ကျွန်တော်တို့ပတ်ဝန်းကျင်မှာ စာကြည့်တိုက်များ လိုအပ်နေဆဲ

*** Unicode ***

#POINT #PointYouthPlatform

“ရတနာတွေကို အဝေးကြီးသွားရှာစရာမလိုပါဘူး။ စာကြည့်တိုက်သွားတိုင်း တွေ့နေတာပဲ” Michael Embryစာအုပ်စင်တွေပေါ်က စာအုပ်တွေအားလုံးနဲ့ စာကြည့်တိုက်တွေကို ဒီဂျစ်တယ်သဘောမျိုး လွှဲပြောင်းကြတော့မယ်လို့ လူအများစုကတော့ယုံကြည်နေကြပါတယ်။ အင်တာနက်မှာ မင်းတွေးလိုက်တဲ့အရာအားလုံးနီးပါးကို တွေ့နိုင်တယ်ဆိုတာက အမှန်ပါပဲ။ ဒီစာကြောင်းမှာ အဓိကစာလုံးက “နီးပါး”ဆိုတာပါပဲ။

စာအုပ်ချစ်သူတစ်ယောက်အနေနဲ့ စမတ်ဖုန်းနဲ့လက်တော့တွေ မလုပ်ပေးနိုင်တဲ့အရာတွေကို စာကြည့်တိုက်တွေနဲ့ စာကြည့်တိုက်မှူးတွေက လုပ်ပေးနိုင်နေဆဲပဲဆိုတာကို ကျွန်တော်အားလုံးကို ပြောချင်ပါတယ်။

၁။ စာကြည့်တိုက်တွေက လူတွေနားလည်ထားတာထက်ပိုပြီးတော့ တန်ဖိုးရှိပါတယ်။

စာကြည့်တိုက်တွေဆိုတာ လျှောက်ပြီးတော့ စာအုပ်တွေလိုက်ကြည့်နေဖို့ပဲ မဟုတ်တော့ပါဘူး။ ကွန်ပြူတာ အင်တာနက်တွေ ပရင့်တာတွေ နဲ့ ဖက်စ်တို့လို စက်တွေကိုလဲ ပေးထားပါတယ်။ အသံဖိုင်စာအုပ်တွေ ဒီဗွီဒီတွေနဲ့ စာဖတ်ချင်စိတ်ပိုတိုးပွားလာအောင် ကလေးတွေအတွက် ကွန်ပြူတာနဲ့တခြားလုပ်ဆောင်ချက်တွေကိုပါ ရရှိနိုင်ပါတယ်။

၂။ စာကြည့်တိုက်တွေက ငွေကြေးမပေးရပါဘူး။

ငွေကြေးအလကားဆိုတဲ့စကားက မင်းကငှားပြီးတော့ အချိန်မီ ကောင်းမွန်တဲ့ပုံစံအတိုင်း ပြန်အပ်နေသမျှတော့ ငွေကြေးအလကားပါပဲ။ မင်းကအွန်လိုင်းမှာ သွားပြီး ရှာချင်တဲ့စာအုပ်တွေကို ရှာနိုင်ပါတယ်။ ဒါပေမဲ့ မင်းကစာအုပ်ဖတ်ဖို့ အလကားငှားလို့ရနိုင်တဲ့အခါမှာ ဒါကိုဘာကြောင့်လုပ်နေတော့မှာလဲ။ အပေါ်မှာပြောခဲ့တဲ့စကားတွေက လမ်းလျှောက်ဖို့ ရည်ရွယ်ထားတဲ့လူတွေကိုပြောတာပါ။ အိမ်မှာဒီလိုအရာတွေမရှိနိုင်တဲ့ ဝင်ငွေနည်းတဲ့လူတွေအတွက်တော့ ဒါကမယုံနိုင်လောက်အောင် အကူအညီဖြစ်ပါတယ်။ မင်းဘယ်သူလဲ ငွေကြေးဘယ်လောက်ရှိလဲဆိုတာက ကိစ္စမရှိပါဘူး။ စာကြည့်တိုက်ထဲကိုဝင်လိုက်တာနဲ့ အားလုံးနဲ့တန်းတူဆက်ဆံခံရပြီး တန်းတူအခွင့်အရေးတွေရနိုင်ပါတယ်။

၃။ စင်တွေပေါ်မှာ စာအုပ်ရှာခြင်း။

Kindle Fireတစ်ခု ကျွန်တော့်မှာ ရှိပါတယ်။ ဒါကိုဖတ်ရတာကိုသဘောကျပါတယ်။ဒါပေမဲ့ တစ်ခါတလေမှာ စာအုပ်တွေကိုဖတ်ရတာကို ပိုပြီးတော့သဘောကျပါတယ်။ မင်းလက်ထဲမှာ တကယ့်စာအုပ်တစ်အုပ်ကို ကိုင်ပြီးတော့နေရတာလေ။ စာကြည့်တိုက်ကိုသွားပြီးတော့ စင်ပေါ်ကစာအုပ်ကို ရှာတဲ့အခါမှာ ဘာတွေတွေ့လာနိုင်မလဲဆိုတာကို မင်းဘယ်တော့မှ မသိနိုင်ဘူးလေ။ မင်းရှာဖွေနေတဲ့စာအုပ်ကိုလည်း မင်းတွေ့နိုင်ပါတယ်။ သူ့ဘေးမှာ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်ကိုလည်း တွေ့နိုင်တယ်။ အတန်းအတွက် စာရွက်စာတမ်း သုတေသနကုန်ကြမ်း ရှာတဲ့အခါတိုင်း ကျွန်တော် ဒီလိုအကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ဖူးပါတယ်။ မင်းရှေ့တည့်တည့်ကို ရောက်လာတဲ့အချိန်အထိ မင်းကဘာရှာနေလဲဆိုတာကို မသိနိုင်တာလဲဖြစ်နိုင်တယ်။ အွန်လိုင်းမှာ အဲ့လိုပုံစံမျိုးရနိုင်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။

၄။ စာကြည့်တိုက်မှူးတွေက အတော်လေးအထောက်အကူပေးပါတယ်။

ရှာနေတဲ့စာအုပ်ကို မတွေ့နိုင်တော့ဘူးလား။ စာကြည့်တိုက်မှူးက မင်းကို ခဏလေးအတွင်းမှာ ဒါကိုရှာပေးနိုင်မှာပါ။ မေးခွန်းမေးစရာတွေရှိနေလား။ စာကြည့်တိုက်မှူးမှာ အဖြေရှိပါတယ်။ ဒါမှမဟုတ် အဖြေရနိုင်မယ့်နည်းလမ်းကို ပြောပြပေးနိုင်ပါတယ်။ သူတို့ကမင်းကို ကူညီပေးဖို့ရောက်လာတာပါ။ မင်းလုပ်ရမှာကတော့ မေးဖို့ပါပဲ။

၅။ စာကြည့်တိုက်တွေကတိတ်ဆိတ်ပါတယ်။

စာကြည့်တိုက်တွေမှာ စိတ်ပျံ့လွင့်မှုတွေ မဖြစ်စေမယ့်နေရာတွေလည်း ရှိပါတယ်။ စာဖတ်ဖို့ တိတ်ဆိတ်တဲ့နေရာရချင်တာပဲဖြစ်ဖြစ် မနက်ဖြန်တင်ရမယ့် သုတေသနစာတမ်း ၁၀ မျက်နှာလောက်ကို ရေးဖို့နေရာတစ်ခုခု ရချင်တာပဲဖြစ်ဖြစ် ခဏလောက် အပြင်လောကကြီးက အရှုတ်အထွေးတွေနဲ့ အဆက်အသွယ်ဖြတ်နို်င်မယ့် တိတ်ဆိတ်တဲ့နေရာလေးကို လိုချင်တာပဲဖြစ်ဖြစ် စာကြည့်တိုက်ကတော့ မင်းအတွက်အသင့်တော်ဆုံးပါပဲ။

၆။ အွန်လိုင်းမှာ ဖတ်နေတဲ့စာတွေက အမှန်တွေပါလို့ မင်းကဘယ်လိုသိနိုင်မလဲ။

အင်တာနက်ကမင်းလိုချင်တဲ့ သတင်းအချက်အလက်တွေကို ပေးနိုင်တာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ အင်တာနက်ပေါ်မှာ သတင်းအတုတွေနဲ့ ဆိုဒ်အတုတွေလဲ အများကြီးပါပဲ။ Google တို့ Bing တို့လို နေရာတွေမှာ စာရိုက်လိုက်ရင် တူညီတဲ့အရာတွေ အများကြီးထွက်လာနိုင်ပါတယ်။

တစ်ချို့အရာတွေက သူတို့ပြောချင်တဲ့အရာကို သူတို့ကောင်းကောင်းသိကြတဲ့ ပရော်ဖက်ရှင်နယ်တွေက ရေးသားထားတာဖြစ်ပြီး တစ်ချို့ကတော့ ဘာပြောချင်လို့ပြောချင်မှန်းတောင်မသိပဲ ကိုယ့်အမြင်နဲ့ကိုယ် ရေးသားနေကြတဲ့သူတွေပါ။

ဘယ်သူကဘယ်သူဆိုတာကို ခွဲခြားနိုင်ဖို့ကတော့ ခက်ခဲနိုင်ပါတယ်။ ကျောင်းရဲ့စာတမ်းတွေအတွက် ရှာဖွေတဲ့အခါမှာ ဒါကဘယ်လောက်ခက်ခဲလဲဆိုတာကို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးပါတယ်။

ဒီသတင်းအချက်အလက်တွေအားလုံးက အမှန်တွေပဲ ဆိုတာကို မင်းဘယ်လိုသိမလဲ။ အားထားရတဲ့အချက်အလက်တွေကို ရှာဖွေမယ်ဆိုရင်တော့ စာကြည့်တိုက်က မင်းအတွက် အကောင်းဆုံးပါပဲ။ စာကြည့်တိုက်မှာတော့ ဒီနယ်ပယ်က ပရော်ဖက်ရှင်နယ်တွေ ကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့ သတင်းအချက်အလက်တွေနဲ့ ကိုးကားမှုတွေကို တွေ့ရနိုင်ပါတယ်။

အင်တာနက်က ဆိုးဝါးတဲ့အရာတစ်ခုလို့ ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်နေ့တိုင်း အင်တာနက်သုံးပါတယ်။ အခုဒီစာကိုရေးဖို့တောင် အင်တာနက်ကိုသုံးနေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ တခြားနေရာတွေမှာ မရနိုင်တဲ့အရာတွေကို စာကြည့်တိုက်တွေမှာ ရနိုင်ပါတယ်။

ပြီးတော့ လူတိုင်းမှာ ဖုန်းတွေ ကွန်ပြူတာတွေ လက်တော့ပ်တွေ မရှိကြဘူးဆိုတာကို မေ့နေတတ်ကြပါတယ်။ လူတိုင်းကဒီလိုအရာတွေ မရနိုင်ကြဘူးလေ။ စာကြည့်တိုက်တစ်ခုက ဒီအရာတွေ မရှိတဲ့လူတိုင်းကို အားလုံးနဲ့တန်းတူညီမျှဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် တိတိကျကျ ပြောရရင်တော့ စာကြည့်တိုက်တွေက အရေးပါအရာရောက်နေဆဲပါပဲ။

Writer & Translator : Su Mon

————————————————————————————————————————-

#POINT #PointYouthPlatform

“ရတနာတွေကို အဝေးကြီးသွားရှာစရာမလိုပါဘူး။ စာကြည့်တိုက်သွားတိုင်း တွေ့နေတာပဲ” Michael Embry

စာအုပ်စင်တွေပေါ်က စာအုပ်တွေအားလုံးနဲ့ စာကြည့်တိုက်တွေကို ဒီဂျစ်တယ်သဘောမျိုး လွှဲပြောင်းကြတော့မယ်လို့ လူအများစုကတော့ယုံကြည်နေကြပါတယ်။ အင်တာနက်မှာ မင်းတွေးလိုက်တဲ့အရာအားလုံးနီးပါးကို တွေ့နိုင်တယ်ဆိုတာက အမှန်ပါပဲ။ ဒီစာကြောင်းမှာ အဓိကစာလုံးက “နီးပါး”ဆိုတာပါပဲ။ စာအုပ်ချစ်သူတစ်ယောက်အနေနဲ့ စမတ်ဖုန်းနဲ့လက်တော့တွေ မလုပ်ပေးနိုင်တဲ့အရာတွေကို စာကြည့်တိုက်တွေနဲ့ စာကြည့်တိုက်မှူးတွေက လုပ်ပေးနိုင်နေဆဲပဲဆိုတာကို ကျွန်တော်အားလုံးကို ပြောချင်ပါတယ်။

၁။ စာကြည့်တိုက်တွေက လူတွေနားလည်ထားတာထက်ပိုပြီးတော့ တန်ဖိုးရှိပါတယ်။

စာကြည့်တိုက်တွေဆိုတာ လျှောက်ပြီးတော့ စာအုပ်တွေလိုက်ကြည့်နေဖို့ပဲ မဟုတ်တော့ပါဘူး။ ကွန်ပြူတာ အင်တာနက်တွေ ပရင့်တာတွေ နဲ့ ဖက်စ်တို့လို စက်တွေကိုလဲ ပေးထားပါတယ်။ အသံဖိုင်စာအုပ်တွေ ဒီဗွီဒီတွေနဲ့ စာဖတ်ချင်စိတ်ပိုတိုးပွားလာအောင် ကလေးတွေအတွက် ကွန်ပြူတာနဲ့တခြားလုပ်ဆောင်ချက်တွေကိုပါ ရရှိနိုင်ပါတယ်။

၂။ စာကြည့်တိုက်တွေက ငွေကြေးမပေးရပါဘူး။

ငွေကြေးအလကားဆိုတဲ့စကားက မင်းကငှားပြီးတော့ အချိန်မီ ကောင်းမွန်တဲ့ပုံစံအတိုင်း ပြန်အပ်နေသမျှတော့ ငွေကြေးအလကားပါပဲ။ မင်းကအွန်လိုင်းမှာ သွားပြီး ရှာချင်တဲ့စာအုပ်တွေကို ရှာနိုင်ပါတယ်။ ဒါပေမဲ့ မင်းကစာအုပ်ဖတ်ဖို့ အလကားငှားလို့ရနိုင်တဲ့အခါမှာ ဒါကိုဘာကြောင့်လုပ်နေတော့မှာလဲ။ အပေါ်မှာပြောခဲ့တဲ့စကားတွေက လမ်းလျှောက်ဖို့ ရည်ရွယ်ထားတဲ့လူတွေကိုပြောတာပါ။ အိမ်မှာဒီလိုအရာတွေမရှိနိုင်တဲ့ ဝင်ငွေနည်းတဲ့လူတွေအတွက်တော့ ဒါကမယုံနိုင်လောက်အောင် အကူအညီဖြစ်ပါတယ်။ မင်းဘယ်သူလဲ ငွေကြေးဘယ်လောက်ရှိလဲဆိုတာက ကိစ္စမရှိပါဘူး။ စာကြည့်တိုက်ထဲကိုဝင်လိုက်တာနဲ့ အားလုံးနဲ့တန်းတူဆက်ဆံခံရပြီး တန်းတူအခွင့်အရေးတွေရနိုင်ပါတယ်။

၃။ စင်တွေပေါ်မှာ စာအုပ်ရှာခြင်း။

Kindle Fireတစ်ခု ကျွန်တော့်မှာ ရှိပါတယ်။ ဒါကိုဖတ်ရတာကိုသဘောကျပါတယ်။ဒါပေမဲ့ တစ်ခါတလေမှာ စာအုပ်တွေကိုဖတ်ရတာကို ပိုပြီးတော့သဘောကျပါတယ်။ မင်းလက်ထဲမှာ တကယ့်စာအုပ်တစ်အုပ်ကို ကိုင်ပြီးတော့နေရတာလေ။ စာကြည့်တိုက်ကိုသွားပြီးတော့ စင်ပေါ်ကစာအုပ်ကို ရှာတဲ့အခါမှာ ဘာတွေတွေ့လာနိုုင်မလဲဆိုတာကို မင်းဘယ်တော့မှ မသိနိုင်ဘူးလေ။ မင်းရှာဖွေနေတဲ့စာအုပ်ကိုလည်း မင်းတွေ့နိုင်ပါတယ်။ သူ့ဘေးမှာ ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတဲ့စာအုပ်ကိုလည်း တွေ့နိုင်တယ်။ အတန်းအတွက် စာရွက်စာတမ်း သုတေသနကုန်ကြမ်း ရှာတဲ့အခါတိုင်း ကျွန်တော် ဒီလိုအကြိမ်ပေါင်းများစွာ တွေ့ကြုံခဲ့ဖူးပါတယ်။ မင်းရှေ့တည့်တည့်ကို ရောက်လာတဲ့အချိန်အထိ မင်းကဘာရှာနေလဲဆိုတာကို မသိနိုင်တာလဲဖြစ်နိုင်တယ်။ အွန်လိုင်းမှာ အဲ့လိုပုံစံမျိုးရနိုင်ဖို့ကတော့ မဖြစ်နိုင်ပါဘူး။

၄။ စာကြည့်တိုက်မှူးတွေက အတော်လေးအထောက်အကူပေးပါတယ်။

ရှာနေတဲ့စာအုပ်ကို မတွေ့နိုင်တော့ဘူးလား။ စာကြည့်တိုက်မှူးက မင်းကို ခဏလေးအတွင်းမှာ ဒါကိုရှာပေးနိုင်မှာပါ။ မေးခွန်းမေးစရာတွေရှိနေလား။ စာကြည့်တိုက်မှူးမှာ အဖြေရှိပါတယ်။ ဒါမှမဟုတ် အဖြေရနိုင်မယ့်နည်းလမ်းကို ပြောပြပေးနိုင်ပါတယ်။ သူတို့ကမင်းကို ကူညီပေးဖို့ရောက်လာတာပါ။ မင်းလုပ်ရမှာကတော့ မေးဖို့ပါပဲ။

၅။ စာကြည့်တိုက်တွေကတိတ်ဆိတ်ပါတယ်။

စာကြည့်တိုက်တွေမှာ စိတ်ပျံ့လွင့်မှုတွေ မဖြစ်စေမယ့်နေရာတွေလည်း ရှိပါတယ်။ စာဖတ်ဖို့ တိတ်ဆိတ်တဲ့နေရာရချင်တာပဲဖြစ်ဖြစ် မနက်ဖြန်တင်ရမယ့် သုတေသနစာတမ်း ၁၀ မျက်နှာလောက်ကို ရေးဖို့နေရာတစ်ခုခု ရချင်တာပဲဖြစ်ဖြစ် ခဏလောက် အပြင်လောကကြီးက အရှုတ်အထွေးတွေနဲ့ အဆက်အသွယ်ဖြတ်နိ်ုင်မယ့် တိတ်ဆိတ်တဲ့နေရာလေးကို လိုချင်တာပဲဖြစ်ဖြစ် စာကြည့်တိုက်ကတော့ မင်းအတွက်အသင့်တော်ဆုံးပါပဲ။

၆။ အွန်လိုင်းမှာ ဖတ်နေတဲ့စာတွေက အမှန်တွေပါလို့ မင်းကဘယ်လိုသိနိုင်မလဲ။

အင်တာနက်ကမင်းလိုချင်တဲ့ သတင်းအချက်အလက်တွေကို ပေးနိုင်တာကတော့ အမှန်ပါပဲ။ ဒါပေမဲ့ အင်တာနက်ပေါ်မှာ သတင်းအတုတွေနဲ့ ဆိုဒ်အတုတွေလဲ အများကြီးပါပဲ။ Google တို့ Bing တို့လို နေရာတွေမှာ စာရိုက်လိုက်ရင် တူညီတဲ့အရာတွေ အများကြီးထွက်လာနိုုင်ပါတယ်။ တစ်ချို့အရာတွေက သူတို့ပြောချင်တဲ့အရာကို သူတို့ကောင်းကောင်းသိကြတဲ့ ပရော်ဖက်ရှင်နယ်တွေက ရေးသားထားတာဖြစ်ပြီး တစ်ချို့ကတော့ ဘာပြောချင်လို့ပြောချင်မှန်းတောင်မသိပဲ ကိုယ့်အမြင်နဲ့ကိုယ် ရေးသားနေကြတဲ့သူတွေပါ။ ဘယ်သူကဘယ်သူဆိုတာကို ခွဲခြားနိုင်ဖို့ကတော့ ခက်ခဲနိုင်ပါတယ်။ ကျောင်းရဲ့စာတမ်းတွေအတွက် ရှာဖွေတဲ့အခါမှာ ဒါကဘယ်လောက်ခက်ခဲလဲဆိုတာကို ကျွန်တော်ကိုယ်တိုင် ကြုံတွေ့ခဲ့ဖူးပါတယ်။ ဒီသတင်းအချက်အလက်တွေအားလုံးက အမှန်တွေပဲ ဆိုတာကို မင်းဘယ်လိုသိမလဲ။ အားထားရတဲ့အချက်အလက်တွေကို ရှာဖွေမယ်ဆိုရင်တော့ စာကြည့်တိုက်က မင်းအတွက် အကောင်းဆုံးပါပဲ။ စာကြည့်တိုက်မှာတော့ ဒီနယ်ပယ်က ပရော်ဖက်ရှင်နယ်တွေ ကိုယ်တိုင် ရေးသားထုတ်ဝေထားတဲ့ သတင်းအချက်အလက်တွေနဲ့ ကိုးကားမှုတွေကို တွေ့ရနိုင်ပါတယ်။

အင်တာနက်က ဆိုးဝါးတဲ့အရာတစ်ခုလို့ ကျွန်တော်ပြောနေတာမဟုတ်ပါဘူး။ ကျွန်တော်နေ့တိုင်း အင်တာနက်သုံးပါတယ်။ အခုဒီစာကိုရေးဖို့တောင် အင်တာနက်ကိုသုံးနေတာပါ။ ဒါပေမယ့် ကျွန်တော်တို့ တခြားနေရာတွေမှာ မရနိုုင်တဲ့အရာတွေကို စာကြည့်တိုက်တွေမှာ ရနိုင်ပါတယ်။ ပြီးတော့ လူတိုင်းမှာ ဖုန်းတွေ ကွန်ပြူတာတွေ လက်တော့ပ်တွေ မရှိကြဘူးဆိုတာကို မေ့နေတတ်ကြပါတယ်။ လူတိုင်းကဒီလိုအရာတွေ မရနိုုင်ကြဘူးလေ။ စာကြည့်တိုက်တစ်ခုက ဒီအရာတွေ မရှိတဲ့လူတိုင်းကို အားလုံးနဲ့တန်းတူညီမျှဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် တိတိကျကျ ပြောရရင်တော့ စာကြည့်တိုက်တွေက အရေးပါအရာရောက်နေဆဲပါပဲ။

Writer & Translator : Su Mon

 

Current

Leave a Reply

Your email address will not be published. Required fields are marked *