ကလေးငယ်များ ဉာဏ်ရည်ဖွံ့ဖြိုးစေမယ့် နည်းလမ်း ၁၁ သွယ်

#POINT#PointYouthPlatform

ရင်သွေးလေးတွေကို ဉာဏ်ရည်ထက်မြတ်သူတွေ ဖြစ်စေချင်တာက မိဘတိုင်းရဲ့ ဆန္ဒပါ။ တစ်နေ့တစ်ခြား ဉာဏ်ရည် ပိုထက်မြတ်သူတွေ ဖြစ်လာအောင် ဘယ်လိုလေ့ကျင့်ပေးသင့်တယ်ဆိုတဲ့ အကြံပေးချက် (၁၁)ချက်ကို ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

(၁) မေးခွန်းများများ မေးရန်တိုက်တွန်းပါ။

အကြောင်းကိစ္စတွေကိုနားလည်ခြင်းက အရာဝတ္ထုများကိုနားလည်မှတ်မိစေဖို့ ပထမဆုံးအဆင့် ဖြစ်ပါတယ်။ အဲ့ဒါကြောင့် သင့်ကလေးငယ်တွေကို မေးခွန်းများများမေးခွင့်ပြုပြီးတော့ အကြာင်းအရာတွေကို ပိုမိုနားလည်နိုင်အောင် ပြုလုပ်ပေးပါ။ ကျောင်းသားဖြစ်ရင်လည်း အရေးကြီးတဲ့အရာတွေ ဒါမှမဟုတ် အခက်အခဲတွေကို ကျွမ်းကျင်စွာ ဖြေရှင်းနိုင်ဖို့ ကူညီပေးပါ။

(၂) သီချင်းများ၊ ကဗျာကာရံများ ဖန်တီးပေးပါ။

ကလေးငယ်လေးတွေ သင်ယူလေ့လာနေတဲ့ အရာတွေကို ကဗျာ၊ ကာရံ၊ သီချင်းတွေအနေနဲ့ ဖန်တီးပေးပါ။ ကျွန်တော်တို့ရဲ့ဦးနှောက်တွေက သီချင်းတွေ၊ patterns တွေကို မှတ်မိလွယ်တဲ့အတွက် သီချင်းတွေ၊ ကဗျာကာရံတွေနဲ့ သင်ပေးခြင်းက ကလေးမှတ်မိနိုင်စွမ်းကို တိုးတက်စေပါတယ်။

(၃) စိတ်လှုပ်ရှားစရာကောင်းတဲ့ သင်ကြားမှုပုံစံနဲ့ သင်ကြားစေပါ။

မတူညီတဲ့ဘာသာရပ်တွေကို သင့်ကလေးစိတ်အားထက်သန်စွာသင်ယူနိုင်စေဖို့၊ စာအုပ်တွေ၊ ဗီဒီယိုတွေကို အလွယ်တကူလေ့လာနိုင်ဖို့ စာကြည့်တိုက်ကို ခေါ်သွားပါ။ သင်လည်း အနုပညာပြခန်းတွေ၊ ရှေးဟောင်းပြတိုက်တွေကို သွားရောက်လည်ပတ် လေ့လာပါ။ သင့်ကလေးက သူလေ့လာသင်ယူနေတဲ့အရာတွေကို စိတ်ဝင်စားလျှင် အနာဂတ်မှာ မှတ်မိဖို့ ပိုလွယ်ကူပါတယ်။

(၄) Active Learning သင်ကြားရေးစနစ်ဖြင့် သင်ယူစေပါ။

မတူညီတဲ့ အကြောင်းအရာတွေကို ဆွေးနွေးခြင်း၊ အဲ့ဒိအကြောင်းအရာတွေအပေါ် သင့်ကလေးရဲ့ အတွေးအမြင်တွေကို မေးမြန်းခြင်းတွေနဲ့ သင်ကြားပေးပါ။ အဲ့ဒိလို မေးခွန်းတွေမေးပြီး ဖြေခိုင်းတာက ကျောင်းသားကို အကြောင်းအရာတွေ သူတို့ခေါင်းထဲစွဲမြဲနေစေဖို့ အားပေးတဲ့အပြင် ဉာဏ်ရည်တိုးတက်နေတဲ့အရွယ်မှာ ဝေဖန်ပိုင်းခြင်းနိုင်စွမ်းပါ ပိုမိုတိုးပွားစေဖို့ ကူညီပေးပါတယ်။

(၅) သင်ထောက်ကူပစ္စည်းများ အသုံးပြုပါ။

သင်ထောက်ကူပစ္စည်းတွေအသုံးပြုခြင်းက သင့်ကလေးကြားခဲ့၊ ဖတ်ခဲ့ရတဲ့ အကြောင်းအရာတွေကို ပိုမိုမှတ်မိစေဖို့ ကူညီပေးနိုင်ပါတယ်။ စကားလုံးတွေကို ရုပ်ပုံပါတဲ့ကားချပ်တွေနဲ့ ယှဉ်တွဲမှတ်သားပြီးတော့ လေ့ကျင့်ခန်းတွေ ပြုလုပ်စေတာက စကားလုံတွေရဲ့ အဓိပ္ပာယ်တွေကို ပိုမိုမှတ်မိစေပါတယ်။

(၆) သင့်ကလေးကို ကိုယ်ပိုင်ဥပမာများ ပြုလုပ်မှတ်သားခိုင်းပါ။

သင့်ကလေးကို သူတို့ရဲ့ကိုယ်ပိုင်အတွေ့အကြုံတွေအကြောင်း ကိုယ်ပိုင်ဥပမာတွေဖန်တီးပြီး စနစ်တကျ မှတ်သားစေပါ။ အကြောင်းအရာတွေကို မှတ်မိခြင်းက အရာဝတ္ထုတွေကို ဆက်စပ်မှတ်မိစေဖို့ ကူညီပေးပါတယ်။

(၇) အကြောင်းအရာတွေကို ချိတ်ဆက်လေ့လာတတ်အောင် လမ်းပြပေးပါ။

မတူညီတဲ့အကြောင်းအရာတွေက တစ်ခုနဲ့တစ်ခု ဘယ်လိုချိတ်ဆက်နေတယ်ဆိုတာကို သိရှိအောင်ပြုလုပ်ပေးပါ။ အကြောင်းအရာတွေနဲ့ စကားလုံးတွေကြားမှာ ဆက်သွယ်မှုတည်ဆောက်ပေးခြင်းက ကလေးတွေရဲ့ နက်ရှိုင်းစွာ နားလည်နိုင်မှုစွမ်းအင်ကို ထိထိရောက်ရောက် ကူညီပေးနိုင်ပါတယ်။

(၈) အတွေးအခေါ်၊ အကြောင်းအရာတွေအတွက် အတိုကောက်စာလုံးများ ပြုလုပ်ပေးပါ။

စကားလုံးတွေနဲ့ သူတို့အယူအဆတွေကြားမှာ တစ်ခုနဲ့တစ်ခု ဆက်စပ်မှုတွေကို မှတ်သားဖို့ စကားလုံးတွေကို စုစည်းပေးပါ။

(၉) ဘယ်လောက်နားလည်လဲဆိုတာ ပြန်ရှင်းခိုင်းပါ။

သင့်ကလေးသင်ယူနေတဲ့ အကြောင်းအရာကို သင့်ကိုပဲဖြစ်ဖြစ်၊ သူ့မောင်နှမတွေ၊ သူငယ်ချင်းတွေကိုဖြစ်ဖြစ် ပြန်လည်ရှင်းပြခိုင်းပါ။ သူဘယ်လောက်မှတ်မိလဲဆိုတာကို သူ့ကိုသိအောင်လုပ်ပေးပြီး သူကိုယ်တိုင်သေချာမသိသေးသောအရာများကို ပြန်လည် သုံးသပ်ခိုင်းပါ။

(၁၀) အာရုံအားလုံးကို အသုံးပြုစေပါ။

အမြင်၊ အကြား၊ အထိအတွေ့အာရုံစတဲ့ အာရုံခံစားမှုမျိုးစုံကို အသုံးပြုစေပြီး စာကျယ်ကျယ်ဖတ်ခိုင်းတာတွေ၊ စကားပြောဆို ဆွေးနွေးစေတာတွေ၊ နားထောင်စေတာတွေကို ပြုလုပ်စေပါ။ အကြောင်းအရာတစ်ခုတည်းကို နည်းလမ်းမျိုးစုံနဲ့ လေ့လာခြင်းက လေ့လာရ ပိုမိုလွယ်ကူစေပါတယ်။

(၁၁) နည်းနည်းချင်း ခွဲခြားမှတ်သားစေပါ။

ခွဲခြားမှတ်သားစေခြင်းက အရာဝတ္ထုများရဲ့ အကြောင်းအရာတွေကို မှတ်မိလွယ်စေပါတယ်။ သဘောပေါက်နားလည်စေဖို့ အခြေခံကစ နည်းနည်းစီ စတင်မှတ်ယူစေပါ။ အကြောင်းအရာတွေကို ခေါင်းစဉ်တွေ၊ မှတ်စုတွေ၊ အရောင်တွေနဲ့ တွဲဖက်လေ့လာစေခြင်းက ကလေးငယ်တွေအတွက် မှတ်မိလွယ်စေပါတယ်။

Writer & Translator : Cherry

Education

Leave a Reply

Your email address will not be published. Required fields are marked *