“မိုးရာသီရဲ့ ကောင်းကွက်များ”

*** Unicode ***

#POINT #PointYouthPlatform

မိုးရွာတဲ့နေ့ရက်တိုင်းက ကံဆိုးတာ၊ စိတ်ပျက်စရာကောင်းတာ မဟုတ်ပါဘူး။ တိမ်မည်းတွေကနေ မြေပြင်ပေါ် မိုးလေးဖွဲဖွဲအဖြစ် ရွာသွန်းလိုက်တဲ့အခါ၊ ကောင်းမွန်တဲ့အရာတွေ များစွာရှိပါတယ်။

ချွေးတွေထွက်တဲ့ ပူပြင်းတဲ့နေ့ရက်တွေ မရှိတော့တဲ့အပြင်၊ မိုးရွာတဲ့ရက်တွေ အိမ် ဒါမှမဟုတ် အားလပ်ရက်ခရီး အတွင်းမှာတောင် အတွေ့ကြုံကောင်းတွေ ခံစားရစေတဲ့ အကြောင်းရင်းများလည်း ရှိပါတယ်။

မိုးတွင်းမှာ ခရီးပဲသွားရမလား ဒါမှမဟုတ် အိပ်ယာထဲပဲလှဲ နေရမလားဆိုတဲ့ အကြောင်းရင်းတွေ ဖော်ပြပေးထားပါတယ်။

(၁) ပူနွေးတဲ့အစားအစာတွေ စားသောက်ပါ။

အပူချိန် လျော့နည်းသွားတဲ့အချိန်မှာ၊ ပူနွေးတဲ့ အစားစားတွေက ပိုပြီး ကောင်းမွန် အဆင်ပြေမှာဖြစ်ပါတယ်။ အရသာကောင်းတွေကို မြည်းစမ်းခွင့်ရမယ့်အပြင်၊ ဒီအစားသောက်တွေက ခန္ဓာကိုယ်ရဲ့ကျန်တဲ့အစိတ်ပိုင်းဆီကို အစာအိမ်ရဲ့ အတွင်းဘက်ဆုံးအပိုင်းကနေ လိုအပ်တဲ့ နွေးထွေးမှုကို ယူပေးပါလိမ့်မယ်။

မိုက်ခရိုဝေ့ဗ် မီးဖိုနဲ့ ပေါင်မုန့်မီးကင် စက်တွေနဲ့၊ခဏလောက် သရေစာကို အပူပေးထားပြီး ရိုးရှင်းတဲ့ ဟင်းခွက်တွေကို ရရှိနိုင်ပါတယ်။

(၂) သက်တောင့်သက်သာရှိပြီး၊ စတိုင်ကျတဲ့ အဝတ်အစားကို ဝတ်ပါ။

ဆောင်းရာသီအပြင်၊ မိုးရာသီကလည်း တစ်နှစ်လုံး ဗီရိုထဲမှာသိမ်းထားတဲ့ ခေတ်နဲ့ လျှော်ညီတဲ့ အနွေးထည်တွေကို ဝတ်ဆင်နိုင်ပါတယ်။ စွဲမက်ဖို့ကောင်းတဲ့ စွယ်တာအင်္ကျီတွေကို ဝတ်ဆင်ပြီး ရေလုံတဲ့ ဘွတ်ဖိနပ် ဒါမှမဟုတ် ရှူးဖိနပ် စီးကာ ဟန်ပါပါ စတိုင်ကျကျ လျှောက်လှမ်းနိုင်ပါတယ်။

လောကကြီး ထိုင်းမှိုင်းနေတာနဲ့ပဲ အဝတ်အစား အရောင်မှိုင်းမှိုင်းတွေ လိုက်ဝတ်ဖို့ မလိုပါဘူး။

(၃) ဟိုဟိုဒီဒီ လျှောက်သွားပါ။

အိ်မ်မှာကပ်နေမယ်ဆိုရင် အပြင်ဘက်မှာ သက်ဝင်လှုပ်ရှားနေတာကို ခံစားရမှာမဟုတ်ပါဘူး။ တစ်ရက်လောက်ဖြစ်ဖြစ်၊ တစ်ပတ်လောက်ဖြစ်ဖြစ် အိမ်မှုကိစ္စတွေကို ထားခဲ့ပါ။

အကောင်းဆုံးအဖြေကတော့ မနက်စောစောထပြီး၊ လမ်းလျှောက်ပါ။ အေးမြတဲ့မိုးရာသီမှာ လူတွေက အလုပ်ကို ပိုလုပ်နိုင်ကြပြီး၊ ပိုပြီး ဖန်တီးနိုင်စွမ်း ရှိကြပါတယ်။ ရာသီဥတုကြောင့်ပဲလား ၊ လုပ်စရာတွေကို သတ်မှတ်ထားလို့လား မသိပေမယ့်၊ အဲ့ဒိအချိန်အတွင်းမှာ ဟိုဟိုဒီဒီ သွားရတာ ပိုသဘောကျပါတယ်။

(၄) စိတ်လက်ပေါ့ပါးစေပါတယ်။

နေရောင်ခြည် မှိန်မှိန်လေးနဲ့ ပြတင်းပေါက်မှန်ချက်ပေါ်က မိုးရေစက်နဲ့အတူ၊ မိုးရွာတဲ့နေ့တွေထက် အိမ်မှာ အနားယူတာတာလောက် ပိုကောင်းတဲ့ ရက်မရှိပါဘူး။

ကိုယ်ခန္ဓာရဲ့ အပူချိန်လျော့ကျနေပြီး၊ အေးမြတဲ့ ရာသီဥတုနဲ့ တရွေ့ရွေ့ပြောင်းလဲနေတဲ့ တိမ်ရောင်စုံတွေက ကိုယ့်ရဲ့ စိတ်ခံစားမှုကို ခါတိုင်းထက်ပိုပြီး ခံစားမှုကောင်းစေမှာ ဖြစ်ပါတယ်။ အိမ်မှုကိစ္စတွေ ပြီးသွားရင်၊ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းစီးရီးကို ကြည့်ရှုခြင်း ဒါမှမဟုတ် တစ်မှေးအိပ်စက် အနားယူပါ။

(၅) ပတ်ဝန်းကျင် စိုစိုပြေပြေ ဖြစ်လာပါတယ်

ရေက လူသားတွေ၊ အပင်တွေနဲ့ သတ္တဝါတွေ သက်ရှိအားလုံးအတွက် ရင်းမြစ်ဖြစ်ပါတယ်။ မိုးရာသီအတွင်းမှာ အပင်တွေက စိမ်းလန်းလာပြီး သတ္တဝါတွေက ပိုပြီး သက်ဝင်လှုပ်ရှားလာပါတယ်။ ဥယျာဉ်မှုးတွေက သူတို့ရဲ့ ပန်းတွေနဲ့ တခြားအပင်တွေ ရေပြည့်ပြည့်ဝဝ စုပ်ယူနိုင်တဲ့အတွက် ကျေးဇူးတင်ကြပါတယ်။ မိုးတိတ်တဲ့အခါ၊ ဘေးပတ်လည်ကို အချိန်ယူ ကြည့်ပြီး၊ အကောင်းမွန်ဆုံး သစ်ရွက်လေးတွေ၊ ကျောက်မျက်နဲ့တူတဲ့ မိုးရေစက်လေးတွေ ဖုံးကွယ်ထားတဲ့ ပွင့်ဖတ်လေးတွေနဲ့ သဘာဝရဲ့ ကောင်းမွန်မှုကို တန်ဖိုးထားပါ။

Writer & Translator : Hsu Mi San

—————————————————————————————————————————–

#POINT #PointYouthPlatform

မိုးရွာတဲ့နေ့ရက်တိုင်းက ကံဆိုးတာ၊ စိတ်ပျက်စရာကောင်းတာ မဟုတ်ပါဘူး။ တိမ်မည်းတွေကနေ မြေပြင်ပေါ် မိုးလေးဖွဲဖွဲအဖြစ် ရွာသွန်းလိုက်တဲ့အခါ၊ ကောင်းမွန်တဲ့အရာတွေ များစွာရှိပါတယ်။ ချွေးတွေထွက်တဲ့ ပူပြင်းတဲ့နေ့ရက်တွေ မရှိတော့တဲ့အပြင်၊ မိုးရွာတဲ့ရက်တွေ အိမ် ဒါမှမဟုတ် အားလပ်ရက်ခရီး အတွင်းမှာတောင် အတွေ့ကြုံကောင်းတွေ ခံစားရစေတဲ့ အကြောင်းရင်းများလည်း ရှိပါတယ်။

မိုးတွင်းမှာ ခရီးပဲသွားရမလား ဒါမှမဟုတ် အိပ်ယာထဲပဲလှဲ နေရမလားဆိုတဲ့ အကြောင်းရင်းတွေ ဖော်ပြပေးထားပါတယ်။

(၁) ပူနွေးတဲ့အစားအစာတွေ စားသောက်ပါ။

အပူချိန် လျော့နည်းသွားတဲ့အချိန်မှာ၊ ပူနွေးတဲ့ အစားစားတွေက ပိုပြီး ကောင်းမွန် အဆင်ပြေမှာဖြစ်ပါတယ်။ အရသာကောင်းတွေကို မြည်းစမ်းခွင့်ရမယ့်အပြင်၊ ဒီအစားသောက်တွေက ခန္ဓာကိုယ်ရဲ့ကျန်တဲ့အစိတ်ပိုင်းဆီကို အစာအိမ်ရဲ့ အတွင်းဘက်ဆုံးအပိုင်းကနေ လိုအပ်တဲ့ နွေးထွေးမှုကို ယူပေးပါလိမ့်မယ်။ မိုက်ခရိုဝေ့ဗ် မီးဖိုနဲ့ ပေါင်မုန့်မီးကင် စက်တွေနဲ့၊ခဏလောက် သရေစာကို အပူပေးထားပြီး ရိုးရှင်းတဲ့ ဟင်းခွက်တွေကို ရရှိနိုင်ပါတယ်။

(၂) သက်တောင့်သက်သာရှိပြီး၊ စတိုင်ကျတဲ့ အဝတ်အစားကို ဝတ်ပါ။

ဆောင်းရာသီအပြင်၊ မိုးရာသီကလည်း တစ်နှစ်လုံး ဗီရိုထဲမှာသိမ်းထားတဲ့ ခေတ်နဲ့ လျှော်ညီတဲ့ အနွေးထည်တွေကို ဝတ်ဆင်နိုင်ပါတယ်။ စွဲမက်ဖို့ကောင်းတဲ့ စွယ်တာအင်္ကျီတွေကို ဝတ်ဆင်ပြီး ရေလုံတဲ့ ဘွတ်ဖိနပ် ဒါမှမဟုတ် ရှူးဖိနပ် စီးကာ ဟန်ပါပါ စတိုင်ကျကျ လျှောက်လှမ်းနိုင်ပါတယ်။ လောကကြီး ထိုင်းမှိုင်းနေတာနဲ့ပဲ အဝတ်အစား အရောင်မှိုင်းမှိုင်းတွေ လိုက်ဝတ်ဖို့ မလိုပါဘူး။

(၃) ဟိုဟိုဒီဒီ လျှောက်သွားပါ။

အိ်မ်မှာကပ်နေမယ်ဆိုရင် အပြင်ဘက်မှာ သက်ဝင်လှုပ်ရှားနေတာကို ခံစားရမှာမဟုတ်ပါဘူး။ တစ်ရက်လောက်ဖြစ်ဖြစ်၊ တစ်ပတ်လောက်ဖြစ်ဖြစ် အိမ်မှုကိစ္စတွေကို ထားခဲ့ပါ။ အကောင်းဆုံးအဖြေကတော့ မနက်စောစောထပြီး၊ လမ်းလျှောက်ပါ။ အေးမြတဲ့မိုးရာသီမှာ လူတွေက အလုပ်ကို ပိုလုပ်နိုင်ကြပြီး၊ ပိုပြီး ဖန်တီးနိုင်စွမ်း ရှိကြပါတယ်။ ရာသီဥတုကြောင့်ပဲလား ၊ လုပ်စရာတွေကို သတ်မှတ်ထားလို့လား မသိပေမယ့်၊ အဲ့ဒိအချိန်အတွင်းမှာ ဟိုဟိုဒီဒီ သွားရတာ ပိုသဘောကျပါတယ်။

(၄) စိတ်လက်ပေါ့ပါးစေပါတယ်။

နေရောင်ခြည် မှိန်မှိန်လေးနဲ့ ပြတင်းပေါက်မှန်ချက်ပေါ်က မိုးရေစက်နဲ့အတူ၊ မိုးရွာတဲ့နေ့တွေထက် အိမ်မှာ အနားယူတာတာလောက် ပိုကောင်းတဲ့ ရက်မရှိပါဘူး။ ကိုယ်ခန္ဓာရဲ့ အပူချိန်လျော့ကျနေပြီး၊ အေးမြတဲ့ ရာသီဥတုနဲ့ တရွေ့ရွေ့ပြောင်းလဲနေတဲ့ တိမ်ရောင်စုံတွေက ကိုယ့်ရဲ့ စိတ်ခံစားမှုကို ခါတိုင်းထက်ပိုပြီး ခံစားမှုကောင်းစေမှာ ဖြစ်ပါတယ်။ အိမ်မှုကိစ္စတွေ ပြီးသွားရင်၊ ကိုယ်ကြိုက်တဲ့ ဇာတ်လမ်းစီးရီးကို ကြည့်ရှုခြင်း ဒါမှမဟုတ် တစ်မှေးအိပ်စက် အနားယူပါ။

(၅) ပတ်ဝန်းကျင် စိုစိုပြေပြေ ဖြစ်လာပါတယ်

ရေက လူသားတွေ၊ အပင်တွေနဲ့ သတ္တဝါတွေ သက်ရှိအားလုံးအတွက် ရင်းမြစ်ဖြစ်ပါတယ်။ မိုးရာသီအတွင်းမှာ အပင်တွေက စိမ်းလန်းလာပြီး သတ္တဝါတွေက ပိုပြီး သက်ဝင်လှုပ်ရှားလာပါတယ်။ ဥယျာဉ်မှုးတွေက သူတို့ရဲ့ ပန်းတွေနဲ့ တခြားအပင်တွေ ရေပြည့်ပြည့်ဝဝ စုပ်ယူနိုင်တဲ့အတွက် ကျေးဇူးတင်ကြပါတယ်။ မိုးတိတ်တဲ့အခါ၊ ဘေးပတ်လည်ကို အချိန်ယူ ကြည့်ပြီး၊ အကောင်းမွန်ဆုံး သစ်ရွက်လေးတွေ၊ ကျောက်မျက်နဲ့တူတဲ့ မိုးရေစက်လေးတွေ ဖုံးကွယ်ထားတဲ့ ပွင့်ဖတ်လေးတွေနဲ့ သဘာဝရဲ့ ကောင်းမွန်မှုကို တန်ဖိုးထားပါ။

Writer & Translator : Hsu Mi San

 

Current

Leave a Reply

Your email address will not be published. Required fields are marked *