Steve Jobs နှင့် Bill Gates တို့အား အောင်မြင်စေသော အရေးပါတဲ့ စွမ်းရည်

#POINT#PointYouthPlatform

ယှဉ်ပြိုင်ဘက်တွေက ကိုယ့်ရဲ့ သက်မွေးလုပ်ငန်းတွေမှာ အရေးကြီးတဲ့ နေရာကနေ ရှိနေတတ်ပါတယ်။ Apple ကုမ္ပဏီ တွဲဖက်တည်ထောင်သူ စတိဗ့်ဂျော့ နဲ့ Microsoft ရဲ့ တွဲဖက်တည်ထောင်သူ ဘီလ်ဂိတ် တို့က အချက်အလက်တွေ အရည်အသွေးတွေ များစွာ မျှဝေခဲ့ပါတယ်။
“သူတို့က ရှေ့က ဦးဆောင်နေတာ အထင်ရှားပဲလေ၊ အတော် အရည်အချင်းရှိကြပါတယ်” လို့ Space X နဲ့ Tesla တည်ထောင်သူ Elon Musk က Autobild.tv နဲ့ အင်တာဗျူး တစ်ခုမှာ ပြောပါတယ်။
ဘယ်အရာတွေက အောင်မြင်တဲ့ကုမ္ပဏီ ဖြစ်အောင် အထောက်အကူဖြစ်စေလဲဆိုတော့ သူတို့ရဲ့ ထိပ်တန်း အရည်အချင်း ကို ဆွဲဆောင်နိ်ုင်စွမ်းနဲ့ ဝန်ထမ်းတွေကို သစ္စာရှိရှိ ဝင်ငွေရစေတာတို့ ဖြစ်ပါတယ် လို့ Muskက ပြောပါတယ်။
အရည်အချင်းရှိတဲ့ သူတွေကို စည်းရုံးနိုင်စွမ်းနဲ့ စိတ်လှုံ့ဆော်ပေးနိုင်စွမ်းက ကုမ္ပဏီအောင်မြင်ဖို့အတွက် တကယ်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီဆိုတာ ထုတ်ကုန်(သို့) ဝန်ဆောင်မှု တစ်ခုကို ဖန်တီးနိုင်စွမ်းရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားလို့ပဲ ဖြစ်တယ်၊ လူတွေက တစ်ခါတလေမှာ ဒီ အမှန်တရားကို မေ့နေတတ်ကြပါတယ်လို့ Musk က ရှင်းပြပါတယ်။
သင့် ကုမ္ပဏီကို အရည်အချင်းရှိတဲ့သူတွေ ပူးပေါင်းအောင်၊ တူညီတဲ့ ပန်းတိုင်တစ်ခုဆီကို အတူတူ အလုပ်လုပ်အောင် စွမ်းဆောင်နိုင်တယ်ဆိုရင်၊ တကယ်ကောင်းမွန်တဲ့ ထုတ်ကုန် (သို့) ရလဒ်တစ်ခု ရရှိမှာ ဖြစ်ပါတယ်။ အရည်သွေးကောင်းတဲ့ ထုတ်ကုန်က ဝယ်သူတွေကို ဆွဲဆောင်ပါလိမ့်မယ်။ ဝယ်သူတွေ သင့်ဆီမှာ များလာလေ၊ ကုမ္ပဏီက ပိုပြီးအောင်မြင်လာလေ ဖြစ်ပါတယ်လို့ Musk က ထပ်ပြောပါတယ်။
ဒီနည်းက ရိုးရှင်းတယ် ထင်ရပေမယ့်၊ ဘာကြောင့် ကုမ္ပဏီတွေက လူသစ်တွေ ငှားရမ်းဖို့ မက်လုံးတွေ ပေးပြီး နည်းဗျူဟာ အမျိုးမျိုးနဲ့ ဆွဲဆောင်ကြလဲ၊ ထိပ်တန်း အရည်အချင်းရှိသူတွေကို ဘာကြောင့် ငှားရမ်းကြလဲဆိုတာ စိန်ခေါ်မှုတွေ ဖြစ်နေဆဲဖြစ်ပါတယ်။ နှစ်များစွာ ကြာအောင်၊ ဒီမက်လုံးတွေက ငွေကြေးအကုန်အကျခံကာ တိုးချဲ့လာခဲ့ကာ၊ အကျိုးခံစားခွင့်တွေလည်း များပြားလာပါတယ်။ နေ့လယ်စာ ကျွေးတာ၊ အထူးသဖြင့် နည်းပညာအပိုင်းတွေမှာ အရည်အချင်းရှိသူတွေ ရှားပါးတဲ့အတွက် ဒီလိုမျိုး မက်လုံးတွေ ပေးလာကြပါတယ်။
Microsoft ဝန်ထမ်းတွေဟာ ကိုယ်ခန္ဓာ အလှပြုပြင်ရေး၊ အိမ်မွေးသတ္တဝါတွေရဲ့ ကျန်းမားရေး အာမခံချက်တွေနဲ့ အလုပ်အသွားအပြန်အတွက် ယာဉ်တွေ အကျိုးခံစားခွင့် ရှိကြပါတယ်။ Apple ကုမ္ပဏီကတော့ ကုမ္ပဏီထုတ်ကုန်တွေကို လျှော့ဈေးရောင်းချပေးတာအပြင်၊ Apple ကုမ္ပဏီရုံးချုပ်ဆိုက်ရာ ကယ်လီဖိုးနီးယား၊ ကျူပါတီနို မှာ လူမှုဖူလုံရေး စင်တာ ဖွင့်လှစ်ကာ ကျန်းမာရေးအစောင့်ရှောက်တွေ ရရှိပါတယ်။
ဒီအကျိုးအမြတ်တွေက မျက်နှာသာပေးတယ် ထင်ရပေမဲ့၊ ရလဒ်ကတော့ သူတို့အတွက် စကားပြောပါတယ်။ Microsoft နဲ့ Apple ကုမ္ပဏီတို့ နှစ်ခုဟာ အလုပ်ရှာဖွေသူတွေ အလုပ်လုပ်ချင်တဲ့နေရာ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။
ဒါပေမယ့် ကုမ္ပဏီတွေက ထိပ်တန်းစွမ်းဆောင်ရှင်တွေကို ခန့်အပ်ဖို့နဲ့ မြဲနေစေဖို့ အခမဲ့ ရပိုင်ခွင့်တွေကို လိုအပ်တာထက် ပိုထောက်ပံ့ပေးကြပါတယ်။ အဖွဲ့အစည်း ကျွမ်းကျင်သူတွေရဲ့ စစ်တမ်းတွေအရ၊ ကုမ္ပဏီအတွက် သူတို့အမြင်ကို အကြံပေးရတာ နှစ်သက်တဲ့ ဝန်ထမ်းတွေက တခြား အရည်အချင်းတူ ဝန်ထမ်းတွေထက်ပိုပြီး ကုန်ထုတ်စွမ်းအား မြင့်မားကြပါတယ်။
Microsoftရဲ့ အစောပိုင်းနှစ်များမှာ၊ ၂၀ဝ၃ခုနှစ်မှာ ကုမ္ပဏီက တရားဝင်ဖွင့်လှစ်တဲ့အခါ၊ “Microsoft သန်းကြွယ်သူဋ္ဌေးများ” ဖန်တီးထားတဲ့ ကုန်ပစ္စည်းအကြံဉာဏ်များကို ဝန်ထမ်းများအားလုံးအား ဆုချခဲ့ပါတယ်။

*** Unicode ***

#POINT#PointYouthPlatform

ယှဉ်ပြိုင်ဘက်တွေက ကိုယ့်ရဲ့ သက်မွေးလုပ်ငန်းတွေမှာ အရေးကြီးတဲ့ နေရာကနေ ရှိနေတတ်ပါတယ်။ Apple ကုမ္ပဏီ တွဲဖက်တည်ထောင်သူ စတိဗ့်ဂျော့ နဲ့ Microsoft ရဲ့ တွဲဖက်တည်ထောင်သူ ဘီလ်ဂိတ် တို့က အချက်အလက်တွေ အရည်အသွေးတွေ များစွာ မျှဝေခဲ့ပါတယ်။

“သူတို့က ရှေ့က ဦးဆောင်နေတာ အထင်ရှားပဲလေ၊ အတော် အရည်အချင်းရှိကြပါတယ်” လို့ Space X နဲ့ Tesla တည်ထောင်သူ Elon Musk က Autobild.tv နဲ့ အင်တာဗျူး တစ်ခုမှာ ပြောပါတယ်။ဘယ်အရာတွေက အောင်မြင်တဲ့ကုမ္ပဏီ ဖြစ်အောင် အထောက်အကူဖြစ်စေလဲဆိုတော့ သူတို့ရဲ့ ထိပ်တန်း အရည်အချင်း ကို ဆွဲဆောင်နို်င်စွမ်းနဲ့ ဝန်ထမ်းတွေကို သစ္စာရှိရှိ ဝင်ငွေရစေတာတို့ ဖြစ်ပါတယ် လို့ Muskက ပြောပါတယ်။

အရည်အချင်းရှိတဲ့ သူတွေကို စည်းရုံးနိုင်စွမ်းနဲ့ စိတ်လှုံ့ဆော်ပေးနိုင်စွမ်းက ကုမ္ပဏီအောင်မြင်ဖို့အတွက် တကယ်ကို အရေးကြီးပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကုမ္ပဏီဆိုတာ ထုတ်ကုန်(သို့) ဝန်ဆောင်မှု တစ်ခုကို ဖန်တီးနိုင်စွမ်းရှိတဲ့ လူတွေနဲ့ ဖွဲ့စည်းထားလို့ပဲ ဖြစ်တယ်၊ လူတွေက တစ်ခါတလေမှာ ဒီ အမှန်တရားကို မေ့နေတတ်ကြပါတယ်လို့ Musk က ရှင်းပြပါတယ်။

သင့် ကုမ္ပဏီကို အရည်အချင်းရှိတဲ့သူတွေ ပူးပေါင်းအောင်၊ တူညီတဲ့ ပန်းတိုင်တစ်ခုဆီကို အတူတူ အလုပ်လုပ်အောင် စွမ်းဆောင်နိုင်တယ်ဆိုရင်၊ တကယ်ကောင်းမွန်တဲ့ ထုတ်ကုန် (သို့) ရလဒ်တစ်ခု ရရှိမှာ ဖြစ်ပါတယ်။ အရည်သွေးကောင်းတဲ့ ထုတ်ကုန်က ဝယ်သူတွေကို ဆွဲဆောင်ပါလိမ့်မယ်။ ဝယ်သူတွေ သင့်ဆီမှာ များလာလေ၊ ကုမ္ပဏီက ပိုပြီးအောင်မြင်လာလေ ဖြစ်ပါတယ်လို့ Musk က ထပ်ပြောပါတယ်။

ဒီနည်းက ရိုးရှင်းတယ် ထင်ရပေမယ့်၊ ဘာကြောင့် ကုမ္ပဏီတွေက လူသစ်တွေ ငှားရမ်းဖို့ မက်လုံးတွေ ပေးပြီး နည်းဗျူဟာ အမျိုးမျိုးနဲ့ ဆွဲဆောင်ကြလဲ၊ ထိပ်တန်း အရည်အချင်းရှိသူတွေကို ဘာကြောင့် ငှားရမ်းကြလဲဆိုတာ စိန်ခေါ်မှုတွေ ဖြစ်နေဆဲဖြစ်ပါတယ်။ နှစ်များစွာ ကြာအောင်၊ ဒီမက်လုံးတွေက ငွေကြေးအကုန်အကျခံကာ တိုးချဲ့လာခဲ့ကာ၊ အကျိုးခံစားခွင့်တွေလည်း များပြားလာပါတယ်။

နေ့လယ်စာ ကျွေးတာ၊ အထူးသဖြင့် နည်းပညာအပိုင်းတွေမှာ အရည်အချင်းရှိသူတွေ ရှားပါးတဲ့အတွက် ဒီလိုမျိုး မက်လုံးတွေ ပေးလာကြပါတယ်။Microsoft ဝန်ထမ်းတွေဟာ ကိုယ်ခန္ဓာ အလှပြုပြင်ရေး၊ အိမ်မွေးသတ္တဝါတွေရဲ့ ကျန်းမားရေး အာမခံချက်တွေနဲ့ အလုပ်အသွားအပြန်အတွက် ယာဉ်တွေ အကျိုးခံစားခွင့် ရှိကြပါတယ်။

Apple ကုမ္ပဏီကတော့ ကုမ္ပဏီထုတ်ကုန်တွေကို လျှော့ဈေးရောင်းချပေးတာအပြင်၊ Apple ကုမ္ပဏီရုံးချုပ်ဆိုက်ရာ ကယ်လီဖိုးနီးယား၊ ကျူပါတီနို မှာ လူမှုဖူလုံရေး စင်တာ ဖွင့်လှစ်ကာ ကျန်းမာရေးအစောင့်ရှောက်တွေ ရရှိပါတယ်။ဒီအကျိုးအမြတ်တွေက မျက်နှာသာပေးတယ် ထင်ရပေမဲ့၊ ရလဒ်ကတော့ သူတို့အတွက် စကားပြောပါတယ်။

Microsoft နဲ့ Apple ကုမ္ပဏီတို့ နှစ်ခုဟာ အလုပ်ရှာဖွေသူတွေ အလုပ်လုပ်ချင်တဲ့နေရာ စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ဒါပေမယ့် ကုမ္ပဏီတွေက ထိပ်တန်းစွမ်းဆောင်ရှင်တွေကို ခန့်အပ်ဖို့နဲ့ မြဲနေစေဖို့ အခမဲ့ ရပိုင်ခွင့်တွေကို လိုအပ်တာထက် ပိုထောက်ပံ့ပေးကြပါတယ်။

အဖွဲ့အစည်း ကျွမ်းကျင်သူတွေရဲ့ စစ်တမ်းတွေအရ၊ ကုမ္ပဏီအတွက် သူတို့အမြင်ကို အကြံပေးရတာ နှစ်သက်တဲ့ ဝန်ထမ်းတွေက တခြား အရည်အချင်းတူ ဝန်ထမ်းတွေထက်ပိုပြီး ကုန်ထုတ်စွမ်းအား မြင့်မားကြပါတယ်။Microsoftရဲ့ အစောပိုင်းနှစ်များမှာ၊ ၂ဝဝ၃ခုနှစ်မှာ ကုမ္ပဏီက တရားဝင်ဖွင့်လှစ်တဲ့အခါ၊ “Microsoft သန်းကြွယ်သူဋ္ဌေဌးများ” ဖန်တီးထားတဲ့ ကုန်ပစ္စည်းအကြံဉာဏ်များကို ဝန်ထမ်းများအားလုံးအား ဆုချခဲ့ပါတယ်။

Current

Leave a Reply

Your email address will not be published. Required fields are marked *