အထိုင်များခြင်းက ဦးနှောက်အတွက် ဆိုးဝါးလာနိုင်

#POINT #PointYouthPlatform

မိနစ်သုံးဆယ်တစ်ခါ လမ်းလျှောက်ပေးခြင်းက နာရီပေါင်းများစွာ ထိုင်နေတဲ့အချိန်မှာ ဦးနှောက်ကို သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။
လုံးဝမလှုပ်ရှားပဲ ထိုင်နေမယ်ဆိုရင် ဦးနှောက်ထဲကို သွေးလည်ပတ်မှုနှေးကွေးစေနိုင်ပြီး ဦးနှောက်ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။
ဦးနှောက်ထဲမှာ သွေးလည်ပတ်ခြင်းဆိုတာက ကျွန်တော်တို့အများစု မစဉ်းစားမိကြတဲ့ ကိုယ်အတွင်းပိုင်း လုပ်ဆောင်ချက်တစ်ခုပါပဲ။ ဒါပေမယ့် ဒါကတော့ အသက်ရှင်သန်ဖို့အတွက် အရေးကြီးပါတယ်။
ဦးနှောက်ဆဲလ်တွေက သွေးထဲမှာပါဝင်တဲ့ အောက်စီဂျင်နဲ့ အာဟာရဓာတ်ကို လိုအပ်ပါတယ်။ များပြားတဲ့သွေးလွှတ်ကြောတွေက ကျွန်တော်တို့ဦးခေါင်းခွံဆီကို သွေးတွေကို ခေါက်တုန့်ခေါက်ပြန်ပို့ဆောင်ပေးနေပါတယ်။
ဒီစီးဆင်းမှုက မရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့် ဦးနှောက်ကဒါကို ပုံမှန်လုပ်ဆောင်ပေးပါတယ်။ သွေးထဲမှာ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်အပါအဝင် ဇီဝကမ္မအချက်ပြမှု အမျိုးမျိုးကိုလဲ လုပ်ဆောင်ပေးပါတယ်။
လူတွေနဲ့တိရိစ္ဆာန်တွေကို အရင်ကလေ့လာမှုတွေမှာ ဦးနှောက်ထဲကို ခဏတာသွေးလည်ပတ်နှုန်း နှေးကွေးမှုက အတွေးအခေါ်နဲ့မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။ ဒါပေမယ့် သွေးလည်နှုန်းနှေးကွေးမှုက အကြာကြီးဖြစ်လာရင်တော့ စိတ်ဖောက်ပြန်မှုအပါအဝင် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါများဖြစ်လာနိုင်ပါတယ်။
တခြားသုတေသနတွေမှာ မရွေ့လျားပဲထိုင်နေမယ်ဆိုရင် ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုနှုန်းထား လျော့ကျလာမယ်လို့ ပြသထားပါတယ်။ လေ့လာမှုအများစုမှာတော့ ထိုင်နေတဲ့ပုံစံအနေအထားကြောင့် အထိခိုက်အများဆုံးကတော့ ခြေထောက်ဖြစ်တယ်လို့တွေ့ရပါတယ်။
နာရီပေါင်းများစွာ ထိုင်နေတဲ့အချိန်မှာ ခြေထောက်သွေးကြောအများစုမှာ သွေးလည်ပတ်မှုနှုန်းထားက လျော့ပါးလာနိုင်ပါတယ်။
အချိန်အကြာကြီး အညောင်းမဆန့်ပဲ ထိုင်နေတာကို ရှောင်ကြဉ်သင့်တဲ့ အကြောင်းအရင်း တစ်ခုထပ်ရှိနေပါသေးတယ်။ နာရီဝက်တစ်ခါ နှစ်မိနစ်လောက် မကြာခဏ လမ်းလျှောက်ပေးခြင်းကသာလျင် ဦးနှောက်သွေးလည်ပတ်နှုန်းနှေးကွေးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

Translator – Su Mon

*** Unicode ***

#POINT #PointYouthPlatform

မိနစ်သုံးဆယ်တစ်ခါ လမ်းလျှောက်ပေးခြင်းက နာရီပေါင်းများစွာ ထိုင်နေတဲ့အချိန်မှာ ဦးနှောက်ကို သွေးလည်ပတ်မှု ကောင်းမွန်စေပါတယ်။လုံးဝမလှုပ်ရှားပဲ ထိုင်နေမယ်ဆိုရင် ဦးနှောက်ထဲကို သွေးလည်ပတ်မှုနှေးကွေးစေနိုင်ပြီး ဦးနှောက်ကျန်းမာရေးကို ထိခိုက်လာစေနိုင်ပါတယ်။

ဦးနှောက်ထဲမှာ သွေးလည်ပတ်ခြင်းဆိုတာက ကျွန်တော်တို့အများစု မစဉ်းစားမိကြတဲ့ ကိုယ်အတွင်းပိုင်း လုပ်ဆောင်ချက်တစ်ခုပါပဲ။ ဒါပေမယ့် ဒါကတော့ အသက်ရှင်သန်ဖို့အတွက် အရေးကြီးပါတယ်။

ဦးနှောက်ဆဲလ်တွေက သွေးထဲမှာပါဝင်တဲ့ အောက်စီဂျင်နဲ့ အာဟာရဓာတ်ကို လိုအပ်ပါတယ်။ များပြားတဲ့သွေးလှွတ်ကြောတွေက ကျွန်တော်တို့ဦးခေါင်းခွံဆီကို သွေးတွေကို ခေါက်တုန့်ခေါက်ပြန်ပို့ဆောင်ပေးနေပါတယ်။ဒီစီးဆင်းမှုက မရှိမဖြစ်လိုအပ်တဲ့အတွက်ကြောင့် ဦးနှောက်ကဒါကို ပုံမှန်လုပ်ဆောင်ပေးပါတယ်။

သွေးထဲမှာ ကာဘွန်ဒိုင်အောက်ဆိုက်ဒ်အပါအဝင် ဇီဝကမ္မအချက်ပြမှု အမျိုးမျိုးကိုလဲ လုပ်ဆောင်ပေးပါတယ်။လူတွေနဲ့တိရိစ္ဆာန်တွေကို အရင်ကလေ့လာမှုတွေမှာ ဦးနှောက်ထဲကို ခဏတာသွေးလည်ပတ်နှုန်း နှေးကွေးမှုက အတွေးအခေါ်နဲ့မှတ်ဉာဏ်ကို ထိခိုက်စေနိုင်ပါတယ်။

ဒါပေမယ့် သွေးလည်နှုန်းနှေးကွေးမှုက အကြာကြီးဖြစ်လာရင်တော့ စိတ်ဖောက်ပြန်မှုအပါအဝင် ဦးနှောက်နဲ့အာရုံကြောဆိုင်ရာ ရောဂါများဖြစ်လာနိုင်ပါတယ်။တခြားသုတေသနတွေမှာ မရွေ့လျားပဲထိုင်နေမယ်ဆိုရင် ခန္ဓာကိုယ်မှာ သွေးလည်ပတ်မှုနှုန်းထား လျော့ကျလာမယ်လို့ ပြသထားပါတယ်။

လေ့လာမှုအများစုမှာတော့ ထိုင်နေတဲ့ပုံစံအနေအထားကြောင့် အထိခိုက်အများဆုံးကတော့ ခြေထောက်ဖြစ်တယ်လို့တွေ့ရပါတယ်။နာရီပေါင်းများစွာ ထိုင်နေတဲ့အချိန်မှာ ခြေထောက်သွေးကြောအများစုမှာ သွေးလည်ပတ်မှုနှုန်းထားက လျော့ပါးလာနိုင်ပါတယ်။

အချိန်အကြာကြီး အညောင်းမဆန့်ပဲ ထိုင်နေတာကို ရှောင်ကြဉ်သင့်တဲ့ အကြောင်းအရင်း တစ်ခုထပ်ရှိနေပါသေးတယ်။ နာရီဝက်တစ်ခါ နှစ်မိနစ်လောက် မကြာခဏ လမ်းလျှောက်ပေးခြင်းကသာလျင် ဦးနှောက်သွေးလည်ပတ်နှုန်းနှေးကွေးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။

Translator – Su Mon

Current

Leave a Reply

Your email address will not be published. Required fields are marked *