အင်တာနက်အသုံးပြုခြင်းကြောင့် ရလာနိုင်တဲ့ ဆိုးကျိုးတွေ


အင်တာနက်သုံးတာဟာ ကောင်းတဲ့အချက်ပါ။ အကြောင်းက သိချင်တာကိုလေ့လာတာ၊ ရောင်းဝယ် ဖောက်ကားတာ စတဲ့အရာတွေကို အလွယ်တကူ လုပ်နိုင်လို့ပါ။ ပိုကောင်းတာက အင်တာနက်ဆိုတာ သိချင်တဲ့ သတင်းအချက်အလက်တွေရနိုင်တဲ့ နေရာပါ။ ဒါပေမယ့် ကောင်းကျိုးရှိသလို ဆိုးကျိုးတွေကိုလည်း သိထားမှ သတိပြု ဆင်ခြင်နိုင်မှာပါ။ အောက်ကအချက်အလက်တွေက သတိပြုရမယ့် အချက်တွေပါ။

၁။ အပိုကုန်ကျစရိတ် များတတ်ပါတယ်

သုံးကောင်းလို့သုံးနေရင်း တစ်ရက်၊ တစ်ပတ်၊ တစ်လ အစရှိတဲ့ ကာလအတွင်း ဘယ်လောက်ကုန်တယ်ဆိုတာ ကို သတိမပြုမိကြတော့ပါဘူး။ အမှန်တော့ ဒီကုန်ကျစရိတ်ဟာ စိတ်အလိုလိုက်လို့ ကုန်ကျတဲ့ အသုံးစရိတ်ပါ။ သတိမပြုမိရင်တော့ တစ်သက်လုံး ဝင်ငွေနဲ့ ထွက်ငွေ မမျှတဲ့ဒုက္ခကို ခံရမှာပါ။

၂။ လူမှုဆက်ဆံရေး ပျက်ကွက်တတ်ပါတယ်

သိချင်တာ အားလုံးနီးပါး အင်တာနက်မှာ ရှာတွေ့နိုင်လို့ ဒီမှာပဲ ပျော်မွေ့နေရင်းနဲ့ ပေါင်းသင်းဆက်ဆံရေးကို အလေးမထားမိတဲ့သာကတွေလည်း အများကြီးပါ။ ဒီလိုအဖြစ်များရင် ပျက်ကွက်တာတွေများလာလို့ ကိုယ့်ကို ဆက်ဆံရေးမကောင်းဘူးလို့ မြင်လာနိုင်တာကြောင့် လူမှုဆက်ဆံရေး ပျက်ကွက်သူလို့ ယူဆလာကြပြီး အပေါင်းအသင်း နဲလာတတ်ပါတယ်။ ဒီလိုမဖြစ်အောင် သတိပြုပါ။

၃။ ကျန်းမာရေးထိခိုက်စေပါတယ်

အရင်က စိတ်အပန်းပြေအောင် ခရီးထွက်ကြပါတယ်။ အခုတော့ အကုန်အကျများလို့ သက်သာတာကိုရှာ ရင်း တွေ့လာတာက အင်တာနက်ပါ။ ဒီမှာပဲ အချိန်တော်တော်များများ ကုန်ဆုံးပြီး ထမင်းမေ့၊ ဟင်းမေ့ ဖြစ်လာ တတ်ပါတယ်။ online game ကစားတာကလည်း ပိုဆိုးတဲ့ အချက်ပါ။ လှုပ်ရှားမှုနည်းပြီး အစားအသောက်မမှန် ဖြစ်လာရင် ကျန်းမာရေး ထိခိုက်လာမှာ မလွဲမသွေပါ။

၄။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားတတ်လို့ လုံခြုံမှုမရှိပါ

အင်တာနက်ဟာ စိတ်ထွက်ပေါက်ပေးဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် အကောင်း၊ အဆိုး ခံစားချက်နှစ်မျိုးလုံးကို စိတ်အလိုလိုက်ပြီး ရေးသား ဖော်ပြတတ်တာကြောင့် ကိုယ့်အကြောင်းကို မဆိုင် တဲ့သူတွေပါ အလွယ်တကူ သိသွားနိုင်ပါတယ်။ ရေရှည်မှာ အန္တရာယ်ရှိပါတယ်။

၅။ ညစ်ညမ်းရုပ်ရှင်နဲ့ စာပေတွေ အလွယ်တကူ ရှာဖွေတွေ့နိုင်လို့ စာရိတ္တ ပျက်တတ်ပါတယ်

အင်တာနက်သုံးခြင်း အကြီးမားဆုံးဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ညစ်ညမ်းရုပ်ရှင်စာပေတွေဟာ အရွယ်မရောက် သေးတဲ့သူတွေ လမ်းမှားရောက်နိုင်သလို အရွယ်ရောက်သူတွေကိုလည်း မကောင်းမှုကျူးလွန်အောင် တွန်းအားပေးတတ်ပါတယ်။ နောက်ဆက်တွဲဆိုးကျိုးတွေက မမှန်းဆနိုင်လောက်အောင် များလှပါတယ်။

၆။ ထင်ယောင်ထင်မှား ဖြစ်အောင် အလှည့်စားခံရနိုင်ပါတယ်

ကျောင်းသူ၊ ကျောင်းသားတွေနဲ့ လူငယ်အတော်များများကို အင်တာနက်မှာ အလွယ်တကူ လိမ်လို့ရပါတယ်။ ဒီထဲမှာ တစ်ချို့လူကြီးတွေလည်း ပါဝင်ပါတယ်။ မက်လုံးပေး၊ လောဘတက်အောင်လုပ်ပြီး ဒီအားနည်းချက်ကို အသုံးချပြီး လိုသလို လှည့်စားတတ်ကြပါတယ်။ အကျိုးဆက်က ကောင်းကွက်တစ်ခုမှ မရှိနိုင်ပါဘူး။

၇။ အသုံးများရင် မူးယစ်ဆေးလို စွဲလမ်းတတ်ပါတယ်

အင်တာနက်က လူတော်တော်များများကို မူးယစ်ဆေးလိုစွဲလမ်း တတ်ပါတယ်။ အထူးသဖြင့် လူမှုကွန်ယက်ကို အားပါးတရ သုံးတတ်လာလို့ အရေးကြီးတဲ့ တခြားကိစ္စတွေကို မျက်ကွယ်ပြုထားမိကြပါတယ်။ မသုံးမနေရ ဖြစ်လာတာကိုလည်း သတိမပြုမိကြတော့ပါဘူး။

၈။ တိုက်ရိုက် ထိတွေ့ပြောဆိုဆက်ဆံတာမဟုတ်လို့ နားလည်မှု လွဲတတ်ပါတယ်

အင်တာနက်ပေါ်မှာ ပြောလိုက်တဲ့စကားလုံးတစ်ခွန်းကို အဓိပ္ပါယ်ကောက်လွဲလို့ မှန်မှန်ကန်ကန် နားလည်လာ ဖို့ ခက်ပါတယ်။ ဒါကိုလည်း အင်တာနက်မှာပဲ ထပ်ပြီး ရှင်းပြနေရင် ရှင်းလေ ရှုပ်လေ ဖြစ်လာပြီး သူငယ်ချင်း၊ မိတ်ဆွေအဆင့်ကနေ ရန်သူလို ဖြစ်သွားတဲ့သာဓကတွေ အများကြီးပါ။ ဒီကြားထဲ ဝိုင်းပြီး မကောင်းတဲ့ အကြံ ဉာဏ်ပေးတဲ့သူတွေကြောင့် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံတာက အကောင်းဆုံးနည်းလမ်းပါ။…

ချယ်ရီ

Unicode

…အင်တာနက်သုံးတာဟာ ကောင်းတဲ့အချက်ပါ။ အကြောင်းက သိချင်တာကိုလေ့လာတာ၊ ရောင်းဝယ် ဖောက်ကားတာ စတဲ့အရာတွေကို အလွယ်တကူ လုပ်နိုင်လို့ပါ။ ပိုကောင်းတာက အင်တာနက်ဆိုတာ သိချင်တဲ့ သတင်းအချက်အလက်တွေရနိုင်တဲ့ နေရာပါ။

ဒါပေမယ့် ကောင်းကျိုးရှိသလို ဆိုးကျိုးတွေကိုလည်း သိထားမှ သတိပြု ဆင်ခြင်နိုင်မှာပါ။ အောက်ကအချက်အလက်တွေက သတိပြုရမယ့် အချက်တွေပါ။…

၁။ အပိုကုန်ကျစရိတ် များတတ်ပါတယ်

သုံးကောင်းလို့သုံးနေရင်း တစ်ရက်၊ တစ်ပတ်၊ တစ်လ အစရှိတဲ့ ကာလအတွင်း ဘယ်လောက်ကုန်တယ်ဆိုတာ ကို သတိမပြုမိကြတော့ပါဘူး။ အမှန်တော့ ဒီကုန်ကျစရိတ်ဟာ စိတ်အလိုလိုက်လို့ ကုန်ကျတဲ့ အသုံးစရိတ်ပါ။ သတိမပြုမိရင်တော့ တစ်သက်လုံး ဝင်ငွေနဲ့ ထွက်ငွေ မမျှတဲ့ဒုက္ခကို ခံရမှာပါ။…

၂။ လူမှုဆက်ဆံရေး ပျက်ကွက်တတ်ပါတယ်

သိချင်တာ အားလုံးနီးပါး အင်တာနက်မှာ ရှာတွေ့နိုင်လို့ ဒီမှာပဲ ပျော်မွေ့နေရင်းနဲ့ ပေါင်းသင်းဆက်ဆံရေးကို အလေးမထားမိတဲ့သာကတွေလည်း အများကြီးပါ။

ဒီလိုအဖြစ်များရင် ပျက်ကွက်တာတွေများလာလို့ ကိုယ့်ကို ဆက်ဆံရေးမကောင်းဘူးလို့ မြင်လာနိုင်တာကြောင့် လူမှုဆက်ဆံရေး ပျက်ကွက်သူလို့ ယူဆလာကြပြီး အပေါင်းအသင်း နဲလာတတ်ပါတယ်။ ဒီလိုမဖြစ်အောင် သတိပြုပါ။…

၃။ ကျန်းမာရေးထိခိုက်စေပါတယ်

အရင်က စိတ်အပန်းပြေအောင် ခရီးထွက်ကြပါတယ်။ အခုတော့ အကုန်အကျများလို့ သက်သာတာကိုရှာ ရင်း တွေ့လာတာက အင်တာနက်ပါ။ ဒီမှာပဲ အချိန်တော်တော်များများ ကုန်ဆုံးပြီး ထမင်းမေ့၊ ဟင်းမေ့ ဖြစ်လာ တတ်ပါတယ်။

online game ကစားတာကလည်း ပိုဆိုးတဲ့ အချက်ပါ။ လှုပ်ရှားမှုနည်းပြီး အစားအသောက်မမှန် ဖြစ်လာရင် ကျန်းမာရေး ထိခိုက်လာမှာ မလွဲမသွေပါ။…

၄။ ကိုယ်ရေးကိုယ်တာအချက်အလက်တွေ ပေါက်ကြားတတ်လို့ လုံခြုံမှုမရှိပါ

အင်တာနက်ဟာ စိတ်ထွက်ပေါက်ပေးဖို့ အကောင်းဆုံးနေရာတစ်ခု ဖြစ်လာပါတယ်။ ဒါကြောင့် အကောင်း၊ အဆိုး ခံစားချက်နှစ်မျိုးလုံးကို စိတ်အလိုလိုက်ပြီး ရေးသား ဖော်ပြတတ်တာကြောင့် ကိုယ့်အကြောင်းကို မဆိုင် တဲ့သူတွေပါ အလွယ်တကူ သိသွားနိုင်ပါတယ်။

ရေရှည်မှာ အန္တရာယ်ရှိပါတယ်။…

၅။ ညစ်ညမ်းရုပ်ရှင်နဲ့ စာပေတွေ အလွယ်တကူ ရှာဖွေတွေ့နိုင်လို့ စာရိတ္တ ပျက်တတ်ပါတယ်

အင်တာနက်သုံးခြင်း အကြီးမားဆုံးဆိုးကျိုးတစ်ခုဖြစ်ပါတယ်။ ညစ်ညမ်းရုပ်ရှင်စာပေတွေဟာ အရွယ်မရောက် သေးတဲ့သူတွေ လမ်းမှားရောက်နိုင်သလို အရွယ်ရောက်သူတွေကိုလည်း မကောင်းမှုကျူးလွန်အောင် တွန်းအားပေးတတ်ပါတယ်။

နောက်ဆက်တွဲဆိုးကျိုးတွေက မမှန်းဆနိုင်လောက်အောင် များလှပါတယ်။…

၆။ ထင်ယောင်ထင်မှား ဖြစ်အောင် အလှည့်စားခံရနိုင်ပါတယ်

ကျောင်းသူ၊ ကျောင်းသားတွေနဲ့ လူငယ်အတော်များများကို အင်တာနက်မှာ အလွယ်တကူ လိမ်လို့ရပါတယ်။ ဒီထဲမှာ တစ်ချို့လူကြီးတွေလည်း ပါဝင်ပါတယ်။ မက်လုံးပေး၊ လောဘတက်အောင်လုပ်ပြီး ဒီအားနည်းချက်ကို အသုံးချပြီး လိုသလို လှည့်စားတတ်ကြပါတယ်။ အကျိုးဆက်က ကောင်းကွက်တစ်ခုမှ မရှိနိုင်ပါဘူး။…

၇။ အသုံးများရင် မူးယစ်ဆေးလို စွဲလမ်းတတ်ပါတယ်

အင်တာနက်က လူတော်တော်များများကို မူးယစ်ဆေးလိုစွဲလမ်း တတ်ပါတယ်။ အထူးသဖြင့် လူမှုကွန်ယက်ကို အားပါးတရ သုံးတတ်လာလို့ အရေးကြီးတဲ့ တခြားကိစ္စတွေကို မျက်ကွယ်ပြုထားမိကြပါတယ်။ မသုံးမနေရ ဖြစ်လာတာကိုလည်း သတိမပြုမိကြတော့ပါဘူး။…

၈။ တိုက်ရိုက် ထိတွေ့ပြောဆိုဆက်ဆံတာမဟုတ်လို့ နားလည်မှု လွဲတတ်ပါတယ်

အင်တာနက်ပေါ်မှာ ပြောလိုက်တဲ့စကားလုံးတစ်ခွန်းကို အဓိပ္ပါယ်ကောက်လွဲလို့ မှန်မှန်ကန်ကန် နားလည်လာ ဖို့ ခက်ပါတယ်။ ဒါကိုလည်း အင်တာနက်မှာပဲ ထပ်ပြီး ရှင်းပြနေရင် ရှင်းလေ ရှုပ်လေ ဖြစ်လာပြီး သူငယ်ချင်း၊ မိတ်ဆွေအဆင့်ကနေ ရန်သူလို ဖြစ်သွားတဲ့သာဓကတွေ အများကြီးပါ။

ဒီကြားထဲ ဝိုင်းပြီး မကောင်းတဲ့ အကြံ ဉာဏ်ပေးတဲ့သူတွေကြောင့် ပိုဆိုးသွားတတ်ပါတယ်။ ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် မျက်နှာချင်းဆိုင် ပြောဆိုဆက်ဆံတာက အကောင်းဆုံးနည်းလမ်းပါ။…

Unicode ချယ်ရီ

Current

Leave a Reply

Your email address will not be published. Required fields are marked *