Single ဖြစ်ရခြင်းရဲ့ကောင်းကျိုး (၉) ချက်

#POINT #PointYouthPlatform

အချိန်အကြာကြီးတွဲလာရတဲ့ ချစ်သူတွေကြားမှာ စိတ်မချမ်းသာဖြစ်နေတတ်ကြပါတယ်။ ပွေ့ဖက်လို့ရမယ့် ချစ်သူတစ်ယောက်လောက် ရှိတာက ကောင်းပါတယ်။ ဒါပေမယ့် ချစ်သူစုံတွဲဆိုတာလဲ တစ်ခါတလေမှာ ဆိုးဆိုးဝါးဝါး အဆင်မပြေတာတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်ပြောတာကို မယုံဘူးဆိုရင် single ဖြစ်ရခြင်းရဲ့ ကောင်းကျိုးတွေကို စဉ်းစားကြည့်ပါ။
၁။ စိတ်ကူးတည့်ရာ ခရီးထွက်နိုင်ပါတယ်။
မင်းအိပ်ယာကနိုးထလာချိန်မှာ နိုင်ငံရပ်ခြားကို ပြောင်းရွေ့ဖို့ဆုံးဖြတ်လိုက်တဲ့အခါမှာ မင်းရဲ့ချစ်သူက ဘယ်လိုတုန့်ပြန်မယ်ထင်သလဲ။ Iceland က တောင်တန်းတွေပေါ်မှာ ကျောပိုးအိတ်တစ်လုံးနဲ့လျှောက်သွားနေမလား။ ဒါမှမဟုတ် အပူပိုင်းဒေသမှာ လျှောက်လည်မလား။ အဲ့ဒီဆုံးဖြတ်ချက်မှာ မင်းချစ်သူကို ထည့်တွက်မထားဘူးဆိုရင် သူတို့က သဘောမကျနိုင်လောက်ပါဘူး။ ဒါပေမယ့် single တွေက တုံ့ဆိုင်းမှုမရှိပဲ လွတ်လွတ်လပ်လပ် ခရီးသွားလို့ရနိုင်ပါတယ်။ မင်းကလူလေလူလွှင့်တစ်ယောက်ဆိုရင် single ဘဝက မင်းအတွက် ကောင်းနိုင်ပါတယ်။


၂။ ကြောက်စရာမလိုပဲ စိတ်ကစားလို့ရနိုင်ပါတယ်။
လူတိုင်းကsingle ဟုတ်ဟုတ် မဟုတ်ဟုတ် တစ်ခါတလေမှာ စိတ်ကစားတတ်ကြပါတယ်။ ဒီလိုစိတ်ကစားတာက သဘာဝဖြစ်တဲ့အတွက် အပြစ်ကင်းပါတယ်။ ဒါပေမယ့် single တစ်ယောက်က ချစ်သူရှိနေသူတစ်ယောက်ယောက်အပေါ်မှာ စိတ်ခံစားချက်တွေ ရှိနေမယ်ဆိုရင် နေရခက်တဲ့အခြေအနေတွေ ဖြစ်လာနိုင်ပါတယ်။ မရေရာတဲ့လက်တွဲဖော်တစ်ယောက်က ဒီလိုနေရခက်တဲ့ အခြေအနေတွေကို ဆိုးဝါးတဲ့ထိပ်တိုက်တွေ့ဆုံမှုတစ်ခုအဖြစ် မြန်မြန်ဆန်ဆန် ပြောင်းလဲပစ်နိုင်ပါတယ်။ မင်းကစိတ်ကစားတတ်ရင် single ဘဝက မင်းနဲ့ သင့်တော်ပါတယ်။
၃။ မင်းကိုယ်မင်း အကောင်းမွန်ဆုံး ဖြစ်အောင်နေနိုင်တယ်။
မင်းမှာ ချစ်သူရှိနေမယ်ဆိုရင် မင်းကိုယ်မင်း ကျေနပ်နေတတ်ပါတယ်။ UKက စစ်တမ်းတစ်ခုမှာ သုတေသနပညာရှင်တွေက ဖြေကြားသူတွေရဲ့၆၂ ရာခိုင်နှုန်းလောက်က ချစ်သူရပြီးတဲ့နောက်မှာ ၁၄ပေါင်လောက် ဝိတ်တက်လာတယ်ဆိုတာကို တွေ့ရှိခဲ့ရပါတယ်။ ဒီလိုဝိတ်တက်တာက ညဘက်တွေမှာ ဒိတ်လုပ်ကြတဲ့ အကျိုးဆက်ပဲဖြစ်ပါတယ်။ သူတို့ချစ်သူတွေ လုပ်လေ့ရှိတဲ့ အကြောင်းအရာကို မေးကြည့်တဲ့အခါမှာ ၃၀ ရာခိုင်နှုန်းလောက်က တီဗီကြည့်ဖို့ ရွေးချယ်ကြပြီး ၂၀ ရာခိုင်နှုန်းလောက်က အပြင်ထွက်စားဖို့ ရွေးချယ်ကြပါတယ်။ မင်းရဲ့စိတ်နဲ့ကိုယ်ကို ပိုတိုးတက်ကောင်းမွန်လာစေဖို့ အာရုံစိုက်ချင်တယ်ဆိုရင် single ဘဝက မင်းအတွက် အကောင်းဆုံးပါပဲ။


၄။ မင်းမှာ အချိန်တွေအများကြီးရှိနေနိုင်ပါတယ်။
အီစီကလီမက်ဆေ့တွေ အပြန်အလှန်ပို့တာက ပျော်စရာကောင်းပါတယ်။ ဒါပေမယ့် သာမန်စုံတွဲတစ်တွဲက သူတို့ဖုန်းနဲ့ အချိန်ဘယ်လောက်ကုန်နေကြလဲဆိုတာကို မင်းတွေးကြည့်နိုင်ရဲ့လား။ လူအများစုက ချက်ချင်းဆက်သွယ်လို့ မရနိုင်ကြဘူးလေ။ ဒါကြောင့် ဒီမက်ဆေ့နဲ့ ဖုန်းခေါ်ဆိုမှုတွေက တစ်နေ့ကို နာရီပေါင်းများစွာ ဆုံးရှုံးနိုင်ပါတယ်။ မင်းက ပိုပြီးလွတ်လွတ်လပ်လပ်နေတတ်တဲ့ လက်တွဲဖော်တစ်ယောက်ကို ရွေးချယ်နိုင်ပါတယ်။ ဒါပေမယ့် ဒီလိုလူမျိုးကို တွေ့ဖို့က ခက်ခဲတဲ့ တာဝန်တစ်ခုဖြစ်နိုင်ပါတယ်။ မင်းရဲ့အချိန်တွေကို ပိုကောင်းကောင်းမွန်မွန် အသုံးချချင်တယ်ဆိုရင် single ဘဝက အကောင်းဆုံးဖြစ်နိုင်ပါတယ်။
၅။ အေးအေးချမ်းချမ်းတိတ်တိတ်ဆိတ်ဆိတ်နဲ့ မင်းက အိပ်စက်နိုင်ပါတယ်။
ဝန်ခံရမယ်ဆိုရင် ကျွန်တော်က ပွေ့ဖက်ရတာကို တကယ့်ကို လွမ်းမိပါတယ်။ ကျွန်တော် single ဖြစ်နေတာ အတော်လေးကြာပါပြီ။ အဓိကက အချစ်ပါပဲ။ ဒါပေမယ့် တစ်ယောက်နဲ့တစ်ယောက် ထိတွေ့မှုမရှိတာက ကျွန်တော့်ကို နည်းနည်းလောက် ရူးသွပ်စေပါတယ်။ ကျွန်တော်ပြောချင်တဲ့ ဆိုလိုရင်းက တစ်ယောက်နဲ့တစ်ယောက် ပူးကပ်နေတာက ကောင်းပေမယ့် တခြားလူတစ်ယောက်ရဲ့ဘေးမှာ အိပ်စက်ရတာ အတော်လေးခက်ခဲပါတယ်။ အထူးသဖြင့် အဲ့ဒီလူက ဟောက်တတ်ရင်ပေါ့။ မင်းကအဲ့ဒီခံစားချက်ကို သိတယ်ဆိုရင် single ဘဝက အကောင်းဆုံးဖြစ်နိုင်ပါတယ်။
၆။ ကိုယ့်ကိုယ့်ကို ပိုပြီးအားကိုးတတ်လာတယ်။
မင်းလမ်းခွဲဖူးလား။ ဒါဆိုရင် လပေါင်းများစွာ ဘာမှမလုပ်နိုင်လောက်အောင် အသည်းကွဲဖူးလား။ အချစ်ဆိုတာ လှပမှုရော ဖျက်ဆီးနိုင်စွမ်းရော နှစ်ခုလုံးပါဝင်တဲ့ အားအင်တစ်ခုဖြစ်ပါတယ်။ အရူးအမူးဖြစ်နေတဲ့ ခံစားချက်တွေက မငြိမ်သက်နိုင်ပါဘူး။ ဒါပေမယ့် မင်းရဲ့အတွေးထဲမှာ သူ့တစ်ယောက်ထဲကိုပဲ တွေးမနေပါနဲ့။ ဘာလို့လဲဆိုတော့ ထာဝရလက်တွဲနိုင်တဲ့ ချစ်သူစုံတွဲဆိုတာ နည်းပါတယ်။ ဒီလိုစွန့်စားမှုတွေနဲ့ မင်းအဆင်မပြေဘူးဆိုရင် single ဘဝက အကောင်းမွန်ဆုံး ဖြစ်နိုင်ပါတယ်။


၇။ သူငယ်ချင်းတွေနဲ့လဲ အဆက်အသွယ်လုပ်လို့ရနိုင်ပါသေးတယ်။
မစိုးရိမ်ပါနဲ့ ငါတို့အဆက်အသွယ်လုပ်ပါ့မယ်။ ဒီစကားတွေက လက်ထပ်သွားတဲ့သူငယ်ချင်းတွေ ပြောလေ့ရှိတဲ့စကားတွေပါပဲ။ ဘယ်နှစ်ယောက်ကများ သူတို့စကားကို တည်ခဲ့ဖူးလဲ။ သိပ်တော့ မများဘူးဆိုတာ ကျွန်တော်ပြောရဲတယ်။ ဒါက အံ့အားသင့်စရာတော့ မဟုတ်ပါဘူး။ ဘာလို့လဲဆိုတော့ သူတို့ရဲ့အဓိကဘဝဆုံးဖြတ်ချက်တွေမှာ သူတို့လွတ်လပ်ချိန်တွေနဲ့ ကိုယ်ရေးကိုယ်တာတွေကို စွန့်လွှတ်ဖို့လိုအပ်လာပြီလေ။ မင်းမှာ လက်တွဲဖော်ရှိနေပြီး ကလေးတစ်ယောက်ပါရှိနေမယ်ဆိုရင်တော့ မင်းလုပ်ချင်တာတွေ လုပ်ဖို့ အချိန်သိပ်မရှိနိုင်ပါဘူး။ ဒီလိုမျိုးဖြစ်လာဖို့ မင်းအဆင်သင့်မဖြစ်သေးဘူးဆိုရင် single ဘဝက အကောင်းဆုံး ဖြစ်နိုင်ပါတယ်။
၈။ ဆိုးဝါးတဲ့လက်တွဲဖော်နဲ့အခြေချနေဖို့ကို ရှောင်ရှားနိုင်ပါတယ်။
အမေရိကရဲ့ အိမ်ထောင်ရေး ၅၀ ရာခိုင်နှုန်းလောက်က အိမ်ထောင်ရေးအဆင်မပြေကြပါဘူး။ ဘယ်လောက်များများက ကလေးတွေကြောင့် ငွေကြေးပြသနာကြောင့် ဘာသာရေးယုံကြည်မှုတွေကြောင့် ကြိတ်မှိတ်သည်းခံနေရတာလဲဆိုတာကို မင်းကသိချင်နေမှာပါပဲ။ ဒီပုံရိပ်ကို တွေးကြည့်လိုက်မယ်ဆိုရင် မင်းကအထီးကျန်နေတဲ့အချိန်မှာ လက်တွဲဖော်ဆိုးတစ်ယောက်နဲ့ မတွေ့မိဖို့ ပိုလွယ်ကူလာပါတယ်။ လက်တွဲဖော်တစ်ယောက်ဆီက မင်းဘာကိုမျှော်လင့်ထားလဲဆိုတာကို မသေချာသေးဘူးဆိုရင် single ဘဝက အကောင်းဆုံးဖြစ်နိုင်ပါတယ်။
၉။ မင်းလုပ်ချင်ရာကို မင်းလုပ်နိုင်တယ်။
ရေမလောင်းဘူးဆိုရင် ပန်းတစ်ပွင့်က ညှိုးနွမ်းသွားသလိုပဲ ချစ်သူစုံတွဲတွေကလဲ ကောင်းကောင်းဂရုစိုက်မပေးဘူးဆိုရင် ခံစားလာရမှာ သေချာပါတယ်။ မင်းမှာ သူ့လက်တွဲဖော်က ဘယ်လောက်လိုအပ်မှုတွေများလဲဆိုတာကို ခဏခဏပြောနေတဲ့ သူငယ်ချင်းတစ်ယောက် ရှိလား။ ဒီပြောဆိုချက်က အခြေအနေတွေပေါ်မှာ မူတည်ပြီး ပြောဆိုတာလဲဖြစ်နိုင်ပါတယ်။ ဒါပေမယ့် လူအများစုက ချစ်သူစုံတွဲသက်တမ်းကို ကြာရှည်အောင် လုပ်ဖို့ ဘယ်လောက်အချိန်ယူရလဲဆိုတာကို အထင်အမြင်သေးကြပါတယ်။ မင်းရဲ့လက်တွဲဖော်က မင်းနဲ့အတူတူ အချိန်ကုန်ဆုံးချင်တာက ဘာမှမထူးဆန်းပါဘူး။ မင်းကတခြားလူတစ်ယောက်ရဲ့ လိုအပ်ချက်တွေကို ထည့်စဉ်းစားဖို့ အဆင်သင့်မဖြစ်သေးဘူးဆိုရင် single ဘဝက မင်းအတွက် အကောင်းဆုံးဖြစ်နိုင်ပါတယ်။

Translator : Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *