မိုးရွာတာကို နှစ်သက်သဘောကျသူတွေက ဘဝမှာ ပိုပျော်သူတွေဖြစ်ရတဲ့ အကြောင်းအရင်း (၇) ချက်

ကောင်းကင်ထက်ကနေ မိုးရေစက်လေးတွေ ဆင်းသက်လာတာကို ကြည့်ရင်း ပျော်ရွှင်ကြည်နူးတတ်သူ တစ်ဦးလား။ မိုးရွာတယ်လို့ ပြောရုံနဲ့ စောင်လေးထဲမှာကွေးပြီး စာအုပ်ဖတ်ရင်း ကော်ဖီပူပူလေးတစ်ခွက် သောက်နေတဲ့ပုံရိပ်တွေကို တွေးကြည့်နေမိသူလား။ အဲ့လိုတွေးကြည့်မိသူဆိုရင်တော့ သင်က မိုးချစ်သူ တစ်ယောက်ပါ။

မိုးရွာချိန်မှာ စိုစွတ်ပြီး အေးစက်ကြောင်းကို တအီအီ ညည်းညူးသံတွေကို ပတ်ဝန်းကျင်မှာ ကြားနေကျ ဖြစ်နေပေမယ့် သင်ကတော့ အလွန်လှပတဲ့ မိုးရေစက်တွေနဲ့အတူ မှင်သက်စွဲမက်စရာကောင်းအောင် မှုန်ရီအုံ့မှိုင်းတဲ့ နေ့ရက်တွေကို စိတ်ကူးယဉ်ဆန်နိုင်သူ တစ်ယောက်ဖြစ်တယ်လို့ ဆိုလိုပါတယ်။

အကယ်လို့ မင်းက မိုးရာသီကို နှစ်သက်သူတစ်ယောက်သာဆိုရင် မိုးရွာတဲ့မြင်ကွင်းကို မြင်နေ၊ တွေ့နေရရင် ကျေနပ်ပျော်ရွှင်ရုံသာမက လူ့ဘဝရဲ့ အကောင်းဆုံးအနားယူချိန်တွေကို ခံစားနိုင်တဲ့ အခွင့်အရေးရှိသူတစ်ဦး အဖြစ်တောင် ခံစားနေရတယ်မလား။

ဒါကြောင့် မိုးရွာတာကို သဘောကျသူတွေက ဘဝမှာ ပိုပျော်ရွှင်သူတွေဖြစ်တယ်ဆိုတဲ့ အကြောင်းရင်း (၇) ချက်ကို ဖော်ပြပေးလိုက်ပါတယ်။

(၁) ဘဝရဲ့ပြောင်မြောက်လှတဲ့အတွေ့အကြုံတွေကို စိတ်အာရုံမှာ ပုံဖော်တတ်သူတွေ ဖြစ်ပါတယ်။

မိုးချစ်သူတွေက သူတို့အတွေ့အကြုံတွေထဲမှာ အရိပ်ခိုနားနေတယ်။ သူတို့တွေက မိုးကို အသေအချာ ပုံဖော်နေ ကြတယ်။ ညှို့ယူဖမ်းစားနေတဲ့ တေးသီချင်းတစ်ပုဒ်လို၊ အခြားပြတင်းပေါက်တစ်ဘက်တစ်ခြမ်းကနေ အဏုကြည့် မှန်ပြောင်းနဲ့ ပုံကြီးချဲ့ကြည့်ချိန်မှာ စိတ်ကိုအိပ်ငွေ့ချလိုက်သလို ဖမ်းစားခံလိုက်ရသူတွေလို အကျယ်တဝင့် အသေးစိတ် ပုံဖော်နေကြတယ်။ မိုးချစ်သူတွေဟာ လတ်ဆတ်အေးမြသွားတဲ့ ကျောက်စိုင် ကျောက်သားတွေရဲ့မြင်ကွင်း၊ သူတို့အရေပြားပေါ် ကျဆင်းလာတဲ့ ကြည်လင်အေးစိမ့်တဲ့ မိုးရေစက်တွေကို ခံစားနေမိတယ်။ မိုးတိမ်တွေကနေ အေးမြတဲ့ မိုးရေစက်တွေကို သောက်သုံးလိုက်ရသလို သူတို့ရဲ့ လက်မောင်းတွေအပေါ် တည့်မတ်စွာကျဆင်းလာတဲ့ လတ်ဆတ်တဲ့ မိုးစက်မိုးပေါက်တွေရဲ့ အလှကိုပါ ခံစားသက်ဝင်နိုင်ကြတယ်။

(၂) အခိုက်အတန့်ကြားလေးမှာ သက်ဝင်ခံစားနိုင်သူတွေ ဖြစ်ကြတယ်။

ပျော်ရွှင်မှုဆိုင်ရာ သုတေသနပညာရှင် ဒေါက်တာ Matt Killingsworth က ကြိုးစားရုန်းကန်နေရတဲ့ အတောအတွင်း လူတွေရဲ့ ပျော်ရွှင်မှုအတိုင်းအတာကို သတ်မှတ်ဖို့ ‘Track Your Happiness’ လို့ ခေါ်တဲ့ ဖုန်း အပလီကေးရှင်းတစ်ခုကို ဖန်တီးခဲ့ပါတယ်တဲ့။ သူက ပျော်ရွှင်မှုနှင့် အခုလက်ရှိလုပ်ဆောင်နေတဲ့ အရာတစ်ခုချင်းအပေါ် နှစ်သက်သဘောကျတတ်ကြတာက တိုက်ရိုက်ဆက်သွယ်မှုရှိနေတယ်ဆိုတာပါပဲ။ ရေစက်ရေမှုန်တွေ ဖြန်းပက်ချိန်မှာ ပြေးလွှားဆော့ကစားနေတာထက် ထိုအခိုက်အတန့်လေးမှာ နစ်မျောနေရတာက ပိုကောင်းတယ်မဟုတ်လား။

(၃) သူတို့ကိုယ် သူတို့ ယုံကြည်မှုအပြည့်ရှိသူတွေ ဖြစ်ကြတယ်။

မင်းက အရွယ်ရောက်သူတစ်ယောက်ဖြစ်ပြီး လေးနှစ်အရွယ်ကလေးတစ်ယောက်လို မိုးရေထဲမှာ ပြေးလွှား ဆော့ကစားနေသူတစ်ယောက်ဆိုရင် မင်းက တခြားသူတွေရဲ့ အတွေးတွေကို ဂရုမစိုက်ဘူးဆိုတာ သိသာ နေပါတယ်။ အဲ့လိုအရာတွေကိုပဲ မိုးချစ်သူတွေဟာ ဂုဏ်ယူနေကြတယ်။ သူတို့ဟာ နှစ်သက်စရာကောင်းတဲ့ လူတွေပဲဖြစ်တယ်။ လူတိုင်းရဲ့ စိတ်ထဲမှာ စိတ်မချမ်းမြေ့စရာတစ်ခုလို့ထင်မြင်ပြီး ထိုခံစားမှုတွေကို လက်လွှတ် ဆုံးရှုံးခံလိုက်ကြတယ်။ မိုးချစ်သူတွေကတော့ သူတို့တစ်ကိုယ်လုံး စိုစွတ်ပါစေ၊ မိတ်ကပ်တွေ ပျက်သွားပါစေ ဂရုမစိုက်အားဘဲ သူတို့ဟာ ကြည့်ကောင်းနေတုန်းပဲလို့ ထင်နေတုန်းပါပဲ။

(၄) ဘဝအချိန်တွေကို ကြံကြံခံ ရပ်တည်နေနိုင်ခြင်း

မိုးစက်မိုးပွင့်လေးတွေကို အနည်းငယ်သောက်သုံးလိုက်ရုံနဲ့ကို ပန်းများစွာ လှလှပပ ပွင့်လန်းလာတယ်ဆိုတာကို မိုးချစ်သူတွေက ကောင်းကောင်းသဘောပေါက်ကြတယ်။ ဘဝကို ခက်ခဲစွာဖြတ်သန်းရတဲ့ အချိန်အခိုက်အတန့် လေးမှာ မင်းကို သတိရနေတဲ့လူတွေရှိတယ်ဆိုတာကို သိလာလိမ့်မယ်။သူတို့ဟာဆိုရင် အကောင်းဆုံး အခွင့် အလမ်းတွေနဲ့ အမိအရဖမ်းဆုပ်ရန်လိုအပ်တဲ့ စိန်ခေါ်မှုတွေကို နားလည်သိရှိကြတယ်။ မိုးမရွာခဲ့လျှင် သက်တံ့ လည်း ပေါ်လာမှာ မဟုတ်ဘူးဆိုတာကို နားလည်ကြတယ်။

(၅) မြင်ကွင်းထဲက အရာတွေကို ဘယ်လိုထိန်းသိမ်းရမလဲဆိုတာ နားလည်ကြတယ်။

မိုးချစ်သူတွေက ရာသီဥတုဖောက်ပြန်နေတယ်ဆိုတဲ့ အိမ်မက်မျိုး လုံးဝမက်ဖူးမယ်မထင်ပါဘူး။ မိုးရေစက် အနည်းငယ် ရွာခြင်းက ကမ္ဘာကြီးတစ်ခုလုံး ပျက်သွားတာ မဟုတ်ပါဘူး။ မိုးချစ်သူတွေက ဘဝရဲ့ ရိုးရှင်းတဲ့ အစစ်အမှန်တွေကို ဘယ်လို မြင်အောင်ကြည့်ရမလဲဆိုတာ သိရှိကြတယ်။ မင်းက တောင်ငူစွန်းလေးမှာ လမ်းလျှောက်ဖို့ လူတစ်ယောက်လိုအပ်မယ်ဆိုရင် မိုးချစ်သူတွေကို ရှာပါ။ သူတို့က မင်းနဲ့အတူတူ ရှိပေးပါ လိမ့်မယ်။

(၆) ဝမ်းနည်းမှုထဲက လှပမှုတစ်စုံတစ်ရာကို မြင်နိုင်စွမ်း ရှိသူတွေ ဖြစ်တယ်။

မိုးက သန့်ရှင်းတဲ့သင်းရနံ့နဲ့ ဘဝအသစ်တစ်ခုကို ဖန်ဆင်းပေးပါတယ်။ မိုးချစ်သူတွေက ငိုကြွေးခြင်းကနေ အသစ်တစ်ဖန် ပြန်လည်သန့်စင်ထားတဲ့ အရာတွေကို ခံစားနိုင်ကြတယ်။ မိုးရွာထဲက နေ့တွေမှာ မိုးချစ်သူ တစ်ယောက်ရဲ့ အနှစ်သက်ဆုံးအချိန်ကုန်ဆုံးခြင်းနည်းလမ်းတစ်ခုကတော့ ဘယ်သူမှ အနှောင့်အယှက် မပေးနိုင်အောင် အိမ်ယာပေါ်မှာပဲ ကပ်နေခြင်းဖြစ်တယ်။ ဒါမှမဟုတ် မိုးစက်မိုးပေါက်တွေကို ငေးကြည့်နေတာ မျိုးဖြင့်လည်း အချိန်ကုန်ဆုံးတတ်ကြတယ်။

(၇) နှစ်သက်စရာကောင်းတဲ့ ကိုယ့်ကျင့်တရား ရှိသူတွေ ဖြစ်တယ်။

လူတစ်ယောက် အသက်ရှင်နေထိုင်မှုအတွင်း ဘဝရဲ့ပြီးပြည့်စုံတဲ့ အလှတရားတွေကို လျင်မြန်စွာ မဖန်တီးနိုင်ကြပါဘူး။ မိုးရွာချိန်မှာ ကခုန်ခြင်းနဲ့ မိုးရေစက်တွေကြား တေးသီနေရတာကို သဘောကျသူတွေက မိုးရွာချိန်တိုင်းမှာ မိုးနဲ့ပတ်သက်တဲ့တေးသီချင်းတွေကို တွေးတော သီဆိုကြတယ်။ ဒါကြောင့် မိုးချစ်သူတွေဟာ သူတို့ကိုယ်သူတို့ နက်နက်နဲနဲ ပြန်လည်သုံးသပ်ဝေဖန်နိုင်တယ်။ မုန်တိုင်းထန်တဲ့နေ့တွေကနေ ဘဝရဲ့ အကောင်းဆုံးအခွင့်အရေးတွေကို ထောက်ပြပေးနိုင်တယ်။ လျင်လျင်မြန်မြန် ရွေ့လျားနေတဲ့ တိမ်တွေကို ကြည့်ရင်း၊ သစ်ပင်အကိုင်းအခက်တွေမှာ တင်ကျန်နေတဲ့ မိုးရေစက်တွေကို ကြည့်ရင်း သူတို့ဖြတ်သန်းခဲ့တဲ့ အတိတ်အကြောင်းကို တွေးယောင်နေမိတယ်။

မိုးချစ်သူတွေက အသက်ရှင်သန်မှုတစ်ခုရဲ့ စစ်မှန်တဲ့ အဓိပ္ပာယ်တွေကို နားလည်သိရှိကြပါတယ်။

Current, Lifestyle

Leave a Reply

Your email address will not be published. Required fields are marked *