဝေါ်နဲ့ နိုင်ငံ စတဲ့ဗဟုသုတတွေ ရနိုင်ပါတယ်။ ကလေးရဲ့စာဖတ်ချင်စိတ်ကိုလည်း လှုံ့ဆော်နိုင်ပြီး အင်္ဂလိပ် စာစွမ်းရည်တိုးတက်စေပါတယ်။ နောက်ပိုင်း စာဖတ်ဖို့ မခက်ခဲတော့ပါဘူး။

၃)အင်္ဂလိပ်ဂိမ်း ကစားပေးခြင်း
ဂိမ်းကစားတာက ကလေးတွေသင်ယူစိတ်ကို ပံ့ပိုးပေးတဲ့ အကောင်းဆုံး နည်းပါ။ ပျော်စရာကိစ္စကို လုပ်နေရလို့ သင်ယူမှန်းမသိ သင်ပြီးသားဖြစ် သွားပါတယ်။ ဒါ့အပြင် ကလေးရဲ့ယုံကြည်စိတ်ကိုလည်း တည်ဆောက်ပေး ရာကျပါတယ်။ စာလုံးဆက်ဂိမ်းတွေက အတွေးကောင်းသလို အင်္ဂလိပ်စာ လည်း တိုးတက်စေပါတယ်။ ဒါကြောင့် အင်္ဂလိပ်လိုဖတ်နိုင် တွေးနိုင်ဖို့ ကူညီပေးပါ။ ဖြစ်နိုင်ရင် အင်္ဂလိပ်စကားပြောတဲ့အရုပ်တစ်ခုခုကိုလည်း ဝယ်ထားပေးသင့်ပါတယ်။

၄)အင်္ဂလိပ်သီချင်း သီဆိုခြင်း
တေးသံကြားတာနဲ့တင် ကလေးရဲ့လုပ်ချင်စိတ်က ပိုတကာ်ကွလာပါတယ်။ တချို့ကျောင်းတွေမှာ ကလေးတွေကို သီချင်းများများဆိုခိုင်းပါတယ်။ သီချင်းဆိုရင်း အမူအယာလည်းလုပ်လို့ရတာကြောင့် ကလေးရဲ့ တည်ထွင်ကြံဆစိတ်ကိုလည်း နှိုးဆွပြီးသားဖြစ်လာပါလိမ့်မယ်။ သီချင်းဆိုရင်း အသုံးအနှုန်းတွေ ကလေးစိတ်ထဲ မှာ စွဲသွားပြီး စကားပြောရင်လည်း အလွယ်တကူ ပြန်သုံးနိုင်ပါတယ်။ ကိုယ့်ကလေးနဲ့ သီချင်းအတူတူဆိုပေးနိုင် ရင် ပိုကောင်းပါတယ်။

 

# Point Su Myat

Education

Leave a Reply

Your email address will not be published. Required fields are marked *