လုပ်ငန်းတွေပိုမိုတွင်ကျယ်စေဖို့ တစ်နေ့တာ အချိန်စီမံခန့်ခွဲနည်း

#POINT #PointYouthPlatform

၁။ ကိုယ့်လုပ်ငန်းဆောင်တာကဘာလဲ ၊ စီမံခန့်ခွဲရမှာလား ၊ ပြုလုပ်ဖန်တီးရမှာလား ။

ကိုယ်က ဘယ်လိုတာဝန်တွေယူထားသလဲဆိုတာကို ကိုယ်သတိထားမိဖို့က အရေးကြီးပါတယ်။ စီမံခန့်ခွဲသူတစ်ယောက်ဆိုရင်တော့ အချိန်ပေးရတဲ့ အစည်းအဝေးတွေနဲ့ ပြည့်နေမှာဖြစ်ပြီး တခြားသော တွေ့ဆုံမှုတွေအတွက်လည်း အချိန်လွတ်တွေကို စီမံဖို့လိုပါတယ်။

ကိုယ့်လုပ်ငန်းဟာ ပရိုဂရမ်မာ၊ စာရေးဆရာ၊ ဂရပ်ဖစ် ဒီဇိုင်နာလိုမျိုး ပြုလုပ်ဖန်တီးရတဲ့အရာမျိုးဖြစ်မယ်ဆိုရင်တော့ ကိုယ့်လုပ်ငန်းအများစုဟာ နေ့တစ်ဝက် ဒါမှမဟုတ်လည်း တစ်နေ့လုံးနီးပါးလောက် ကြာတတ်တာမျိုးဖြစ်လို့ အဲ့အချိန်တွေအတွက် ဘယ်လို စီစဉ်မလဲဆိုတာကို အာရုံစိုက်သင့်ပါတယ်။

၂။ ကိုယ့်အချိန်တွေ ဘယ်လိုကုန်သလဲဆိုတာကို သတိပြုပါ ။

တကယ်လို့ကိုယ်ဟာ တစ်နေ့တစ်နေ့ကို ကိုယ့်အချိန်တွေ ဘယ်လိုကုန်ဆုံးသလဲဆိုတာကို သတိမထားမိဘူးဆိုရင် ပိုမိုလုပ်ငန်းတွင်ကျယ်ဖို့အတွက် ဘယ်အချိန်တွေကို လျှော့ချလုပ်ဆောင်ရမလဲဆိုတာကို ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။ တစ်ရက်လောက်စမ်းပြီး ကိုယ့်တစ်နေ့တာအချိန်တွေ ဘယ်လိုကုန်ဆုံးသလဲဆိုတာကို သတိထားကြည့်ပါ။ ဒါဆိုရင် မလိုအပ်ဘဲဖြုန်းတီးမိတဲ့ အချိန်တွေကို ဘယ်လိုလျှော့ချရမလဲဆိုတဲ့နည်းလမ်းကို အလွယ်တကူရှာတွေ့ပါလိမ့်မယ်။ လုပ်ငန်းပိုတွင်ကျယ်အောင် အချိန်တွေကို ပိုစီမံခန့်ခွဲလာနိုင်တာပေါ့။

၃။ ဘယ်ဟာက အရေးကြီးတာလဲ၊ ဘယ်ဟာက အရေးမကြီးတာလဲ ။

ကိုယ့်ရဲ့လုပ်ဆောင်ရမယ့်စာရင်းကို ကြည့်လိုက်တာနဲ့ ဘယ်ဟာတွေကတော့ ချက်ခြင်းလုပ်ဆောင်ရမယ် နောက်ရွှေ့လို့မရဘူးဆိုတာကို တွေ့နိုင်ပါတယ်။ နည်းလမ်းကတော့ အလုပ်ကို အစု (၄) ခုခွဲလိုက်တာပါ။
ချက်ခြင်းလုပ်ဖို့လိုတဲ့အလုပ်၊ ချက်ခြင်းလုပ်ဖို့မလိုတဲ့အလုပ်၊ အရေးကြီးသောအလုပ်နဲ့ အရေးမကြီးသောအလုပ် ဖြစ်ပါတယ်။

အရေးလည်းကြီးပြီး ချက်ခြင်းလုပ်ဖို့လိုတဲ့အလုပ်တွေကို ယခုပဲ လုပ်ဆောင်လိုက်ပါ။
အရေးတော့ကြီးပါတယ် ချက်ခြင်းလုပ်ဖို့မလိုတဲ့အလုပ်တွေကိုတော့ နောက်ရွေ့ခြင်းတွေ အချိန်ဆွဲခြင်းတွေကို တတ်နိုင်သမျှလျော့ချလိုက်ပါ။ Deadline ကတော့ ရောက်ဦးမှာမဟုတ်ဘူး ဒါပေမယ့်လုပ်ဖို့ထားတဲ့ အချိန်ဇယားကို ဆွဲထားပါ။
ယခုချက်ခြင်းလုပ်ဖို့တော့လိုအပ်တယ် ဒါပေမယ့် အရေးမကြီးတဲ့အလုပ်တွေကိုတော့ ခွဲပေးလိုက်ပါ။ ကိုယ့်အစား ဘယ်သူတွေလုပ်ပေးနိုင်သလဲဆိုတာကို စဉ်းစားပါ။
အရေးလည်းမကြီးဘူး၊ ချက်ခြင်းလည်းလုပ်စရာမလိုတဲ့ အလုပ်တွေကိုတော့ သင့်အချိန်ဇယားထဲက ဖယ်ထုတ်လိုက်ပါ။

၄။ လုပ်ရမယ့်စာရင်းတွေကို မှတ်ထားပါ။

တကယ်လို့ ကိုယ်က ဒီနေ့လုပ်ရမယ့်အရာ (၃) ခုရှိတယ်ဆိုရင် ဒါတွေက ဘာတွေဖြစ်မလဲ။ အဲ့ဒါတွေကို အတိုချုံးရေးပြီး လုပ်ရမယ့်စာရင်းထဲမှာ မှတ်ထားလိုက်ပါ။ ပြီးတော့ အဲ့ဒါတွေကို အာရုံစိုက်ပြီး ကျန်တဲ့အချိန်တွေမှာလုပ်ဆောင်ပါ။ အဲ့လို လုပ်ရမယ့်စာရင်းတွေကို မှတ်သားထားတာက ကိုယ့်ရဲ့တစ်နေ့တာမှာ ဘာတွေကို အာရုံစိုက်ရမယ်ဆိုတာကို သိသာစေသလို ကိုယ့်ခေါင်းထဲက အရေးမပါသော ကိစ္စတွေကိုလည်း ဖယ်ရှားပေးပါတယ်။

၅။ Social Media မှာ အချိန်ဖြုန်းနေမှုတွေကို ရပ်တန့်ပါ ။

စီးပွားရေးတစ်ခု အောင်မြင်ဖို့ ဆက်လက်ရပ်တည်ဖို့အတွက် Social Media ကအရေးပါတဲ့နေရာမှာရှိပါတယ် ဒါပေမယ့်လည်း အဲ့ Social Media တွေရဲ့ ထိန်းချုပ်မှုတွေကိုတော့ မခံမိစေရန် သတိပြုပါ။ ဒါတွေကပဲ ကိုယ့်ကို Social Media တွေမှာ အချိန်အများကြီးဖြုန်းမိစေနိုင်ပါတယ်။ ဒါ့ကြောင့် Facebook ဖြစ်စေ တခြားသော Social Media တွေအသုံးပြုမယ်ဆို စတင်သုံးသည့်အချိန်ကို မှတ်သားထားကာ အချိန်အကန့်အသတ်တစ်ခုထားသုံးခြင်းအားဖြင့် Social Media တွေရဲ့ လွှမ်းမိုးနိုင်မှုကို တားဆီးနိုင်စေပါလိမ့်မယ်။

အပေါ်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေ၊ လုပ်ဆောင်မှုတွေကို လိုက်နာခြင်းအားဖြင့် အချိန်နည်းနည်းနဲ့ အလုပ်များများပိုတွင်ကျယ်လာစေမှာဖြစ်ပြီး ကိုယ့်အပေါ်မှာ မလိုအပ်ဘဲကျရောက်နေသော ဖိအားတွေကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ အချိန်ပိုတွေရှိလာမှာဖြစ်သလို အဲ့အချိန်တွေမှာလည်း ကိုယ်ချစ်မြတ်နိုးသောအရာတွေကို လုပ်ကိုင်ဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်

Writer & Translator : Thiha Aung

*** Unicode ***

#POINT #PointYouthPlatform

၁။ ကိုယ့်လုပ်ငန်းဆောင်တာကဘာလဲ ၊ စီမံခန့်ခွဲရမှာလား ၊ ပြုလုပ်ဖန်တီးရမှာလား ။

ကိုယ်က ဘယ်လိုတာဝန်တွေယူထားသလဲဆိုတာကို ကိုယ်သတိထားမိဖို့က အရေးကြီးပါတယ်။ စီမံခန့်ခွဲသူတစ်ယောက်ဆိုရင်တော့ အချိန်ပေးရတဲ့ အစည်းအဝေးတွေနဲ့ ပြည့်နေမှာဖြစ်ပြီး တခြားသော တွေ့ဆုံမှုတွေအတွက်လည်း အချိန်လွတ်တွေကို စီမံဖို့လိုပါတယ်။

ကိုယ့်လုပ်ငန်းဟာ ပရိုဂရမ်မာ၊ စာရေးဆရာ၊ ဂရပ်ဖစ် ဒီဇိုင်နာလိုမျိုး ပြုလုပ်ဖန်တီးရတဲ့အရာမျိုးဖြစ်မယ်ဆိုရင်တော့ ကိုယ့်လုပ်ငန်းအများစုဟာ နေ့တစ်ဝက် ဒါမှမဟုတ်လည်း တစ်နေ့လုံးနီးပါးလောက် ကြာတတ်တာမျိုးဖြစ်လို့ အဲ့အချိန်တွေအတွက် ဘယ်လို စီစဉ်မလဲဆိုတာကို အာရုံစိုက်သင့်ပါတယ်။

၂။ ကိုယ့်အချိန်တွေ ဘယ်လိုကုန်သလဲဆိုတာကို သတိပြုပါ ။

တကယ်လို့ကိုယ်ဟာ တစ်နေ့တစ်နေ့ကို ကိုယ့်အချိန်တွေ ဘယ်လိုကုန်ဆုံးသလဲဆိုတာကို သတိမထားမိဘူးဆိုရင် ပိုမိုလုပ်ငန်းတွင်ကျယ်ဖို့အတွက် ဘယ်အချိန်တွေကို လျှော့ချလုပ်ဆောင်ရမလဲဆိုတာကို ဘယ်တော့မှ သိမှာမဟုတ်ပါဘူး။

တစ်ရက်လောက်စမ်းပြီး ကိုယ့်တစ်နေ့တာအချိန်တွေ ဘယ်လိုကုန်ဆုံးသလဲဆိုတာကို သတိထားကြည့်ပါ။ ဒါဆိုရင် မလိုအပ်ဘဲဖြုန်းတီးမိတဲ့ အချိန်တွေကို ဘယ်လိုလျှော့ချရမလဲဆိုတဲ့နည်းလမ်းကို အလွယ်တကူရှာတွေ့ပါလိမ့်မယ်။ လုပ်ငန်းပိုတွင်ကျယ်အောင် အချိန်တွေကို ပိုစီမံခန့်ခွဲလာနိုင်တာပေါ့။

၃။ ဘယ်ဟာက အရေးကြီးတာလဲ၊ ဘယ်ဟာက အရေးမကြီးတာလဲ ။

ကိုယ့်ရဲ့လုပ်ဆောင်ရမယ့်စာရင်းကို ကြည့်လိုက်တာနဲ့ ဘယ်ဟာတွေကတော့ ချက်ခြင်းလုပ်ဆောင်ရမယ် နောက်ရှွေ့လို့မရဘူးဆိုတာကို တွေ့နိုင်ပါတယ်။ နည်းလမ်းကတော့ အလုပ်ကို အစု (၄) ခုခွဲလိုက်တာပါ။

ချက်ခြင်းလုပ်ဖို့လိုတဲ့အလုပ်၊ ချက်ခြင်းလုပ်ဖို့မလိုတဲ့အလုပ်၊ အရေးကြီးသောအလုပ်နဲ့ အရေးမကြီးသောအလုပ် ဖြစ်ပါတယ်။အရေးလည်းကြီးပြီး ချက်ခြင်းလုပ်ဖို့လိုတဲ့အလုပ်တွေကို ယခုပဲ လုပ်ဆောင်လိုက်ပါ။

အရေးတော့ကြီးပါတယ် ချက်ခြင်းလုပ်ဖို့မလိုတဲ့အလုပ်တွေကိုတော့ နောက်ရွေ့ခြင်းတွေ အချိန်ဆွဲခြင်းတွေကို တတ်နိုင်သမျှလျော့ချလိုက်ပါ။ Deadline ကတော့ ရောက်ဦးမှာမဟုတ်ဘူး ဒါပေမယ့်လုပ်ဖို့ထားတဲ့ အချိန်ဇယားကို ဆွဲထားပါ။

ယခုချက်ခြင်းလုပ်ဖို့တော့လိုအပ်တယ် ဒါပေမယ့် အရေးမကြီးတဲ့အလုပ်တွေကိုတော့ ခွဲပေးလိုက်ပါ။ ကိုယ့်အစား ဘယ်သူတွေလုပ်ပေးနိုင်သလဲဆိုတာကို စဉ်းစားပါ။အရေးလည်းမကြီးဘူး၊ ချက်ခြင်းလည်းလုပ်စရာမလိုတဲ့ အလုပ်တွေကိုတော့ သင့်အချိန်ဇယားထဲက ဖယ်ထုတ်လိုက်ပါ။

၄။ လုပ်ရမယ့်စာရင်းတွေကို မှတ်ထားပါ။

တကယ်လို့ ကိုယ်က ဒီနေ့လုပ်ရမယ့်အရာ (၃) ခုရှိတယ်ဆိုရင် ဒါတွေက ဘာတွေဖြစ်မလဲ။ အဲ့ဒါတွေကို အတိုချုံးရေးပြီး လုပ်ရမယ့်စာရင်းထဲမှာ မှတ်ထားလိုက်ပါ။

ပြီးတော့ အဲ့ဒါတွေကို အာရုံစိုက်ပြီး ကျန်တဲ့အချိန်တွေမှာလုပ်ဆောင်ပါ။ အဲ့လို လုပ်ရမယ့်စာရင်းတွေကို မှတ်သားထားတာက ကိုယ့်ရဲ့တစ်နေ့တာမှာ ဘာတွေကို အာရုံစိုက်ရမယ်ဆိုတာကို သိသာစေသလို ကိုယ့်ခေါင်းထဲက အရေးမပါသော ကိစ္စတွေကိုလည်း ဖယ်ရှားပေးပါတယ်။၅။ Social Media မှာ အချိန်ဖြုန်းနေမှုတွေကို ရပ်တန့်ပါ ။

စီးပွားရေးတစ်ခု အောင်မြင်ဖို့ ဆက်လက်ရပ်တည်ဖို့အတွက် Social Media ကအရေးပါတဲ့နေရာမှာရှိပါတယ် ဒါပေမယ့်လည်း အဲ့ Social Media တွေရဲ့ ထိန်းချုပ်မှုတွေကိုတော့ မခံမိစေရန် သတိပြုပါ။

ဒါတွေကပဲ ကိုယ့်ကို Social Media တွေမှာ အချိန်အများကြီးဖြုန်းမိစေနိုင်ပါတယ်။ ဒါ့ကြောင့် Facebook ဖြစ်စေ တခြားသော Social Media တွေအသုံးပြုမယ်ဆို စတင်သုံးသည့်အချိန်ကို မှတ်သားထားကာ အချိန်အကန့်အသတ်တစ်ခုထားသုံးခြင်းအားဖြင့် Social Media တွေရဲ့ လွှမ်းမိုးနိုင်မှုကို တားဆီးနိုင်စေပါလိမ့်မယ်။

အပေါ်မှာဖော်ပြခဲ့တဲ့ နည်းလမ်းတွေ၊ လုပ်ဆောင်မှုတွေကို လိုက်နာခြင်းအားဖြင့် အချိန်နည်းနည်းနဲ့ အလုပ်များများပိုတွင်ကျယ်လာစေမှာဖြစ်ပြီး ကိုယ့်အပေါ်မှာ မလိုအပ်ဘဲကျရောက်နေသော ဖိအားတွေကိုလည်း လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။

အချိန်ပိုတွေရှိလာမှာဖြစ်သလို အဲ့အချိန်တွေမှာလည်း ကိုယ်ချစ်မြတ်နိုးသောအရာတွေကို လုပ်ကိုင်ဆောင်ရွက်လာနိုင်မှာဖြစ်ပါတယ်

Writer & Translator : Thiha Aung

Current

Leave a Reply

Your email address will not be published. Required fields are marked *